Published 22 March 2024
အမေရိကန်တရားရေးရာဌာနနဲ့ အတူ ပြည်နယ် ၁၅ ခုတို့ဟာ အက်ပဲလ်(Apple)ကုမ္ပဏီကို စမတ်ဖုန်းဈေးကွက် လက်ဝါးကြီးအုပ်စိုးမိုးခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဈေးကွက်မျှတစွာ ယှဥ်ပြိုင်ရေးဆိုင်ရာ တရားဥပဒေစွဲဆိုချက်တစ်ခုဖြင့် မတ်လ ၂၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
အစောပိုင်းတုန်းကလည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် အစိုးရခေတ်လက်အောက်တို့မှာ အိုင်ဖုန်းထုတ်လုပ်သူအက်ပဲလ်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Alphabet ရဲ့ ဂူဂဲလ်၊ Meta ပလက်ဖောင်း၊ Amazon.com တို့ တရားစွဲခံရဖူးပါတယ်။
ထိုကုမ္ပဏီတွေဟာ ဈေးကွက်မျှတစွာ ယှဥ်ပြိုင်ရေးဥပဒေများကို ချိုးဖောက်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ ဈေးကြီးကြီးပေးမဝယ်သင့်ကြောင်းနဲ့ ဒါတွေကို ဒီအတိုင်းထားလိုက်ပါက အက်ပဲလ်ဟာ စမတ်ဖုန်းဈေးကွက်မှာ ဆက်လက်ခြယ်လှယ်နေလိမ့်မယ်လို့ အစိုးရရှေ့နေချုပ် မာရစ်ဂါးလန်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အက်ပဲလ်ဟာ အခြားပြိုင်ဘက်ကုမ္ပဏီတွေထက် အိုင်ဖုန်းတစ်လုံးစာလျှင် ၁၅၉၉ ဒေါ်လာလောက်အထိ ဝင်ငွေပိုမိုရရှိနေတယ်လို့ တရားရေးရာဌာနက ဖော်ပြထားပါတယ်။
အက်ပဲလ်ရဲ့ စီးပွားရေးမိတ်ဖက်များဖြစ်တဲ့ ဆော့ဖ်ဝဲဖန်တီးသူများ၊ ခရက်ဒစ်ကတ် လုပ်ငန်းများ၊ ဂူဂဲလ်စသဖြင့် လုပ်ငန်းတွေကနေလည်း မမြင်နိုင်တဲ့ အခကြေးငွေတွေ စည်းကြပ်ကောက်ခံနေကာ တဖြည်းဖြည်းနဲ့ သုံးစွဲသူဘက်မှ ဝယ်ယူစရိတ်မြင့်မားလာပြီး အက်ပဲလ်အတွက် အမြတ်အစွန်း ပိုမိုရရှိစေတယ်လို့ အရာရှိများက ဖော်ပြပါတယ်။
အက်ပဲလ်ကတော့ ထိုစွပ်စွဲချက်များကို ငြင်းဆိုလိုက်ကာ တရားစွဲဆိုချက်တွေက ယင်းတို့ရဲ့ ထုတ်ကုန်တွေ ဈေးကွက်မှာ ကွဲထွက်အောင်မြင်နေစေတဲ့ ပင်မစည်းမျဥ်းဥပဒေသများကို ခြိမ်းခြောက်နေတယ်လို့ ဆိုလိုက်ပါတယ်။
တရားစွဲဆိုချက်သာ အောင်မြင်ပါက အက်ပဲလ်ထံမှ အများပြည်သူ မျှော်လင့်လေ့ရှိတဲ့ နည်းပညာပိုင်း ဖန်တီးမှုစွမ်းရည်တွေမှာ ထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ အက်ပဲလ်က ဖော်ပြလိုက်ပါတယ်။
နယူးဂျာစီ နယူဝါ့ခ်ရှိ အမေရိကန် ဖက်ဒရယ်တရားရုံးတစ်ခုမှာ အမှုဖွင့်လိုက်တဲ့ စာမျက်နှာ ၈၈ ခုပါ တရားစွဲဆိုချက်ထဲမှာ အက်ပဲလ်ကုမ္ပဏီမှ တရားမျှတမှု မရှိစွာ ခြယ်လှယ်နေတဲ့ စမတ်ဖုန်းဈေးကွက် လွတ်လပ်မျှတမှုရရှိရေး၊ သုံးစွဲသူများအတွက် ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းများ ယှဥ်ပြိုင်ထုတ်လုပ်ရေး၊ ဆော့ဖ်ဝဲဖန်တီးသူများအတွက် အခကြေးငွေလျှော့ချရေး၊ အနာဂတ်အတွက် ဆန်းသစ်တီထွင်မှု ထိန်းသိမ်းရေးတို့ကို ရှေးရှုဖော်ပြထားပါတယ်။
တရားရေးရာဌာနနဲ့အတူ ကိုလံဘီယာခရိုင်ပြည်နယ်ကလည်း အက်ပဲလ်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်ရည်ရွယ်ကာ တရားစွဲဆိုချက်တစ်ခု လျှောက်တင်ခဲ့ပါတယ်။
Source: WION
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 March 2024
အူမကြီးကင်ဆာဟာ အူမ သို့မဟုတ် အစာဟောင်းအိမ်ကနေ အစပြုတဲ့ ကင်ဆာဖြစ်ပါတယ်။
အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်မျိုးဖြစ်သလို စောစီးစွာ ရောဂါတွေ့ရှိပြီး နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်ပါကလည်း ကာကွယ်နိုင်ပါတယ်။
အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ စားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အူမကြီးထဲမှာ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။
(၁) ပဲကြီး၊ ပဲနီလေး၊ ကုလားပဲ၊ စားတော်ပဲတို့ဟာ အမျှင်ဓာတ် ကြွယ်ဝပြီး ပရိုတိန်း ဗိုက်တာမင်တို့လည်း ပါဝင်ပါတယ်။
(၂) ဆန်၊ အုတ်စပါး၊ ဘာလီ၊ ဆန်ညိုတို့ဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အကောင်းဆုံး ဖြစ်စေပါတယ်။
(၃) အသီးအနှံအမျိုးမျိုးကို အသီးလိုက်စားသုံးခြင်းက အမျှင်ဓာတ် အများဆုံးရရှိနိုင်ပါတယ်။
(၄) ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ ကန်စွန်းဥတို့ဟာ အမျှင်ဓာတ် ပေးစွမ်းပါတယ်။
(၅) ဗာဒံသီး၊ လျှော်စေ့၊ ဖရုံသီးတို့ဟာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။
(၆) ပိုးတီထုပ်ဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကင်ဆာဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
(၇) ပါစတာနဲ့ ပေါင်မုန့်ကြမ်းတို့က အမျှင်ဓာတ်များများ ရစေပါတယ်။
(၈) ပြောင်းဖူးပေါက်ပေါက်ဆုပ်ဟာလည်း အမျှင်ဓာတ်ကြွယ်ဝပြီး ထောပတ်နဲ့ ဆားရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
(၉) ဆီးသီးခြောက်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းသွားရ လွယ်ကူစေပါတယ်။
(၁၀) လျှော်စေ့မှာ အမျှင်ဓာတ်များ ပါဝင်ပြီး အချိုပွဲတွေမှာ အမှုန်ခြေထည့်စားနိုင်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 March 2024
ကမ္ဘာတဝှမ်းမှာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ခံစားနေရသူ သန်း ၅၀၀ နီးပါးရှိနေပြီး အင်ဆူလင်ကုသမှု ခံယူနေရသူ သန်း ၂၀၀ ခန့်ရှိပါတယ်။
ဆီးချိုရောဂါ ပထမအမျိုးအစား ခံစားရသူကတော့ ၉ သန်းခန့်ရှိနေပြီး ပန်ကရိယကနေ အင်ဆူလင် မထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။
အခုဆိုရင် ဘရာဇီးလ်တောင်ပိုင်းမှ နွားညိုတစ်ကောင်ဟာ နို့ထဲမှာ လူသားအင်ဆူလင်ကို ထုတ်လုပ်ပေးတဲ့ ပထမဆုံးမျိုးဗီဇပြောင်းနွားမ ဖြစ်လာပါတယ်။
ဘရာဇီးလ်တက္ကသိုလ်မှ သုတေသီများဦးဆောင်တဲ့ အဆိုပါစမ်းသပ်ချက်ဟာ အင်ဆူလင်ထုတ်လုပ်မှု အသစ်ဖြစ်လာနိုင်ပြီး ကုန်ကျစရိတ်များပြားတဲ့ ဆေးဝါးတွေနေရာမှာ အစားထိုးလာနိုင်ပါတယ်။
နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ပြီး အမေရိကန် အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေး(FDA)မှ အသိအမှတ် ပြုလိုက်ပါက အင်ဆူလင်ထုတ်နွား ဖွံ့ဖြိုးရေးစီမံကိန်း ကျယ်ပြန့်လာလိမ့်မယ်လို့ အီလီနွိုက်စ်တက္ကသိုလ်မှ တိရိစ္ဆာန်သိပ္ပံ ပရော်ဖက်ဆာ မတ်ဝီလာက ပြောပြသွားပါတယ်။
ပရော်ဖက်ဆာနဲ့ အဖွဲ့သားတွေက အင်ဆူလင်ရှေ့ပြေးပရိုတိန်းဖြစ်တဲ့ ပရိုအင်ဆူလင်ဖြစ်လာမယ့် လူသားဒီအင်န်အေ အပိုင်းအစကို နွားသန္ဓေ ၁၀ ကောင်ရဲ့ ဆဲလ်နျူကလီယပ်စ်ထဲသို့ ထည့်သွင်းခဲ့ပါတယ်။
ဒီနောက် ဘရာဇီးလ်ရှိ သာမန်နွားမတွေရဲ့ သားအိမ်ထဲ ထည့်သွင်းခဲ့ရာမှာ မျိုးဗီဇပြောင်းနွားပေါက်တစ်ကောင် မွေးဖွားခဲ့ပါတယ်။
အဆိုပါနွားမ အရွယ်ရောက်တဲ့အခါ သာမန်သုတ်ပိုးထည့်သွင်းခြင်း နည်းပညာဖြင့် ကိုယ်ဝန်ဆောင်စေရန် ကြိုးပမ်းရာ မအောင်မြင်ခဲ့ပါဘူး။
ဒီအတွက် ဟော်မုန်းများအသုံးပြုပြီး ပထမဆုံးနို့ရည်ထွက်အောင် လှုံ့ဆော်ခဲ့ပါတယ်။
သန္ဓေတည်တဲ့ အခြေအနေလောက် နို့ထွက်မများပေမယ့် လူသား ပရိုအင်ဆူလင်နဲ့ အင်ဆူလင်တွေကို နို့ထဲမှာ တွေ့ရှိခဲ့ပါတယ်။
နို့ထွက်ပမာဏနည်းပါးတာကြောင့် အင်ဆူလင် ဘယ်လောက်များများ ပါလာနိုင်သလဲဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။
နွားမကို ထပ်မံပွားယူပြီး နောက်ထပ်မျိုးဆက်တွေမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အပြည့်အဝ နို့ရည်ထွက်ခြင်းတို့ ရရှိရန် အဖွဲ့ဝင်တွေ မျှော်လင့်နေကြပါတယ်။
မျိုးဗီဇပြောင်းနွားထီးတွေကို နွားမတွေနဲ့ မိတ်လိုက်စေပြီး မျိုးဗီဇပြောင်း နွားပေါက်များ ဖြစ်လာစေရန် ရည်မှန်းနေကြပါတယ်။
ဆီးချိုလူနာတွေအတွက် အင်ဆူလင်နို့ မထုတ်လုပ်ခင်မှာ အင်ဆူလင်ထုတ်လုပ် စုဆောင်းရေးအတွက် ထိရောက်တဲ့စနစ်နဲ့ FDA အသိအမှတ်ပြုရန် လိုအပ်ပါတယ်။
Source: The Jerusalem Post
#World_Science
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရုရှားသမ္မတ ရွေးကောက်ပွဲပြီးနောက် တနင်္လာနေ့က မီဒီယာရှင်းလင်းပွဲတစ်ခုမှာ သမ္မတ ဗလာဒီမာပူတင်က လာမယ့်နှစ်တွေမှာ ရုရှားနဲ့ တရုတ်တို့ကြား ဆက်ဆံရေးဟာ ဆက်လက်မြင့်မားလာမယ်လို့ ပြောကြားလိုက်ပါတယ်။
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 March 2024
၁။ ဈေးပေါပေါနှင့် သင်္ကြန်ရက်ခရီးသွားရမည်ဆိုပြီး လိမ်နေသူများရှိ၍ သတိထားရန်လို၊ ကားကြိုငှား ထားသင့်ဟုဆို
၂။ မိုးစပါးကုန်ပြီး နွေဆန်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်
၃။ ငါးနှစ်အတွင်း အုန်းသီးဈေး အမြင့်ဆုံးသို့ ရောက်ရှိလာဟုဆို
၄။ တရုတ်နှင့်ဆက်ဆံရေး ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် ပူတင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ မတ် ၂၀၂၄
ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။
အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ ရှိနေပါ တယ်။
သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။
ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။
ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့် အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။
သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။ ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။
@Source Reuters
@knl/ymg
Published 21 March 2024
အရူနာချယ်လ်ပရာဒစ်ရှ်ဒေသကို အိန္ဒိယနိုင်ငံ အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြုလိုက်ကာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နယ်စပ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောဖြင့် တစ်ဖက်သတ် ကြိုးပမ်းနေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
နျူကလီးယားလက်နက်ပိုင် တရုတ်နဲ့ အိန္ဒိယတို့ဟာ ၃၀၀၀ ကီလိုမီတာလောက်အထိ နယ်နိမိတ်ထိစပ်နေပြီး အများစုက နယ်မြေသေချာ ပိုင်းခြားထားခြင်း မရှိပါဘူး။
တရုတ်က အရူနာချယ်လ်ပရာဒစ်ရှ်ကို တိဘက်တောင်ပိုင်းနယ်မြေအဖြစ် ပြောဆိုသတ်မှတ်လိုက်ကာ ဒါကိုအိန္ဒိယက ငြင်းဆန်လိုက်ပြီး အရူနာချယ်လ်ပရာဒစ်ရှ်ဟာ အရင်ကတည်းက အိန္ဒိယနယ်မြေ ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အရူနာချယ်လ်ပရာဒစ်ရှ်နဲ့ ပတ်သက်ပြီး တရုတ်က ပိုင်ဆိုင်တယ်လို့ မဟုတ်မမှန် ဆိုနေကြောင်း၊ ထိုနယ်စပ်က အိန္ဒိယကနေ ခွဲထုတ်လို့မရတဲ့ တစ်သားတည်းနယ်မြေအဖြစ် အမြဲတမ်းရှိနေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၀ ခုနှစ်က ဟိမဝန္တာအနောက်ဘက် နယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ထိုတိုက်ပွဲများနောက်ပိုင်း နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံစစ်တပ်မှ နေရာအခိုင်အမာချထားပြီး တပ်သားများ လက်နက်များ ပိုမိုဖြန့်ကျက်ထားခဲ့ပါတယ်။
ယင်းတို့နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်က နယ်စပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
လတ်တလောနှစ်တွေမှာ အာရှနဲ့ အင်ဒိုပစိဖိတ်ဒေသတွေမှာ တရုတ်လွှမ်းမိုးမှု မြင့်မားလာတာကို တုန့်ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ အိန္ဒိယတို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာတယ်လို့ သုံးသပ်ရပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးအခွန်၊ ကိုဗစ်ကပ်ရောဂါ မူရင်းဇာစ်မြစ်၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေး၊ ဟောင်ကောင်ရှိ တရုတ်အမျိုးသားလုံခြုံရေး ဥပဒေတို့နဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတာ နှစ်တွေကြာနေပြီ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 502 of 1151