#World_Health
Published 1 July 2025

▪️ ယနေ့ခေတ် ဈေးကွက်မှာ ထုတ်လုပ်ရောင်းချနေကြတဲ့ အစားအသောက်တွေမှာ သကြားပါဝင်နေရာ အာဟာရပညာရှင်များက သကြားကို တစ်လလောက် မစားသုံးဘဲနေကြည့်ဖို့ တိုက်တွန်းလာပါတယ်။

▪️ ရက် ၃၀ လောက် သကြားမစားဘဲနေကြည့်ပါက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယ စီကေဘာလာဆေးရုံမှ ဒေါက်တာ တူရှာတာယယ်က ပြောပါတယ်။

▪️ သကြားဖြတ်ဖြတ်ချင်း ရက်ပိုင်းအတွင်းမှာတော့ မနေနိုင်မထိုင်နိုင် ဖြစ်နိုင်ပြီး ခန္ဓာကိုယ်က သကြားမရှိတဲ့အတွက် အချိုစားချင်စိတ် ဖြစ်ပေါ်နိုင်ပါတယ်။

▪️ ဒါပေမဲ့ ရေရှည်ကျန်းမာရေးအတွက်တော့ အကျိုးရှိစေမှာဖြစ်ပါတယ်။
၂ ပတ်မြောက်ရောက်တဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏ စတင်တည်ငြိမ်လာကာ အင်ဆူလင် ပိုပြီးအလုပ်လုပ်လာစေပါတယ်။

▪️ ၃ ပတ်မြောက်ရောက်တဲ့အခါ အသားအရေ ညီညွတ်လာစေပြီး အချိုဓာတ်မရှိတဲ့ လက္ခဏာတွေကို ခံနိုင်ရည်ပိုရှိလာပါတယ်။

▪️ စားသောက်တဲ့နေရာမှာ ကိတ်မုန့်၊ အချိုရည်တို့လိုဟာတွေထက် အသီးအနှံတွေကို ပိုပြီးစားပေးသင့်ပါတယ်။

▪️ အချိုဓာတ်က ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းကို ပိုဆိုးစေပြီး ဝက်ခြံထွက်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းခြင်းတို့ ဖြစ်စေတာကြောင့် သကြားဖြတ်ပြီးနောက်မှာ အရေပြားဖောရောင်တာတွေကို သက်သာစေပါတယ်။

▪️ အချိုလျှော့စားတဲ့နေရာမှာ လတ်ဆတ်တဲ့ အသီးအနှံများဖြင့် ပေါင်းစပ်စားသုံးဖို့ကို ပညာရှင်များ အကြံပြုထားပါတယ်။

▪️ အသီးအနှံတွေနဲ့ နို့ထွက်ပစ္စည်းတွေမှာ သဘာဝအတိုင်းပါတဲ့ သကြားကတော့ ခန္ဓာကိုယ်ကနေ သိပ်ပြီးစုပ်ယူခြင်းမရှိသလို အမျှင်ဓာတ်ပါဝင်တာကြောင့်လည်း ဆာလောင်စိတ် လျှော့ချပေးပါတယ်။

▪️ သကြားမစားဘဲနေခြင်းကို အရင်ဆုံးတစ်လကြိုးစားသင့်ပြီး တဖြည်းဖြည်းနဲ့ လျှော့ချသွားရင် ကွဲပြားခြားနားမှု ခံစားလာရလိမ့်မယ်လို့ ဒေါက်တာ တာယယ်က ပြောသွားပါတယ်။

#Source: India Today