#Daily_News
Published_ 29 January 2024
၁။ ရာသီဥတုအေးချိန်တွင် ရန်ကုန်နှင့်အနီးဆုံး လှည်းကူးရှိသူဌေးကျွန်းနှင့်၊ Resort များကိုလည်ပတ်သူများနေ၊နိုင်ငံခြားသားဝင်ရန် လိုအပ်နေသေး
၂။ ဝါးနက်ဆင်စခန်း၌ ဆင်သရုပ်ပြပွဲများနှင့် တောတွင်းဆင်စီးခရီးစဉ်များလည်း ပြုလုပ်ပေးနေ
၃။ လှည်းကူးရေဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေကြေးများ ထောက်ပံ့ကူညီ
၄။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် အဒယ်လိတ်ကျွန်းရှိပင်ဂွင်းမျိုးစိတ်(၂)မျိုး၏ အကောင်ရေများကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 29 January 2024
ဆီးရီးယားနယ်စပ်နား ဂျော်ဒန်အရှေ့မြောက်ပိုင်းမှာ စခန်းချထားတဲ့ အမေရိကန်တပ်တွေကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်တပ်သား ၃ ဦး သေဆုံးခဲ့ကာ ဒါဇင်များစွာခန့် ဒဏ်ရာရရှိနိုင်တယ်လို့ သမ္မတဂျိုးဘိုင်ဒင်နဲ့ တာဝန်ရှိသူများက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်တပ်တွေကို ပထမဆုံးအကြိမ် ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ကာ အရှေ့အလယ်ပိုင်းတလျှောက် ရိုက်ခတ်မှု ပေါ်ပေါက်လာခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် အီရန်နောက်ခံပြုအဖွဲ့တွေကို ဘိုင်ဒင်က အပြစ်တင်လိုက်ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်ပေမယ့် ဆီးရီးယားနဲ့ အီရတ်တို့မှာရှိနေတဲ့ အီရန်နောက်ခံပြုအဖွဲ့တွေ လုပ်တယ်ဆိုတာကို သိနေပါတယ်လို့ ဘိုင်ဒင်က ပြောကြားသွားပါတယ်။
ဒီနောက် ကျဆုံးသွားတဲ့ စစ်မှုထမ်း ၃ ဦးအတွက် အသံတိတ်ဂုဏ်ပြုဖို့ ဘိုင်ဒင်က တောင်းဆိုလိုက်ပြီး တုန့်ပြန်သွားမယ်လို့ ဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး တပ်သား ၃၄ ဦး ဒဏ်ရာရထားကာ အရေအတွက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။
အမေရိကန် စစ်တန်းလျားအနီးမှာ နံနက်ပိုင်းက ဒရုန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များရတာ ဖြစ်တယ်လို့ အရာရှိ ၂ ဦးက ပြောလိုက်ပါတယ်။
အီရန်အခိုင်အမာ နောက်ခံပြုထားတဲ့ အစ္စလာမ် အတိုက်အခံစစ်သွေးကြွအဖွဲ့က စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းတို့ရဲ့ ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုမြင့်နေရာကနေ ယခုလိုတိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ အီရန်နောက်ခံပြုအဖွဲ့တွေ အကြိမ် ၁၅၀ ကျော် တိုက်ခိုက်ထားတာကို အမေရိကန်တပ်တွေ ကြုံတွေ့ထားပြီး အနည်းဆုံး အယောက် ၇၀ ထိခိုက်ထားပါတယ်။
အမေရိကန် စစ်သင်္ဘောတွေကလည်း ယီမင်မှ ဟူသီအဖွဲ့တွေကို ပစ်ခတ်နေပါတယ်။
အမေရိကန်တပ်တွေ တိုက်ခိုက်ခံနေရတာကို အခွင့်ကောင်းယူပြီး ဘိုင်ဒင်ရဲ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေက သမ္မတဟာပျော့ညံ့နေတယ်လို့ ဝေဖန်လိုက်ကြပါတယ်။
ဂါဇာမှာ အပြစ်မဲ့တွေကို သတ်ဖြတ်နေတာတွေ မရပ်မချင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဟားမတ်စ်အဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
#World_News #အီရန်နောက်ခံပြုအဖွဲ့ #တပ်သား(၃)ဦးသေဆုံး #ဒါဇင်များစွာဒဏ်ရာရ #Source: Reuters
Published 29 January 2024
သွားတိုက်တာနဲ့ ပတ်သက်ပြီး တစ်နေ့ ၂ ခါအနည်းဆုံး တိုက်သင့်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပေမယ့် အတိုက်သင့်ဆုံးအချိန်တွေကို စဥ်းစားထားသင့်ပါတယ်။
နံနက်ခင်းမှာ တိုက်မယ်ဆိုရင် မနက်စာစားပြီးနောက် သွားတိုက်ဖို့ အကြံပြုချင်ပါတယ်။
ဒါဟာ တစ်ညလုံး စုပြုံလာတဲ့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ခံတွင်းသန့်ရှင်းစေပါတယ်။
တစ်နေ့လုံး စားသောက်ထားတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ ညဘက်မှာ သွားတိုက်ဖို့ အထူးတလည် အရေးကြီးပြီး သွားတွေမှာ အက်ဆစ်တွေ စုလာတာကို ဖယ်ရှားဖို့နဲ့ သွားပိုးစားခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
လူအများစုဟာ သွားတိုက်ခြင်းနဲ့ ပတ်သက်ပြီး အမှားတွေပြုလုပ်နေကာ သွားနဲ့ သွားဖုံးတွေကို ထိခိုက်စေပါတယ်။
ပထမဆုံးအမှားက သွားကို အလျင်အမြန် တိုက်ကြတာပါပဲ။
သွားတိုက်ရာမှာ အနည်းဆုံး ၂ မိနစ်ကြာအောင် တိုက်ဖို့အကြံပြုထားပြီး သွားမျက်နှာပြင်တွေ သေချာစွာ သန့်ရှင်းစေမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အားနဲ့ဖိတိုက်ရာမှာ သွားနဲ့ ကြွေလွှာများ တိုက်စားခြင်း ယိုယွင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီအတွက် စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ညင်သာစွာ တိုက်ရမှာ ဖြစ်ပါတယ်။
နောက်ထပ်အမှားက ပါးစပ်ထဲက အချို့နေရာတွေဆီ မရောက်တာပဲ ဖြစ်ပါတယ်။
သွားတွေရဲ့ အတွင်းပိုင်း၊ အနောက်ပိုင်းတွေကိုပါ ထိရောက်စွာ တိုက်ပေးရမှာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က သွားတိုက်တံတွေကို မလဲဘဲ ကြာရှည်စွာ အသုံးပြုတာပါ။
သွားတိုက်တံကို အနည်းဆုံး ၃ လတစ်ကြိမ်လဲပေးသင့်ပြီး ဒါမှသာ သွားကြားတွေထဲကို ထိရောက်စွာ သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။
သွားနှင့်ခံတွင်းကျန်းမာရေးအတွက် တိုက်ပုံတိုက်နည်းနဲ့ အချိန်တို့က မရှိမဖြစ် အရေးကြီးသလို အထက်ဖော်ပြပါ အမှားတွေကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 29 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 29 January 2024
အမျိုးသမီးတစ်ဦးဟာ အသားဖြူဝင်းခရင်မ်တစ်ခု အသုံးပြုပြီးနောက် မျက်နှာက ညိုပြာရောင်ပြောင်းသွားခဲ့ပါတယ်။
အိန္ဒိယမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဟာ ထိုအခြေအနေကို တစ်နှစ်လောက် ခံစားခဲ့ရတာဖြစ်တယ်လို့ နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
သူမဟာ ပါးပေါ်က အညိုကွက်တွေကို ပြုပြင်ချင်တာကြောင့် အရေပြားချွတ်ဆေး ဟိုက်ဒရိုကွီနုန်းပါတဲ့ အသားဖြူဝင်းဆေးကို လိမ်းခဲ့ရာမှာ အခုဆိုရင် ညိုပြာရောင်ပြောင်းသွားပါတော့တယ်။
သူမကို စစ်ဆေးခဲ့ရာမှာ ပါး၊ နှာတံ၊ ပါးစပ်နားတဝိုက်တို့မှာ အရေပြားနီမြန်းခြင်း၊ သွေးကြောကျယ်ခြင်းတို့ တွေ့ရှိခဲ့ကြောင်း ဗာဒိုဒါရာ အစိုးရဆေးပညာကောလိပ်မှ နီကီတာပေတယ်လ်နဲ့ ဟီရယ်လ်ရှားတို့က ဖော်ပြခဲ့ပါတယ်။
ဒီလိုအခြေအနေဟာ ဟိုက်ဒရိုကွီနုန်း ဒါမှမဟုတ် ဖီနောလ်တို့ကို အရေပြားပေါ်လိမ်းတဲ့အခါ ဖြစ်တတ်ပါတယ်။
မိုက်ခရိုစကုပ်နဲ့ကြည့်တဲ့အခါ အဝါရောင်သမ်းပေမယ့် သာမန်မျက်စိနဲ့တော့ ညိုပြာရောင် ဖြစ်နေပါတယ်။
အရောင်ခြယ်အနည်တွေ တစ်ရှူးတွေထဲမှာ စုပြုံလာတာဖြစ်ပြီး ကုသဖို့ခက်ခဲတတ်ပါတယ်။
အချို့လေ့လာချက်များအရ Q-swiched alexandrite (၇၅၅ နာနိုမီတာ)လေဆာဖြင့် ကုသနိုင်ပါတယ်။
၂ လကြာပြီးတာတောင်မှ အရေပြားအရောင်ပြောင်းတာက အနည်းငယ်သာ သက်သာခဲ့ပြီး နောက်ပိုင်းမှာလည်း သိပ်ပြီးမထူးခြားပါဘူး။
ဟိုက်ဒရိုကွီနုန်းက ဘေးထွက်ဆိုးကျိုး အများအပြားရှိပြီး နေနဲ့ထိတဲ့နေရာတွေကို ပိုဆိုးစေပါတယ်။
ထိုပစ္စည်းကို ဥရောပသမဂ္ဂက ၂၀၀၀ ခုနှစ်ကတည်းက ပိတ်ပင်ထားပြီး အမေရိကန်မှာလည်း ၂၀၀၆ ခုနှစ်မှာ ပိတ်ပင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာ အသားဖြူဝင်းထုတ်ကုန်များ နှစ်စဥ်ရောင်းချရမှုက ၁၅ သန်းခန့်ရှိနေပြီး ဂျပန်က အကြီးမားဆုံးဈေးကွက်တွေထဲ အပါအဝင် ဖြစ်ပါတယ်။
Source: WION.
#World_Health
#Published_ 29 January 2024
#YMG #Yangon_Times #Yangon_Media_Group
၂၈ ဇန်နဝါရီ ၂၀၂၄
ကြမ်းတမ်းတဲ့အခြေအနေမှာ စမတ်ကားတွေကိုမောင်းနှင်ရတဲ့အခါ အဆုံးစွန်ဆုံး ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတာ စစ်ဆေးကြည့်ဖို့ တရုတ်နိုင်ငံ မော်တော်ယာဉ်အင်ဂျင်နီယာသုတေသနအဖွဲ့အစည်း CAERI ဟာ စမ်းသပ်မောင်းနှင်မှု တွေ ဆက်တိုက် ဆောင်ရွက်နေပါတယ်။
အဆိုပါ CAERI အဖွဲ့ရဲ့ စူပါအေအိုင်လို့ခေါ်တဲ့ မဟာဉာဏ်ရည်တု စမ်းသပ်မှုဟာ ရှုပ်ထွေးနေတဲ့ ယာဉ်ကြောအခြေအနေတွေကို အခြေခံပါတယ်။ အလိုအလျောက်မောင်းနှင်နည်းပညာ၊ ဉာဏ်ရည်ရှိ cockpit နည်းပညာနှင့် ယာဉ်အင်တာနက်တို့ကို အဓိကအာရုံစိုက် လုပ်ဆောင်တာဖြစ်ပါတယ်။
Source CCTV+
၂၈ ဇန်နဝါရီ ၂၀၂၄
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဒေသခံတစ်ဦးကို သတ်မှုဖြင့် AA လက်နက်ကိုင်အဖွဲ့နှင့်ဆက်စပ်သည်ဟုမှတ်ယူထား သည့် မြန်မာနိုင်ငံသား (၄)ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယပြည်တွင်းသတင်းမီဒီယာများက သတင်းရေးသားပါတယ်။
အဆိုပါ (၄)ဦးထဲမှ (၃)ဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တစ်ဦးကို မီဇိုရမ် တောင်ပိုင်း ဆီယာဟာမြို့ပြင်မှာ တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အသတ်ခံရတဲ့ ဆီယာဟာမြို့ဒေသခံ ကေအယ်လ် ဇိုအာရှာသည် အဲဒီမြန်မာတွေကို သူမောင်းနှင်တဲ့ သုံးဘီးယာဉ်ဖြင့် မြန်မာ နယ်စပ်အနီး လောက်လိုင် Lawngtlai မြို့ကို ဗုဒ္ဓဟူးနေ့က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့ ရဲကဖြည့်စွက်ပြောပါတယ်။
အဲဒီညမှာ ဇိုအာရှာ အိမ်ပြန်ရောက်မလာလို့ မိသားစုတွေက စိတ်ပူပြီး ဖုန်းဆက်ပေမယ့် ဇိုအာရှာဖုန်းကပိတ်ထားပါတယ်။
ကြာသပတေးနေ့မနက်မှာတော့ သူ့သုံးဘီးယာဉ်ကို ဆီယာဟာမြို့ပြင်မှာ ပြန်တွေ့ရပြီး အဲဒီနေ့ညနေပိုင်းမှာတော့ သူ့အလောင်းကို လောင်လိုင်းမြို့အနီးမှာရှာတွေ့ခဲ့ပါတယ်လို့ ရဲကပြောပါတယ်။
မီဇိုရမ်ရဲ့ ဦးဆောင် ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မီဇိုဇီယာလိုင်းပေါ Mizo Zirlai Pawl (MZP)က အဆိုပြစ်မှု ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလာကြသူတွေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း Arakan Army (AA) နှင့် ပတ်သက်သူတွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးတော့ အဲဒီသူတွေဟာ ဒုက္ခသည်တွေမဟုတ်ဘဲ မီဇိုရမ်ကို အလုပ်ကိစ္စနှင့် ရောက်လာခဲ့ကြတာလို့လည်း MZP ကျောင်းသားအဖွဲ့ကဆက်ပြော့ပါတယ်။
@ymg/knl
Published 28 January 2024
အမျိုးသားတွေမှာ အသက်အရွယ် ကြီးလာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲလာပြီး သွေးဆုံးတာမျိုး ရှိတယ်လို့ Mayo Clinic က ဖော်ပြလိုက်ပါတယ်။
အသက် ၄၀ နောက်ပိုင်းကစပြီး တစ်နှစ်ကို တက်စ်တိုစတီရုန်း ကျားဟော်မုန်း ပျမ်းမျှ ၁ ရာခိုင်နှုန်းစီ ကျဆင်းနေတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ အသက်ကြီးလာတာနဲ့အမျှ ဆက်လက်ကျဆင်းနေပြီး အသက် ၇၀ အရွယ်မှာ ၅၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတတ်ပါတယ်။
အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ဟော်မုန်းပြောင်းလဲကြပေမယ့် အမျိုးသမီးတွေမှာ ပိုသိသာပါတယ်။
အမျိုးသားတွေမှာ ဟော်မုန်းပြောင်းလဲတဲ့အခါ လိင်စိတ်ဆန္ဒလျော့နည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပြောင်းလဲခြင်း၊ ထောင်မတ်ရာမှာ ပြဿနာရှိခြင်း၊ မျိုးမအောင်ခြင်းနဲ့ ကြွက်သားထုလျော့နည်းခြင်းတို့ ဖြစ်လာပါတယ်။
အမျိုးသားများ လိင်စိတ်ကုန်ခမ်းခြင်းအတွက် ကုသနည်းမရှိပေမယ့် တက်စ်တိုစတီရုန်း အစားထိုးခြင်း၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ဟော်မုန်းတွေကို ပြန်လည်ပြည့်ဖြိုးစေနိုင်ပါတယ်။
ခံစားရမှုလက္ခဏာတွေ ပြင်းထန်တယ်ဆိုရင်တော့ ဓာတ်ခွဲခန်းစမ်းသပ်မှု ခံယူသင့်တယ်လို့ ဒေါက်တာ အိုလယ်ရီက ဆိုလိုက်ပါတယ်။
လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်း၊ ညီညွတ်မျှတစွာ စားခြင်း၊ ကောင်းစွာအိပ်စက်ခြင်းတို့ဖြင့် တက်စ်တိုစတီရုန်းပမာဏ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
အဝလွန်တဲ့ အမျိုးသားတွေက တက်စ်တိုစတီရုန်းနည်းပါးခြင်း ပိုဖြစ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့ခြင်းဖြင့် ဟော်မုန်းပြန်တက်လာနိုင်ပါတယ်။
အမျိုးသားအများစုက ထောင်မတ်မှုပြဿနာနဲ့ ပတ်သက်ပြီး ဝန်မခံချင်ကြဘူးလို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန် ဂျက်ဒိုင်းမွန်းက ပြောကြားလိုက်ပါတယ်။
Source: New York Post
#World_Health
#Published_ 28 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 513 of 1124