#World_News
Published 01 July 2025

▪️ အမေရိကန်ပြည်ထောင်စုမှ ဒီမိုကရက်ထောက်ခံသူ ၃၆ ရာခိုင်နှုန်းကပဲ အမေရိကန်သားဖြစ်ခွင့်ရတာကို အလွန်ဂုဏ်ယူမိကြတယ်လို့ Gallup စစ်တမ်းတစ်ခုအရ တွေ့ရှိရပြီး ဒါဟာ လူငယ်တွေကြား အမေရိကန်အဖြစ် ဂုဏ်ယူရခြင်းမျိုး သိသိသာသာ ကျဆင်းလာတာကို မြင်တွေ့နေရပါတယ်။

▪️ အမေရိကန်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ယင်းတို့ပြည်ထောင်စုမှာ လူဖြစ်ရတာကို ဂုဏ်ယူတဲ့ခံစားချက်မျိုး လျော့ကျလာတာ ဖြစ်ပါတယ်။

▪️ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တွေကြား စိတ်ဝမ်းကွဲခြင်းက ၅၆ ရာခိုင်နှုန်းမှာရှိနေပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ကွာခြားမှုအကြီးမားဆုံး ဖြစ်နေပါတယ်။

▪️ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကောက်ယူခဲ့တဲ့စစ်တမ်းတွေမှာ ၁၉၉၇ မှ ၂၀၁၂ ခုနှစ်အတွင်းမွေးဖွားတဲ့ Generation Z အရွယ်တွေမှာ ၁၀ ယောက်လျှင် ၄ ယောက်ကပဲ အမေရိကန်ဖြစ်ခွင့်ရတာကို ဂုဏ်ယူနေကြပါတယ်။

▪️ ၁၉၈၀ မှ ၁၉၉၆ အတွင်းမွေးဖွားသူ သက်လတ်ပိုင်းတွေမှာတော့ ၁၀ ယောက်မှာ ၆ ယောက်နှုန်းနဲ့ သက်ကြီးပိုင်းတွေမှာ ၁၀ ယောက်လျှင် ၇ ယောက်နှုန်း ရှိနေပါတယ်။

▪️ မျိုးဆက်အသစ်တစ်ခု ပေါ်ထွက်လာတိုင်း မျိုးချစ်စိတ်လျော့ပါးလာကြပြီး လက်ရှိ သက်ကြီးမျိုးဆက်တွေတောင် ယခင်ယင်းတို့ရှေ့မျိုးဆက်တွေထက် မျိုးချစ်စိတ် လျော့ပါးလာကြတယ်လို့ Gallup မှ အကြီးတန်းအယ်ဒီတာ ဂျက်ဖရီဂျုံးစ်က ပြောပါတယ်။

▪️ အမေရိကန်တို့ ဂုဏ်ယူဝင့်ကြားစိတ်တွေက ၂၀၀၁ ဇန်နဝါရီနောက်ပိုင်းကစလို့ ပုံမှန်ကျဆင်းလာတာ တွေ့ရပါတယ်။

▪️ အီရတ်စစ်ပွဲအစောပိုင်းနှစ်များအတွင်း ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်တွေပါ အများစုက အမေရိကန်ဖြစ်ရတာကို အလွန်ဂုဏ်ယူခဲ့ကြသလို ၂၀၀၁ စက်တင်ဘာ ၁၁ ဖြစ်ရပ်ဆိုးနောက်ပိုင်းမှာပင် မျိုးချစ်စိတ် မြင့်မားနေဆဲဖြစ်ခဲ့ပါတယ်။

▪️ ယခုနှစ် CNN/SSRS စစ်တမ်းအရဆိုရင် အမေရိကန်အများစုဟာ နိုင်ငံရေးအခြင်းအရာများကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ကောက်ယူရရှိခဲ့ပါတယ်။

#Source: AP News