နီပေါနိုင်ငံမှာဖြစ်ပွားတဲ့ မြေပြိုမှုကြီးကြောင့် မြစ်ကြောင်းတလျှောက် အရှိန်အဟုန်ဖြင့် စီးဆင်းစေပြီး အချို့ဒေသတွေမှာ ရေလွှမ်းမိုးမှုအဆင့် စံချိန်တင်မြင့်မားခဲ့ကြောင်း ခတ်မန်ဒူအခြေစိုက်တောင်တန်းဒေသဖွံ့ဖြိုးရေး နိုင်ငံတကာဗဟိုဌာန(ICIMOD)မှ ဘူမိပညာရှင်များ အင်္ဂါနေ့ကထုတ်ပြန်ခဲ့ပါတယ်။
#World_Crisis
Published 15 September 2026
#နီပေါ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 September 2026
■ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များဟာ ခါမစ်မူရှိတ်လေတပ်စခန်း အပါအဝင် ဆော်ဒီစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
■ ဆော်ဒီအရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းပို့ဆောင်နိုင်တဲ့ အဓိကလမ်းကြောင်းတစ်ခု ပျက်စီးသွားခဲ့ပါတယ်။
■ ဆော်ဒီမှာ ပင်လယ်နီရေနံသိုလှောင်မှု ၅ ရက်မှ ၇ ရက်စာသာ ကျန်ရှိတော့သဖြင့် ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၄ ရာခိုင်နှုန်းခန့် ထိခိုက်မယ့်အန္တရာယ်ရှိနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အိုမန်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အီရန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံများကြား အရေးပါတဲ့ သံတမန်ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပါတယ်။
■ ဟူသီတပ်ဖွဲ့များဟာ ဘပ်အယ်မန်ဒက်ရေလက်ကြားအနီး ဗျူဟာမြောက်ကျွန်းများကို သိမ်းပိုက်ခဲ့ပြီး သင်္ဘောလိုင်းပို့ဆောင်ရေး လမ်းကြောင်းများအပေါ် စိုးမိုးမှုအားကောင်းစေခဲ့ပါတယ်။
■ တစ်ကျော့ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲများကြောင်း ယီမင်ပြည်သူ ၈ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
■ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို တုံ့ပြန်တဲ့အနေဖြင့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဟူသီစခန်းများကို လေကြောင်းမှ အကြိမ် ၃၀၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
■ ယီမင်ရှိ ဟူသီတပ်ဖွဲ့များကို အမေရိကန်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပေးရန် ဆော်ဒီရဲ့တောင်းဆိုမှုကို အမေရိကန်က ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 15 September 2026
■ သွေးစစ်ဆေးမှုရလဒ်များဟာ ဓာတ်ခွဲခန်းတစ်ခုနဲ့တစ်ခု မတူညီဘဲ သဘာဝအတိုင်း ကွဲလွဲနိုင်ပြီး ဒါဟာ စစ်ဆေးမှုဖော်ပြချက်တွေ မှားယွင်းနေတာ မဟုတ်ပါဘူး။
■ နမူနာများ ကောက်ယူခြင်း၊ လူနာများရဲ့ ပြင်ဆင်မှုများဖြစ်တဲ့ အစာငတ်ခံခြင်း၊ စိတ်ဖိစီးမှု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ စစ်ဆေးတဲ့အချိန် စတာတွေက ရလဒ်များအပေါ် များစွာသက်ရောက်မှု ရှိနေပါတယ်။
■ နမူနာသယ်ယူပို့ဆောင်ရေး ကြန့်ကြာမှု၊ မသင့်တော်တဲ့ သိုလှောင်မှု၊ သွေးဆဲလ်များပျက်စီးမှုတို့လို ကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်များကလည်း စစ်ဆေးမှုရလဒ်များကို ပြောင်းလဲစေနိုင်ပါတယ်။
■ ဓာတ်ခွဲခန်းတွေက စစ်ဆေးမှုများပြုလုပ်ရန် မတူညီတဲ့ စက်ပစ္စည်းများ၊ ကိရိယာများကို အသုံးပြုကြပါတယ်။
■ ဓာတ်ခွဲခန်းတစ်ခုစီဟာ သီးခြားရည်ညွှန်းစံနှုန်းများကို သတ်မှတ်ထားသဖြင့် ဓာတ်ခွဲခန်းရဲ့ သတ်မှတ်စံနှုန်းနဲ့ ယှဉ်တွဲသုံးသပ်ရန် လိုအပ်ပါတယ်။
■ ရက်အလိုက် ခန္ဓာကိုယ်ရဲ့ သဘာဝဇီဝရုပ်ပြောင်းလဲမှုတွေဟာ ဟော်မုန်း၊ သကြားဓာတ်နဲ့ အဆီဓာတ်ပမာဏများ ပုံမှန်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။
■ ဆရာဝန်များက ရလဒ်တစ်ခုကွဲလွဲမှုကို ဆေးပညာအရ သတိပြုရမယ့် ပြောင်းလဲမှုအဖြစ် သတ်မှတ်ရန်အတွက် ဒီရလဒ်က ပုံမှန်အားဖြင့် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပြောင်းလဲမှုရှိရန် လိုအပ်ပါတယ်။
■ ရေရှည်ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများအတွက် အလားတူ အခြေအနေများအောက်မှာ တူညီတဲ့ အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုတည်းကိုသာ ပုံမှန်အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 15 September 2026
■ Moderna နဲ့ Merck တို့ဟာ ယင်းတို့ရဲ့ သီးသန့်ကင်ဆာကာကွယ်ဆေးအတွက် တတိယအဆင့်စမ်းသပ်မှု အောင်မြင်တဲ့ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
■ ခွဲစိတ်ကုသထားတဲ့ ကင်ဆာပြန့်ပွားနိုင်ခြေများတဲ့ မှဲ့ကင်ဆာလူနာတွေမှာ အဆိုပါကာကွယ်ဆေးကို Keytrude ဆေးနဲ့ တွဲဖက်သုံးစွဲရာ ကင်ဆာပြန်လည်ဖြစ်ပွားမှုနဲ့ အခြားအင်္ဂါများသို့ ပြန့်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
■ ဒါဟာ mRNA အခြေခံ ပုဂ္ဂလိကကင်ဆာကာကွယ်ဆေးများအတွက် ပထမဆုံးစမ်းသပ်မှု နောက်ဆုံးအဆင့် အောင်မြင်ခြင်း ဖြစ်ပါတယ်။
■ အဆိုပါ သီးသန့်ကုထုံးဟာ လူနာရဲ့အကျိတ်မှ သီးခြားမျိုးဗီဇပြောင်းလဲမှု အမှတ်အသား ၃၄ ခုအထိ ပစ်မှတ်ထားရန် mRNA ကို အသုံးပြုထားပါတယ်။
■ ဆေးနှစ်မျိုးတွဲဖက်ကုသမှုက ပုံမှန်ကုသရေးစံနှုန်းဖြစ်တဲ့ Keytruda တစ်မျိုးတည်း သုံးစွဲခြင်းထက် ဆေးကုသမှုအားသာချက် ထင်ထင်ရှားရှားပြသနိုင်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးအန္တရာယ်သစ်များလည်း မတွေ့ရပါဘူး။
■ ဒီလိုမျိုး အောင်မြင်မှုရပြီးနောက် Moderna ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၄၀ ဘီလီယံနီးပါး မြင့်တက်သွားခဲ့ပါတယ်။
■ ကုမ္ပဏီများဟာ တရားဝင်ခွင့်ပြုချက်များ ရရှိရန် လျှောက်ထားလျက်ရှိပြီး နောက်နှစ်စောစောပိုင်း စတင်ရနိုင်ဖွယ် ရှိပါတယ်။
■ လက်ရှိမှာ အလားတူ mRNA စမ်းသပ်မှုများကို အဆုတ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက်ကင်ဆာများအတွက်ပါ ဆက်လက်လုပ်ဆောင်နေပါတယ်။
Source: Reuters
#World_Health
Published 14 September 2026
■ JAMA Internal Medicine ဂျာနယ်မှာ လေ့လာဖော်ပြချက်အရ လေယာဉ်မှူးများနဲ့ လေယာဉ်မောင်မယ်တွေမှာ ဓာတ်ရောင်ခြည်နဲ့ ဆက်စပ်တဲ့ ကင်ဆာရောဂါကြောင့် သေဆုံးမှုပိုမိုမြင့်မားကြောင်း တွေ့ရှိရပါတယ်။
■ ဓာတ်ရောင်ခြည် ဆက်စပ်ကင်ဆာကြောင့် သေဆုံးမှုဟာ အထွေထွေအလုပ်သမားတွေမှာ ၅ ရာခိုင်နှုန်းခန့် ရှိပေမယ့် လေယာဉ်အမှူထမ်းတွေမှာ ၆.၉ ရာခိုင်နှုန်းနဲ့ လေယာဉ်မှူးတွေမှာ ၆.၇ ရာခိုင်နှုန်း ရှိပါတယ်။
■ ပေ ၃ သောင်းအထက်အမြင့်မှာ ပျံသန်းခြင်းက လေယာဉ်ဝန်ထမ်းများအနေဖြင့် အာကာသဆိုင်ရာ အိုင်းယွန်းဓာတ်ရောင်ခြည်ပမာဏ ပိုမိုထိတွေ့စေပါတယ်။
■ သုတေသနပြု လေ့လာခဲ့တဲ့ ရောဂါတွေမှာ သွေးကင်ဆာ၊ မှဲ့ကင်ဆာ၊ အရေပြားကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ပါဝင်ပါတယ်။
■ ဒီလေ့လာမှုက အာကာသဓာတ်ရောင်ခြည်ကြောင့် တိုက်ရိုက်ဖြစ်ပွားခြင်းလို့ အတည်မပြုနိုင်သေးပေမယ့် အလုပ်အကိုင်ဆိုင်ရာ ဘေးအန္တရာယ်နဲ့ ဆက်စပ်မှုရှိကြောင်း မီးမောင်းထိုးပြထားပါတယ်။
■ ဓာတ်ရောင်ခြည်မဟုတ်တဲ့ အခြားအချက်တွေဖြစ်တဲ့ ညဆိုင်းဆင်းရခြင်း၊ အချိန်ဇုန် မကြာခဏပြောင်းလဲခြင်း၊ အိပ်စက်မှုစနစ် ပျက်ယွင်းခြင်းတို့ကလည်း ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။
■ ပုံမှန်ခရီးသည်များအနေဖြင့် ရေရှည်ထိတွေ့မှုပမာဏ အလွန်နည်းပါးတဲ့အတွက် အသက်မွေးဝမ်းကျောင်း လေယာဉ်အမှုထမ်းများနဲ့ နှိုင်းယှဉ်ပါက အန္တရာယ်အလွန်နည်းပါးပါတယ်။
■ အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် လေကြောင်းလိုင်းများအနေဖြင့် ဝန်ထမ်းတွေရဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုပမာဏကို စောင့်ကြည့်စစ်ဆေးရန်၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးရန် အကြံပြုထားကြပါတယ်။
Source: India Today
#World_Science
Published 14 September 2026
■ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့က ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးပေမယ့် လူအများစုဟာ ညနေခင်းပြုလုပ်လေ့ရှိတဲ့ အလေ့အထတွေကြောင့် အိပ်ပျော်ဖို့ ခက်ခဲနေကြပါတယ်။
■ (၁) ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့မှထွက်တဲ့ အလင်းပြာက အိပ်စက်မှုဟော်မုန်းကို ဖိနှိပ်ပြီး အိပ်စက်ရန် ခက်ခဲစေတာကြောင့် ညမအိပ်ခင် တစ်နာရီအလိုမှာ အသုံးမပြုသင့်တော့ပါဘူး။
■ (၂) ညနောက်ကျမှ အစားများများစားခြင်း၊ အစပ်စားခြင်းတို့ကြောင့် လဲလိုက်တဲ့အခါ ရင်ပူခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ (၃) ရေဓာတ်က အရေးကြီးတယ်ဆိုပေမယ့် ညနေဘက် ရေဓာတ်အလွန်အကျွံ ဖြည့်တင်းလိုက်ပါက ညအိပ်ပျော်နေစဉ် မကြာခဏဆီးသွားတတ်ပါတယ်။
■ (၄) ကဖင်းဓာတ်ဆိုတာက နာရီနဲ့ချီအောင် ခန္ဓာကိုယ်ထဲ လှုံ့ဆော်ပေးတာကြောင့် ညနေရောက်ပြီဆိုတာနဲ့ မသောက်သုံးသင့်တော့ပါဘူး။
■ (၅) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက ကောင်းစွာအိပ်စက်စေနိုင်ပေမယ့် ညရောက်မှ ပြုလုပ်ရင်တော့ ခန္ဓာကိုယ်တွင်းအပူချိန်နဲ့ နှလုံးခုန်နှုန်းတို့ မြင့်တက်စေပါတယ်။
■ (၆) အယ်ကိုဟောသောက်ပေးရင် ကောင်းစွာအိပ်စေနိုင်တယ်လို့ ယူဆထားကြပေမယ့် နှစ်ခြိုက်စွာအိပ်ပျော်တဲ့အဆင့်ကိုတော့ နှောင့်ယှက်စေပါတယ်။
■ (၇) ညမအိပ်ခင်မှာ အလုပ်ကိစ္စတွေ၊ စကားများပြောဆိုတာတွေက ဖိစီးမှုတက်စေကာ ဦးနှောက်နိုးကြားစေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။
Source: WION
ရေးသားသူ ကေစီရှာမား
အရှေ့တောင်အာရှဒေသ၏ အဓိကအားသာချက်မှာ ဘက်မလိုက်ရေးမူဝါဒနှင့် သံတမန်ရေးရာ ပျော့ပြောင်းလွယ်ပြင်လွယ်ရှိမှုကို ကာလရှည်ကြာ စွဲကိုင်ထားနိုင်ခြင်းပင်ဖြစ်သည်။ သို့သော်လည်း ယခု အခါ ဒေသတွင်း၌ အုပ်စုဖွဲ့စစ်ရေးလှုပ်ရှားမှုများဆီသို့ အစဉ်အလာမရှိခဲ့ဖူးသော တွန်းအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။ အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန်ပြည်ထောင်စုနှင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) တို့၏ တည်ရှိမှု ကြီးထွားလာခြင်းသည် ကြီးပွားတိုးတက်နေသော စီးပွားရေး ဇုန်တစ်ခုကို အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခစစ်မျက်နှာပြင်အဖြစ်သို့ ပြောင်းလဲသွားစေရန် ခြိမ်းခြောက် နေပြီး အရှေ့တောင်အာရှနိုင်ငံများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးစေမည်ဖြစ်သည်။
အာဆီယံ၏ ဗဟိုပြုအခန်းကဏ္ဍ တိုက်စားခံရခြင်း
ဒေသတွင်းကို သံတမန်ရေးရာ ညှပ်ပိတ်ခံရမှုအတွင်းသို့ ကျရောက်သွားစေရန် ခြိမ်းခြောက်နေသည့် အနောက်အုပ်စု၏ သီးသန့်အဖွဲ့အစည်းများကြောင့် ဒေသတွင်း အစဉ်အလာလုံခြုံရေးတည်ဆောက်ပုံ သည် တိုက်ရိုက်ခြိမ်းခြောက်ခံနေရသည်။
ဤစစ်ရေးအင်အား တိုးချဲ့လာမှုသည် ပထဝီနိုင်ငံရေးအရ တန်ပြန်သက်ရောက်မှုကို မလွဲမသွေ ဖြစ်ပေါ် စေမည်ဖြစ်သည်။ အာရှကို ပိုမိုအာရုံစိုက်လာသော နေတိုးအဖွဲ့ ပေါ်ပေါက်လာပါက တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် ငြိမ်နေမည်မဟုတ်ပေ။ ဝါရှင်တန်၏ တိုက်တွန်းမှုဖြင့် နေတိုးသည် အမေရိကန် ၏အင်အားကို ပံ့ပိုးရန်၊ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ဝိုင်းရံထားရန်နှင့် နိုင်ငံတကာနိုင်ငံရေးတွင် တရုတ်ခေါင်းဆောင်များက ၎င်းတို့၏ တရားဝင်နေရာဟု ယူဆထားသည့်အရာကို ထိခိုက်စေရန် အရှေ့ အာရှသို့ တိုးချဲ့လာမည်ကို တရုတ်နိုင်ငံက ကာလရှည်ကြာ သံသယရှိခဲ့သည်။
စီးပွားရေး ရှင်သန်မှုနှင့် စရိတ်ကြီးမားသော လက်နက်ပြိုင်ဆိုင်မှုများ
စစ်ရေးအသွင်ပြောင်းရန် တွန်းအားပေးမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် မှားယွင်းသော ရွေးချယ်မှု တစ်ခုကို အတင်းအကျပ်ပြုလုပ်စေပြီး ၎င်းတို့၏ စီးပွားရေးအသက်သွေးကြောများကို အန္တရာယ် ဖြစ်စေသည်။
အာရှသားများသည် တရုတ်၏ အင်အားကို ချိန်ခွင်လျှာညှိရန် အမေရိကန်ရှိနေခြင်းကို လိုလားသော်လည်း ၎င်းတို့၏ ဒေသအတွင်း ဥရောပစစ်ရေးမဟာမိတ်အဖွဲ့ လှုပ်ရှားနေခြင်းကို လိုလားသည်ဟုတော့ မဆိုလိုပေ။
ထို့အပြင် စစ်ရေးအသွင်ပြောင်းရန် ဖိအားပေးမှုသည် ကြီးမားသော ပြည်တွင်းကုန်ကျစရိတ်ကို ဖြစ်ပေါ် စေသည်။ အရှေ့တောင်အာရှ ဒေသအများစုတွင် ကာကွယ်ရေး အသုံးစရိတ်သည် အခြေခံ အဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့နှင့် တိုက်ရိုက် ယှဉ်ပြိုင်နေရသည်။ စျေးကြီးသော လက်နက်စနစ်များဆီသို့ ရန်ပုံငွေများကို လွှဲပြောင်း ပေးလိုက်ခြင်းသည် လူမှုအဖွဲ့အစည်း တည်ငြိမ်မှု၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်။
မတော်တဆ ပဋိပက္ခကြီးထွားလာနိုင်ခြေ အန္တရာယ်
နေတိုး၏ တိုးချဲ့လာမှု၏ အစိုးရိမ်ရဆုံး အချက်မှာ ပဋိပက္ခဖြစ်ပွားနိုင်ခြေ မြင့်မားလာခြင်းပင်ဖြစ်သည်။ နေတိုး၏ တည်ရှိမှု တိုးပွားလာခြင်းသည် ဤလုံခြုံရေးယန္တရားများကို ထိခိုက်စေပြီး ဒေသတွင်း လုံခြုံရေး ကိစ္စရပ်များအပေါ် အာဆီယံ၏ ထိန်းချုပ်နိုင်စွမ်းကို လျှော့ကျစေနိုင်သည်။ စစ်ရေးလေ့ကျင့်မှုများမှ တစ်ဆင့် စစ်ရေးလှုပ်ရှားမှုများ ကြီးထွားလာခြင်းသည် ရေတပ်အလည်အပတ်ခရီးများနှင့် ထောက်ပံ့ပို့ ဆောင်ရေးအခြေစိုက်စခန်းများနှင့်အတူ အထူးသဖြင့် တောင်တရုတ်ပင်လယ်နှင့် မလက်ကာရေလက် ကြားကဲ့သို့သော အငြင်းပွားနေသည့် ပင်လယ်ရေကြောင်းဒေသများတွင် အန္တရာယ်ရှိသော အထင်အမြင် လွဲမှားမှုများဖြစ်စေရန် အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။
ဤအန္တရာယ်ကို ပိုမိုဆိုးရွားစေသည်မှာ အနောက်အုပ်စု စစ်ရေးကန့်သတ်ချက်များ၏ ကြမ်းတမ်းသော လက်တွေ့အခြေအနေပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ကိုယ်ပိုင် ဒေသတွင်း အခြေစိုက်စခန်းများကို ရှင်သန်နိုင်အောင် ကာကွယ်ရန် မစွမ်းဆောင်နိုင်တော့သလို၊ ကာလရှည်ကြာ ပဋိပက္ခတစ်ခုတွင် အရေးပါသော လက်နက်စနစ်များကို ပြန်လည်ဖြည့်တင်းရန် မစွမ်းဆောင်နိုင်တော့ဘဲ၊ အရှေ့အာရှတွင် ကာလရှည်ကြာ စစ်ပွဲတစ်ပွဲကို အနိုင်ရရန် ဖွဲ့စည်းပုံအရ မစွမ်းဆောင်နိုင်တော့ပေ။ ဒေသတွင်း မိတ်ဖက်များသည် ဤလက်တွေ့အခြေအနေကို တိတ်တဆိတ် လက်ခံလာသည်နှင့်အမျှ မဟာဗျူဟာမြောက် အခင်းအကျင်းသည် အက်ကွဲလာနေသည်။ ဖိလစ်ပိုင်၊ ဂျပန်၊ သို့မဟုတ် ထိုင်ဝမ်တို့ အတွက် နောက်ထပ် လက်နက်အထုပ်အပိုးများ ပေးအပ်မည့် စကားများသည် အများအားဖြင့် ဟန်ပြ သက်သက်သာ ဖြစ်သည်။
အရှေ့တောင်အာရှအနေဖြင့် ဤပထဝီနိုင်ငံရေး ထောင်ချောက်အတွင်းသို့ ကျရောက်သွားခြင်းကို ခိုင်မာစွာ တွန်းလှန်ရမည်ဖြစ်သည်။ ပြည်ပစစ်ရေး မဟာမိတ်အဖွဲ့များ၏ ဝင်ရောက်စွက်ဖက်မှုကို ငြင်းဆန်ခြင်းဖြင့် အာဆီယံသည် ၎င်း၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ပြီး၊ ဆိုးရွားသော လက်နက်ပြိုင်ဆိုင်မှုကို ရှောင်ရှားနိုင်ကာ၊ ဒေသတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်သူအဖြစ် ၎င်း၏ အရေးပါသော အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ကိုးကားချက်များ
Page 1 of 1222