#World_Health
Published 29 August 2023
ကာဗိုဟိုက်ဒရိတ်စားသုံးတဲ့အခါ အဆီ၊ ပရိုတိန်းတွေထက်စာရင် ကယ်လိုရီတွေ ပိုမိုရရှိနိုင်ကြောင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံအတွက် အရာမရောက်ပေမယ့် ကြွက်သားတည်ဆောက်ရတာ ပိုမိုလွယ်ကူကြောင်း၊ လေ့ကျင့်ခန်းပြုလုပ်ပြီး ကိုယ်အလေးချိန် ကျလာသူတွေအနေနဲ့ ကြွက်သားထင်ရှားလာအောင် ပြုလုပ်မယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်လိုအပ်ကြောင်း ဒေါက်တာမိုင်ယာရို့စ်မန်းက 103FM အစီအစဉ်မှာ ဖြေကြားလိုက်ပါတယ်။
လတ်တလောတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းတွေမှာ ကာဗိုဟိုက်ဒရိတ်ကို မနှစ်သက်ကြပါဘူး။
ဒါပေမဲ့ ကာဗိုဟိုက်ဒရိတ်တွေက ဒီလောက်အထိ ဆိုးရွားမနေဘဲ တကယ်တမ်း အဝလွန်ခြင်းမှာလည်း သက်ဆိုင်မှုမရှိဘူးလို့ ဟိုင်ဖာရှိ ရမ်ဘမ်ကျန်းမာရေး စောင့်ရှောက်မှုကမ်းပတ်စ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတဲ့ ပရိုတိန်းမျိုးကို မှားယွင်းယူဆနေကြတယ်လို့ ဖော်ပြထားပါတယ်။
ကာဗိုဟိုက်ဒရိတ်တွေဟာ ကြွက်သားများအတွက် အဓိကစွမ်းအားရင်းမြစ်ဖြစ်ပြီး ကာဗိုဟိုက်ဒရိတ် လုံလောက်စွာ မရရှိပါက ကြွက်သားတည်ဆောက်ဖို့ စွမ်းအင်လည်း ရရှိမှာမဟုတ်ကြောင်း အာဟာရပညာရှင် ရီဒါအယ်လ်မာဒီရဲ့ ပြောကြားချက်ကို EatingWell မှ ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဂလိုင်ကိုဂျင်ကို ဖြိုခွဲပြီး လိုအပ်တဲ့စွမ်းအင်ကို အသုံးပြုရပါတယ်။
ကာဗိုဟိုက်ဒရိတ်ထဲမှာ တွေ့ရတဲ့ ဂလူးကို့စ်ဖြင့် ခန္ဓာကိုယ်ကနေ ဂလိုင်ကိုဂျင်ကို ဖန်တီးပေးပါတယ်။
ဒါကြောင့် ကာဗိုဟိုက်ဒရိတ် လုံလောက်စွာ မစားတဲ့အခါ ဂလိုင်ကိုဂျင်ထိန်းသိမ်းမှု မရှိတော့ဘဲ ကြွက်သားတည်ဆောက်ရာမှာ ခက်ခဲလာနိုင်ပါတယ်။
#World_Health #ကာဗိုဟိုက်ဒရိတ် #ပရိုတိန်း
Source: The Jerusalem Post
ဂျာမနီနိုင်ငံမှာ အယ်လ်ကိုဟောမပါတဲ့ ဘီယာများ အရည်အသွေး ကောင်းလာတဲ့အပြင် ကျန်းမာရေးကို ထိန်းသိမ်းတဲ့အနေနဲ့ သာမန်ဘီယာများအစား အယ်လ်ကိုဟောမပါတဲ့ ဘီယာများကို ပြောင်းလဲသောက်သုံးလာကြပါတယ်။
Published 28 August 2023
#ဂျာမနီနိုင်ငံ #အယ်လ်ကိုဟောမပါဝင်သောဘီယာ
#World_Industry
#Daily_News
Published_ 28 August 2023
၁။ နယ်ဘက်တွင် တရားမဝင်ဆန်စပါးလှောင်နေသူများကြောင့် ဆန်ဈေးတက်နေ၊ ဥပဒေအရအရေးယူတော့မည်
၂။ Myanmar Women League 2023 ပြိုင်ပွဲတွင် မြဝတီအသင်းက သုံးမှတ်အသာဖြစ် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးရရှိ
၃။ ဈေးထက်ဝက်မြင့်လာသည့်အတွက် ငါးခြောက်အရောင်းဝယ်အလွန်အေး
၄။ ဂျာမနီနိုင်ငံ၏ အယ်လ်ကိုဟောမပါဝင်သော ဘီယာလုပ်ငန်း တွင်ကျယ်လျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၂၈ ဩဂုတ် ၂၀၂၃
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲအထွေထွေဆေးရုံမှာ ဆေးဝါးတက်ရောက်ကုသခံယူနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံ ယနေ့ ဩဂုတ် ၂၈ ရက်မှာ ပထမဆုံးအဖြစ် သက်ဆင်ရဲ့ အထွေးဆုံးသမီး ဖယ်ထောင်တန် သွားရောက်သတင်းမေးမြန်းခဲ့တယ်လို့ ထိုင်းမီဒီယာများက သတင်းရေးသားကြပါတယ်။
သမီးထွေး ဖယ်ထောင်တန်ဟာ ဖခင်ဖြစ်သူသက်ဆင်နှင့် မိနစ် (၄၀)ကြာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ တနင်္လာနေ့မှာ သက်ဆင်ထံ လူမမာသတင်းမေးမြန်းမည့်သူတွေကို အကျဉ်းဌာနက စတင်သွားရောက်ခွင့်ပြုတာဖြစ်ပါတယ်။ သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ် ကျခံခဲ့ရတာပါ။ သူဟာ ဩဂုတ် ၂၂ရက်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ညတွင်းချင်းပဲ ဆိုးရွားလာတဲ့ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်ဆေးရုံကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သတင်းများကဖော်ပြပါတယ်။
သက်ဆင်ဟာ ဆေးရုံမှာ အရေးကြီးပုဂ္ဂိုလ်အဆင့်အတန်းနှင့် စောင့်ရှောက်ဆက်ဆံမှုရနေတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ သူဟာ ရဲအထွေထွေဆေးရုံက ရဲအဆင့်မြင့်အရာရှိကြီးတွေကိုသာ ထားရှိတဲ့ ၁၄ထပ်မှာ ဆေးရုံတက်နေရတာဖြစ်ပါတယ်။
သမီးဖယ်ထောင်တန်ဟာ ရှေ့နေဖြစ်သူနှင့်အတူ ဖခင်ဆီသွားရောက်ခဲ့တာပါ။ သူမဟာ ဆေးရုံကို မွန်းလွဲ၁နာရီမှာ ရောက်ရှိခဲ့ပြီး မိနစ်၄၀အကြာမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။
နေ့စဉ် သက်ဆင်ထံ လူ(၁၀)ဦး လာရောက်ခွင့်ပေးမှာဖြစ်ပြီး တစ်ဦးစီကို မိနစ်(၄၀) အချိန်ပေးထားပါတယ်။
Source: Thai media
အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် မာဝီကျွန်းပေါ် အကြီးအကျယ်ဖျက်ဆီးခဲ့တဲ့ တောမီးကြောင့် ယနေ့အထိ လူရာ ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ယခုအခါ မီးလောင်ပြင်ရဲ့ ၉၉ ရာခိုင်နှုန်းကို ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးပါပြီ။
ဩဂုတ်လ (၈)ရက်ကစခဲ့တဲ့ တောမီးကြောင့် လူပေါင်း ၁၁၅ဦး အနည်းဆုံး သေဆုံးခဲ့ရပါတယ်။ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ရာစုနှစ်တစ်စုကျော်အတွင်း အဆိုးရွားဆုံး တောမီးလောင်မှုကြီးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဟာဝိုင်ယီသမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်လည်းဖြစ်ပါတယ်။ Source CCTV+
#World_Politics
Published 28 August 2023
ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲမှာ အမ်မာဆန်နန်ဂါဂွာက ထပ်မံအနိုင်ရခဲ့ပြီးနောက် အတိုက်အခံ ခေါင်းဆောင်က သူ့ကို အကြီးအကျယ် လိမ်လည်မှုကြီး ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ရာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့သူတွေ အနေနဲ့ တရားရုံးမှာ ဖြေရှင်းဖို့ နန်ဂါဂွာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၈၀ ရှိပြီဖြစ်တဲ့ နန်ဂါဂွာက ထောက်ခံမဲရရှိမှု ၅၂.၆ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ကာ အတိုက်အခံ CCC ပါတီခေါင်းဆောင် နယ်လ်ဆင်ခါမီဆာကတော့ ၄၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
CCC ပါတီက ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ ခါမီဆာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အတိုက်အခံပါတီက အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းချင်ကြောင်း ဆိုလိုက်ကာ ရွေးကောက်ပွဲရလဒ်ကို တရားရုံးမှာ ရင်ဆိုင်သွားမလား ဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။
ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်ဖို့ နောက်ထပ် ၅ နှစ် စောင့်ဆိုင်းမှာမဟုတ်ဘဲ အခုချက်ချင်း ပြုလုပ်မယ်လို့ ခါမီဆာက သတင်းထောက်များနဲ့ ပါတီမှ တာဝန်ရှိသူများကို ပြောကြားလိုက်ပါတယ်။
စောင့်ကြည့်ရေးအဖွဲ့ ၂ ဖွဲ့ရဲ့ ပြောကြားချက်အရ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုစစ်ဆေးခြင်း မပြုနိုင်စေရန် ရဲတွေက အချက်အလက် စင်တာများကို ဝင်စီးပြီး ဝန်ထမ်းတွေနဲ့ လုပ်အားပေးများကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်က ရွေးကောက်ပွဲဖြစ်စဥ်ကြီး တစ်ခုလုံးအပေါ် အရိပ်မည်းကြီး ထင်စေကြောင်း ရွေးကောက်ပွဲ သတင်းရင်းမြစ်စင်တာနဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲ အထောက်အပံ့ကွန်ရက်တို့မှ ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းအဖွဲ့အစည်း SADC နဲ့ အာဖရိကသမဂ္ဂတို့မှ စောင့်ကြည့်ရေးများကလည်း ရွေးကောက်ပွဲဖြစ်ရပ်ကို ဝေဖန်လိုက်ပါတယ်။
ဒီရွေးကောက်ပွဲဟာ ဆယ်စုနှစ် ၄ ခုကျော်ကြာအောင် အာဏာရနေခဲ့တဲ့ ZANU-PF ပါတီကို အလွန်အလေးပေးသလိုဖြစ်နေကြောင်း လေ့လာဆန်းစစ်သူများနဲ့ စောင့်ကြည့်ရေးများက ဆိုလိုက်ပါတယ်။
ZANU-PF ပါတီကတော့ သူတို့ဟာ မမျှမတဖြစ်လောက်အောင် အားသာချက်မျိုး ရှိမနေကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းတာမျိုး မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
နန်ဂါဂွာဟာ ၂၀၁၇ ခုနှစ်က ပထမအကြိမ် သမ္မတဖြစ်လာခဲ့ကာ သူ့လက်ထက်မှာ ငွေကြေးဖောင်းပွခြင်း၊ တိုင်းပြည်ငွေကြေးပြတ်လပ်ခြင်း၊ အလုပ်လက်မဲ့ အလွန်များပြားခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
ZANU-PF မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာမူစွမ်ဂွာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေမယ့်အစား အစိုးရအုပ်ချုပ်မှုပိုင်းကိုပဲ အာရုံစိုက်သွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။
Source: Reuters
#World_Politics #ဇင်ဘာဘွေ #အတိုက်အခံခေါင်းဆောင်
၂၈ ဩဂုတ် ၂၀၂၃
အိန္ဒိယနိုင်ငံအတိုင်းပဲ မြန်မာနိုင်ငံက ဆန်တင်ပို့မှု နှစ်လတာရပ်ဆိုင်းမယ်ဆိုတဲ့အတွက် ကမ္ဘာ့ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်သွားပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ဘတ်ငွေ ၁၂၀၀၀ အထိ တက်သွားတယ်လို့ နေရှင်းသတင်းစာ ရဲ့သတင်းအရ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇူလိုင် ၂၀ရက်ကစပြီး ဆန်အများစုကို ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ဆန်တင်ပို့နေတဲ့ နိုင်ငံတွေကလည်း အလားတူလုပ်လာကြမှာကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို မတည်မငြိမ်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက အိန္ဒိယနိုင်ငံကို ဆန်ကို ခွဲတမ်းနှင့်ရောင်းချပေးဖို့ မေတ္တာရပ်ခံတာ တွေလည်းရှိနေပါတယ်လို့ နေရှင်းသတင်းမှာဖော်ပြထားပါတယ်။
အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ နေရာ ယူထားပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် အကြီးအကျယ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ အခြားသော ဆန်တင်ပို့တဲ့ အဓိကနိုင်ငံတွေက ထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့် အမေရိကန်တို့ဖြစ်ကြပြီး အိန္ဒိယရဲ့ ဆန်တင်ပို့မှု အစိတ်အပိုင်းတစ်ခုပိတ်ပင်မှုကြောင့် အဲဒီနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိလာနေတာပါ။
ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ချိူကီယတ်အိုဖတ်စ်ဝန်ဆီက “ လက်ရှိ ဆန်ဈေးနှုန်းအခြေအနေဟာ ရောင်းသူတွေကို ဈေးနှုန်းအတိအကျနှင့်ရောင်းဖို့ စိန်ခေါ်သလိုဖြစ်နေတယ်” လို့ ပြောပါ တယ်။ အဲဒီလိုဖြစ်နေရတဲ့အထဲ မြန်မာနိုင်ငံက ထပ်မံပြီး ဆန်တင်ပို့မှု ပိတ်ပင်တာကြောင့် ပိုမသေမချာအခြေအနေ ဖြစ်သွားရတယ်လို့ ပြောပါတယ်။
ကုန်သည်တွေဟာ အိန္ဒိယအနေနှင့် ဘယ်နိုင်ငံတွေကိုဆန်ရောင်းမယ်လို့ဆုံးဖြတ်လဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကမ္ဘာ့ဆန်ဈေးအပေါ်ရိုက်ခတ်မှုရှိမှာကြောင့်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ တတိယဆန်တင်ပို့မှုအများဆုံး ဗီယက်နမ်နိုင်ငံကတော့ သူတို့အနေနှင့် ဆန်ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အခြားသော ဆန်တင်ပို့တဲ့နိုင်ငံတွေ ဘာလုပ်မယ်ဆိုတာတွေကြည့်နေရ တာကြောင့် ဈေးကွက်မသေချာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန်(၈)သန်းတင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ် လို့သူကပြောပါတယ်။ဒါပေမယ့် အဓိကဆန်တင်သွင်းနေတဲ့ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလိုနိုင်ငံတွေက အိန္ဒိယကနေ ဆန် ဝယ်လို့ရသွားရင် ထိုင်းဆန်တင်ပို့မှုဟာ မှန်းသလောက်ဖြစ်မလာနိုင်ဘူးလို့ သူကပြောပါတယ်။
Source: The Nation
Page 447 of 948