#World_News
Published 14 November 2024


▪️ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နယ်ထရမ့်နဲ့ အဖွဲ့ဟာ ရာထူးကနေ ထုတ်ပယ်သွားမယ့် စစ်အရာရှိများစာရင်းကို ရေးဆွဲနေပြီး အဲဒီအထဲမှာ ပူးတွဲစစ်ဦးစီးအရာရှိချုပ်လည်း ပါဝင်နိုင်တယ်လို့ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရကာ ပင်တဂွန်စစ်ဌာနချုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။

 

▪️ နိုဝင်ဘာ ၅ရက်နေ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် ရာထူးမှထုတ်ပယ်ရေး အစီအစဉ်တွေပြုလုပ်နေတာ အစောပိုင်းအဆင့် ရောက်နေပြီး ထရမ့်အကူးအပြောင်း အစိုးရအဖွဲ့က စတင်ပုံဖော်နေပြီလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

▪️ ဒီအစီအစဉ်တွေကို ထရမ့်ကိုယ်တိုင် ထောက်ခံအားပေးတာလားဆိုတာ မသေချာပေမယ့် ယင်းကိုဝေဖန်ဖူးတဲ့ ကာကွယ်ရေးခေါင်းဆောင်တွေကို အရင်ကလည်း ဖယ်ရှားဖူးပါတယ်။

 

▪️ နောက်ထပ်သတင်းရင်းမြစ် ပြောကြားချက်အရ အသစ်ပြောင်းလာမယ့် အစိုးရအဖွဲ့ဟာ ထရမ့်ရဲ့ ပူးတွဲစစ်ဦးစီးအရာရှိချုပ်ဟောင်း မာ့ခ်မီလီနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားတဲ့ အမေရိကန် စစ်ရေးအရာရှိများကို ဦးစားပေးဖယ်ရှားသွားဖွယ် ရှိပါတယ်။

 

▪️ မီလီနဲ့ ပတ်သက်နေတဲ့ လူတိုင်းရဲ့ နာမည်စာရင်းတွေ အတိအကျရှိထားပြီး ယင်းတို့အားလုံး ဖယ်ရှားခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ပူးတွဲစစ်ဦးစီးအရာရှိချုပ်အဖွဲ့ထဲမှာ အမေရိကန်စစ်တပ်မှ ရာထူးအမြင့်ဆုံးအရာရှိများ ပါဝင်ပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ နိုင်ငံတော် ကာကွယ်ရေးတပ်နဲ့ အာကာသတပ်ဖွဲ့များ ပါဝင်ပါတယ်။

 

▪️ ဒီမတိုင်ခင်မှာ ထရမ့်ဟာ Fox News သတင်းကြေညာသူနဲ့ ပင်တဂွန်မှာ ရှင်းလင်းရေးလုပ်ချင်နေတဲ့ စစ်မှုထမ်းဟောင်း ပီ့တ်ဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။

 

▪️ ဖယ်ရှားခံရမယ့် အရာရှိတွေထဲမှာ လေတပ်ဗိုလ်ချုပ် C.Q.ဘရောင်းလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

 

▪️ အရာရှိဟောင်းတွေနဲ့ လက်ရှိအမှုထမ်းအရာရှိ အချို့က လက်ရှိကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်နေတဲ့အချိန် ဒီလိုအပြောင်းအလဲ လုပ်တာဟာ မလိုလားအပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ဒီရာထူးနေရာတွေဟာ အစားထိုးလို့လွယ်တဲ့ နေရာတွေဖြစ်ပြီး တာဝန်ဆက်ခံမယ့်သူတွေ ရှားပါးမနေဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

#Source: Reuters