တရုတ်မှာ ကော်ဖီဈေးကွက်ဖွံ့ဖြိုးလာခြင်းက ရဝမ်ဒါမှ ကော်ဖီစိုက်ပျိုးသူတွေအတွက်လည်း အခွင့်အလမ်းများ ပိုရလာစေပါတယ်။
#World_Business
Published 07 September 2024
#စီးပွားရေးချဲ့ထွင်လာနိုင် #ရဝမ်ဒါမှကော်ဖီစိုက်ပျိုးသူ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 07 September 2024
၁။ စက်သုံးဆီဈေးနှုန်းများဆက်တက်၊ 92 တစ်လီတာ ကျပ်၃၂၀၀ကျော်အထိရှိလာ
၂။ အခုနှစ်သီတင်းကျွတ်ပိတ်ရက်(၅)ရက်ရှိနေ၍ ကျိုက်ထီးရိုးသို့ဘုရားဖူးများ ပိုမိုဝင်ရောက်နိုင်ဟုဆို
၃။ မုန်တိုင်းငယ်နှင့် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသ(၄)ခုမိုးကြီးမည်၊ ဒေသ(၆)ခုမိုးပိုလာမည်
၄။ တရုတ်အထိ စီးပွားရေးချဲ့ထွင်လာနိုင်သည့် ရဝမ်ဒါမှကော်ဖီစိုက်ပျိုးသူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၆ စက်တင်ဘာ ၂၀၂၄
ခေတ်မီဖွံဖြိုးတိုးတက်ရေးသို့သွားရာလမ်းမှာ ဘယ်နိုင်ငံကမှ နောက်မှာကျန်ရစ်မနေသင့်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၅ ရက်က ဘေဂျင်းမြို့တော်မှာကျင်းပတဲ့ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် ရေးဖိုရမ်ရဲ့ ၂၀၂၄ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ တောင်ကမ္ဘာရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို တရုတ် နှင့်အာဖရိကတို့ အတူတကွ ပူးပေါင်းအားထုတ်ကြဖို့လည်း သူကတောင်းဆိုလိုက်ပါတယ်။
Source CCTV+
#World_Science
Published 07 September 2024
▪️ အာဖဂန်နစ္စတန်နဲ့ ကူဝိတ်တို့ရှိ အမေရိကန်စစ်တပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သလို အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း လူးဝစ္စအယ်လီဇွန်ဒိုက ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်မှာ ပုန်းကွယ်နေကြပြီး လူသားထုကို ခြိမ်းခြောက်နေတယ်လို့ ဆိုလိုက်ပါတယ်။
▪️ မယ်ရီလန်းရှိ မိသားစုနေအိမ်အနီး လေထဲမှာ အစိမ်းရောင်လုံးလေး လင်းနေတာကို သူ့ရဲ့ကလေးတွေ တွေ့ရှိတယ်လို့ ပြောတဲ့အချိန်မှာ အရာရှိဟောင်း ကျောချမ်းခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဒီအလုံးဟာ ကြောက်မက်ဖွယ် အစိမ်းရောင်ဖြင့် ကြည်နေပြီး တစ်ခုတစ်ခုဖြင့် ထိန်းချုပ်နေသလို ပုံစံမျိုးဖြစ်တယ်လို့ အယ်လီဇွန်ဒိုက ပြောပါတယ်။
▪️ သူကိုယ်တိုင်လည်း ဘက်စ်ကတ်ဘောလုံး အရွယ်ရှိတဲ့ အစိမ်းရောင်တောက်တောက် အရာတစ်ခုဟာ မီးဖိုချောင်ကနေ အိပ်ခန်းသို့ ဖြည်းဖြည်းချင်း မျောရွေ့သွားပြီး ရုတ်တရက် ပျောက်သွားတယ်လို့ ပြောပါတယ်။
▪️ အမေရိကန် အစိုးရကလည်း ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ တည်ရှိတာကို သိရှိထားပေမယ့် ယင်းတို့ဟာ ပုန်းကွယ်နေကြတယ်လို့ ဆိုပါတယ်။
▪️ အယ်လီဇွန်ဒိုဟာ ဂြိုဟ်သားတွေကို အမှန်တကယ် လိုက်ရှာခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ထွက်ဆိုချက်တွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
▪️ ကမ္ဘာမြေပေါ်က ကုန်းပြင်နေရာတွေမှာ ဂြိုဟ်သားတွေ ပုန်းကွယ်နေတဲ့ အထောက်အထားတွေ ရှိထားပေမယ့် အများပြည်သူ ကြောက်လန့်မှာ စိုးတဲ့အတွက် ပင်တဂွန်အရာရှိများက လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
▪️ ဒီပစ္စည်းတွေက လူတွေလုပ်တာ မဟုတ်သလို လျှို့ဝှက်ထောက်လှမ်းခြင်းကို လူသားတွေပဲ လုပ်တတ်တာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
▪️ ဂြိုဟ်သားယာဉ်တွေဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက လှုပ်ရှားနေကြပြီး လူသားတွေရဲ့ ရူပဗေဒ အသိပညာတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိပါတယ်။
▪️ ဒီအရာတွေဟာ လုံခြုံရေးကို အလွန်ခြိမ်းခြောက်နေသလို အဆိုးဆုံးအနေနဲ့ လူသားထုကို ခြိမ်းခြောက်လာနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: WION
#World_Health
Published 07 September 2024
▪️ သုတေသနအသစ်အရ အလုပ်ပိတ်ရက်တွေမှာ ပိုမိုအိပ်စက်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ကြားရက်တွေမှာ အိပ်ရေးပျက်ထားတာကို အလုပ်နားရက်တွေမှာ ဖြည့်စွက်အိပ်စက်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ပေကျင်း ဖုဝေဆေးရုံမှ ဦးဆောင်သုတေသီ ယန်ကျွန်ဆောင်းက ပြောပါတယ်။
▪️ ကြားရက်တွေမှာ အိပ်ရေးမဝတဲ့သူတွေမှာ ဒီရလဒ်က ပိုပြီးသိသာပါတယ်။
▪️ ဗြိတိန်ပြည်ထောင်စုမှ နေထိုင်သူ ၉၀၉၀၀ ခန့်ရဲ့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ ၂၂ ရာခိုင်နှုန်း နီးပါးလောက်က တစ်ညကို အိပ်ချိန် ၇ နာရီအောက်သာရှိပြီး အိပ်ရေးပျက်တဲ့သူတွေလို့ သတ်မှတ်ပါတယ်။
▪️ ဒီနောက် ထိုသူတွေရဲ့ ဆေးရုံတက်မှတ်တမ်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးမှုမှတ်တမ်းတွေကို ၁၄ နှစ်နီးပါးတိုင်အောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ အိပ်ရေးပျက်သူတွေမှာ အတိုးချအိပ်စက်ချိန် အများဆုံးရှိသူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။
▪️ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးသွေးကြောရောဂါများ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းတို့နဲ့ ဆက်စပ်နေကာ အလုပ်နားရက်တွေမှာ အတိုးချအိပ်ခြင်းက ကြားရက်တွေမှာ အိပ်ရေးပျက်ထားခြင်းရဲ့ သက်ရောက်မှုတွေကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ အရွယ်ရောက်သူများအနေနဲ့ တစ်ညကို ၇ နာရီမှ ၉ နာရီလောက်အထိ အိပ်စက်ဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
#Source: New York Post
ယီမင်မှာ တစ်လလောက် အကြီးအကျယ်မိုးရွာသွန်းပြီး ရေလျှံနေတာကြောင့် ဆာနာသမိုင်းဝင်မြို့ဟောင်းမှာ အစိတ်အပိုင်းအချို့ ပျက်စီးကုန်ပြီး ဘာမှမလုပ်ဘဲထားပါက ဒီထက်ပိုပြီး ပျက်စီးလာမှာကို စိုးရိမ်လာရပါတယ်။
#World_News
Published 06 September 2024
#ယီမင်ရှိသမိုင်းဝင်အဆောက်အအုံ #အဆောက်အအုံများပျက်စီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 September 2024
၁။ ပေါ်ဆန်းနှင့် ဧည့်မထဆန်များအား တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်များတွင်သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များတင်ပို့ ရန်စီစဉ်နေပြီး မွေးမြူသူများ အဆင်ပြေနိုင်
၃။ တိုင်ဖွန်းမုန်တိုင်းအပြင် လေဖိအားနည်းရပ်ဝန်းလည်းထပ်ဖြစ်လာ၍ ဒေသ(၁၁)ခု၌ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြီးမည်
၄။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယီမင်ရှိသမိုင်းဝင်အဆောက်အအုံများပျက်စီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 443 of 1210