#World_News
Published 05 July 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခွန်အခနဲ့ အသုံးစရိတ်များ အများအပြားလျှော့ချသွားပြီးနယ်စပ်လုံခြုံရေး အကြီးမားဆုံးပြုလုပ်မယ့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

▪️ စစ်လေယာဉ်များ စစ်ရေးပြပျံသန်းပြခဲ့တဲ့ အခမ်းအနားကို ထောက်ခံအားပေးသူ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

▪️ အောက်လွှတ်တော်မှာ ၂၁၈-၂၁၄ မဲဖြင့် ဆုံးဖြတ်ချက်ကျဉ်းမြောင်းစွာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး နောက်တစ်နေ့မှာပဲ ထရမ့်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

▪️ ဒီဥပဒေကြမ်းမှာဆိုရင် အခွန်အခများ အပြီးတိုင်လျှော့ချရေးနဲ့ အမေရိကန်ပြည်သူများရဲ့ ကျန်းမာရေးအာမခံဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။

▪️ "ကျွန်တော်တို့တိုင်းပြည်ကလူတွေ ဒီလောက်ထိပျော်ရွှင်နေကြတာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ စစ်ဖက်၊ အရပ်ဖက်အမျိုးမျိုးမှ ကွဲပြားခြားနားကြတဲ့ လူတွေအတွက် ဂရုစိုက်စောင့်ရှောက်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်။ အခွန်အခ အများဆုံးလျှော့ချထားတယ်၊ အသုံးစရိတ်တွေ အများဆုံးလျှော့ချထားတယ်၊ နယ်စပ်လုံခြုံရေး အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတယ်" လို့ ထရမ့်က ပြောသွားပါတယ်။

▪️ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ ထိခိုက်လာနိုင်မယ့်အပေါ် ထရမ့်ပါတီမှ လွှတ်တော်အမတ်အချို့ စိုးရိမ်နေကြပါတယ်။

▪️ ဥပဒေကြမ်းဆုံးဖြတ်ရာမှာ အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ဟာကီးမ်ဂျက်ဖရီးစ် ၈ နာရီနဲ့ ၄၆ မိနစ်ကြာအောင် ပြောကြားခဲ့ပြီး ဝင်ငွေနည်းပါးတဲ့ အမေရိကန်တွေ ကျန်းမာရေးအာမခံနဲ့ စားနပ်ရိက္ခာခံစားခွင့်များ မရရှိတော့ဘဲ ဖြစ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

▪️ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေက လူချမ်းသာတွေအတွက်သာဖြစ်ပြီး အခြေခံမိသားစုတွေအတွက် ထိခိုက်မှုတွေဖြစ်လာနိုင်ကာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ အနာဂတ်မှာ ထောက်ခံမှုကျဆင်းလာနိုင်တယ်လို့ ဒီမိုကရက်တစ်အမျိုးသားကော်မတီ ဥက္ကဌ ကင်မာတင်က ပြောသွားပါတယ်။

#Source: NDTV