#World_Health
Published 28 February 2023
တိုကျိုနည်းပညာတက္ကသိုလ်က ကိုဗစ်-၁၉ရောဂါအတွက် သဘာဝကုသနည်း တွေ့ရှိခဲ့ဖွယ်ရှိကြောင်း Plos One ဂျာနယ်မှာ ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကို လက်ခံပေါင်းစပ်မယ့် ACE2 ကို ထိရောက်စွာလျှော့ချနိုင်မယ့် 5-Aminolevulinic acid (ALA) ဆိုတဲ့ သဘာဝအမိုင်နိုအက်ဆစ်ကို တွေ့ရှိခဲ့ပါတယ်။
ဒီနည်းလမ်းဖြင့် အမိုင်နိုအက်ဆစ်က ကိုဗစ်ကူးစက်နိုင်ချေကို လျှော့ချပေးမှာဖြစ်ပါတယ်။
ALA ကို ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ရှီတိတ်မှို၊ အာလူး၊ ပြည်ကြီးငါး၊ အမဲသား၊ ဝိုင်၊ ပဲငံပြာရည်တို့မှာ တွေ့ရှိနိုင်ပါတယ်။
WHO ရဲ့ဖော်ပြချက်အရ ကိုဗစ်-၁၉ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာလူပေါင်း ၆,၈၅၀,၅၉၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တရားဝင်အချက်အလက်များအရ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇၅၇,၂၆၄,၅၁၁ ဦးရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးပေါင်း ၁၂,၂၂၃,၁၃၅,၄၀၀ ကို ထိုးနှံထားခဲ့ပေမယ့် ကုသဆေးတော့ မရရှိခဲ့ပါဘူး။
သုတေသီတွေက လူသားဆဲလ်မွေးမြူခြင်းပြုလုပ်ကာ အချို့ကို ACE2 ဖြင့်ကူးစက်စေခဲ့ပါတယ်။
အမိုင်နိုအက်ဆစ်ဖြင့် ကုသတဲ့ဆဲလ်တွေမှာ ACE2 က သိပ်ပြီးမပျံ့ပွားတာကို တွေ့ရှိခဲ့ကြပါတယ်။
ALA ဆဲလ်တွေကနေ ပရိုတိုပေါ်ဖရင်-၉ ပြောင်းလဲသွားပုံကို သုတေသီများလေ့လာခဲ့ကြကာ ACE2 က ဇီဝနည်းလမ်းအရ ထိုဒြပ်ပေါင်းနှစ်ခုစလုံးနဲ့ ဆက်စပ်နေမယ်လို့ ယုံကြည်နေကြပါတယ်။
ယခုလေ့လာချက်က ကိုဗစ်လေ့လာရေးမှာ လမ်းစအသစ်ဖြစ်လာခဲ့ပြီး ယခုအခါ ALA နဲ့ ဟင်းမ်သွေးပရိုတိန်းထုတ်လုပ်မှုဖြင့် ကိုဗစ်ကုသနည်း ဖန်တီးနိုင်ဖို့ကို ဆက်လက်လေ့လာသွားမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post #World_Health #ကိုဗစ်-၁၉ရောဂါ #သဘာဝအတိုင်း #သုတေသီများ #YMG #Yangon_Media_Group
#World_Society
Published 27 February 2023
နီကာရာဂွာအရှေ့ပိုင်းမှ အက်ဆရာဒိုးစ်တံငါသည်ရွာမှာ အယ်လီနာမာတီနက်ဇ်နဲ့ ရွာခံအမျိုးသမီးလေးတွေဟာ ရွှံ့တွေအောက်ကနေ ချင်း၊ ကမာ၊ ခရုတွေကောက်ယူဖို့ တောတွင်းထဲသွားလာတက်အောင် သင်ယူနေကြပါတယ်။
#World_Society #နီကာရာဂွာ #ချင်းကမာ #YMG
#Yangon_Media_Group
#DailyNews
Published_ 27 February 2023
၁။ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ကြက်ဥတစ်လုံး ၃၀၀ ဝန်းကျင်ဈေးမြင့်
၂။ ပြည်တွင်း၌ စားသုံးဆီပိုထုတ်နိုင်ရန် ဆီလုပ်ငန်းရှင်များဆောင်ရွက်နေ၊ လုပ်ငန်းရှင်(၃၀)%မှ အကောင်အထည်ဖော်နေပြီဖြစ်
၃။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၀ ဒေါ်လာနဲ့ စတင်ဈေးဖွင့်လာ
၄။ မညစ်ပေချင်သည့် ယောက်ျားများအစား နီကာရာဂွာအမျိုးသမီးများချင်းကမာတူးဖော်ရှာဖွေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 27 Feb 2023
တရုတ်နိုင်ငံနေရာအစိတ်အပိုင်းတွေ အထူးသဖြင့် ပူနွေးလာတဲ့ တောင်ပိုင်းဒေသတွေမှာ လှပတဲ့ ပန်းမျိုးစုံဟာ ဆောင်းကုန်လို့ နွေဦးရာသိရောက်လာချိန်မှာ အစွမ်းကုန်ဖူးပွင့်နေကြပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရဲ့ ကူရှန်းစီရင်စုမှာ နွေဦးရာသီအတွက် ဇီးပင်တွေဖူးပွင့်နေကြပါတယ်။
ဖူဒါကျေးရွာမှာဆိုရင် ဟက်တာ၃၃၀ကျော်ရှိတဲ့ မြေနေရာအကျယ်ကြီးထဲမှာ ပန်းတွေလှပစွာဖူးပွင့်နေကြပါတယ်။
ကွမ်တုန်ပြည်နယ် ကွမ်ကျိုးမြို့က ဟိုင်းကျူးအမျိုးသားရေဝပ်ဥယျဉ်မှာ ပန်းရောင်ပန်းတွေဖူးပွင့်နေတာ အင်မတန်မှ လှပပြီးဆွဲဆောင်မှုရှိနေပါတယ်။
ဆီချွမ်းပြည်နယ် ကျန်အန်းစီရင်စုဦဇီကျန်းပြည်နယ်က ရှန်တောင်းဟူကျွန်းနှင့်အခြားကျွန်းတွေရဲ့ ကန်တွေမှာလည်း ချယ်ရီတွေလှပစွာပွင့်ဖူနေကြရာ ဧည့်သည်တွေအတွက် ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ဖြစ်လို့နေပါတယ်။
Source: CCTV+
#တရုတ်နွေဦးရာသီ
#နွေဦးရာသီပန်းစုံဖူးပွင့်
#China_Spring_Flowers
#YangonMediaGroup
#Ukraine_Crisis
Published 27 February 2023
ယူကရိန်းအရှေ့ဘက်ပိုင်းက ရုရှားတပ်တွေကိုတိုက်ခိုက်ရာမှာ ဦးဆောင်နေတဲ့ ယူကရိန်းအကြီးတန်းစစ်ဦးစီးမှူးတစ်ဦးကို အကြောင်းအရင်းမဖော်ပြဘဲ သမ္မတ'ဇယ်လန်စကီ'က တနင်္ဂနွေနေ့မှာ ရာထူးမှထုတ်ပယ်လိုက်ပါတယ်။
ဒွန်ဘတ်စ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းပူးတွဲတပ်ဖွဲ့များရဲ့ တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ 'အက်ဒွာ့ဒ်မော့စ်ကယ်လီယော့ဗ်'ကို ရာထူးမှထုတ်ပယ်ကြောင်း ဇယ်လန်စကီက တစ်မိန့်တစ်သံကြေညာလိုက်ပါတယ်။
ဇယ်လန်စကီက သူနဲ့ပြောကြားခဲ့တဲ့ စစ်ဦးစီးမှူးတွေကိုစာရင်းပြုစုနေတဲ့ သောကြာနေ့မှာပဲ မော့စ်ကယ်လီယော့ဗ်ကိုထုတ်ပယ်တဲ့အကြောင်း နေ့စဉ်မိန့်ခွန်းမှာ ဖော်ပြခဲ့ပါတယ်။
ယမန်နှစ် ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီး များမကြာမီမှာပဲ ၂၀၂၂ မတ်လမှာ မော့စ်ကယ်လီယော့ဗ်ကို အဆိုပါရာထူးတာဝန်ပေးအပ်ခဲ့ပါတယ်။
ပူးတွဲတပ်ဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာရော တွစ်တာမှာပါ ထိုကိစ္စအကြောင်း ဖော်ပြခြင်းမရှိသေးပါဘူး။
ရုရှားတပ်တွေက ဒွန်ဘတ်စ်ရှိ အရှေ့ပိုင်းဒေသနှစ်ခုကို သိမ်းပိုက်ရန် ဝိုင်းဝန်းကြိုးပမ်းနေကြကာ အရှေ့ဘက်ရှိ စစ်ရေးအခြေအနေတွေက ခက်ခဲထိခိုက်ရကြောင်း လတ်တလောသီတင်းပတ်များအတွင်း ဇယ်လန်စကီက အမျိုးမျိုးဖော်ပြခဲ့ပါတယ်။
ယူကရိန်းတွေနဲ့ အနောက်တိုင်းအရာရှိများက အသေအပျောက်များတယ်လို့ ပြောဆိုနေကြပေမယ့် ရုရှားလိုလားသောတပ်ဖွဲ့များက ဘက်ခ်မွတ်မြို့ကို အာရုံစိုက်ပြီး အကြိမ်ကြမ်တိုက်ခိုက်နေကြပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ဖေ့စ်ဘွတ်ခ်မှာတင်ထားရာမှာ ရုရှားတို့က တနင်္ဂနွေနေ့မှာ ဘက်ခ်မွတ်ဒေသတဝိုက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
#Source: Reuters #Ukraine_Crisis #ယူကရိန်း #အကြီးတန်း #စစ်ဦးစီးမှူးတစ်ဦး # ဇယ်လန်စကီ #YMG
#Yangon_Media_Group
#World_Health
Published 27 February 2023
မျှစ်က ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းအတွက် အသုံးဝင်တဲ့ အာဟာရဓာတ်အများဆုံး အစားအစာထဲက တစ်ခုဖြစ်ပါတယ်။
နေ့စဉ်ကိုယ်အပူချိန် ပြောင်းလဲခြင်းအပြင် ကိုယ်ခံအားမြှင့်တင်ရန်၊ နှလုံးသွေးကြောကျန်းမာရေး ကောင်းမွန်စေရန်၊ သွေးပေါင်ချိန်ထိန်းညှိရန်အတွက် ညီညွတ်မျှတတဲ့ အစားအစာစားပေးဖို့ လိုအပ်ပါတယ်။
အာဟာရပညာရှင်'လော့ဗ်နိဘာထရာ'ရဲ့ ပြောကြားချက်အရ အစာစားတဲ့အခါ မျှစ်ကိုထည့်သွင်းစားသုံးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေကာ နှလုံးကာကွယ်ပေးခြင်း၊ အသားအရည်ဝင်းလက်စေခြင်း၊ အရိုးသန်မာခြင်းတို့ ရရှိစေပါတယ်။
မျှစ်မှာ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်၊ ကာဗိုဟိုက်ဒရိတ်၊ အရေးကြီးသတ္တုဓာတ်များနဲ့ ဗိုက်တာမင်များ ကြွယ်ဝစွာပါဝင်ကာ ကျန်းမာသန်စွမ်းစေပါတယ်လို့ အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
မျှစ်က ဆဲလူးလို့စ်ကို ၄ ရာခိုင်နှုန်းမြှင့်တင်ပေးကာ အူလမ်းကြောင်းရွေ့လျားမှုကို အားပေးပြီး အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်။
ဒါ့အပြင် မကောင်းတဲ့ကိုလက်စ်ထရောလ်တွေကို လျှော့ချပေးပြီး နှလုံးသွေးကြောကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။
မျှစ်မှာ ဆီလီကာပါဝင်မှုများတာကြောင့် ကော်လာဂျင်နဲ့ အီလက်စ်တင်ဖွဲ့စည်းမှုကို တိုးများစေပါတယ်။
ဗိုက်တာမင်-စီအများအပြားပါဝင်ကာ ကယ်လ်စီယမ်နဲ့ မန်းဂနိစ်ကြွယ်ဝတာကြောင့် အရိုးအဆစ်ကို သိပ်သည်းသန်မာစေပါတယ်။
မျှစ်က ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်များစွာပါဝင်တာကြောင့် ဗိုက်ပြည့်ဝနေစေပြီး ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။
Source: India Today #World_Health #မျှစ် #Bamboo_Shoot #Health #YMG #Yangon_Media_Group
#World_Health
Published 27 February 2023
ဂရိတ်ဖရုကို အချို့သောဆေးတွေနဲ့ တွဲဖက်အသုံးပြုရင် ဘေးထွက်ဆိုးကျိုးရှိတာကို ဖော်ပြထားကြပြီးဖြစ်ပါတယ်။
ဒါ့အပြင် ဂရိတ်ဖရုကို တိုနစ်ရေနဲ့ တွဲစပ်သောက်သုံးရင်လည်း အချို့လူတွေအတွက် ဘေးအန္တရာယ်ဖြစ်စေကြောင်းလည်း တွေ့ရှိလာပါတယ်။
ဂရိတ်ဖရုဖျော်ရည်နဲ့ ဓာတ်ပြုနေတဲ့ ဆေးပေါင်း ၁၀၀ နီးပါးရှိခဲ့ရာ တဖြည်းဖြည်းနဲ့ပိုများလာပါတယ်။
ဒီထဲမှာမှ ကိုလက်စ်ထရောလ်ဆေးတွေ၊ နှလုံးရောဂါသောက်ဆေးတွေ၊ ကင်ဆာကုသဆေးတွေလည်း ပါဝင်ပါတယ်။
ဂရိတ်ဖရုဖျော်ရည်မှာပါဝင်တဲ့ အချို့သောပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ ဆေးတွေဖြိုခွဲခြင်းကို ပြုလုပ်ပေးတဲ့ CYP3A4 အင်ဇိုင်းကို နှောင့်နှေးစေပါတယ်။
အင်ဇိုင်းက အူသိမ်နံရံတွေမှာရှိကာ ဆေးတွေ သွေးထဲကို မစုပ်ယူခင် ဖြိုခွဲပေးတာကြောင့် အင်ဇိုင်းကိုပိတ်ပင်ခြင်းဖြင့် သွေးထဲမှာ ဆေးပမာဏသိသိသာသာ များပြားလာစေပါတယ်။
ထိုကနေ ဆေးပမာဏပြောင်းလဲသွားကာ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မမှန်ခြင်းအပြင် မအီမသာခံစားချက်တွေ ဖြစ်စေနိုင်ပါတယ်။
တိုနစ်ရေမှာပါဝင်တဲ့ ကွီနင်ဓာတ်က ဂရိတ်ဖရုဖျော်ရည်ရဲ့ သက်ရောက်မှုတွေကို ပေါင်းစည်းသွားစေပါတယ်။
နှလုံးပြဿနာရှိသူတွေဟာ ဂရိတ်ဖရုဖျော်ရည်နဲ့ တိုနစ်ရေကို အတူမသုံးစွဲသင့်ကြောင်း Medicine Plus ဝက်ဘ်ဆိုက်မှာ အကြံပြုထားပါတယ်။
ဒါ့အပြင် ဂရိတ်ဖရုဖျော်ရည်နဲ့ ဝိုင်နီတို့ကိုလည်း ဆေးတွေနဲ့ တွဲမသောက်သင့်ပါဘူး။
ဂရိတ်ဖရုဖျော်ရည်က ကွီနင်ဇီဝဖြစ်စဉ်ကို ဆောင်ရွက်ပေးတဲ့အင်ဇိုင်းကို တားဆီးတာကြောင့်ဖြစ်ပါတယ်။
ထိုကနေ သွေးထဲမှာကွီနင်တွေများလာကာ ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်စေနိုင်ပါတယ်။
#Source: The Jerusalem Post #World_Health #ဂရိတ်ဖရုဖျော်ရည် #တိုနစ်ရေ #YMG #Yangon_Media_Group
Page 494 of 865