#Daily_News
Published_ 26 January 2024
၁။ ရန်ကုန်တွင် ဆောင်းမိုးရွာသွန်း၊ ဒေသ(၉)ခု၌ ဆောင်းမိုးထစ်ချုန်းရွာဦးမည်
၂။ တစ်ရက်အတွင်း စက်သုံးဆီတစ်လီတာ ကျပ်၁၀၀ကျော် မြင့်တတ်လာ
၃။ စပါးဈေးတစ်လ ကျပ်နှစ်သိန်းခန့်အထိ မြင့်တက်နေ
၄။ တက္ကဆပ် နယ်စပ်၌ကာရံထားသည့် သံစူးကြိုးများ ယာယီဖယ်ရှားရန် အမေရိကန်တရားရုံးချုပ် အတည်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 26 January 2024
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောရဲ့ ဇနီးဖြစ်သူက သင်းအုပ်ဆရာတစ်ဦးထံကနေ တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံး လက်ခံရယူပုံကို ဗီဒီယိုကင်မရာဖြင့် ဖမ်းယူရရှိပြီးနောက် လူသိရှင်ကြား တောင်းပန်ရန် သမ္မတကြီးကို ဖိအားပေးလာကြပါတယ်။
ဒီအဖြစ်အပျက်ကြောင့် လာမယ့် ပါလီမန်ရွေးကောက်ပွဲတွေမှာ အာဏာရကွန်ဆာဗေးတစ်တွေအတွက် အထိနာလိမ့်မယ်လို့ သုံးသပ်ရေးများက ဆိုလိုက်ပါတယ်။
သမ္မတကတော် ကင်မ်ကီယွန်ဟီက အမေရိကန် သင်းအုပ်ဆရာမှပေးတဲ့ ဒေါ်လာ ၂၂၀၀ တန် Dior လက်ကိုင်အိတ်ကို လက်ခံရယူနေတဲ့ ဗီဒီယိုတစ်ခုဟာ အွန်လိုင်းမှာ တက်လာခဲ့တာ ဖြစ်ပါတယ်။
သင်းအုပ်ဆရာကတော့ သမ္မတကတော် အကျင့်ပျက်ခြစားတယ်ဆိုတာကို သက်သေဖို့အတွက် ဒီအထောက်အထားကို လျှို့ဝှက်စွာ ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
ယွန်ဆော့ယောက ဒီပြဿနာဟာ အလိုလိုပြေပျောက်သွားမယ်လို့ မျှော်လင့်နေပေမယ့် မဲဆန္ဒရှင်တွေ ပိုမိုစိတ်ပျက်လာတဲ့ အခြေအနေတွေကြောင့် လျစ်လျူရှုထားလို့ မရတော့ပါဘူး။
သမ္မတကတော် လုပ်ရပ်မှားတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေ ပျံ့နှံ့နေချိန်မှာ သမ္မတကတော်တစ်ယောက်အနေနဲ့ တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံး လက်ခံရယူပုံ မှတ်တမ်းတင်တွေ့ရှိတာဟာ ဒါပထမဆုံး ဖြစ်ရပ်ပါပဲလို့ ဆိုးလ်မြို့ရှိ အစိုးရသမ္မတရဲ့ အကြံပေးအဖွဲ့အစည်း အကြီးအကဲ ချွဲဂျင်က ပြောပြသွားပါတယ်။
Source: South China Morning Post
#World_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 26 January 2024
ဆောင်းရာသီအတွင်း ချမ်းအေးတဲ့ ရာသီဥတုကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာတွေ ပိုမိုဆိုးရွား ဖြစ်ပွားစေနိုင်ပါတယ်။
အေးမြတဲ့လေက ခြောက်သွေ့တာကြောင့် ချောင်းဆိုးနှာချေခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်းတို့ ဖြစ်နိုင်ပြီး အသက်ရှူလမ်းကြောင်းရှိ သွေးကြောများ ကျုံ့စေကာ အသက်ရှူရ ခက်ခဲစေပါတယ်။
ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အဆုတ်လုပ်ဆောင်ချက် ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေနည်းစေပါတယ်။
အဆုတ်ကျန်းမာရေးကို မြှင့်တင်စေနိုင်မယ့် အစားအစာတွေကတော့..
(၁) ကြက်သွန်ဖြူမှာ ရောဂါပိုးသေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသက်ရှူလမ်းကြောင်း ကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
(၂) ဂျင်းက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးနိုင်ကာ အသက်ရှူလမ်းကြောင်းစနစ်မှာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
(၃) နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိနဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတို့ ပါဝင်ပါတယ်။
(၄) ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး အဆုတ်မှာ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။
(၅) ဟင်းနုနွယ်နဲ့ ကိုက်လံတို့လို ဟင်းရွက်စိမ်းတွေမှာ ဗိုက်တာမင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အသက်ရှူလမ်းကြောင်း ပြဿနာများကို လျှော့ချပေးပါတယ်။
(၆) ဗာဒံသီးနဲ့ လျှော်စေ့တို့လို အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်များ ပါဝင်ပြီး အဆုတ်အတွင်း ရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
(၇) လိမ္မော်သီး၊ ကျွဲကောသီးတို့လို အချဥ်ဓာတ်ပါတဲ့ အသီးတွေဟာ ဗိုက်တာမင်စီကြွယ်ဝတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကို လျှော့ချပေးပါတယ်။
(၈) လက်ဖက်စိမ်း
လက်ဖက်စိမ်းဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အဆုတ်တစ်ရှူးများကို ကာကွယ်ပေးပါတယ်။
(၉) သလဲသီးဖျော်ရည် သောက်သုံးခြင်းဖြင့် ရောင်ရမ်းခြင်းများကို လျှော့ချပေးပြီး အသက်ရှူလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။
(၁၀) ဆယ်လ်မွန်ငါးမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ပါဝင်တာကြောင့် အဆုတ်ကျန်းမာရေးကို အကျိုးပြုပါတယ်။
ထိုအစားအစာတွေကို မျှတအောင် စားသုံးပါက အသက်ရှူလမ်းကြောင်း ပြဿနာတွေကို လျှော့ချနိုင်ပေမယ့် မူလကတည်းက ကျန်းမာရေးပြဿနာများ ရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 26 January 2024
ခွေးလေးတွေက ခွေးကြီးတွေထက် ဘာလို့အသက်ပိုရှည်ရသလဲဆိုတဲ့ အကြောင်းအရင်းကို နှစ်ပေါင်းများစွာ ဆွေးနွေးလေ့လာပြီးနောက် သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။
ခွေးအကြီးတွေရော ခွေးလေးတွေရောက ရောဂါဖြစ်ပွားမှု အကြိမ်ရေ တူတူနီးပါး ဖြစ်လေ့ရှိပေမယ့် ခွေးကြီးတွေက အခြေအနေ ပိုပြင်းထန်လေ့ရှိတယ်လို့ ဝါရှင်တန်တက္ကသိုလ်က လေ့လာဖော်ပြခဲ့ပါတယ်။
အမေရိကန်တဝှမ်းရှိ ခွေးမျိုးစိတ် ၂၃၈ မျိုးပါဝင်တဲ့ အကောင်ပေါင်း ၂၇၅၀၀ ခန့်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ပါတယ်။
ခွေးတွေမှာ ကျန်းမာရေးပြဿနာများ ခံစားရဖူးလားဆိုတာတွေကို ခွေးပိုင်ရှင်တွေကို မေးမြန်းခဲ့ပါတယ်။
ခွေးတွေရဲ့ ပျမ်းမျှအလယ်အလတ် သက်တမ်းက အမျိုးအစားအားလုံးမှာ ၇ နှစ်ဖြစ်ခဲ့ပါတယ်။
အချက်အလက်များ ဆန်းစစ်ပြီးနောက် အရွယ်အစားကြီးတဲ့ ခွေးတွေဟာ ကင်ဆာ၊ အရိုးရောဂါများ၊ အစာအိမ်အူလမ်းကြောင်း ပြဿနာ၊ အာရုံကြော၊ ဟော်မုန်းရောဂါများ၊ နား နှာခေါင်း လည်ချောင်းပြဿနာများ၊ ကူးစက်ရောဂါများ ပိုပြီးအဖြစ်များကြောင်း တွေ့ရှိခဲ့ပါတယ်။
ခွေးကြီးတွေရဲ့ ဖွံ့ဖြိုးမှုပုံစံက အရိုးငြမ်းဖွံ့ဖြိုးစဥ် အလျင်အမြန် ကိုယ်အလေးချိန် တက်လာပြီး အရိုးနဲ့ ကြွက်သားဆက်စပ်ရောဂါများ ဖြစ်နိုင်ခြေများတာနဲ့ ပတ်သက်နေတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ခွေးလေးတွေကတော့ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ မျက်စိပိုင်းဆိုင်ရာ ပြဿနာများ ပိုအဖြစ်များပြီး အသည်းနဲ့ ပန်ကရိယရောဂါများလည်း ဖြစ်တတ်ပါတယ်။
ဒါပေမဲ့လည်း ခွေးတွေရဲ့ အသက်၊ အရွယ်အစား၊ ရောဂါဖြစ်နိုင်ခြေတို့နဲ့ ပတ်သက်တဲ့ ဆက်စပ်မှုများကို ရှင်းလင်းအောင်ပြုလုပ်ဖို့ နောက်ထပ်သုတေသနတွေ လိုအပ်ကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ပျမ်းမျှနေထိုင်သက်တမ်း နည်းပါးတဲ့ ခွေးကြီးမျိုးစိတ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိဖို့အတွက် ထိုတွေ့ရှိချက်တွေက အထောက်အကူဖြစ်လာနိုင်ပါတယ်။
တိရိစ္ဆာန်ဆရာဝန်တွေလည်း ခွေးကြီးတွေဖြစ်တတ်တဲ့ အခြေအနေတွေကို ပိုမိုသိရှိပြီး ကုသစေနိုင်မှာ ဖြစ်ပါတယ်။
Source: WION.
#World_Research
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးတွေရဲ့ ကုန်ကျစရိတ် သက်သာမှုနဲ့ အဆင်ပြေချောမွေ့မှုတို့ကြောင့် ဒီဂျစ်တယ်စီးပွားရေး ပလက်ဖောင်းတွေကနေ အမေရိကန်သုံးစွဲသူ အများအပြား မှာယူမှုမြင့်တက်လာပါတယ်။
#World_Industry
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 January 2024
၁။ ညပိုင်းအေး၍ ရာသီတုပ်ကွေးနှင့် ကိုဗစ်အဖြစ်များနေ၊ ကိုဗစ်က ရာသီတုပ်ကွေးဆန်လာဟုဆို
၂။ သင်္ကြန်ကာလအတွက် ဥရောပနှင့် ဒေသတွင်း ပြည်ပခရီးစဉ်များ ရောင်းချရမှု များပြားနေသော်လည်း ကိုဗစ်မတိုင်မီကာလကို မမှီသေးဟုဆို
၃။ တောင်သူများ အရှုံးသက်သာဈေးစေရန် အတွက် ဒေသပေါက်ဈေးအတိုင်းပေးပြီး မြေပဲတောင့် တန်၇၀၀ကျော် ၀ယ်ယူနိုင်ခဲ့ဟုဆို
၄။ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးများ အမေရိကန်မှ မှာယူသူအလွန်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 25 January 2024
မြောက်ကိုရီးယားက ယင်းတို့ရဲ့ ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်အသစ်ကို ဗုဒ္ဓဟူးနေ့က စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
အဆိုပါ ဒုံးကျည်စမ်းသပ်မှုကို တောင်ကိုရီးယားစစ်တပ်ဘက်က ထိုနေ့မတိုင်ခင်ကတည်းက ပြောထားတာ ဖြစ်ပါတယ်။
Pulhwasal-3-31 လို့ အမည်ပေးထားတဲ့ ဒုံးကျည်ဟာ လက်ရှိမှာ ထုတ်လုပ်နေဆဲဖြစ်ပြီး စမ်းသပ်ပစ်ခတ်မှုက အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိခဲ့ဘဲ ဒေသတွင်းအခြေအနေတွေနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ မီဒီယာက ဖော်ပြခဲ့ပါတယ်။
ဒုံးကျည်ထိန်းချုပ်ကွပ်ကဲရေးရဲ့ ပြောကြားချက်အရ အဆိုပါစမ်းသပ်မှုဟာ တိုင်းပြည်ရဲ့ လက်နက်လုပ်ငန်းစဥ်များကို အဆင့်မြှင့်တင်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
စမ်းသပ်ချက်က လက်ရှိဒုံးကျည်စွမ်းရည်များရဲ့ အဆင့်မြှင့်တင်ချက်တွေကို စမ်းသပ်ရန် ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲကာကွယ်ရေးစစ်ဦးစီးချုပ်က ယုံကြည်နေပါတယ်။
မြောက်ကိုရီးယားဟာ ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်မှာ ပဲ့ထိန်းဒုံးကျည်များကို အနောက်ကမ်းရိုးတန်းဘက် ပင်လယ်သို့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒုံးကျည်စမ်းသပ်မှုက အိမ်နီးချင်းနိုင်ငံကို အပြင်းအထန် ခြိမ်းခြောက်ရာကျတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်က ရှုတ်ချလိုက်ပါတယ်။
ဗျူဟာမြောက်လို့ ဆိုရာမှာ နျူကလီးယား လက်နက်တွေကို ရည်ညွှန်းပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၁ စက်တင်ဘာလမှာ နျူကလီးယား စွမ်းရည်ပါတဲ့ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးစမ်းသပ်ခဲ့ပါတယ်။
စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ကာကွယ်ရေးတို့ မြှင့်တင်ရန်အတွက် ၂၀၂၇ ခုနှစ်မှာ ကင်းထောက်ဒရုန်း အမြောက်အများ ထုတ်လုပ်ဖို့ကိုလည်း ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပဋိဉာဥ်စည်းမျဥ်းတွေကနေ တားမြစ်ထားခြင်းမရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ တိုက်ချင်းပစ်ဒုံးကျည်တွေလောက် သိပ်ပြီးမစိုးရိမ်ကြပါဘူး။
ဒါပေမဲ့ အန္တရာယ်ပေးနိုင်စွမ်းကတော့ မလျော့နည်းဘဲ မြောက်ကိုရီးယားအတွက် အားကိုးရာလက်နက် ဖြစ်နေတယ်လို့ သုံးသပ်သူများက ဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေနဲ့ တာတိုပစ် တိုက်ချင်းပစ်ဒုံးကျည်တွေကို သာမန်လက်နက် ဒါမှမဟုတ် နျူကလီးယားလက်နက် တပ်ဆင်ပါက တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်စေနိုင်ပါတယ်။
Source: Reuters
#World_Military
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 515 of 1124