#World_Science
Published 03 May 2025

▪️ စကြဝဠာကြီးဟာ အလွန်နှေးကွေးစွာ လှည့်ပတ်နေနိုင်ဖွယ်ရှိတယ်လို့ Royal Astronomical Societyမှာ လေ့လာဖော်ပြထားပြီး ဖြေရှင်းရအခက်ဆုံး ပဟေဌိတွေထဲက တစ်ခုဖြစ်တဲ့ Hubble tension ကို ဖြေရှင်းပေးနိုင်ဖွယ်ရှိပါတယ်။

▪️ ဒီသုတေသနကို ဟာဝိုင်အီတက္ကသိုလ်မှ အစ္စဗန်ဆာပူဒီက ဦးဆောင်ပြုလုပ်တာ ဖြစ်ပါတယ်။

▪️ လက်ရှိ စကြဝဠာဆိုင်ရာယူဆချက်များအရ စကြဝဠာဟာ လှည့်ပတ်ခြင်းမရှိဘဲ ဦးတည်ချက်အဖက်ဖက်သို့ ညီမျှစွာချဲ့ထွင်နေပါတယ်။

▪️ ဒါပေမဲ့ စကြဝဠာချဲ့ထွင်နှုန်း အတိုင်းအတာတွေနဲ့တော့ ကိုက်ညီခြင်းမရှိပါဘူး။

▪️ Hubble tensionက မူလနည်းလမ်း ၂မျိုးကနေ ကွဲပြားတဲ့ ချဲ့ထွင်မှုတန်ဖိုးဖြစ်စေရာကနေ ဖြစ်ပေါ်လာပါတယ်။

▪️ ဆာပူဒီနဲ့အဖွဲ့က အနည်းငယ်သော လှည့်ပတ်နှုန်းကနေ စကြဝဠာချဲ့ထွင်ခြင်းအထိ ပူးပေါင်းဖြစ်ပေါ်တဲ့ သင်္ချာနည်းလမ်းပုံစံတစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။

▪️ ယင်းတို့ရဲ့ ခန့်မှန်းချက်ပုံစ့အရ စကြဝဠာကြီးဟာ နှစ်ပေါင်း ၅၀၀ ဘီလီယံအတွင်း တစ်ပတ်ပြည့်အောင် လည်ပတ်နိုင်ကာ ဒါကိုတွေ့ရှိဖို့ရာ နှေးလွန်းပေမယ့် စကြဝဠာတိုးချဲ့ခြင်းအပေါ် သက်ရောက်နိုင်တဲ့သဘော ဖြစ်နေပါတယ်။

▪️ ဒီစိတ်ကူးက ရူပဗေဒဥပဒေတွေကို ချိုးဖောက်ခြင်းမရှိပါဘူး။

▪️ နောက်ထပ်သုတေသနအဆင့်မှာတော့ ကွန်ပျူတာ သရုပ်ဖော်ပုံစံများ အသုံးပြုပြီး စကြဝဠာလည်ပတ်သီအိုရီနဲ့ သိသာထင်ရှားတဲ့ လည်ပတ်မှုလက္ခဏာတွေကို စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

▪️ ဒါကိုသာအတည်ပြုနိုင်ရင် စကြဝဠာကြီးရဲ့ လှုပ်ရှားမှုပုံစံကို ပိုမိုနားလည်လာနိုင်ပြီး နှစ်ပေါင်းများစွာ ပဟေဌိဖြစ်နေတဲ့ Hubble tensionကို ဖြေရှင်းစေနိုင်ဖွယ် ရှိပါတယ်။

#Source: India Today