#Daily_News
Published_ 23 March 2024
၁။ ဆီးရီးယားအသင်းနှင့် အဝေးကွင်းထပ်ကန်ရန် မြန်မာလက်ရွေးစင်ကစားသမား (၂၂)ဦး ဆော်ဒီသို့ထွက်ခွာ
၂။ ယခုလအတွင်း မိုးအုံ့၍ ဆားအထွက်နည်းပါးသော်လည်း ထွက်ရှိသမျှကုန်နေ
၃။ မတ်လကုန်အထိ ပဲစဉ်းငုံဈေးကွက် အကျဘက်ကိုသာ ဦးတည်နေဟုဆို
၄။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အီရန်စီးပွားရေးသာမက ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ်ပါ ဆိုးရွားစွာထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လန်ဒန်, မတ် ၂၂ (ရိုက်တာ)
ဗြိတိန်၏ ဝေလမင်းသမီး ကိတ်သည် ဇန်နဝါရီလတွင် အကြီးစား ဝမ်းဗိုက်ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှ ကင်ဆာရှိနေကြောင်း တွေ့ရှိ ရသဖြင့် ကီမိုကုထုံးဖြင့် ကုသခံနေကြောင်း သောကြာနေ့က ပြောပါတယ်။
အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ ကိတ်သည် မင်းသား ဝီလျံနှင့်လက်ထပ်ထားသူဖြစ်ပြီး ကင်ဆာရှိကြောင်းသိရှိလိုက်ရ၍ အလွန် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီသတင်းဟာ ဗြိတိန်တော်ဝင်မိသားစုအတွက် နောက်ထပ် စိတ်ပူစရာ သတင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်ချားလ်ကလည်း ကင်ဆာဖြစ်နေတဲ့အတွက် ဆေးဝါးကုသခံနေရ လို့ဖြစ်ပါတယ်။
ဇန်နဝါရီတုန်းက ကိတ်ဟာ ဆေးရုံနှစ်ပတ်တက်လိုက်ရပြီး အမည်အတိအကျမပြောတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေတစ်ခု ကြောင့် ကြိုတင်စီစဉ်ထားတဲ့ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သူမရဲ့ရုံးကပြောပါတယ်။
ဒါပေမယ့် နောက်ထပ်ကျန်းမာရေးစစ်ဆေးမှုတွေမှာ ကင်ဆာကိုတွေ့ရှိခဲတာလို့ ကိတ်က ဗွီဒီယိုမက်ဆေ့ချ်မှာပြောကြားခဲ့ပြီး သူမဟာ နေကောင်းပြီး ပိုပြီး ကျန်းမာလာပါတယ်လို့ လည်းပြောပါတယ်။
“ ကျွန်မရဲ့ကျန်းမာရေးအဖွဲ့က ကျွန်မကို ကြိုတင်ကာကွယ်တဲ့အနေနှင့် ကီမိုသွင်းဖို့ အကြံပြုခဲ့လို့ ကုထုံးကိုခံယူခဲ့ပါတယ်။ ယခု ကျွန်မဟာ ကင်ဆာရဲ့အစောပိုင်းအဆင့် ကုသမှုတွေဆောင်ရွက်နေပါတယ်” လို့ ကိတ်ကပြောပါတယ်။
သူမရဲ့ဗွီဒီယိုထဲမှာ သူမဟာ ဂျင်းဘောင်းဘီနှင့် ဆွယ်တာကိုဝတ်ဆင်ထားပါပြီး ဖြူဖျော့ဖျော့ဖြစ်နေပါတယ်။
“ အကြီးအကျယ်တုန်လှုပ်တာပေါ့။ ဝီလျံနှင့် ကျွန်မတို့ဟာ ဆက်လုပ်လို့ရသမျှအကုန်လုပ်နေပါတယ်။ ငယ်ရွယ်တဲ့ မိသားစု အရေးအတွက် ကျွန်မတို့ သိုသိုသိပ်သိပ်လုပ်နေကြတာပါ” လို့ ကိတ်ကပြောပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် သူမဟာ ယခုလကုန်မှာကျင်းပမယ့် အိစတာပွဲတော်အထိ ရုံးတက်နိုင်ဦးမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။
ကိတ်ကျန်းမာစေကြောင်း မင်းသားဟယ်ရီ၊ဗြိတိန်နိုင်ငံရေးခေါင်းဆောင်တွေနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရုံးတို့ကလည်း ဆုတောင်းသဝဏ်လွှာများပေးပို့ခဲ့ကြပါတယ်။
@ymg/knl
Published 23 March 2024
သောကြာနေ့က ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အယောင်ဆောင်ပုံဖျက်ထားတဲ့ သေနတ်သမားတွေက ပွဲလာရောက်သူများကို ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၆၀ သေဆုံးကာ ၁၄၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပြီး အစ္စလာမ်စစ်သွေးကြွအဖွဲ့ (IS)က ယင်းတို့တိုက်ခိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၄ ခုနှစ် ဘက်စ်လန်ကျောင်း ဖြစ်ရပ်အပြီး ရုရှားမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့ကာ မော်စကိုအနောက်ပိုင်း ထိုင်ခုံနေရာပေါင်း ၆၂၀၀ ဆံ့တဲ့ ခရော့ကပ်စ်စီးတီးဟောလ်မှာ ဆိုဗီယက်ခေတ် ရော့ခ်ဂီတအဖွဲ့ဖြစ်တဲ့ Picnic အဖွဲ့ ဖျော်ဖြေတော့မယ့်အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုပြသချက်များအရ လူတွေဟာ သေနတ်သံကြားပြီးနောက် အော်ဟစ်ပြေးလွှားနေခဲ့ကြပြီး အချို့ကတော့ သွေးအိုင်ထဲလဲကျ နေပါပြီ။
ရုရှားစုံစမ်းရေးမှူးများရဲ့ ပြောကြားချက်အရ သေဆုံးသူစာရင်း အယောက် ၆၀ ကျော်ပြီး ၁၄၅ ယောက် ဒဏ်ရာရရှိခဲ့ကာ အယောက် ၆၀ က အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။
၂၀၀၄ ဘက်စ်လန်ကျောင်းဖြစ်ရပ်တုန်းက အစ္စလာမ်စစ်သွေးကြတွေဟာ လူပေါင်းတစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကလေးရာချီ ပါဝင်ခဲ့ပါတယ်။
ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု(FSB) အကြီးအကဲ အဲလက်ဇန်ဒါဘော့နီကော့ဗ် အပါအဝင် လုံခြုံရေးအကြီးအကဲတွေက ဒီအခြေအနေအကြောင်း သမ္မတဗလာဒီမာပူတင်ကို တင်ပြထားကြပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ နယ်မြေအများအပြားကို ထိန်းချုပ်ခဲ့ဖူးတဲ့ IS စစ်သွေးကြွတွေက ထိုတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ကြေညာလိုက်ကြောင်း အာမက်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်သူလို့ ယူဆရသူ ၂ ယောက်ပါဝင်တဲ့ ကားဖြူတစ်စီးပုံကို ရုရှားမီဒီယာအချို့က ဖော်ပြနေကြပါတယ်။
မီးသတ်သမားတွေက မီးတောက်ကြီးတွေကို ငြိမ်းသတ်ကြရပြီး ပွဲအဆောက်အအုံရဲ့ ခေါင်မိုးအချို့ ပြိုကျကာ အရေးပေါ်ကယ်ဆယ်ရေးများက လူပေါင်းရာချီကို ကယ်ထုတ်ခဲ့ရပါတယ်။
အိုင်အက်စ်က ကြေညာရာမှာ ယင်းတို့ရဲ့ တိုက်ခိုက်ရေးသမားတွေက မော်စကိုမြို့စွန်မှာ သတ်ဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး စခန်းများသို့ ဘေးကင်းစွာ ပြန်သွားခဲ့ကြောင်း သိရပါတယ်။
အစွန်းရောက်သမားတွေက မော်စကိုမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေကြတယ်လို့ ရုရှားရှိ အမေရိကန်သံရုံးက သတိပေးပြီး ၂ ပတ်အကြာမှာပဲ အခုလိုဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
ပူတင်က ၂၀၁၅ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်ကို ဝင်ရောက်စွက်ဖက်ခဲ့ပြီး သမ္မတ ဘက်စ်ဟာအယ်လ်အာဆက်ကို ထောက်ခံကာ အတိုက်အခံအဖွဲ့များနဲ့ အိုင်အက်စ်တို့ကို ဆန့်ကျင်ခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်လာတဲ့ အိုင်အက်စ်အဖွဲ့က အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ ဥရောပ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာတို့မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ယခုအကြမ်းဖက်တိုက်ခိုက်မှုကို တစ်ကမ္ဘာလုံးအနေဖြင့် ရှုတ်ချသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောပြပါတယ်။
ရုရှားက မြို့တော်ရှိ လေဆိပ်များ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာများမှာ လုံခြုံရေးတင်းကြပ်ထားပြီး နိုင်ငံတဝှမ်း ပွဲအခမ်းအနားကြီးများအားလုံးကို ပယ်ဖျက်ထားပါတယ်။
Source: Reuters
#World_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group






Published 23 March 2024
ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်လို့ ထွက်လာတဲ့ ဘေးအန္တရာယ်ပြုအမှုန်ငယ်တွေဟာ မော်တော်ကား အိတ်ဇောပိုက်ကနေ ထွက်တာထက် အဆ ၁၀၀ လောက် ပိုများကြောင်း လေ့လာချက်တစ်ခုမှာ စိုးရိမ်စရာ တွေ့ရှိခဲ့ရပါတယ်။
ဂတ်စ်မီးဖိုများမှ ထွက်လာတဲ့ နာနိုအရွယ်အစား အမှုန်တွေဟာ လူတွေမှာ ရင်ကြပ်ဝေဒနာနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေများစေတယ်လို့ ပါဂျူးတက္ကသိုလ်မှ သုတေသီများ တွေ့ရှိထားပါတယ်။
အဆိုပါ နာနိုအမှုန်များဟာ အလွန့်အလွန် သေးငယ်တာကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ဘူးလို့ တက္ကသိုလ် အရပ်ဘက်အင်ဂျင်နီယာပိုင်းမှ တွဲဖက်ပရော်ဖက်ဆာ ဘရန်ဒန်ဘိုအာက ဆောက်ဝက်စ်သတင်းဌာနကို ပြောပြလိုက်ပါတယ်။
ယမန်နှစ်က နယူးယော့ခ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ဂတ်စ်မီးဖိုတားမြစ်ရေးကိစ္စကို အကြံပြုတင်သွင်းခဲ့ပါတယ်။
ဓာတ်ခွဲခန်းငယ်တစ်ခုကို အိမ်တစ်အိမ်ကဲ့သို့ ပြင်ဆင်ပြီး ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်တဲ့အခါ ထွက်လာတဲ့ အမှုန်ငယ်များကို နာနိုအတိုင်းအတာအထိ တိုင်းတာခဲ့ကြပါတယ်။
ရလဒ်များအရ ထိုအမှုန်ငယ်တွေဟာ မီးဖိုကနေ တစ်အိမ်လုံးအထိ ပျံ့နှံ့သွားတာကို တွေ့ခဲ့ကြပါတယ်။
အမှုန်တွေက အရာဝတ္ထုမျက်နှာပြင်များပေါ် လျင်မြန်စွာ စိမ့်ဝင်သွားကြပေမယ့် အမှုန်ပေါင်း ၁၀ ဘီလီယံမှ ၁ ထရီလီယံလောက်အထိ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် ဂတ်စ်မီးဖိုဖြင့် ချက်ပြုတ်တဲ့အခါ အိတ်ဇော်ပန်ကာများ ဖွင့်ထားဖို့ကို သုတေသီများ တိုက်တွန်းလိုက်ပါတယ်။
Source: New York Post.
#World_Health
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန် ကျူးကျော်စဥ်ကတည်းက အကြမ်းဖက်မှု၊ အလုပ်အကိုင်မဲ့မှု၊ ဆင်းရဲနွမ်းပါးမှု၊ ကျန်းမာရေးစနစ် ထိခိုက်မှုတို့ကြောင့် မူလက မူးယစ်ဆေးကင်းစင်တဲ့ အီရတ်မှာ မူးယစ်ဆေး စွဲလမ်းမှုများနဲ့ ရောင်းဝယ်မှုတို့ ပြုလုပ်ရာနေရာကြီး ဖြစ်လာပြီး အီရတ်လူငယ်တွေဟာ အဓိကသားကောင် ဖြစ်လာပါတယ်။
#World_Drugs
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 March 2024
၁။ နှစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီ ဓါတ်ဆီတစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဈေးမြင့်တတ်လာ
၂။ သင်္ကြန်နားနီးလာ၍ ရေခဲတုံး၊ ရေခဲချောင်းထုတ်လုပ်သည့် ရေခဲစက်များ ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာ
၃။ ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအဝင်များပြီး ဈေးကျဆင်း၊ အိန္ဒိယအိပ်စပို့ဖွင့်ချိန် ဈေးဆက်ကျနိုင်
၄။ (၂၀၀၃)ခုနှစ် အမေရိကန်ကျူးကျော်ပြီးနောက်ပိုင်း အီရတ်တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု မြင့်မားနေကာ လူငယ်များသားကောင်ဖြစ်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#ASEAN_news
Published_ 22 March 2024
အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ် ၂၀ ရက်တွင် ပြုလုပ်ခဲ့တဲ့ 72nd Initiative for ASEAN Integration (IAI) Task Force အစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ Initiative for ASEAN Integration (IAI) စတင် အကောင်အထည်ဖော် ခဲ့သည်မှာ ဆယ်စုနှစ် (၂) ခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါအစီအစဉ်သည် အာဆီယံ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ၊ ယခုအစီအစဉ်မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် မြှင့်တင်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ လုပ်ငန်းစီမံချက်တွင် စင်ကာပူ၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ အထောက်အပံ့ပေးရန် အတည်ပြုချက် ရရှိပြီးဖြစ်သည့် စီမံကိန်းအသစ် (၁၆) ခုတို့အပေါ် IAI Task Force အဖွဲ့ဝင်များက အတည်ပြုပေးခဲ့ကြပါတယ်။
IAI Work Plan IV အတွက် Output Monitoring တွင် သက်ဆိုင်ရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ National Coordinators များမှ ဖြည့်စွက်ရမည့် ကိစ္စရပ်များ အပါအဝင် ယခုနှစ် လာအိုနိုင်ငံ၏ Priority Economic Deliverable (PED) ကို အကောင်အထည်ဖော်ရန် Strategies Framework ချမှတ် အကောင်အထည် ဖော်ရာတွင် Economic Research Institute for ASEAN and East Asia (ERIA) မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်း ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division တာဝန်ရှိ သူများ၊ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ လုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ် များနှင့် ERIA တို့သည် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#ASEAN_news
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 501 of 1151