#World_Science
Published 12 February 2023
သိပ္ပံပညာရှင်တွေဟာ ပုန်းကွယ်နေတဲ့ ကမ္ဘာ့မြေလွှာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေမျက်နှာပြင်အောက် မိုင် ၁၀၀ ခန့်မှာတည်ရှိကာ ဂြိုဟ်တစ်ခုလုံးရဲ့ အနည်းဆုံး ၄၄ ရာခိုင်နှုန်းခန့်ကို ဖွဲ့စည်းထားပါတယ်။
တက်တိုနစ်အပေါ်ဆုံးလွှာအောက်မှာ အရည်ကျိုကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့အလွှာဖြစ်ပြီး အနားသတ်ပျော့ပျောင်းတာကြောင့် ကျောက်ခဲမာများ ရွေ့လျားသွားနိုင်ပါတယ်။
အရည်ပျော်ခြင်းက စေးကပ်ခြင်းဆိုင်ရာမှာ အဓိကအစိတ်အပိုင်းဖြစ်တယ်လို့ ယူဆထားပေမယ့် အရည်ပျော်ခြင်းအလွန်များရင်တောင် အပေါ်ယံလွှာပေါ်ကို အနည်းငယ်မျှသာ သက်ရောက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြကြောင်း တက္ကဆပ်တက္ကသိုလ်မှ ကျွန်လင်ဟွာက ဖော်ပြခဲ့ပါတယ်။
အရင်သီအိုရီများအရ တက်တိုနစ်လွှာရွေ့လျားခြင်းဟာ ကမ္ဘာ့အပေါ်ယံလွှာရှိ အရည်ကျိုကျောက်များ အပူစီးခြင်းကြောင့် ဖြစ်ပါတယ်။
အခုတွေ့ရှိချက်အရ ကျောက်ခဲမာတွေဟာ မျက်နှာပြင်အောက် ပွတ်တိုက်ရွေ့လျားနိုင်တာပါပဲ။
တက္ကဆပ်တက္ကသိုလ်မှ သုတေသီများက ဒီသီအိုရီကို ဆက်မလေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအချက်က ကမ္ဘာမြေကြီးအောက်မှာ ဘာဖြစ်နေလဲဆိုတာကို သိရဖို့ စောင့်ကြည့်ရေးတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
Source: DailyMail
#Yangon_Media_Group
#World_Pets
Published 11 February 2023
ကော်စတာရီကာရှိ စားသောက်ဆိုင်တစ်ဆိုင်ဟာ လာရောက်တဲ့အိမ်မွေးခွေးများအတွက် နေ့လည်စာ၊ ညစာ၊ ပါတီများ ဝန်ဆောင်မှုပေးကာ 'လူတွေပါဝင်ခွင့်ရှိသည်'ဆိုတဲ့ အယူအဆအဆန်းအပြားတစ်ခုကို လက်ကိုင်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 11 February 2023
၁။ တူရကီငလျင်ကဲ့သို့ ငလျင်ကြီးများ မြန်မာမြို့ပြများတွင် လှုပ်နိုင်ခြေရှိ၍ ကြိုတင်ပြင်ဆင်ထားရန်လို
၂။ ရန်ကုန်ရွှေအရောင်းအဝယ် အရောင်းအဝယ်အနည်းငယ်ပြန်လိုက်လာ
၃။ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စပြီး ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းရောင်းချပေးမည်
၄။ ခွေးများအတွက် စားသောက်ဆိုင် ကောစတာရီကာတွင်ခေတ်စား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 11 February 2023
အလက်စ်ကာပြည်နယ်ပေါ်မှာ ပေအမြင့်ကနေ ပျံသန်းနေတဲ့ အရာဝတ္ထုတစ်ခုကို အမေရိကန်တို့က ပစ်ချခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
တရုတ်ရဲ့စပိုင်ပူဖောင်းကိုလည်း အမေရိကန်တို့ပစ်ချခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလိုထပ်မံပစ်ချခဲ့တာဖြစ်ကာ ပြုတ်ကျလာတဲ့အပိုင်းအစတွေကို လိုက်လံဆယ်ယူခဲ့ကြပါတယ်။
အမေရိကန် NSC ဗျူဟာမြောက်ဆက်သွယ်ရေးညှိနှိုင်းရေးမှူး 'ဂျွန်ကာဘီ'က ပြောကြားရာမှာ "ကာကွယ်ရေးဌာနက အလက်စ်ကာလေပိုင်နက်ထဲမှာ ပေအမြင့်ကနေပျံသန်းနေတဲ့အရာကို ခြေရာခံစောင့်ကြည့်ခဲ့ပြီး အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ကျလေယာဉ်က မကြာသေးမီက ပစ်ချနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်က ဂရင်းနစ်စံတော်ချိန် ည ၇ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ချလိုက်တဲ့အစအနတွေက အလက်စ်ကာမြောက်ဘက်ပိုင်း အမေရိကန်ပိုင်နက်အာတိတ်သမုဒ္ဒရာထဲသို့ ပြုတ်ကျလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
"အဆိုပါအရာဝတ္ထုက အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာ မသိရသေးပါဘူး၊ ကျွန်ုပ်တို့ပိုင်နယ်မြေထဲရှိ ရေခဲပြင်ပေါ် အပိုင်းအစတွေကျလာတာဖြစ်တဲ့အတွက် ဆယ်ယူရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ၊ အဲဒီကနေ တစ်ခုခုသိရှိရမယ်လို့ မျှော်လင့်နေပါတယ်" လို့ ဆိုပါတယ်။
ဒီအရာဝတ္ထုက စနေနေ့ကပစ်ချခဲ့တဲ့ တရုတ်စပိုင်ပူဖောင်းနဲ့ မတူညီဘဲ အရွယ်အစားပိုမိုသေးငယ်ပါတယ်။
သိရသလောက်တော့ ကားအသေးအရွယ်အစားမျှသာရှိပြီး ပစ္စည်းတင်ဆောင်တာမျိုး လုပ်နိုင်ဖွယ်မရှိဘူးလို့ ထင်ကြေးပေးခဲ့ပါတယ်။
ထိုအရာဝတ္ထုက အမြင့်ပေ ၄ သောင်းခန့်မှာ ပျံသန်းနေခဲ့တာဖြစ်ပြီး အရပ်ဘက်လေယာဉ်ပျံသန်းမှုတွေကို ခြိမ်းခြောက်နိုင်ဖွယ်ရှိကြောင်း၊ ပင်တဂွန်အကြံပြုချက်အတိုင်း သမ္မတဘိုင်ဒင်က ထိုအရာကိုပစ်ချဖို့ စစ်တပ်ဖို့အမိန့်ပေးခဲ့ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်လေပိုင်နက်ထဲပျံသန်းခဲ့တဲ့ တရုတ်စပိုင်ပူဖောင်းကို ထောက်ပံ့ပြီး တရုတ်စစ်တပ်နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ဖြစ် လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အရေးယူဖို့ကြိုးပမ်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုတရုတ်စပိုင်ပူဖောင်းကို ထုတ်လုပ်သူဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ တိုက်ရိုက်ပတ်သက်နေမယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်၊ မိတ်ဖက်နိုင်ငံများရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ တရုတ်တို့ရဲ့ထောက်လှမ်းရေးလှုပ်ရှားမှုများကို ဖော်ထုတ်နိုင်ရန် ပိုမိုကြိုးပမ်းသွားမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စပိုင်ပူဖောင်းကို FBI က စုံစမ်းစစ်ဆေးနေပေမယ့် အချက်အလက်အသေးစိတ်တော့ မသိရှိရသေးပါဘူး။
Source: WION
#Yangon_Media_Group
#World_Health
Published 11 February 2023
အိမ်ထောင်ရေးမှာ သိပ်ပြီးအဆင်မပြေကြသူတွေဟာ သွေးတွင်းသကြားဓာတ်နည်းနေနိုင်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
သက်တမ်းကြာရှည်လာတဲ့ အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးသာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိနေကြောင်း BMJ Open Diabetes Research & Care ဂျာနယ်မှာဖော်ပြထားပါတယ်။
အိမ်ထောင်ရှင်တွေနဲ့ လက်မထပ်ဘဲ အတူနေသူတွေဟာ အချိန်အတော်ကြာတဲ့အထိ စိတ်ခံစားချက်တွေမြိုသိပ်ကြရကြောင်း၊ ခံစားချက်မရှိရင် ကျန်းမာရေးထိခိုက်မှုရှိလာမှာဖြစ်ကြောင်း စာတမ်းပြုစုသူ'ကက်သရင်းဖော့ဒ်'က ဆိုပါတယ်။
၂၀၀၄ ကနေ ၂၀၁၃ အထိအသက် ၅၀ မှ ၈၉ နှစ်ကြား ဆီးချိုမရှိတဲ့ လူ ၃,၃၃၅ ယောက်ကိုလေ့လာခဲ့ပြီး သူတို့ရဲ့အိမ်ထောင်အခြေအနေက သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေလားဆိုတာ ကြည့်ရှုခဲ့ကြပါတယ်။
စမ်းသပ်ခံသူတွေကို သူတို့အိမ်ထောင်ရေးရဲ့ အခြေအနေအကြောင်း မေးမြန်းခဲ့ကြကာ နှစ်စဥ်နှစ်တိုင်း HbA1c သွေးစစ်ဆေးနည်းပြုလုပ်ပြီး သွေးတွင်းသကြားဓာတ်ပမဏကို တိုင်းတာခဲ့ပါတယ်။
ကောက်ချက်ချခဲ့ရာမှာတော့ အိမ်ထောင်ရှိသူတွေဟာ ဘယ်လိုပဲအခြေအနေရှိသည်ဖြစ်စေ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ်။
အိမ်ထောင်ရှိတဲ့အခြေအနေဟာ HbA1c ပမာဏကို ဆီးချိုအခြေအနေထိမရောက်အောင် ကာကွယ်ပေးနိုင်တဲ့သဘောဖြစ်ပါတယ်။
အိမ်ထောင်လက်တွဲဖော် ဆုံးရှုံးထားရသူတွေကို အားပေးထောက်ပံ့သင့်ပြီး ကျန်းမာရေးအန္တရာယ်တွေကို ဖြေရှင်းနိုင်ကြောင်း ဖော်ပြထားပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Health
Published 11 February 2023
ကော်ဖီကို နွားနို့နဲ့သောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေနိုင်တယ်လို့ ဒိန်းမတ်ကိုပင်ဟေဂင်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ သိရှိရပါတယ်။
ကော်ဖီမှာ မြင့်မားစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုလီဖီနောလ်နဲ့ နို့ထဲမှာပရိုတိန်းဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်တို့ အပြန်အလှန်ဓာတ်ပြုသလားဆိုတာကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ ရောဂါပိုးကူးစက်တဲ့အခါ ကိုယ်ခံအားစနစ်ကနေ သွေးဖြူဥတွေထုတ်ပေးပြီး ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပါတယ်။
နို့နဲ့ကော်ဖီရောစပ်သောက်သုံးတဲ့အခါ လူတွေမှာရောဂါပိုးကူးစက်ဝင်ရောက်ခြင်းအပေါ် ကောင်းကျိုးသက်ရောက်စေပါတယ်။
ပိုလီဖီနောလ်က ရောဂ်ပိုးကူးစက်ခြင်းကို ကုသကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ယူဆထားကြပါတယ်။
ပိုလီဖီနောလ်နဲ့ အမိုင်နိုအက်ဆစ်တို့ထိတွေ့ထားတဲ့ ဆဲလ်တွေဟာ ပိုလီဖီနောလ်တစ်ခုတည်း ရရှိထားတဲ့ ဆဲလ်တွေထက် ရောဂါပိုးကိုတိုက်ထုတ်ရာမှာ ၂ ဆပိုမိုအားကောင်းစေကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
ကော်ဖီနဲ့နို့လိုမျိုး သောက်စရာတွေထဲမှာ မော်လီကျူးတွေ ဘယ်လိုချိတ်ဆက်လဲဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
အသားနဲ့ ဟင်းသီးဟင်းရွက်၊ အသီးဖျော်ရည်နဲ့နို့ ဒါမှမဟုတ် ဒိန်ချဉ်တို့လိုမျိုး ရောစပ်စားသုံးတဲ့အခါမှာလည်း ဒီလိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Technology
Published 10 February 2023
ဂျပန်နိုင်ငံမှာ ဧပြီလကစပြီး အလိုအလျောက်မောင်းနှင်တဲ့ စားစရာပစ္စည်းပို့ဆောင်ရေးစက်ရုပ်တွေကို ပြန်လည်ပြင်ဆင်ထားတဲ့ လမ်းစည်းကမ်းများဖြင့် ခွင့်ပြုပေးတော့မှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 506 of 865