#World_Health
Published 11September 2024


▪️ အမျိုးသားတွေအနေဖြင့် တစ်နေ့ကို မိနစ်အနည်းငယ်မျှ အောက်ပါလေ့ကျင့်ခန်းမျိုး ပြုလုပ်ခြင်းဖြင့် နှစ်ပတ်အတွင်းမှာပင် အိပ်ရာပေါ်မှာ ကြာရှည်စွမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

 

▪️ ဒီနည်းက ပြင်းထန်လေ့ကျင့်ခန်းမျိုး ခဏလုပ်ပြီး အနားယူလျှော့ချတဲ့ ပုံစံမျိုးဖြစ်ကာ နှလုံးသွေးကြောနဲ့ ဇီဝကမ္မကျန်းမာရေးတို့ကို တိုးတက်စေနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။

 

▪️ ယောက်ျားတစ်ယောက်ဟာ ချစ်တင်းနှောစဉ် မထည့်သွင်းခင် ဒါမှမဟုတ် ထည့်သွင်းပြီး ခဏအကြာမှာပဲ စောစီးစွာ သုတ်လွှတ်တဲ့ ပြဿနာမျိုး ကြုံရတယ်ဆိုရင် ဆက်ဆံရေးမှာ မကျေနပ်စရာ ဖြစ်လာပြီး စိတ်ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်လာပါတယ်။

 

▪️ ဒါဟာ အမျိုးသားတွေမှာ စိတ်အပျက်ရဆုံး လိင်ကိစ္စပြဿနာ ဖြစ်ပြီး အကြောင်းအရင်းကို မသိရသေးပါဘူး။

 

▪️ စိတ်အပြုအမူ ကုသခြင်းတွေ ဆေးဝါးတွေနဲ့ ကုသလေ့ရှိပေမယ့် ထိရောက်မှု မရှိတာမျိုး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။

 

▪️ ယခုလေ့လာချက်မှာတော့ အထက်ပါ ဖော်ပြတဲ့ လေ့ကျင့်ခန်းမျိုး တစ်နေ့ကို ၇ မိနစ်မျှ ပြုလုပ်ပေးပါက ၁၂ ရက်ကြာပြီးနောက် အကျိုးရလာပါတယ်။

 

▪️ အရှေ့တရုတ်တက္ကသိုလ်မှ သုတေသီများက အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား အမျိုးသား ၇၆ ဦးကို ခေါ်ယူစမ်းသပ်ခဲ့ပါတယ်။

 

▪️ တစ်ဖွဲ့မှာ အထက်ပါ လေ့ကျင့်ခန်းမျိုးကို တစ်နေ့ ၇ မိနစ် လုပ်ခိုင်းပါတယ်။

 

▪️ နောက်တစ်ဖွဲ့ကို ထိုအချိန်အတိုင်း အသက်ဖြည်းဖြည်း ရှူခိုင်းကာ နောက်ဆုံးတစ်ဖွဲ့ကိုတော့ ပုံမှန်အသက်ရှူ လေ့ကျင့်ခန်းပြုလုပ်ခိုင်းပါတယ်။

 

▪️ လေ့ကျင့်ခန်း လုပ်သူတွေနဲ့ ပုံမှန်အသက်ရှူ လေ့ကျင့်ခန်းပြုလုပ်သူတွေမှာ သုတ်လွှတ်မြန်ခြင်း လက္ခဏာတွေ လျော့ကျသွားတာကို တွေ့ရှိခဲ့ပါတယ်။

 

▪️ လေ့ကျင့်ခန်းပြုလုပ်ရာမှာ လူတွေက ခန္ဓာကိုယ် လှုပ်ရှားနေပုံနဲ့ အသက်ရှူ ထိန်းချုပ်ခြင်းတို့ကို အာရုံစိုက်နေခဲ့တယ်လို့ ရှင်းပြပါတယ်။

 

▪️ အကြိမ်ရေများများ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တွင်းနဲ့ ပြင်ပအာရုံခံမှုတွေ တိုးတက်လာစေကာ သုတ်လွှတ်ခြင်းကို ထိန်းချုပ်လာနိုင်စေတယ်လို့ ဆိုပါတယ်။

 

▪️ ဒါကြောင့် ပြင်းထန်လေ့ကျင့်ခန်း အပိုင်းအခြားပြုလုပ်ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းတို့ ပြုလုပ်ခြင်းဖြင့် အိပ်ရာပေါ်က စွမ်းဆောင်ရည်ကို တိုးမြင့်စေမှာ ဖြစ်ပါတယ်။

 

#Source: New York Post