Published 11 June 2023
အာရေဗျပင်လယ်အပေါ်ဖြစ်ပေါ်နေသည့် အလွန်အင်အားပြင်းသည့် ဆိုင်ကလုံးဘီပါဂျွိုင်းသည် အလွန့်အလွန်အင်အား ကောင်းလာကာ ပါကစ္စတန်နိုင်ငံကရာချိ အနီးဖြတ်သန်းဝင်ရောက်မည်ဟုခန့်မှန်းထား၍ ပါကစ္စတန်အစိုးရက အရေးပေါ် ပြင်ဆင်မှုများလုပ်ဆောင်ရန်အမိန့်ထုတ်ထားရပါတယ်။
အာရေဗျပင်လယ်အပေါ်ရှိ အလွန်အင်အားပြင်းသည့် ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ အခုဆို အလွန့်အလွန် အင်အား ကောင်းသော ဆိုင်ကလုံးအဖြစ်သို့ ရောက်ရှိလာပြီး ပါကစ္ဏတန်နိုင်ငံ ကရာချိအနီးကနေ ကုန်းတွင်းဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။
“ ဆိုင်ကလုံးဘီပါဂျွိုင်းဟာ ဆာရပ်စ်ထရာ-ခတ်ချ် နှင့် ကပ်လျက် ပါကစ္စတန်ကမ်းခြတို့ကို ဇွန် ၁၅ ရက် မွန်းတည့်ချိန်ခန့်မှာ အလွန့်အလွန်အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်” လို့ အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။
“ အလွန်အင်အားကောင်းတဲ့ ဘီပါဂျွိုင်းဟာ တနင်္ဂနွေနေ့ မနက်မှာ အလွန့်အလွန် အင်အားကောင်းတဲ့ ဆိုင်ကလုံး အဖြစ် ပို့တ်ဘန်ဒါရဲ့ အနောက်တောင်ဘက် ၄၈၀ကီလိုမီတာအကွာမှာ ရောက်ရှိခဲ့ပါတယ်။ ယင်းဆိုင်ကလုံးမုန်တိုင်းဟာ ဆာရပ်စ်ထရာ၊ ခတ်ချ်နှင့် ကပ်လျက်ပါကစ္စတန်ကမ်းခြေတွေနှင့် မန်ဗီ။ဂူဂျာရတ်နှင့် ကရာချိနှင့်ပါကစ္စတန်က ကရာချိတို့ကို ဇွန်၁၅ရက်မွန်းတည့်ချိန်မှာ ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားကြောင်း အိန္ဒိယမိုးဇလဌာနက သတင်း ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်က ဘီပါဂျွိုင်း ဆိုင်ကလုံး မုန်တိုင်းနှင့်ရင်ဆိုင်နိုင်အောင် အရေးပေါ် ပြင်ဆင်ဆောင်ရွက် စရာအားလုံးလုပ်ဆောင်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။အဆိုပါဆိုင်ကလုံးကြောင့် ကရာချိနှင့် ဆင်း ပြည်နယ်တွေရဲ့ အနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းမိုးကြီးမှုတွေဖြစ်လာနိုင်ပါတယ်။ ပါကစ္စတန်မိုးလေဝသဌာန ကလည်း အာဏာပိုင်တွေကို ဆိုင်ကလုံး ဘီပါဂျွိုင်းအတွက် ပြင်ဆင်ထားကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ မွမ်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၀၀ကီလိုမီတာအကွာ ကရာချိ တောင်ဘက် ၈၄၀ကီလိုမီတာအကွာ အာရေဗျပင်လယ် အရှေ့ အလယ်ပိုင်းမှာ တည်ရှိနေပါတယ်။
Source_WION
#Cyclone_Biparjoy
#ဆိုင်ကလုံးဗီပါဂျွိုင်း
#ပါကစ္စတန်
#World_Health
Published 11 June 2023
လူတော်တော်များများဟာ မျက်ကွင်းညိုတာမျိုးဖြစ်တတ်ပြီး မျက်လုံးအောက်ဘက်မှာ အညိုရောင်သမ်းနေတာမျိုး ဖြစ်ပါတယ်။
ကျန်းမာအောင်နေ၊ ရေများများသောက်၊ အိပ်ရေးဝဝအိပ်လည်း ထိုမျက်ကွင်းညိုတာက မပျောက်သွားတတ်ပါဘူး။
အချို့ကတော့ မိတ်ကပ်တွေ၊ ဈေးကြီးလိုးရှင်းတွေနဲ့ ဖုံးအုပ်တာမျိုးပြုလုပ်လေ့ရှိသလို မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
အာလူးက မျက်ကွင်းညိုတာအတွက် အကောင်းဆုံးကုသနည်းတစ်မျိုး ဖြစ်ပါတယ်။
သူတို့ဟာ သဘာဝအတိုင်းအေးမြပြီး ဗိုက်တာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါတယ်။
သူ့ရဲ့အေးမြမှုက ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး မျက်လုံးကိုပိုမိုနိုးကြားနေပုံပေါက်စေပါတယ်။
အာလူးမှာပါဝင်တဲ့ ကတ်တီကောလ် အော်ဂဲနစ်ဒြပ်ပေါင်းက အသားအရည်ကြည်လင်စေတဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုကြပါတယ်။
ဒီဒြပ်ပေါင်းကို အာလူးမှာပမာဏအနည်းငယ်သာ တွေ့ရပြီး မျက်လုံးနားတဝိုက်က အသားအရည်ကိုကြည်လင်စေတာကြောင့် မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်ပါတယ်။
အသုံးပြုပုံကတော့ ပုံမှန်အာလူးတစ်လုံးကိုယူပြီး အခွံနွှာကာ အညစ်အကြေးအမှုန် လုံးဝမရှိတဲ့အထိ သန့်စင်ဆေးကြောပါ။
အသုံးပြုနိုင်တဲ့ပထမနည်းလမ်းကတော့ အာလူးပါးပါးလှီးပြီး မျက်လုံးအောက်မှာထားပေးပါ၊ အာလူးမှထွက်တဲ့အရည်ကို မျက်လုံးထဲမဝင်ပါစေနှင့်။
နောက်တစ်နည်းကတော့ အာလူးကိုခြစ်ပြီး စိုထိုင်းဆအနည်းငယ်ထွက်စေကာ လက်ကိုင်ပဝါပါးပါးထဲထည့်ပြီး မျက်လုံးပေါ်တင်ပေးပါ။
နောက်ဆုံးတစ်နည်းက အာလူးကိုခြစ်၊ ခြစ်ထားတဲ့အာလူးကို ဇလုံတစ်ခုအပေါ်မှ ဆန်ခါဖြင့်တွန်းထည့်ပါ။
ဇွန်းဖြင့်အာလူးရဲ့အစိုဆကို ဇလုံထဲဖိချပြီး ဂွမ်းစနှစ်ခုကို အစိုဆထဲထည့်စွတ်ကာ တဝက်ခေါက်လိုက်ပါ။
ခေါက်ထားတဲ့ဂွမ်းစတွေကို မျက်လုံးအောက်မှာထားလိုက်ရုံပါပဲ။
ဘယ်နည်းလမ်းပဲအသုံးပြုသည်ဖြစ်စေ အာလူး၊ ဂွမ်းစတို့ကို မျက်လုံးအောက်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် ထားပေးပြီး မနက်တိုင်းပြုလုပ်ပေးသင့်ပါတယ်။
Source: Tips And Tricks #World_Health #မျက်ကွင်းညိုခြင်းသက်သာစေမည့်နည်းလမ်း #YMG #Yangon_Media_Group
#World_Health
Published 11 June 2023
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူအများစုဟာ အချို့သောအဆင့်မြင့်ကင်ဆာဝေဒနာရှင်တွေထက်ပင် ဘဝကျန်းမာရေးနိမ့်ပါးနိုင်ကြောင်း သုတေသနတွေ့ရှိထားပါတယ်။
ကိုဗစ်နောက်ဆက်တွဲခံစားရသူတွေရဲ့ နေ့စဉ်ဘဝမှာ ပင်ပန်းနွမ်းနယ်ခြင်းက အထိခိုက်ဆုံးလက္ခဏာဖြစ်နေကြောင်း လန်ဒန်တက္ကသိုလ်ကောလိပ်နဲ့ အိတ်စ်တာတက္ကသိုလ်တို့မှ သုတေသီတို့က လေ့လာတွေ့ရှိထားပါတယ်။
ကင်ဆာနဲ့ဆိုင်တဲ့ သွေးအားနည်းရောဂါသည်များ၊ ကျောက်ကပ်ပြင်းထန်ရောဂါသည်များထက်ပင် ပိုမိုဆိုးရွားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာဟာ မမြင်ရဘဲ လူအများစုဟာ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို သတိထားနေရတယ်လို့ ပရော်ဖက်ဆာ'ဝီလီယံဟန်လေ'က ပြောပြသွားပါတယ်။
ဒီအခြေအနေခံစားနေရသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ အထောက်အထားခိုင်လုံတဲ့ ကူညီမှုတွေရရှိအောင် အရေးတကြီးသုတေသနပြုလုပ်ဖို့ လိုအပ်နေကြောင်း ဆိုပါတယ်။
ကိုဗစ်ကူးစက်ဖူးတဲ့လူတွေကို စစ်တမ်းကောက်ယူကြည့်ရာမှာ လူနာ ၉၀ ရာခိုင်နှုန်းကျော်လောက်က အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားဖြစ်ပြီး အရင်လအတွင်း အနည်းဆုံးတစ်ရက်ကြာအောင် အလုပ်မလုပ်နိုင်ကာ ၂၀ ရာခိုင်နှုန်းကတော့ လုံးဝအလုပ်မလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။
ထိုထဲက ၇၁ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်ပါတယ်။
ကပ်ရောဂါဆိုင်ရာကျန်းမာရေး UCLတက္ကသိုလ်မှသုတေသီ ဒေါက်တာ'ဟင်နရီဂွတ်ဖဲလိုး'က ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ လူတွေရဲ့ဘဝကို ဆိုးရွားစွာသက်ရောက်စေပြီး ပင်ပန်းနွမ်းနယ်ခြင်းက အကြီးမားဆုံးပြဿနာဖြစ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလက္ခဏာများကို နားလည်သိရှိခြင်းဖြင့် ဆေးဘက်ဆိုင်ရာနေရာတွေမှာ ရွေးချယ်ကုသစရာများရှိလာစေမှာဖြစ်ပါတယ်။
Source: The Guardian #World_Health #ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ
#YMG #Yangon_Media_Group
#Asia_Development
Published 10 June 2023
တရုတ်တောင်ပိုင်း ပင်လယ်ဖြတ်ကူးစီမံကိန်းကြီးဖြစ်တဲ့ ရှန်ကျန်ကျုံရှန်စင်္ကြံရှိ ရေအောက်ဥမင်လှိုဏ်ခေါင်းအတွက် ရေနစ်မြုပ်ပိုက်များထုတ်လုပ်ရာမှာ ဆန်းသစ်တီထွင်တဲ့ နည်းလမ်းအမြောက်အများကို အသုံးပြုထားပါတယ်။
#Asia_Development #ရှန်ကျန်ကျုံရှန်စင်္ကြံရေအောက်ဥမင်လှိုဏ်ခေါင်းကြီး ဆောက်လုပ် #YMG #Yangon_Media_Group
#Daily_News
Published_ 10 June 2023
၁။ ပြည်တွင်းဆန်စျေးများ ဆက်တိုက်မြင့်တက်နေပြီး ဆန်ကြမ်းတစ်အိပ်ကို ၇သောင်းကျော်နေ
၂။ ပြင်ပရွှေပေါက်စျေး ၃၁သိန်းနီးပါးရှိနေပြီး အရောင်းအ၀ယ်အေးနေ
၃။ မုတ်သုန်အားကောင်းနေ၍ ဒေသအချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးများကြုံနိုင်
၄။ တောင်တရုတ်ရှိ ပင်လယ်ဖြတ်ကူးရေးစီမံကိန်းကြီးဖြစ်သည့် ရှန်ကျန်ကျုံရှန်စင်္ကြံရေအောက်ဥမင်လှိုဏ်ခေါင်းကြီး ဆောက်လုပ်လျက်ရှိ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_News
Published 10 June 2023
မကြာမီကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲများမတိုင်မီ အံ့အားသင့်ဖွယ်သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ'ဘာရစ္စမာဟိုးလ်ဒင်းစ်'ရဲ့ အမှုဆောင်တစ်ဦးထံမှ ဒေါ်လာ ၅ သန်းလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့သား'ဟန်တာဘိုင်ဒင်'ဟာ ထိုကုမ္ပဏီရဲ့ဘုတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်ရေနံဈေးကွက်သို့ ဝင်ရောက်ရန်စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ဓာတ်ငွေ့ကုမ္ပဏီရဲ့အမှုဆောင်အရာရှိနဲ့ ဆက်စပ်နေတာဖြစ်ပြီး ဘိုင်ဒင်ထံမှ မျက်နှာသာပေးမှုကို လိုချင်နေခဲ့တာဖြစ်ပါတယ်။
FBI က ၂၀၂၀ တုန်းက ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တစ်ခုနဲ့ ထိုကိစ္စအကြောင်းအင်တာဗျူးစဉ် သတင်းပေးခံခဲ့ရကာ ထိုစဉ်က ဒုသမ္မတဖြစ်ခဲ့တဲ့ဘိုင်ဒင်နဲ့ နိုင်ငံခြားသားတစ်ဦးတို့ဟာ လာဘ်ပေးလာဘ်ယူအမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အမေရိကန်မူဝါဒရေးရာ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
အင်တာဗျူးပြောကြားသူဖော်ပြတဲ့ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့က တင်ပြချက်ဟာ အလွန်မှန်ကန်စိတ်ချရတယ်လို့ ဆိုပါတယ်။
ထိုသူဟာ ၂၀၁၅ ခုနှစ်ကစလို့ ဘာရစ္စမာမှအကြီးတန်းအမှုဆောင်များနဲ့ အစည်းအဝေးအများအပြား တက်ရောက်ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုအစည်းအဝေးပွဲတွေမှာ ဘာရစ္စမာအမှုဆောင်က အမေရိကန်ရှိ ရေနံရပိုင်ခွင့်များရယူရန်နဲ့ အမေရိကန်ရေနံကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ချိတ်ဆက်ရန်ကိစ္စများနဲ့ ပတ်သက်ပြီး သတင်းပေးသူထံကနေ အကြံဉာဏ်များရယူခဲ့ပါတယ်။
ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ ဆက်လက်စုံစမ်းစစ်ဆေးမှုများကြောင့် ဘာရစ္စမာက ဘိုင်ဒင်ကို ငွေပေးချေရမယ်လို့ အမှုဆောင်က ရှင်းပြခဲ့ပါတယ်။
ထိုစုံစမ်းစစ်ဆေးမှုအတွင်း ဘာရစ္စမာအနေနဲ့ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ရာမှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို အမှုဆောင်က အလေးထားဖော်ပြခဲ့ပါတယ်။
လျှို့ဝှက်သတင်းပေးက ဘာရစ္စမာအမှုဆောင်အနေနဲ့ ဘိုင်ဒင်နှစ်ယောက်အတွက် ဒေါ်လာ ၅ သောင်းစီပေးဖို့ အကြံပြုခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘိုင်ဒင်တစ်ယောက်စီအတွက် ဒေါ်လာ ၅ သန်းပေးရတာဖြစ်တယ်လို့ ပြန်ပြင်ပြောခဲ့ပါတယ်။
ဒီလိုပေးချေဖြစ်သွားတာက ဘိုင်ဒင်တို့နဲ့ ဘာရစ္စမာအမှုဆောင်တို့ ပြောဆိုဆွေးနွေးတဲ့အပေါ် အခြေခံသွားတာဖြစ်ကြောင်း ထိုသတင်းပေးကဆိုခဲ့တယ်လို့ Fox News Digital ထံ အသိပေးခဲ့ပါတယ်။
ငွေပေးချေရာမှာ ဘဏ်အကောင့်အများအပြားသို့ လွှဲပေးခဲ့တာကြောင့် ထောက်လှမ်းရေးများ အနည်းဆုံးဆယ်စုနှစ်တစ်ခုလောက် အဖြစ်မှန်ဖော်ထုတ်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
Source: WION #World_News #ဒေါ်လာ(၅)သန်းဘိုင်ဒင်လာဘ်စားခဲ့ဟုသတင်းထွက် #YMG #Yangon_Media_Group
#World_Health
Published 10 June 2023
အသက်သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းခန့်ရှိတဲ့ အန္တရာယ်မြင့်ဘက်တီးရီးယားပိုးတစ်မျိုးဟာ အမေရိကန်ပင်လယ်ကွေ့သို့ ရောက်ရှိလာကာ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဒေသတွင်းကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပါတယ်။
Burkholderia pseudomallei ဘက်တီးရီးယားပိုး ကူးစက်သူ ၃ ယောက်ရှိကြောင်း CDC က အတည်ပြုလိုက်ကာ မကုသဘဲထားရင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။
ကမ္ဘာတဝှမ်းက မြေကြီးနဲ့ ရေချိုဒေသတွေမှာ သဘာဝအတိုင်းနေထိုင်တဲ့သတ္တဝါဖြစ်ကြောင်း CDC တိရိစ္ဆာန်ရောဂါပိုးကူးစက်မှုဆိုင်ရာမှ ကပ်ရောဂါထောက်လှမ်းရေးအရာရှိ'ဂျူလီယာပက်ထရာစ်'က ပြောကြားသွားပါတယ်။
လတ်တလောကူးစက်မှုအများစုကတော့ ဇန်နဝါရီလက မစ္စစ္စပီမှာ ဖြစ်ခဲ့ပါတယ်။
အဆိုပါဘက်တီးရီးယားကူးစက်သူအများစုဟာ ရောဂါလက္ခဏာမပြကြဘဲ ရောဂါခုခံပဋိဇီဝပစ္စည်းထွက်ရှိကြတာကြောင့် နောက်ထပ်လူအများအပြားလည်း ကူးစက်နေနိုင်ပါတယ်။
မစ္စစ္စပီက ကူးစက်သူ ၃ ဦးစလုံးကတော့ ပြန်လည်သက်သာလာကြပါပြီ။
ဒီဘက်တီးရီးယားကို ဒဏ်ရာအနာတရကနေ ကူးစက်နိုင်သလို ပြင်းထန်တဲ့မုန်တိုင်းတိုက်စဉ် ပိုးမွှားတွေကိုရှူရှိုက်မိတာလည်း ဖြစ်နိုင်ပါတယ်။
ဆီးချို၊ ကျောက်ကပ်ပြဿနာ၊ အသည်းပြဿနာရှိသူတွေ အကူးစက်နိုင်ဆုံးဖြစ်ပါတယ်။
ဒီလိုရောဂါဖြစ်စေတဲ့ပိုးက နိုင်ငံအလိုက်တည်ရှိနေနိုင်တယ်လို့ CDC က ဆိုပါတယ်။
ဘက်တီးရီးယားက ခန္ဓာကိုယ်ထဲရောက်သွားရင် အနာဖြစ်နေတဲ့ အဆုတ်၊ ဦးနှောက်တို့လိုအင်္ဂါတွေကို တိုက်ခိုက်ကြပါတယ်။
တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကူးစက်သူ ၁၆၀,၀၀၀ ရှိနေကာ သေဆုံးသူ ၈ သောင်းရှိနေပါတယ်။
ရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိပြီး မှန်ကန်စွာကုသဖို့ အရေးကြီးပါတယ်။
လူနာတွေကို ဦးစွာ Meropenem ၊ ceftazidime တို့ကို အကြောမှသွင်းကာ ဒုတိယအဆင့်မှာ Amoxicillin သောက်ဆေးပေးပါတယ်။
ဘက်တီးရီးယားပိုးက ပင်လယ်ကွေ့ကို ဘယ်အချိန်မှာ ဘယ်လိုရောက်လာလဲဆိုတာ သေချာမသိရပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူတို့ဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ ရှင်သန်ကြပြီး ဩစတြေးလျ၊ ထိုင်းနိုင်ငံတို့မှာ ပထမဆုံးတွေ့ခဲ့ပါတယ်။
Source: NY Post #World_Health #သေဆုံးနိုင်ချေ(၅၀)ရာခိုင်နှုန်းရှိ ဘက်တီးရီးယားတွေ့ရှိ #YMG #Yangon_Media_Group
Page 501 of 944