#World_Health
Published 25 June 2023
စိတ်ဓာတ်ကျဝေဒနာ ခံစားရခြင်းနဲ့ စီးပွားရေးချို့တဲ့တဲ့ ရပ်ကွက်တွေမှာ နေထိုင်ရခြင်းက အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတယ်လို့ လေ့လာမှုတစ်ခုတွေ့ထားပါတယ်။
အိုမင်းရင့်ရော်မှုနှုန်းက လူတစ်ယောက်ရဲ့ နေထိုင်မှုအခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အပေါ် မူတည်နေကြောင်း လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်း၊ နေထိုင်မှုနေရာနဲ့ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကြား ဆက်စပ်နေပုံကို လေ့လာခဲ့ကြပါတယ်။
အရင်လေ့လာချက်ရှိ စမ်းသပ်ခံသူ ၁,၄၄၅ ဦးမှ ဆင့်ပွားအချက်အလက်များနဲ့ အသက် ၄၅ နှစ်မှ ၈၅ နှစ်ကြား လူပေါင်း ၅ သောင်းထံမှ မူလအချက်အလက်များကို စုဆောင်းခဲ့ကြပါတယ်။
ဒီစမ်းသပ်ခံတွေကိုပဲ နှစ် ၂၀ ကြာလေ့လာပြီးနောက် မျိုးရိုးဗီဇပြောင်းလဲမှုတွေက အချိန်နဲ့အမျှ တည်ငြိမ်မှုရှိမရှိ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း အလျင်အမြန်အိုမင်းခြင်းကို ဖြစ်စေတဲ့လုပ်ငန်းစဉ်တွေကို ဒီထက်ပိုမိုသုံးသပ်သွားမှာဖြစ်ကြောင်း စာတမ်းပြုစုသူ ပရော်ဖက်ဆာပါမိုင်ဒါရေနာက ပြောပြသွားပါတယ်။
စိတ်ဓာတ်ကျခြင်းကြောင့် ခန္ဓာကိုယ်ဇီဝကမ္မလက္ခဏာတွေမှာ ပြောင်းလဲမှုဖြစ်စေပြီး အရွယ်မတိုင်ခင်အိုမင်းခြင်းကို ဖြစ်စေနိုင်ကြောင်း ကောက်ချက်ချကြပါတယ်။
လူမှုပေါင်းသင်းရေးအဆင်မပြေခြင်း၊ ရင်းမြစ်ချို့တဲ့ခြင်းတို့ကြောင့် အတိုင်းအတာပေါ်မူတည်ပြီး တစ်နှစ်လောက်စောတဲ့အထိ သေဆုံးမှုနှုန်းမြင့်မားစေနိုင်ပါတယ်။
DNA မီသိုင်လေးရှင်းခန့်မှန်းချက် ၂ မျိုးဖြင့် ဆဲလ်အဆင့်အိုမင်းခြင်း၊ လက်ရှိအသက်အရွယ်နဲ့ ဇီဝဖြစ်ပျက်အသက်အရွယ်တို့ကြား ကွာခြားချက်ကို ခန့်မှန်းခြင်းတို့ ပြုလုပ်ပါတယ်။
မြို့ပြနေရာတွေမှာ နေထိုင်မှုအဆင့်အတန်းချို့တဲ့ခြင်း၊ စိတ်ဓာတ်ကျလက္ခဏာပေါ်ခြင်းတို့ကြောင့် အရွယ်မတိုင်ခင်အိုမင်းခြင်း ဖြစ်ပေါ်ကြောင်း အထောက်အထားတွေ့ရှိထားပါတယ်။
Source: The Jerusalem Post #World_Health #ဆင်းရဲနွမ်းပါးသည့်ရပ်ကွက်တွင်နေထိုင်ခြင်း #အရွယ်မတိုင်ခင်အိုမင်းရင့်ရော်စေနိုင်
#Yangon_Times
#World_Health
Published 25 June 2023
ရောဂါတစ်ခုစတင်ပျံ့ပွားရာမှာ ကပ်ရောဂါအဆင့်ဖြစ်မလာခင် ထိန်းချုပ်နိုင်ဖို့ရာ စောစီးစွာရှာဖွေတွေ့ရှိဖို့က အရေးကြီးပါတယ်။
NYU အဘူဒါဘီရှိ သုတေသီများထုတ်လုပ်လိုက်တဲ့ ကပ်ခွာအသစ်က လူတစ်ယောက် ရောဂါလက္ခဏာမပြခင်မှာပင် ရောဂါပဋိဇီဝပစ္စည်းတွေကို မိနစ်ပိုင်းအတွင်း တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
အဆိုပါကပ်ခွာအသစ်က ကိုဗစ်-၁၉ရောဂါနဲ့ အခြားဗိုင်းရပ်စ်ရောဂါများကိုထိန်းချုပ်ရာမှာ အရေးပါတဲ့ ကိရိယာဖြစ်လာနိုင်ပါတယ်။
တစ်ခါသုံးကပ်ခွာတွေက သာမန်ကပ်ခွာပလာစတာလို ပုံစံမျိုးဖြစ်ပြီး ရွှေရောင်နာနိုအမှုန်လေးများပါဝင်ကာ သွေးထဲက ပဋိပစ္စည်းတွေကို တွေ့ရှိဖို့အတွက် အသုံးပြုရပါတယ်။
ရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိခြင်းဖြင့် အနာဂတ်မှာ ရောဂါပျံ့ပွားခြင်းကိုကာကွယ်တဲ့နေရာမှာ ကပ်ခွာအသစ်က အရေးပါတဲ့ကဏ္ဍက ပါဝင်လာနိုင်ပါတယ်လို့ NYU အဘူဒါဘီရှိ တွဲဖက်ပရော်ဖက်ဆာ'မိုဟာမက်ကာဆာမက်'က ပြောပြသွားပါတယ်။
အသုံးပြုပုံကတော့ လက်ထိပ်ကိုသွေးဖောက်ပြီး ကပ်ခွာ ကပ်လိုက်ရတာဖြစ်ပါတယ်။
ကိုဗစ်လိုဗိုင်းရပ်စ်တွေရှိ/မရှိကို IgM ၊ IgG ပဋိပစ္စည်းများ တွေ့ရှိပါက ကပ်ခွာက ရောဂါရှိကြောင်း သိရှိမှာဖြစ်ပါတယ်။
ပဋိပစ္စည်းတွေ့ရှိပါက မိနစ်ပိုင်းအတွင်းမှာပဲ ကပ်ခွာပေါ်ကအစက်လေးက အနီရောင်ပြောင်းသွားမှာဖြစ်ပါတယ်။
အစက်ပုံစံအမျိုးမျိုးကလည်း ကိုဗစ်ကူးစက်မှု ဘယ်လောက်ဖြစ်ပွားနေလဲဆိုတာကို ပြသနေမှာဖြစ်ပါတယ်။
အခြားကူးစက်ရောဂါတွေကိုလည်း တွေ့ရှိနိုင်အောင် ဒီနည်းပညာကို အလွယ်တကူပြောင်းလဲနိုင်မယ်လို့ ကပ်ခွာတီထွင်တဲ့သုတေသီများ ယုံကြည်ထားပါတယ်။
အလွန်သေးတဲ့အပ်ငယ်များဖြင့် အလွယ်တကူလက်ထိပ်ဖောက်နိုင်အောင်လည်း ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း စာတမ်းပြုစုသူ'မူဟာမက်ဒင်ဒီလီယာမန်'က ဆိုပါတယ်။
ကုန်ကျစရိတ်လည်း နည်းပါးတာကြောင့် နည်းပညာမြင့်ပစ္စည်းများ ရရှိရန်ခက်ခဲတဲ့ ကျေးလက်နေရာများမှာ အသုံးဝင်နိုင်ပါတယ်။
အနာဂတ်မှာ ဒီလိုကပ်ခွာစမ်းသပ်နည်းတွေကို စမတ်ဖုန်းတွေဖြင့် ပေါင်းစပ်အသုံးပြုနိုင်အောင် ဖန်တီးနိုင်ချေရှိနေပါသေးတယ်လို့ ကာဆာမက်က ဆိုပါတယ်။
Source: NY Post #World_Health #အခြားဗိုင်းရပ်စ်များအား မိနစ်ပိုင်းအတွင်းရှာဖွေတွေ့ရှိနိုင်မည့်ကပ်ခွာအသစ်
#Yangon_Times
တရုတ်ပြည် စီချွမ်ပြည်နယ်မှ ကမ္ဘာ့အကြီးဆုံးရေနှင့်ဆိုလာဓာတ်အားပေးစခန်းကြီးအား ဇွန်လ(၂၅)ရက်နေ့တွင် စတင်လည်ပတ်ရန်မျှော်မှန်း
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကီလာဓာတ်အားပေးစက်ရုံ ဆောက်လုပ်သူတွေဟာ ဇွန်လ ၂၅ ရက်နေ့ ချောမွေ့စွာ စတင်လည်ပတ်နိုင်စေရန် အပြီးသတ်ဖိုကြိုးပမ်းနေကြပါတယ်။
#Asia_Development
#Published_ 24 June 2023
#Yangon_Times
#Daily_News
Published_ 24 June 2023
၁။ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြည်နယ်၌ ရေလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းလည်ပတ်ဖို့အခက်အခဲရှိနေ
၂။ အာနန္ဒာဘုရားနှင့်ဓမ္မရံကြီးဘုရားတွင်ရေဝပ် ၊ရေလျှံရသည့် အကြောင်းရင်းများသိရပြီဖြစ်
၃။ ကြိမ်၊ ဝါးထုတ်ကုန်များ ပြည်ပဈေးကွက်ပြန်ရရှိရန် လိုအပ်နေသေး
၄။ တရုတ်ပြည် စီချွမ်ပြည်နယ်မှ ကမ္ဘာ့အကြီးဆုံးရေနှင့်ဆိုလာဓာတ်အားပေးစခန်းကြီးအား ဇွန်လ(၂၅)ရက်နေ့တွင် စတင်လည်ပတ်ရန်မျှော်မှန်း.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#World_News
Published 24 June 2023
ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာနေတဲ့ 'ကက်သေပစိဖိတ်'လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ စနေနေ့က တာယာဘီးပေါက်ထွက်သွားပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ လေယာဉ်ထွက်ခွာမှုကိုဖျက်သိမ်းခဲ့ရပါတယ်။
ဟောင်ကောင်မှ လော့စ်အိန်ဂျလိစ်သို့ပျံသန်းမယ့် ခရီးစဉ် CX880 ဟာ လေယာဉ်ဝန်ထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၉၃ ဦး လိုက်ပါခဲ့ပါတယ်။
လေယာဉ်တာယာဘီးတစ်ခုက အပူလွန်ပြီး ပေါက်ကွဲခဲ့ကာ လေယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ညသန်းခေါင် ၁၂ နာရီ ၅၁ မိနစ်မှာ ရဲတွေက ဖုန်းလက်ခံရရှိခဲ့ကြောင်းဆိုပါတယ်။
လူနာတင်ကားတွေ ထိုနေရာသို့ရောက်လာကာ ဒဏ်ရာရသူများကို ပရင့်ဆက်စ်မာဂရက်ဆေးရုံနဲ့ မြောက်လန်ထောင်ဆေးရုံများသို့ ပို့ဆောင်ခဲ့ပါတယ်။
လေယာဉ်ဝန်ထမ်းတွေမှ နည်းပညာပိုင်းပြဿနာကို တွေ့ရှိပြီးနောက် စံညွှန်းလုပ်ထုံးများနဲ့အညီ လေယာဉ်ထွက်ခွာမှုကို ဖျက်သိမ်းခဲ့ကြောင်း ကက်သေပစိဖိတ်မှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
လေဆိပ်ဂိတ်သို့ လေယာဉ်ပြန်ရောက်ပြီးနောက် ဝန်ထမ်းများက ခရီးသည်များကို သတိထားပြီးထွက်ခွာခိုင်းခဲ့ပါတယ်။
ဆေးရုံရှိ ကုသမှုလိုအပ်တဲ့ခရီးသည်တွေကို အကူအညီပေးရန် ကက်သေပစိဖိတ်မှဝန်ထမ်းများ ရောက်ရှိနေပြီး ဆက်လက်ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။
ခရီးသည်တွေရဲ့ခရီးစဉ် အနှောင့်အယှက်ဖြစ်ရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ အာဏာပိုင်များနဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လေကြောင်းလိုင်းက ခရီးသည်တွေအတွက် ဟိုတယ်မှာညပိုင်းနေထိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်သို့ သွားရောက်မယ့် ခရီးစဉ် CX880 အတွက် နောက်ထပ်လေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ကာ စနေနေ့ နံနက် ၁၀ နာရီမှာ ထွက်ခွာရန် သတ်မှတ်လိုက်ပါတယ်။
လေယာဉ်ပေါ်မှ ကျန်ရှိတဲ့ခရီးသည် ၂၇၅ ဦးကတော့ ဒဏ်ရာမရရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။
Source: South China Morning Post #World_News #လေယာဉ်တာယာဘီးပေါက်ထွက်သဖြင့် လူ ၁၁ ဦးဒဏ်ရာရ
#Yangon_Times
#World_Health
Published 24 June 2023
ပီရူးနိုင်ငံမှာ အလှုပ်ရှားဆုံးမီးတောင်ဖြစ်တဲ့ ယူဘီနက်စ်မီးတောင်ဟာ လေးနှစ်ကြာမပေါက်ကွဲခဲဘဲ ယခုတစ်ကျော့ပြန် ပေါက်ကွဲနေပါတယ်။
တောင်ထိပ်ကနေ ချော်ရည်မှုန်တွေ ထုလိုက်ထောင်တက်လာတာကို တွေ့ရပါတယ်။
#Yangon_Times
#World_Health
Published 24 June 2023
သီရိလင်္ကာမှအမျိုးသားတစ်ဦးဟာ သူ့ခန္ဓာကိုယ်ကနေ ကျောက်ကပ်ကျောက်တုံးကြီးကို ဖယ်ရှားခဲ့ရကာ ယခုလအတွင်း ကမ္ဘာ့စံချိန်နှစ်ခုတင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်များအရ သိရှိရပါတယ်။
အသက် ၆၂ နှစ်ရှိ အငြိမ်းစားစစ်သားတစ်ဦးဖြစ်တဲ့ 'ကာနစ္စတပ်စ်ကွန်း'ရဲ့ ကျောက်ကပ်မှ ကျောက်တုံးဟာ အကြီးဖြစ်ရုံမက အလေးလံဆုံးဖြစ်ခဲ့ကာ ဇွန်လ ၁ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။
ကျောက်က ၁.၇၆ ပေါင်လေးကာ ဘေ့စ်ဘော ၅ လုံးရဲ့အလေးချိန်နဲ့ အကြမ်းဖျင်းတူညီပြီး အကြီးဆုံးကျောက်ကပ်ကျောက်တုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အရွယ်အစားကတော့ ၅.၂၆ လက်မနဲ့ ၄.၁၅ လက်မတို့ရှိပါတယ်။
ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေနဲ့ ဆားများအနည်ထိုင်ရာကနေ ကျောက်တည်လာတတ်ပါတယ်။
အစားအသောက်အမျိုးအစား၊ ကိုယ်အလေးချိန်များခြင်း၊ အချို့သောကျန်းမာရေးပြဿနာ၊ ဖြည့်စွက်စာများ၊ ဆေးဝါးများကြောင့် ကျောက်တည်လာရပြီး ရေအလုံအလောက် မသောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
ကျောက်တည်ခြင်းကြောင့် အသက် ၇၀ အထက် လူကြီးတွေထက်စာရင် အသက် ၃၁ မှ ၅၀ ဝန်းကျင်လူတွေမှာ ပိုမိုနာကျင်ရကြောင်း အာဆူတာအက်ရှ်ဒေါ့တက္ကသိုလ်ဆေးရုံမှ ၂၀၂၂ ခုနှစ်မှာ လေ့လာခဲ့ပါတယ်။
ဒါဟာ ကျောက်ကြီးတည်တဲ့ အသက်ကြီးသူတွေမှာလည်း ထိုလေ့လာချက်အတိုင်း ဖြစ်ပျက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
Source: The Jerusalem Post #World_Health #ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်တည်ခြင်း
#Yangon_Time
Page 492 of 944