#World_Health
Published 05 July 2025

▪️ ကိုယ့်ကိုယ်ကို ထွေးပွေ့ခြင်းက စိုးရိမ်ပူပန်မှုများကို လျော့ကျစေနိုင်တယ်လို့ အင်ဒိုနီးရှားမှ သိပ္ပံပညာရှင် ယူလီယာဆူဆန်တီဦးဆောင်တဲ့အဖွဲ့က မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။

▪️ လေ့လာချက်ထဲမှာ ပါဝင်စမ်းသပ်ခံလိုတဲ့ ကျောင်းသား ၂၂ ယောက်ကို ခေါ်ယူခဲ့ပါတယ်။

▪️ ဒီကျောင်းသားတွေက စာမေးပွဲအတွက် စိုးရိမ်နေကြသူများ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုထွေးပွေ့မှု မပြုလုပ်ခင်နဲ့ ပြုလုပ်အပြီးမှာ စိတ်ကျလက္ခဏာမေးခွန်းများ ဖြေခိုင်းခဲ့ပါတယ်။

▪️ ဒီမေးခွန်းတွေဟာ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမေးခွန်းများ ဖြစ်ပါတယ်။

▪️ မထွေးပွေ့ခင်မှာ ကျောင်းသား ၅၄.၅ ရာခိုင်နှုန်းက စိုးရိမ်မှုအပြင်းအထန် ခံစားနေရကာ ၂၇.၃ ရာခိုင်နှုန်းက ထိတ်လန့်ခြင်း၊ ၁၈.၂ ရာခိုင်နှုန်း အတန်အသင့်စိုးရိမ်ခြင်းတို့ ခံစားခဲ့ရပါတယ်။

▪️ ရက်သတ္တပတ် ၃ ပတ်ကြာအောင် အပတ်တိုင်း ကိုယ်တိုင်ထွေးပွေ့ခြင်းပြုလုပ်ခိုင်းပြီး သက်တောင့်သက်သာဖြင့် စိတ်ပြေလျှော့ခိုင်းခဲ့ပါတယ်။

▪️ လက်နှစ်ဖက်ကိုယှက်၊ လက်တစ်ဖက်ရဲ့ လက်ချောင်းထိပ်တွေကို အခြားပခုံးတစ်ဖက်မှာထား၊ ကိုယ့်ကိုယ်ကိုထွေးပိုက်တဲ့ပုံစံ လုပ်နေရင်း "ငါလုပ်ကိုလုပ်နိုင်တယ်"လို့ အပြုသဘောဆောင် စကားကို စက္ကန့် ၃၀ ကြာအောင် လုပ်ခိုင်းခဲ့ပါတယ်။

▪️ ထိုအခါမှာ ကျောင်းသားတွေ စိုးရိမ်ပူပန်မှုပမာဏ လျော့ကျသွားတာ တွေ့ခဲ့ရပါတယ်။

▪️ ကျွမ်းကျင်သူတွေနဲ့ မတိုင်ပင်နိုင်တဲ့အခါ ဒီနည်းလမ်းက ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့နည်းလမ်းဖြစ်တယ်လို့ ယူနီဆက်ဖ်မှ စိတ်ကျန်းမာရေးပညာရှင် မာလင်းဗန်တိုလ်က ပြောပါတယ်။

#Source: The Jerusalem Post