#World_News
Published 21 April 2024
▪️ အမေရိကန်မှ လူကြိုက်များတဲ့ မုန့်အချို့နဲ့ သကြားလုံးတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်နေတာကြောင့် ပြည်နယ်အများအပြားမှာ ပိတ်ပင်ခံရနိုင်ပါတယ်။
▪️ ထိုထဲမှာ Lucky Charms ၊ Froot Loops တို့လို အာဟာရကွေကာများ၊ Skittles၊ Nerds၊ M&M’s၊ Swedish Fish တို့လို သကြားလုံးချိုချဥ်များ၊ Flamin’ Hot Cheetos ၊ Doritos တို့လို မုန့်များ၊ Gatorade နဲ့ အခြားအားဖြည့်အချိုရည်များ ပါဝင်နေပါတယ်။
▪️ ထိုမုန့်တွေထဲက ဓာတုပစ္စည်းတွေကို ဥရောပနေရာအများစုမှာ ပိတ်ပင်ထားပြီးဖြစ်ပြီး အခုဆိုရင် အမေရိကန် ပြည်နယ်အများအပြားကလည်း ထိုကဲ့သို့ ပြုလုပ်ရန်ကြိုးပမ်းလာပါတယ်။
▪️ ပိုတက်ဆီယမ် ဘရိုမိတ်ဆိုရင် ပေါင်မုန့်သားတောင့်တင်းဖို့ အသုံးပြုကြပေမယ့် ကြွက်တွေမှာ ကင်ဆာဖြစ်နိုင်ပြီး လူသားတွေမှာ ကျောက်ကပ်ပြဿနာများ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
▪️ ထိုသို့ပိတ်ပင်မယ့် ဥပဒေကြမ်းကို ၂၀၂၇ မှာ စတင်အသက်သွင်းမှာ ဖြစ်ပေမယ့် ကယ်လီဖိုးနီးယားမှာသာ ဖြစ်ပါတယ်။
▪️ မတ်လ ၅ ရက်နေ့မှာ လွှတ်တော်အမတ်တွေက နယူးယော့ခ်ပြည်သူတွေကို အဆိပ်သင့်အစားအစာတွေမှ ကာကွယ်နိုင်စေရန် ဥပဒေကြမ်းနှစ်ခုကို ပြသခဲ့ပါတယ်။
▪️ အဆိုပြုမူကြမ်းထဲမှာ တိုက်တေနီယမ် ဒိုင်အောက်ဆိုဒ်၊ BHA ၊ အေဇိုဒိုင်ကာဗွန်နမိုက်တို့ကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
▪️ အချို့သောအရောင်ဆိုးဆေးတွေဆိုရင် ကလေးတွေမှာ အပြုအမူ မမှန်ခြင်း၊ ကင်ဆာဖြစ်နိုင်ခြေများခြင်း၊ DNA နဲ့ အာရုံကြောစနစ်တို့ကို ထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ နိုဝင်ဘာလကဆိုရင် အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ ဘရိုမင်းပါဝင်သော ဟင်းရွက်ဆီကို တားမြစ်ရန် FDA က အဆိုပြုခဲ့ပါတယ်။
▪️ ဒီလိုတားမြစ်တာဟာ အစားအစာတွေကို လုံးဝပထုတ်တာမဟုတ်ဘဲ ပါဝင်ပစ္စည်းတွေကို ပြောင်းလဲစေချင်တဲ့ သဘောဖြစ်တယ်လို့ အစားအသောက်ဘေးကင်းရေး ညွှန်ကြားရေးမှူး ဘရိုင်ယန်ရွန်ဟုမ်းက ပြောပြသွားပါတယ်။
#Source: New York Post
#World_Health
Published 21 April 2024
ဆယ်လ်မွန်နဲလားနဲ့ အီးကိုလိုင်တို့လို ဘက်တီးရီးယားတွေမှာ လက္ခဏာအသစ်တစ်မျိုး တွေ့ရှိခဲ့ပြီး ဘက်တီးရီးယားသွေးစုပ်ခြင်းလို့ ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ခေါ်ဝေါ်လိုက်ပါတယ်။
ထိုဘက်တီးရီးယားတွေဟာ အစားအစာတွေကနေ ရောဂါကူးစက်တတ်ပါတယ်။
ထိုပိုးမွှားတွေ အူထဲကနေ သွေးထဲသို့ ဘယ်လိုရွေ့လျားသွားလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ မသိတာကြာခဲ့ပါပြီ။
ယခုလေ့လာချက်အရတော့ အစာအဖြစ် အသုံးပြုနိုင်တဲ့ အာဟာရဓာတ်တွေ ရှိနေရာ သွေးရည်ကြည်ကို ဘက်တီးရီးယားတွေက စိတ်ဝင်စားတာ ဖြစ်ပါတယ်။
သွေးရည်ကြည်ရှိတဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေကို တွေ့ရှိနိုင်ပြီး အစာခြေစနစ်ထဲက ဒဏ်ရာငယ်လေးတွေကနေ သွေးကြောထဲသို့ ဝင်ရောက်လာကာ အူရောင်ရောဂါ ဖြစ်နေတဲ့သူဆိုရင် ရောဂါပိုးဝင်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
သွေးပမာဏအနည်းငယ်မျှဖြင့် သွေးစုပ်ဘက်တီးရီးယားတွေကို ဆွဲဆောင်နိုင်ပါတယ်။
သွေးထဲကို ကူးစက်လာတဲ့ ဘက်တီးရီးယားတွေက အသက်အန္တရာယ် ပေးနိုင်ကြောင်း၊ ထိုပိုးမွှားတွေက သွေးထဲက ဓာတုပစ္စည်းတစ်မျိုးကို အနံ့ခံကာ ရောက်ရှိလာနိုင်ကြောင်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပြုစုသူ အာဒင်ဘေးလင့်က ဆိုပါတယ်။
စွမ်းအားမြင့် အဏုကြည့်မှန်ဖြင့် အူနံရံသွေးယိုစိမ့်ခြင်း ပြုလုပ်ကာ သွေးရည်ကြည်ထဲသို့ ဘက်တီးရီးယားများ ဝင်ရောက်လာပုံကို ကြည့်ရှုခဲ့ကြပါတယ်။
ဆယ်လ်မွန်နဲလား ဘက်တီးရီးယားမှာ Tsr လို့ခေါ်တဲ့ ပရိုတိန်းတစ်မျိုးပါဝင်ပြီး ဘက်တီးရီးယားတွေ သွေးရည်ကြည်သို့ ရောက်ရှိလာအောင် ကူညီပေးပါတယ်။
#World_Health #သွေးစုပ်ဘက်တီးရီးယားများ #Source: WION
တစ်နှစ်(၂)ကြိမ်ကျင်းပသည့် အီရန်တပ်မတော်နေ့စစ်ရေးပြပွဲအခမ်းအနားအား လုံခြုံရေးတင်းကြပ်စွာဖြင့် ကျင်းပ
ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ အီရန်အမျိုးသား တပ်မတော်နေ့မှာ မြို့တော်တီရန်ရှိ စစ်အခြေစိုက်စခန်းတစ်ခုမှ လက်နက်များဖြင့် စစ်ရေးပြပွဲ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးလ်နဲ့ အခြေအနေ တင်းမာနေတဲ့ အနေအထားကြောင့် စစ်ရေးပြပွဲနားတဝိုက်မှာ လုံခြုံရေးတင်းကြပ်ထားခဲ့ပါတယ်။
#World_News
Published_ 20 April 2024
#အီရန်တပ်မတော်နေ့စစ်ရေးပြပွဲ #လုံခြုံရေးတင်းကြပ်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 April 2024
၁။ ကချင်ဒေသခံများ ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် စိုးရိမ်ပူပန်နေ
၂။ သင်္ကြန်ပြီးကာလတွင် ကြက်သွန်ဖြူ တစ်ပိဿာကျပ် ၁၅၀၀ခန့် ဈေးပြန်ကျ
၃။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလေးသိန်းကျော်ဝင်ရောက်ခဲ့
၄။ တစ်နှစ်(၂)ကြိမ်ကျင်းပသည့် အီရန်တပ်မတော်နေ့စစ်ရေးပြပွဲအခမ်းအနားအား လုံခြုံရေးတင်းကြပ်စွာဖြင့်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 20 April 2024
သောကြာနေ့က အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လျှို့ဝှက်လာဘ်ပေးကိစ္စ တရားရင်ဆိုင်နေရတဲ့ မန်ဟက်တန်တရားရုံး အပြင်ဘက်မှာ မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ဖလော်ရီဒါမှ အမျိုးသားဟာ သူ့ကိုယ်သူ စုံစမ်းစစ်ဆေးရေး သုတေသီတစ်ဦးလို့ ဖော်ပြခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့နှစ်က ပိုပြီးတော့ အပြုအမူမမှန်တဲ့ပုံစံ ဖြစ်လာပြီး အထက်တန်းလွှာလူတန်းစားနဲ့ ပတ်သက်လို့ ပူးပေါင်းကြံစည်မှု အရှုပ်တော်ပုံသီအိုရီများအကြောင်း စာတမ်းရှည်ကြီးဖြင့် ထုတ်ဖော်ပြခဲ့သူ ဖြစ်ပါတယ်။
စိန့်အော်ဂတ်စတင်မှ အသက် ၃၇ နှစ်ရှိ မက်စ်အက်ဇရယ်လိုဟာ လက်ကမ်းစာစောင်တွေ ပစ်ကျဲပြီးနောက် ကော်လက်ရေကန်ဥယျာဥ်မှာ သူ့ကိုယ်သူ ဓာတ်ဆီတွေနဲ့လောင်းပြီး မီးရှို့ခဲ့ပါတယ်။
စာစောင်ခေါင်းစဥ်မှာ ‘’ထရမ့်တရားရင်ဆိုင်သောရုံးအပြင်ဘက်တွင် ကိုယ့်ကိုယ်ကို မီးရှို့လိုက်ပါသည်’’လို့ ဖော်ပြထားပြီး ခရစ်ပ်တိုငွေကြေးနဲ့ ဟောလိဝုဒ်သရုပ်ဆောင်များကစလို့ ကိုဗစ်ကိစ္စ၊ သမ္မတဟောင်း ဘီလ်ကလင်တန်အထိ အကြောင်းအရာမျိုးစုံ ဖော်ပြထားတဲ့ အရှုပ်တော်ပုံတွေကို ကြေငြာချက်ဖြင့် ဖော်ပြထားပါတယ်။
ဒီလိုမျိုး အစွန်းရောက်ဆန္ဒပြရတာဟာ အရေးကြီးတဲ့ တွေ့ရှိမှုကို သိရှိစေလိုတာကြောင့် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ အာဏာရှင်စနစ်ကြီးရဲ့ သားကောင်ဖြစ်နေကြကြောင်း၊ ဒီအစိုးရက ဖက်ဆစ် အာဏာ သိမ်းမှုကို ပြတ်ပြတ်သားသား လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း စာစောင်ထဲမှာ ဖော်ပြ ထားပါတယ်။
၂၀၂၃ ခုနှစ် ဘဏ်ပြဿနာတွေ၊ အထက်တန်းစား စီးပွားရေးသမားများဖြစ်တဲ့ မာ့ခ်ဇူကာဘက်ခ်၊ အီလွန်မက်စ်တို့အကြောင်း ဖော်ပြထားတဲ့အပြင် ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေဟာ ကွဲပြားတဲ့ ရပ်တည်ချက်တွေနဲ့ ပျက်ပြားတဲ့ အခြေအနေကို ဖြစ်လာစေပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့လည်း ဆိုပါတယ်။
သူဟာ ဘစ်အက်ပဲလ်ဆီကို ယခုသီတင်းပတ် အစောပိုင်းက သွားရောက်ခဲ့ပြီး ထိုမြို့ကို သွားခဲ့တာကို သူ့မိသားစု သတိမထားမိခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။
တရားရုံးအပြင်ဘက်ကို အက်ဇရယ်လိုကို ဓာတ်ပုံတွေရိုက်ခဲ့ကြရာ ထရမ့်နဲ့ဘိုင်ဒင်က အတူတူပဲဖြစ်ပြီး ဖက်ဆစ်အာဏာသိမ်းတော့မှာ ဖြစ်တယ်ဆိုတဲ့ စာတမ်းကိုင်ဆောင်ထားခဲ့ပါတယ်။
အက်ဇရယ်လို တရားစွဲဆိုဖူးတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာ ဘီလ်ကလင်တန်၊ မာ့ခ်ကူဘန်၊ ရစ်ချတ်ဘရန်ဆန်၊ ဆော်ဒီအာရေဗျနိုင်ငံ၊ တက္ကဆပ်ဘီလျံနာ၊ ၁၉၉၂ သမ္မတရွေးကောက်ခံ ရော့စ်ပဲရော့တို့အပါအဝင် ၁၀၀ ကျော်ရှိခဲ့ပါတယ်။
အက်ဇရယ်လို မီးရှို့ပြီးနောက် လူနာတင်ကားပေါ်သို့ တင်ပြီးတဲ့အချိန်မှာ NYPD မီဒီယာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးမှူးချုပ် ဟိုဆပ်ကင်နီက ဒီဖြစ်ရပ်ဟာ ဝါဒဖြန့်ခြင်းသာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ NYPD လက်ထောက်ကော်မရှင်နာ ကက်ဇ်ဒေါ့ထရီက ပြောပြသွားပါတယ်။
Source: New York Post
#World_Health
Published 20 April 2024
သွားဆရာဝန်တစ်ဦးက သွားတိုက်ခြင်း မလုပ်ရမယ့် အချိန်တွေကို တစ်တော့ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
လန်ဒန်ဖေရှယ်အက်စ်သဲတစ်ကျောင်းမှ ဒေါက်တာ ရှာဒီမာနိုချက်ရီရဲ့ တစ်တော့ဗီဒီယိုက ကြည့်ရှုသူ ၁၂ သန်းကျော်ရှိထားပြီး ပထမဆုံးအချိန်ကတော့ အော့အန်ပြီးချိန်မှာ သွားမတိုက်ဖို့ ဆိုပါတယ်။
ဒါ့အပြင် နံနက်စာစားပြီးချိန်နဲ့ အချိုစားပြီးချိန်တို့မှာလည်း သွားမတိုက်သင့်ဘူးလို့ မာနိုချက်ရီက ပြောပြသွားပါတယ်။
ထိုအချိန် ၃ မျိုးစလုံးနဲ့ ဆက်စပ်နေတဲ့အချက်က ပါးစပ်ထဲက pH ပမာဏ၊ အက်ဆစ်ပမာဏ ဖြစ်ပါတယ်။
အစာတွေ အချိုတွေ စားပြီးတဲ့အခါ သွားပေါ်က ဘက်တီးရီးယားတွေက ဇီဝဖြစ်ပျက်မှုဖြစ်ပြီး အက်ဆစ်ပြောင်းသွားပါတယ်။
အော့အန်တဲ့အခါမှာလည်း အက်ဆစ်တွေ ထွက်လာတာကြောင့် ချက်ချင်းသွားတိုက်လိုက်ပါက သွားတွေကို အက်ဆစ်နဲ့ ပွတ်တိုက်သလိုဖြစ်ပြီး ထိခိုက်ပျက်စီးစေပါတယ်လို့ ဆိုပါတယ်။
ပါးစပ်ထဲက အက်ဆစ်ဓာတ်က အချိန်ကြာလာတာနဲ့အမျှ ပြေပျောက်သွားပေမယ့် မိနစ် ၃၀ -၆၀ ခန့် ကြာမြင့်တတ်ပါတယ်။
အန်ပြီးချိန်မှာ ရေသောက်ခြင်း၊ သကြားမပါတဲ့ ပီကေဝါးခြင်းတို့ဖြင့် တံတွေးပိုစုလာပြီး အက်ဆစ်မြန်မြန် ပျက်စေပါတယ်။
အက်ဆစ်ဓာတ် မြန်မြန်ပြေစေမယ့် နည်းလမ်းတွေအနေနဲ့ အယ်လ်ကိုဟောမပါတဲ့ ခံတွင်းသန့်စင်ဆေးဆိုရင် သွားတွေကို မပျက်စီးစေဘဲ အက်ဆစ်ဓာတ်ပြေလျော့စေပါတယ်။
သကြားမပါတဲ့ ပီကေဝါးခြင်းကလည်း သဘာဝအတိုင်း တံတွေးထုတ်လုပ်ပေးပါတယ်။
အစာစားပြီးလို့ သွားတိုက်မယ်ဆိုရင် အက်ဆစ်ဓာတ်ပျယ်တဲ့အထိ စောင့်ပြီးမှ သွားတိုက်သင့်တယ်လို့ နောက်ထပ်သွားဆရာဝန်တစ်ဦးကလည်း ထောက်ခံသွားပါတယ်။
နောက်ထပ် သုတေသနများအရလည်း ပါးစပ်ထဲမှာ အက်ဆစ်ရှိချိန် သွားတိုက်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။
သွားများကို ကာကွယ်ဖို့အတွက် အက်ဆစ်ဓာတ်များတဲ့ စားစရာတွေ စားသောက်ပြီးပြီးချင်း သွားတိုက်ခြင်းကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။
#World_Health #သွားမတိုက်သင့်သည့်အချိန်အခါ(၃)မျိုး #အင်္ဂလန်မှသွားဆရာဝန်ဖော်ပြ #Source: New York Post
Published 20 April 2024
ကယ်လ်စီယံဓာတ်က ခန္ဓာကိုယ်မှာ အရိုးနဲ့သွား ကြံ့ခိုင်သန်မာအောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးပါတဲ့အပြင် ကြွက်သားလုပ်ဆောင်ချက်၊ အာရုံကြော သတင်းပို့ခြင်း၊ သွေးခဲခြင်း၊ ဟော်မုန်းထုတ်လုပ်ခြင်းတို့မှာလည်း ပါဝင်ပတ်သက်နေပါတယ်။
နို့၊ ဒိန်ခဲ၊ ဒိန်ချဥ်တို့လို နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ပါဝင်မှု မြင့်မားသလို နို့ထွက်ပစ္စည်း မဟုတ်တဲ့ အစားအစာတွေလည်း ရှိနေပါတယ်။
(၁) ဆော်လ်မွန်ငါး
ကယ်လ်စီယံ ကြွယ်ဝတဲ့အပြင် ပရိုတိန်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-ဒီတို့ ပါဝင်ကာ နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်၊ ကိုယ်ခံအားစနစ်တို့ကို ထောက်ပံ့ပေးပါတယ်။
(၂) တိုဖူး
တိုဖူးက ကယ်လ်စီယံဆာလ်ဖိတ်ဖြင့် ပြုလုပ်ထားတာကြောင့် ကယ်လ်စီယံ ပါဝင်ကာ ပြည့်ဝဆီနည်းပါးပြီး နှလုံးကျန်းမာရေးအတွက် အသားအစားထိုး စားစရာတစ်ခု ဖြစ်ပါတယ်။
(၃) ဗာဒံသီး
ဗာဒံသီးမှာ ကယ်လ်စီယံအပြင် ကျန်းမာရေးနဲ့ ညီညွတ်သော အဆီများ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန် ထိန်းပေးခြင်း၊ ရောင်ရမ်းမှုလျှော့ချပေးခြင်းတို့ ရရှိစေပါတယ်။
(၄) ချီယာစေ့
ချီယာစေ့ဟာလည်း ကယ်လ်စီယံကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ကာ နှလုံးကျန်းမာရေး၊ အစာခြေစနစ် ကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။
(၅) ကိုက်လံ
ကယ်လ်စီယံကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်ပြီး ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်ဝနေကာ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၆) ပန်းဂေါ်ဖီစိမ်း
ကယ်လ်လစီယံအပြင် ဗိုက်တာမင်-စီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
(၇) လိမ္မော်သီး
လိမ္မော်သီးမှာလည်း ကယ်လ်စီယံအပြင် ဗိုက်တာမင်-စီ၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေမှ လျှော့ချပေးပါတယ်။
ထိုကဲ့သို့ ကယ်လ်စီယံကြွယ်ဝတဲ့ အစားအစာများကို ထည့်သွင်းစားသုံးခြင်းဖြင့် ကယ်လ်စီယံလိုအပ်ချက် ဖြည့်ဆည်းနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
Page 511 of 1181