‎#World_News
Published 07 July 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မက်စ် နိုင်ငံရေးပါတီအသစ် ထူထောင်မယ်ဆိုတဲ့ အစီအစဉ်တွေဟာ ရယ်မောစရာသာဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ မခံချိမခံသာဖြစ်အောင် ထပ်မံပြောဆိုလိုက်ကာ မက်စ်ရဲ့မိတ်ဆွေတစ်ဦးကို နာဆာ(NASA)ဦးဆောင်သူအဖြစ် တစ်ချိန်က လျာထားခဲ့ခြင်းက ယင်းရဲ့ အာကာသဆိုင်ရာ အကျိုးစီးပွားတွေနဲ့ အကျိုးအကြောင်းမသင့် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

▪️ မက်စ်နဲ့ ထရမ့်တို့ စကားအချေအတင်ဖြစ်ကြပြီး မက်စ်က အမေရိကားပါတီအသစ် ဖွဲ့စည်းရန်ကြေညာပြီး နောက်တစ်နေ့မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သမ္မတကိုမေးမြန်းခဲ့ကြပါတယ်။

▪️ "ရီပတ်ဘလစ်ကန်ပါတီမှာ အောင်မြင်မှုကြီးရရှိနေကာ ဒီမိုကရက်တွေကတော့ ဦးတည်ချက်မဲ့နေပါတယ်။ ဒါပေမဲ့ တတိယပါတီထူထောင်တာကတော့ ရယ်မောစရာသာဖြစ်တယ်။ အမြဲတမ်း နှစ်ပါတီစနစ်ပဲ ရှိနေမှာပါ" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

▪️ အီလွန်မက်စ်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း လုံးဝလမ်းလွဲသွားတာကို မြင်ရတာ ဝမ်းနည်းမိတယ်လို့ Truth Social မီဒီယာမှာ ဖော်ပြထားပါတယ်။

▪️ ထရမ့်ရဲ့ အခွန်အခလျှော့ချရေးနဲ့ အသုံးစရိတ်မူကြမ်းနဲ့ ပတ်သက်ပြီး မက်စ်က တိုင်းပြည်ဒေဝါလီခံရနိုင်တယ်လို့ ဆိုခဲ့ကာ အမေရိကားပါတီတည်ထောင်နေတယ်လို့ စနေနေ့က ကြေညာခဲ့ပါတယ်။

▪️ ဒီမူကြမ်းဟာ အစိုးရဘတ်ဂျက်လိုငွေပြခြင်းကို သိသိသာသာ ထပ်တိုးစေမှာဖြစ်ပြီး အမေရိကန်စီးပွားရေး ပျက်စီးလာလိမ့်မယ်လို့ ဝေဖန်သူများက ဆိုထားပါတယ်။

▪️ သူ့ရဲ့ပါတီသစ်က လာမယ့်နှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကို ထိုင်ခုံလှုပ်စေလိမ့်မယ်လို့ ပြောပါတယ်။

▪️ မက်စ်ရဲ့ဝေဖန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထရမ့်က Tesla နဲ့ SpaceX တို့ အစိုးရကန်ထရိုက်တွေကနေရရှိမယ့် ဒေါ်လာဘီလီယံချီကို ရုပ်သိမ်းသွားဖို့ ခြိမ်းခြောက်ထားပါတယ်။

▪️ မက်စ်ရဲ့စီးပွားရေးနဲ့ နာဆာတို့ရဲ့ ပတ်သက်မှုကို ထည့်သွင်းစဉ်းစားပါက မက်စ်ရဲ့မိတ်ဆွေ ဂျရတ်အစ်ဆက်မန်းကို နာဆာဦးဆောင်စီမံသူအဖြစ် ခန့်ထားဖို့ မသင့်လျော်ဘူးလို့လည်း ထရမ့်က ဖော်ပြထားပါတယ်။

#Source: Reuters