#World_Science
Published 05 July 2025
▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄,၀၀၀ ကျော်လောက်က သေဆုံးခဲ့တဲ့ ခွေးလေးနှစ်ကောင်ဟာ ခေတ်အစောပိုင်း အိမ်မွေးခွေးတွေလို့ အစကထင်ခဲ့ပေမယ့် ယခုတွေ့ရှိချက်တွေအရ ဝံပလွေငယ်တွေ ဖြစ်တယ်လို့ သိရှိလာပါတယ်။
▪️ ဆိုက်ဘေးရီးယားမြောက်ပိုင်းမှာ အေးခဲနေတဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့ပြီး ယင်းတို့ ဘယ်လိုနေထိုင်စားသောက်လဲဆိုတာကို လေ့လာနိုင်ဖို့ သုတေသီများ ထိန်းသိမ်းထားခဲ့ကြတာ ဖြစ်ပါတယ်။
▪️ အေးခဲနေတဲ့ မြေဆီလွှာတွေထဲမှာ အမွှေးရှည်ဆင်အရိုးတွေနဲ့အတူ ရေခဲရိုက်ထားခံရသလို ထိန်းသိမ်းတည်ရှိခဲ့ကြပါတယ်။
▪️ ယခုသုတေသနမှာ သူတို့ရဲ့ အစာအိမ်၊ အရိုး၊ သွား၊ တစ်ရှူးတို့မှာရှိတဲ့ ဓာတုပစ္စည်းတွေကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာတော့ သူတို့ဟာ ခွေးတွေမဟုတ်ဘဲ လွတ်လပ်စွာ သွားလာနေကြတဲ့ ဝံပလွေတွေလို့ ထင်လာကြပါတယ်။
▪️ ဝံပလွေငယ်တွေဟာ နှစ်လသားအရွယ်သာ ရှိသေးပေမယ့် ကြံ့သားနဲ့ ငှက်ငယ်တွေကို စားခဲ့တဲ့ပုံပေါ်ပါတယ်။
▪️ ထိုခေတ်က ဝံပလွေညီအစ်မနှစ်ယောက် ကောင်းစွာထိန်းသိမ်းတည်ရှိပုံကို တွေ့ရပြီး နောက်ဆုံးစားခဲ့တဲ့အရာကိုပါ သိနိုင်ပြီလို့ ယော့ခ်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာနမှ အန်းကက်သရင်းရွန့်ဂျ်က ပြောပါတယ်။
▪️ ဝံပလွေငယ်တွေဟာ တိုက်ခိုက်ခံရတဲ့ပုံစံမပေါ်ဘဲ သူတို့ရဲ့ခြံထဲမှာ ရှိနေတုန်း မြေပြိုကျခြင်းခံခဲ့ရတဲ့လက္ခဏာ ဖြစ်နေပါတယ်။
▪️ အစာအိမ်တွေထဲမှာ အပင်ရုပ်ကြွင်းများလည်း တွေ့ရှိရတာကြောင့် ထိုနေရာမှာ ဂေဟစနစ်ကြွယ်ဝပြီး စားလို့ရတဲ့ အပင်တွေ သတ္တဝါတွေ ရှိခဲ့တယ်လို့ ယူဆရပါတယ်။
▪️ ဝံပလွေငယ်တွေတောင် ကြံ့လိုသတ္တဝါတွေကို အမဲလိုက်ခဲ့တယ်ဆိုရင် ရှေးခေတ်က ဝံပလွေတွေက ယနေ့ခေတ်ဝံပလွေတွေထက် များစွာပိုပြီး ခွန်အားကြီးနိုင်လားဆိုတာ မေးစရာရှိလာပါတယ်။
#Source: Earth