၂၂ ဇူလိုင် ၂၀၂၃
ဖွေထိုင်းပါတီဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့တွင် ရှေ့သို့ပါတီ MFP ဆက်လက်ပါဝင်နေသမျှ အဆိုပါညွန့်ပေါင်းနှင့် ပူးပေါင်း လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီ(၄)ခုက ကြေညာလိုက်ပါတယ်။
အဆိုပါနိုင်ငံရေးပါတီ(၄)ခုမှာ Bhumjaithai ၊ United Thai Nation ၊ the Palang Pracharath Party (PPRP) နှင့် Chartthaipattana တို့ဖြစ်ကပြီး ဖွေထိုင်းဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့နှင့်ပတ်သက်လို့ သူတို့ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းကြေညာခဲ့ကြတာဖြစ်ပါတယ်။
ဘမ်ဂျိုင်ထိုင်း Bhumjaithai ပါတီခေါင်းဆောင် အန်နုတင်ချန်ပီယာကူလ်က သူ့ပါတီဟာ the lese majeste law ပါ ပုဒ်မ၁၁၂ ကိုပြင်ဆင်မယ့်ကိစ္စ ခိုင်မာစွာကန့်ကွက်ပြီး အဲဒါကိုပြင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးပါတီတစ်ခုနှင့် တွဲအလုပ်မလုပ်နိုင် ဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီပါတီကို ညွန့်ပေါင်းထဲပါဖို့ ဖွေထိုင်းက လောလောဆယ်အထိချဉ်းကပ်တာမရှိသေးလို့ ဖွေထိုင်းရဲ့ အစီအစဉ်ကို မသိရ သေးပါဘူး။ ဒါပေမယ့် အဲဒီမဟာမိတ်ထဲ MFP ရှေ့သို့ပါတီပါနေသမျှ သူတို့ တကယ့်ကို ဝင်ပါမှာမဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။
“ MFP ဟာ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ တစ်ခုတည်းသောပါတီဖြစ်ပြီး နောက်ဆုတ်မယ့်ပုံလည်းမပေါ်ဘူး။ ပါတီရဲ့ အင်အား၊ တိုးတက်သောလှုပ်ရှးမှုနှင့် သူတို့ကိုထောက်ခံသူတွေဟာ ကန့်ကွက်နေတဲ့ကြားထဲက တစ်ပြားသာမှ လျှော့ကြ မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
ယူနိုက်တက်ထိုင်နေးရှင်း UTN ပါတီခေါင်းဆောင် ပီရာပန် သာလီရာသာဗီဘဂါကလည်း ညွန့်ပေါင်းမှာ ရှေ့သို့ပါတီရှိနေ တုန်းပိုဲရင် သူတို့အနေနှင့် ညွန့်ပေါင်းထဲ ဝင်မှာမဟုတ်သလို ဝန်ကြီးချုပ်လောင်းကို ထောက်ခံမယ်ပေးမှာမဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်ကနေ ရေးသားလိုက်ပါတယ်။
သူတို့ပါတီအနေနှင့် နိုင်ငံမှာ အစိုးရတစ်ရပ်ရှိဖို့လိုတာ သိထားပေမယ့် နိုင်ငံရဲ့ မဏ္ဍိုင်သုံးခုအအပေါ် အလေးထားတယ်။ ပါတီအနေနှင့် ရှေ့သို့ပါတီခေါင်းဆောင်ပီတကို မထောက်ခံရတာဟာ အဲဒီပါတီအနေနှင့် သူတို့နှင့် တူညီတဲ့ သဘောထား ရပ်တည်ချက်မရှိလို့ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နောက်တစ်ကြိမ်ဝန်ကြီးချုပ်ရွေးတဲ့အခါ ရှေ့သို့ပါတီက ညွန့်ပေါင်းထဲဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနှင့် အဲဒီ ဝန်ကြီးချုပ်လောင်းကိုမဲပေးမှာမဟုတ်ဘူး။ ရှေ့သို့ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှဒတွေအခြေခံပြီးပြောရရင် သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနှင့် အတွေးအခေါ်ပြောင်းနိုင်မယ်လို့ မယုံကြည်ဘူး” လို့ သူကရေးသားထားပါတယ်။
ပီပီအာပီ PPRP ပါတီရဲ့ကိုယ်စားအဖြစ် ယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကမ်ဖန်ဖက်ဖိုင်းလစ်က သူတို့ဟာ lese majeste law ပြင်ဆင်ဖို့ကြိုးစားတာမှန်သမျှကိုဆန့်ကျင်ကြောင်းနှင့် ရှေ့သို့ပါတီဆက်ရှိနေမယ့် ညွန့်ပေါင်း မှာပါဝင်လိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ချတ်ထိုင်းပါတာနာChartthaipattana ပါတီ ခေါင်းဆောင် ဗာရာဝတ်သီပါအာချာကလည်း ဖွေထိုင်းဟာ lese majeste law ဥပဒေကို ထောက်ခံတဲ့ ပါတီနှင့် တွဲအလုပ်မလုပ်ဘူးဆိုရင်တော့ ဖွေထိုင်းကတင်မယ့် ဝန်ကြီးချုပ်လောင်းကို မဲပေး ဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Source Bangkok Post
#ThailandPolitics
#MFP
#World_Health
Published 22 July 2023
ဝမ်းဗိုက်မအီမသာဖြစ်ခြင်းဟာ အဖြစ်များတဲ့ အစာချေပြဿနာတစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာကို သက်ရောက်နေပါတယ်။
အများစုကတော့ အစားအစာကြောင့် ဖြစ်တတ်ကြပြီး အာဟာရဆိုင်ရာ ကုသနည်းများ လတ်တလော နာမည်ကြီးလာပါတယ်။
ထိုဝေဒနာခံစားရပါက ဝမ်းဗိုက်နာခြင်း၊ အူလမ်းကြောင်း ပုံမှန်အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် နေ့စဉ်လုပ်ဆောင်မှုဘဝတွေမှာ ထိခိုက်လာပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ဖောခြင်းတို့ အလှည့်ကျဖြစ်နေတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ပေါင်းစပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒီဝေဒနာအတွက် သက်သာစေမယ့် အစားအသောက်နည်းလမ်းကတော့ FODMAP လို့အတိုကောက်ခေါ်တဲ့ အချဉ်ဖောက်နိုင်တဲ့ အော်လီဂိုဆက်ခရိုက်၊ ဒိုင်ဆက်ခရိုက်၊ မိုနိုဆက်ခရိုက်၊ ပိုလီအောလ်တို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ အစားအစာထဲက ထိုဓာတ်ပစ္စည်း သကြားတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အဆင့်တွေကတော့.. ပထမဆုံးအဆင့်မှာက သကြားဓာတ်ပါဝင်တဲ့ အစားအစာအားလုံးကို ရှောင်ရှားရပါမယ်။
ဒီလိုမျိုးလျှော့လိုက်တဲ့အခါ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ သက်သာစေသလားဆိုတာကို ကြည့်သွားရပါမယ်။
တိုးတက်မှုရှိတယ်ဆိုရင် ဒီနည်းလမ်းက မိမိနဲ့သင့်လျော်တယ်လို့ ဆိုရမှာပါ။
ဒုတိယအဆင့်ကတော့ ၆ ပတ်ပြီဂနောက် သိသိသာသာတိုးတက်လာတယ်ဆိုရင် ပထမအဆင့်မှာ ရှောင်ရှားခဲ့တဲ့ သကြားဓာတ်အစားအစာတွေကို ဖြည်းဖြည်းချင်း ပြန်စားသုံးကြည့်ရမှာပါ။
ဒါကတော့ ဘယ်အစားအစာတွေက ဘယ်လောက်ပမာဏစားရင် ရောဂါလက္ခဏာဖြစ်လဲဆိုတာကို ရှာဖွေ့ဖို့ဖြစ်ပါတယ်။
တတိယအဆင့်ကတော့ မိမိနဲ့တည့်တဲ့ အစားအစာတွေကိုသာ ကျင့်ကြံစားသုံးသွားဖို့ပဲဖြစ်ပါတယ်။
FODMAP နည်းလမ်းက ဗိုက်မအီမသာဖြစ်ခြင်း လက္ခဏာတွေ ပိုမိုဆိုးရွားစေတဲ့ အရာတွေကို သိရှိလာစေနိုင်ပြီး စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။
အချို့လူတွေကတော့ ပထမအဆင့်မှာပင် မတက်နိုင်ဘဲ ရောဂါလက္ခဏာဖြစ်မှာကို စိုးရိမ်ပြီး အစားရှောင်ကြပါတယ်။
FODMAP နည်းလမ်းဖြင့် အဆင်မပြေရင် အခြားနည်းလမ်းများ အစားထိုးအသုံးပြုဖို့ ကြိုးစားသင့်ပါတယ်။
#World_Health #ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်း
Source: The Jerusalem Posth
Published_ 22 July 2023
သူ့အနေနဲ့ ဥရောဘယ်ကလပ်အသင်းကိုမှ ပြန်ပြောင်းရွှေ.မှာမဟုတ်ကြောင်း ဆော်ဒီလိဂ်အတွက် လမ်းကြောင်း ဖွင့်ပေးခဲ့ကြောင်း အခုအချိန်မှာကစားသမားကောင်းတွေရောက်လာကြပြီဖြစ်ကြောင်းကမ္ဘာ့ထိပ်တန်းဘောလုံးသမားစီရော်နယ်ဒိုကပြောကြားခဲ့ပါတယ်။
"ကျွန်တော်ဆော်ဒီလိဂ်ကိုပြောင်းရွေ့ဖို့ဆုံးဖြတ်ချက်ကနောက်ထပ်ကစားသမားတွေရောက်လာဖို့ရာနှုန်းပြည့်သေချာစေခဲ့ပါတယ် ဂျူဗငိတပ်ကိုပြောင်းရွှေ့ခဲ့တုန်းကစီးရီးအေးဟာအသက်သေဆုံးသလိုဖြစ်နေခဲ့ရာကပြန်လည်ရှင်သန်စေခဲ့ပါတယ်။
ကျွန်တော်သွားရာနေရာတိုင်းမှာမြင့်မားတဲ့အကျိုးကျေးတော်သွားရာနေရာတိုင်းမှာမြင့်မားတဲ့အကျိုးကျေးဇူးတွေဖြစ်စေခဲ့ပနေရာတိုင်းမှာမြင့်မားတဲ့အကျိုးကျေးဇူးတွေဖြစ်စေခဲ့ပါတယ်"လို့ရော်နယ်ဒိုကပြောပါတယ်။
"ပြောင်းခဲ့တုန်းကအားလုံးကဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ် ဒါပေမယ့်အခုဘာတွေဖြစ်နေသလဲကြည့်လိုက်ပါ။တစ်နှစ်အတွင်းမှာထိပ်တန်းကစားသမားတွေပိုပြီး ရောက်လာပါလိမ့်မယ်ဆော်ဒီလိဂ်ဟာတူရကီလိဂ်နဲ့ဒတ်ခ်ျလိဂ်တွေကိုကျော်ဖြတ်နိုင်ပါလိမ့်မယ်"လို့ရော်နယ်ဒိုကပြောခဲ့ပါတယ်။
Ref:goal.com 23.7.20231 mj/
#YMG #Yangon_Times
ကမ္ဘာတဝှမ်းမှာ ကွန်ဖူးကိုအရူးအမူးဖြစ်စေခဲ့တဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့သူ အဆင့်မြင့်သိုင်းပညာရှင် 'ဘရုစ်လီ'ဟာ အသက် ၃၂ နှစ်အရွယ် မကွယ်လွန်ခင်မှာ ဟောလိဝုဒ်နာမည်ကျော်အဆင့် ရောက်ရှိခဲ့တဲ့ ပထမဆုံး အာရှသရုပ်ဆောင်မင်းသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
Published 21 July 2023
#World_Legacy #ဘရုစ်လီ၏အမွေအနှစ် နှစ်ပေါင်း(၅၀)ကြာသည့်တိုင်အောင် တည်တံ့နေဆဲ
#Daily_News
Published_ 21 July 2023
၁။ ဂျပန်၊ ကိုရီးယားနှင့်အာဆီယံနိုင်ငံများသို့ မြန်မာ့ရွှေထည်၊ စိန်ထည်များ ပြန်တင်ပို့တော့မည်
၂။ မြန်မာ့ပင်လယ်ပြင်တွင် ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်လ်သွယ်တန်းမှု စတင်ပြုလုပ်နေ
၃။ ထိုင်းကြက်ခြေနီအသင်းက မိုခါမုန်တိုင်းသင့်ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများပေးအပ်
၄။ ကိုယ်ခံပညာရှင်အကျော်အမော် ဘရုစ်လီ၏အမွေအနှစ် နှစ်ပေါင်း(၅၀)ကြာသည့်တိုင်အောင် တည်တံ့နေဆဲ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Ukraine_Crisis
Published 21 July 2023
ယူကရိန်းထိုးစစ်လမ်းကြောင်းမှာ ပိတ်ဆို့ထားတဲ့ ရုရှားတပ်များရှိတဲ့နေရာတွေကို ဖြိုခွဲဖို့အတွက် ယူကရိန်းတပ်များဟာ အမေရိကန်မှ ထောက်ပံ့ပေးထားတဲ့ ပြန့်ကျဲဗုံးများ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ယူကရိန်းအရာရှိများနှင့် နီးစပ်သူများရဲ့ ပြောကြားချက်ကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။
ထိုလက်နက်တွေဟာ အရပ်သားတွေအတွက်ပါ အန္တရာယ်များတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ထားပြီး အခုလိုမျိုး အသုံးပြုတဲ့အပေါ် အငြင်းပွားမှုတွေ ရှိလာပါတယ်။
အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒင်'က လက်နက်တင်ပို့ခြင်း ကန့်သတ်ချက်အချို့ကို ကျော်လွန်ပြီး ဒီလိုလက်နက်တွေကို ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို နောက်ထပ်လက်နက်တွေ မရသေးတဲ့အချိန်အထိ ယူကရိန်းစစ်ရေးအားထုတ်မှုတွေကို ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။
ယူကရိန်းက ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေတဲ့ နယ်မြေများမှာ ယူကရိန်းထိုးစစ်ဆင်မှုကို နှောင့်နှေးစေတဲ့ ရုရှားတပ်များကို တိုက်ခိုက်ဖို့အတွက် အဆိုပါပြန့်ကျဲဗုံးတွေ အသုံးပြုတာဖြစ်ကြောင်း ယူကရိန်းအရာရှိများက ဆိုပါတယ်။
ထိုလက်နက်များဖြင့် လက်နက်အင်အား၊ တပ်ဖွဲ့အင်အား သိသိသာသာ နည်းပါးခြင်းအခြေအနေမှာ တန်ပြန်အသာရစေနိုင်မယ်လို့ အရာရှိများက ဆိုပါတယ်။
ဗုံးများကို ယူကရိန်းအရှေ့တောင်ပိုင်း ရှေ့တန်းနေရာတွေမှာသာမက ရုရှားတို့ထိန်းချုပ်ထားတဲ့ ဘက်ခ်မွတ်မြို့အနီးမှာလည်း အသုံးပြုနေကြောင်း တာဝန်ရှိသူများရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများက ဖော်ပြနေကြပါတယ်။
ဒီလက်နက်တွေကို ယူကရိန်းသို့ ပေးပို့ရန် ဘိုင်ဒင်က ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာဖြစ်ပြီး ထိုဆုံးဖြတ်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့များ၊ ဥရောပမဟာမိတ်များ၊ အချို့သော ဒီမိုကရက်တွေက ဆန့်ကျင်နေကြပါတယ်။
ထိုဗုံးတွေထဲကနေ ဗုံးအသေးအမွှားများစွာက ပြန့်ကျဲထွက်သွားကာ အရပ်သားတွေအတွက် ဘေးအန္တရာယ်များစေတဲ့အပြင် စစ်ပွဲများပြီးသည့်တိုင်အောင် မပေါက်ကွဲဘဲ ကျန်ရှိနေနိုင်တာကြောင့် နိုင်ငံပေါင်း ၁၂၀ ကျော်မှာ တားမြစ်ထားပါတယ်။
ရုရှားသမ္မတ 'ဗလာဒီမာပူတင်'က ယူကရိန်းတို့ အဆိုပါလက်နက်အသုံးပြုခြင်းကို သတိပေးလိုက်ကာ အသုံးပြုခဲ့ပါက လက်တုန့်ပြန်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
၂၀၂၂ ကျူးကျော်ချိန်ကစလို့ ရုရှားတို့ဟာလည်း ယူကရိန်းနေရာအများအပြားမှာ အဆိုပါဗုံးများကို အကြိမ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်တာကို သတိပြုသင့်တယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။
ယူကရိန်းက လူနေထူထပ်ရာနေရာတွေမှာ ထိုလက်နက်တွေ အသုံးပြုမှာမဟုတ်ကြောင်း၊ အသုံးပြုပြီးနောက် ထိုနေရာတွေမှာ ရှင်းလင်းရေးသေချာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အခိုင်အမာဆိုထားပါတယ်။
#Ukraine_Crisis #ယူကရိန်းတို့ပြန့်ကျဲဗုံးများအသုံးပြု၍ရုရှားတပ်များကိုတိုက်ခိုက်
Source: WION
#World_Health
Published 21 July 2023
အသက်အရွယ်ရလာတဲ့အခါ ကျန်းမာရေးကို ခြိမ်းခြောက်လာပြီး အထူးသဖြင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်လာပါတယ်။
အမြဲစွမ်းဆောင်မှု မြင့်မားနေအောင်၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင်၊ စွမ်းရည်အသစ်များ သင်ယူချင်စိတ်ရှိလာအောင် ကျွန်ုပ်တို့ရဲ့မှတ်ဉာဏ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
အသက်ကြီးလာတဲ့အခါ တစ်ခုခုကို သင်ယူလေ့လာရာမှာ ခက်ခဲလာခြင်း၊ သတိမေ့ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါပေမဲ့ အသက်ကြီးသူတွေမှာ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းရည် တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေရှိကြောင်း သုတေသန တွေ့ရှိထားပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
နေ့စဉ်အခြေခံ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။
- ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးပါက မှတ်ဉာဏ်စွမ်းရည် လျော့ကျခြင်းကို ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းစေပါတယ်။
ပရိုတိန်း၊ ကျန်းမာရေးအတွက် သင့်လျော်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်များ စားသုံးသင့်ပြီး သန့်စင်ပြီးသကြားတွေကို ရှောင်ရှားသင့်ပါတယ်။
- စိတ်နှင့်ဦးနှောက်ကို လှုံ့ဆော်ခြင်း
ပဟေဌိဖြေရှင်းခြင်း၊ စာဖတ်ခြင်း၊ စွမ်းရည်အသစ်သင်ယူခြင်း၊ ဗျူဟာမြောက်ဂိမ်းများ ဆော့ကစားခြင်းဖြင့် ဦးနှောက်ကို အလုပ်လုပ်စေပါ။
ထိုသို့ပြုလုပ်သွားခြင်းဖြင့် ၇ နှစ်တာကာလအတွင်း ဒီမန်ရှာဖြစ်နိုင်ချေ ၄၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။
- ဖိစီးမှုလျှော့ချပေးခြင်း
သီချင်းနားထောင်ခြင်း၊ ခရီးသွားခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့ပေးကာ မှတ်ဉာဏ်စွမ်းရည်ကို ပြုပြင်ပေးပါတယ်။
- လုံလောက်စွာ အိပ်စက်ခြင်း
တစ်ညကို ၇ နာရီမှ ၉ နာရီကြား အိပ်စက်ပေးသင့်ပြီး အိပ်ရေးမဝတဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။
#World_Health #ဦးနှောက်ထက်မြက်နေစေမည့်အလေ့အကျင့်
Source: India Today
Page 514 of 985