#World_Politics
Published 22 February 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရန် ရုရှားသို့သွားရောက်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
နျူကလီးယားလက်နက်များ အသုံးပြုခြင်းမှ ရှောင်ရှားနိုင်ရန် ရှီကျင့်ဖင်က ရုရှားခေါင်းဆောင်ကို တိုက်တွန်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်မြောက်လာတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသွင် တစ်စိတ်တစ်ပိုင်းအဖြစ် လာမယ့်လများအတွင်း ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ ရည်ရွယ်နေတာဖြစ်ကြောင်း နီးစပ်သူများရဲ့ပြောကြားချက်ကို Wall Street ဂျာနယ်က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယခုပဋိပက္ခအတွင်း နျူကလီးယားသုံးစွဲမှု ဖြစ်မလာအောင် ရှီကျင့်ဖင်က ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ရုရှားကဂျာမနီကို အနိုင်ရခဲ့ခြင်းအထိမ်းအမှတ် အောင်ပွဲခံချိန် ဧပြီနှောင်းပိုင်း ဒါမှမဟုတ် မေလအစောပိုင်းမှာ တွေ့ဆုံပွဲပြုလုပ်ဖွယ်ရှိနေပါတယ်။
ယူကရိန်းကို ဆက်လက်ကျူးကျော်နေတဲ့ ရုရှားကို တရုတ်က အရေးကြီးအထောက်အပံ့များ ပံ့ပိုးနေခြင်းအပေါ် အမေရိကန်က စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က ဝန်ခံခဲ့ပါသေးတယ်။
အများသူငှာအမြင်အရဆိုရင် တရုတ်က ယူကရိန်းကိစ္စမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့တိုင်းပြည်ဖြစ်သလို ရုရှားအတွက်လည်း အထောက်အပံ့များ ပေးနေပြန်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ရုရှားကိုတရုတ်ထောက်ပံ့နေတာဟာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ရုရှားကို သီးခြားဆက်ဆံမယ့် အနောက်တိုင်းရဲ့ကြိုးပမ်းမှုကို တရုတ်ကငြင်းဆန်ကာ ၂၀၂၂ အတွင်း ရုရှားနဲ့တရုတ်ကြား ကုန်သွယ်မှု ၃၄ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
#Source: NY Post #World_Politics #ယူကရိန်းစစ်ပွဲ #ရှီကျင့်ဖျင် #ပူတင် #မော်စကို
#YMG #Yangon_Media_Group
#World_Health
Published 22 February 2023
ဆောင်းရာသီဝင်လာတာနဲ့ ပိုပြီးအိပ်ချင်စိတ်ရှိလာတာဟာ သင်ပျင်းရိလို့မဟုတ်ပါဘူး။
လူတွေသတိမထားမိတာက ချမ်းအေးတဲ့လတွေမှာ အိပ်ချိန်ပိုမိုလိုအပ်တာသာ ဖြစ်ပါတယ်။
REM အိပ်စက်ခြင်းက အလင်းရောင်ပြောင်းလဲခြင်းနဲ့ဆိုင်ပြီး ဆောင်းတွင်းမှာ မိနစ် ၃၀ ခန့် ပိုမိုကြာရှည်တတ်ပါတယ်။
ဒီတွေ့ရှိချက်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် အလိုက်သင့်ပြောင်းလဲနိုင်ပါတယ်။
သိပ္ပံပညာရှင်များအဖွဲ့က လူနာ ၂၉၂ ဦးမှာ အိပ်စက်ခြင်းဆိုင်ရာ လေ့လာချက်များ ပြုလုပ်ခဲ့ပါတယ်။
သူတို့ရဲ့အိပ်ချိန်၊ အိပ်ခြင်းပုံစံတို့ကို ကြည့်ရှုစစ်ဆေးရန်အတွက် အချက်ပေးသံမပေးဘဲ ဓာတ်ခွဲခန်းထဲမှာ အိပ်စက်စေခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲခြင်းက သတ္တဝါအားလုံးပေါ် သက်ရောက်နေကာ ဆောင်းတွင်းမှာ လူတွေက မပြောင်းလဲဘဲ ဆက်လက်လုပ်ဆောင်ကြပေမယ့် ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကတော့ နှေးကွေးကုန်ကြပါတယ်။
ယေဘုယျအားဖြင့် လူတွေက အိပ်စက်ခြင်းကြာချိန်၊ အလုပ်လုပ်ချိန်တို့ကိုပါ အလိုက်သင့်ပြောင်းလဲသင့်တယ်လို့ အကြံပြုခဲ့ကြပါတယ်။
#Source: WION
#Yangon_Media_Group
#World_Health
#YMG
Published 22 Feb 2023
ရုရှားအနေနှင့် အမေရိကန်ပြည်ထောင်စုနှင့် နောက်ဆုံးလက်ကျန် နျူကလီးယား သဘောတူစာချုပ်မှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သမ္မတဗလက်ဒီမာ ပူတင်က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ရုရှားပါလီမာန်ကို ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ပူတင်က ရုရှားဟာ အဆိုပါစာချုပ် New Start Treaty ကနေ ထွက်မှာမဟုတ်ပေမယ့် ယာယီအားဖြင့်တော့ ပါဝင်မှုဆိုင်းငံ့မယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနှင့် အမေရိကန်တို့ဟာ တစ်နိင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဘက်တွေလိုမမြင်ခဲ့ကြတဲ့ ယခုအခြေအနေနှင့် လုံးဝခြားနားတဲ့ အခြေအနေမှာ စာချုပ်ကို သဘောတူခဲ့ကြတာဖြစ်တယ်လို့လည်း ပူတင်ကရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် ယခုအခါမှာ အမေရိကန်ဟာ ရုရှားကို ရာဇသံပေးရုံတင်မကဘဲ နေတိုးကိုယ်တိုင်က စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ဖို့ လျှောက်ခဲ့တယ်လို့ သူကပြောပါတယ်။
နိုင်ငံတော်ကိုပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းမှာ အမေရိကန်ကသာ နျူကလီးယားစမ်းသပ်မှုလုပ်လာရင် ရုရှားအနေနှင့် နျူကလီးယားစမ်းသပ်မှုတွေပြန်လုပ်ဖို့ အဆင်သင့်ပဲလို့လည်း ပူတင်က သတိပေးပါတယ်။ ဒီလိုသာဆိုရင် စစ်အေးကာလ ကရှိခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုတွေကိုပိတ်ပင်ခဲ့တာတွေ အဆုံးသတ်သွားပါလိမ့်မယ်။
New START စာချုပ်ပါလိုက်နာရမယ့်အချက်တွေကို သူဒီလိုဆိုင်းငံ့လိုက်ရတာတွေကို ပူတင်ကရှင်းပြရင်းနှင့် အမေရိကန်နှင့်သူ့မဟာမိတ်နေတိုး တို့ဟာ ယူကရိန်းမှာ ရုရှားတို့ရှုံးရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်ဖွင့်ပြောလာကြ တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
“ သူတို့ဟာ ကျွန်တော်တို့အပေါ်မှာ မဟာဗျူဟာမြောက် အောင်နိုင်အောင်နှင့် တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ရဲ့ နျူကလီးယား အဆောက်အအုံကိုပါ ကြိုးစားလာတယ်” လို့ပူတင်ကပြောပါတယ်။
“ယခုစာချုပ်အရ အမေရိကန်ဟာ ရုရှားရဲ့ နျူကလီးယားအဆောက်အအုံကို စစ်ဆေးမှုတွေပြန်စဖို့ တွန်းအားပေးခဲ့တယ်။ နျူကလီးယားစွမ်းဆောင်နိုင်တဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေအခြေစိုက်တဲ့ ရုရှားလေကြောင်းအခြေစိုက် စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနှင့်တိုက်ခတ်နိုင်အောင် နေတိုးမဟာမိတ်တွေကလည်း ကူညီပေးခဲ့ကြတယ်”လို့ ပူတင်က ပြောပါတယ်။
အဲဒီအတွက်သုံးမယ့် ဒရုန်းတွေကို ခေတ်မီကိရိယာတွေတပ်ဆင်ရာမှာ နေတိုးရဲ့ ကျွမ်းကျင်သူတွေ ကူညီပေးခဲ့ကြတယ် လို့လည်း ပူတင်ကပြောပါတယ်။ “ အခု သူတို့က ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအဆောက်အအုံတွေကို စစ်ဆေးချင်ကြတယ်။ ယနေ့ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေမျိုးမှာ ဒါကြီးက အတော့်ကို အဓိပ္ပါယ်မရှိတာပဲ” လို့ ပူတင်က ပြောပါတယ်။
Source: india.com
# New_Start_Treaty
#Russia_US
#ရုရှား-အမေရိကန်_နျူကလီးယားစာချုပ်
#World_Politics
Published 21 February 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ယူကရိန်းနဲ့အတူ အဆုံးအထိရပ်တည်သွားမှာဖြစ်ကြောင်း ပြသတဲ့အနေနဲ့ ကိဗ်မြို့တော်အလယ်မှာ လမ်းလျှောက်ဖြတ်သန်းခဲ့ပါတယ်။
နောက်တစ်ရက်အကြာမှာတော့ ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းကိုကျူးကျော်တာ တစ်နှစ်ပြည့်တဲ့အနေနဲ့ရည်ရွယ်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဘိုင်ဒင်က ကိဗ်သို့ရုတ်တရက်လည်ပတ်ခဲ့ပြီးနောက် ပိုလန်သို့ထွက်ခွာသွားကာ ယူကရိန်းကိုကူညီဖို့ အမေရိကန်က ကမ္ဘာကိုဘယ်လိုစည်းရုံးပေးနေကြောင်း၊ နေတိုးအရှေ့ဘက်ခြမ်းကို အမေရိကန်က ဘယ်လိုထောက်ပံ့ပေးနေကြောင်း အင်္ဂါနေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
တနင်္လာနေ့နံနက်ပိုင်းက ဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'တို့ ကိဗ်မြို့တော်ရှိ ဘုရားကျောင်းသို့ အတူလမ်းလျှောက်သွားခဲ့ပါတယ်။
"လွန်ခဲ့တဲ့ ၁ နှစ်နီးပါးခန့် ယူကရိန်းကို ပူတင်ကျူးကျော်စဉ်က ယူကရိန်းဟာ အင်အားနည်းပြီး အနောက်တိုင်းနဲ့ ကွဲထွက်နေတယ်လို့ ယူဆပြီး အနိုင်ပိုင်းနိုင်မယ်လို့ ထင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူလုံးဝမှားသွားခဲ့တယ်၊ ယူကရိန်းအတွက် ပေးဆပ်စရာအလွန်များပြားပါတယ်၊ စတေးခဲ့ရတာတွေ အများကြီးပါ၊ ရှေ့မှာလည်း နောက်ထပ်ခက်ခဲဦးမယ့် နှစ်တွေလတွေ ရှိပါသေးတယ်" လို့ ပြောကြားသွားပါတယ်။
ဘုရားကျောင်းအပြင်ဘက်မှာတော့ ရုရှားဘက်က ကျဆုံးခဲ့တဲ့ တင့်ကားတွေလောင်ကျွမ်းပျက်စီးနေပုံကို မြင်တွေ့ရပါတယ်။
ရုရှားတို့ကျူးကျော်ချိန်ကတည်းကစပြီး နှစ်ဘက်စလုံးမှ လူပေါင်းသောင်းချီသေဆုံးထားကာ မြို့များပျက်စီးကြေမွသွားပြီး လူသန်းပေါင်းများစွာ စွန့်ခွာထွက်ပြေးကြရပါတယ်။
ရုရှားတို့က ယူကရိန်းနိုင်ငံရဲ့ ၅ ပုံ ၁ ပုံနီးပါးကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားကာ အနောက်နိုင်ငံက ယူကရိန်းစစ်ရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီ ကူညီထောက်ပံ့ပေးထားပါတယ်။
၁၅ နှစ်အတွင်း ဒီကို အမေရိကန်သမ္မတ လာရောက်လည်ပတ်တာဟာ ပထမဆုံးဖြစ်ပြီး အမေရိကန်-ယူကရိန်းဆက်ဆံရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်ကြောင်း ဇယ်လန်စကီက ဆိုပါတယ်။
ဘိုင်ဒင်ရောက်နေစဉ် ကိဗ်ကိုတိုက်ခိုက်လာတာမျိုး မဖြစ်စေရန် ဘိုင်ဒင်မထွက်ခွာခင်မှာ ရုရှားကိုအသိပေးခဲ့ကြောင်း အမေရိကန်နဲ့ရုရှားမှ အရာရှိများက ပြောကြားခဲ့ကြပါတယ်။
ပူတင်ကတော့ အင်္ဂါနေ့မှာ ရုရှားစစ်ရေးနဲ့ ယူကရိန်းပဋိပက္ခအကြောင်း ပြင်ဆင်မွမ်းမံမှုများကို လွှတ်တော်နှစ်ရပ်လုံးရှေ့မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Ukraine
#Putin
#JoeBiden
#YMG
#World_Health
Published 22 February 2023
ဘဝမှာပျော်ရွှင်မှုရရှိဖို့အတွက် ပိုက်ဆံနဲ့ အောင်မြင်မှုဆိုတာထက် မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးကောင်းမွန်ဖို့က အများကြီးပိုအရေးကြီးကြောင်း ဟားဗတ်ဒ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းက ဘဝမှာပျော်ရွှင်မှုပေးနိုင်ရုံမက စိတ်နဲ့ခန္ဓာကိုလည်း ကျန်းမာစေကြောင်း စိတ်ရောဂါပညာရှင် 'ရောဘတ်ဂျေဝယ်ဒင်ဂါ'က Daily Mail ကို ပြောကြားခဲ့ပါတယ်။
၂၀၁၀ လေ့လာချက်အရ အပေါင်းအသင်းဝင်ဆံ့သူတွေဟာ အသက်ရှင်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် အခြားလူတွေအတွက် အချိန်မပေးတဲ့လူတွေဟာ အထီးကျန်ပြီး မပျော်မရွှင်ဖြစ်ကြရပါတယ်။သင့်ကိုကူညီထောက်ပံ့သူတွေနဲ့ သင်က ကူညီထောက်ပံ့ပေးတဲ့သူတွေကို မှတ်သားထားကာ ထိုကနေ လေ့လာသင်ယူခြင်း၊ နီးစပ်စေခြင်း၊
ယုံကြည်မှုရှိခြင်း၊ စိတ်ပျော်ရွှင်ကျေနပ်ခြင်းတို့ ခံစားရစေပါတယ်။
ပျော်ရွှင်ရခြင်းက ဘဝရည်မှန်းချက်မဟုတ်ပေမယ့် ခက်ခဲတဲ့အချိန်များကို အတူတကွဖြတ်သန်းရင်း ရရှိတာမျိုးဖြစ်ပါတယ်။
ကောင်းမွန်တဲ့ဘဝဆိုတာ ပျော်ရွှင်ရသလို အခက်အခဲတွေလည်း ရှိစမြဲဖြစ်ပြီး ကိုယ်ဖြစ်ချင်သလို ဖြစ်လေ့မရှိပါဘူး။
ဘယ်လိုပဲဘဝမှာ ပျော်ရွှင်ကောင်းမွန်သည်ဖြစ်ပါစေ နောက်ဆုံးတော့ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပါပဲ။
တွေ့ကြုံခဲ့ရတာကနေ သင်ခန်းစာယူပြီး နောက်တစ်ကြိမ်မှာ အောင်မြင်အောင် ကြိုးစားရပါမယ်။
သင့်ရဲ့ငယ်ဘဝနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေက သင့်ရဲ့ကံကြမ္မာမဟုတ်သလို နေထိုင်ကြီးပြင်းရာကလည်း ဘဝကြီးမဟုတ်ပါဘူး။
#Source: The Jerusalem Post
#Health
#Yangon_Media_Group
#YMG
#World_Society
Published 21 February 2023
၁၉၇၀ ပြည့်နှစ်တွေကစပြီး ဂျပန်မှာ ကလေးယူနှုန်းလျှော့ချလိုက်ခြင်းဟာ အခုဆိုရင်လုပ်ငန်းရှင်တွေအတွက် ဝန်ထမ်းအင်အားရှားပါးလာပြီဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
#DailyNews
Published_ 21 February 2023
၁။ YBS ယာဉ်စီးခကို တစ်ထောင်တန်အတုထည့်ပြီး ပြန်အမ်းငွေကျပ် ၈၀၀ ယူခြင်းများနေ
၂။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်း ၇ ထောင် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်
၃။ လျှပ်စစ်သုံးယာဉ်တင်သွင်းလိုသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
၄။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းလျော့နည်းခြင်းကြောင့် လူငယ်ဝန်ထမ်းအင်အားရှားပါးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 498 of 865