၂၆ မေ ၂၀၂၄
ဒိုဟာမှ ဒပ်ဗလင်မြို့သို့ ပျံသန်းသော ကာတာလေကြောင်းလိုင်းပိုင် လေယာဉ်သည် ယနေ့ မေလ ၂၆ရက်နေ့ တွင် ပျံသန်းနေစဉ် လေပွေကြမ်းမိသဖြင့် လေယာဉ်အမှုထမ်း(၆)ဦးအပါအဝင် လူ ၁၂ ဦးဒဏ်ရာရရှိသွား ပါတယ်။ လန်ဒန်မှစင်္ကာပူပျံသန်းသည့် စင်္ကာပူလေကြောင်းလိုင်းလေယာဉ် လေပွေကြမ်းမိပြီး ခရီးသည် တစ်ဦးသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အပြီး (၅)ရက်အကြာတွင်ကာတာလေကြောင်း လေယာဉ်လည်း အလားတူကြုံခဲ့ရခြင်းဖြစ်ပါတယ်။
ကာတာလေကြောင်းလိုင်းလေယာဉ်သည် တူရကီနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် လေပွေကြမ်းမိခဲ့ သဖြင့် ခရီးသည်(၆)ဦးနှင့် လေယာဉ်အမှုထမ်း(၆)ဦးတို့ ဒဏ်ရာရရှိခဲ့ကြတာလို့ ဒပ်ဗလင်လေဆိပ်က “ အိတ်စ်” ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
“ ဒိုဟာမှပျံသန်းလာသော ကာတာလေကြောင်းလိုင်း ခရီးစဉ်အမှတ် QR017သည် တနင်္ဂနွေနေ့ မွန်းလွဲ (၁)နာရီမတိုင်မီတွင် သတ်မှတ်ထားသည့် အချိန်အတိုင်း ဒပ်ဗလင်လေဆိပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ဆင်းသက်သည့်အခါ လေဆိပ်ရဲနှင့် ကျွန်ုပ်တို့၏ မီးသတ်နျင့်ကယ်ဆယ်ရေးဌာန အပါအဝင်အရေးပေါ်လုပ်ငန်းဌာနများက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ တူရကီအပေါ်မှ ပျံသန်းနေစဉ် လေပွေကြမ်းမိသဖြင့် ခရီးသည်(၆)ဦးနှင့် လေယာဉ်ဝန်ထမ်း(၆)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟုသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒပ်ဗလင်လေဆိပ်အဖွဲ့ကလည်း မြေပြင်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်းများကို လိုအပ်သည်များ ကူညီစောင့်ရှောက်မှုပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
Source NDTV&X(Twitter)
၂၆ မေ ၂၀၂၄
တနင်္ဂနွေနေ့ ညပိုင်းမှာ ကုန်းတွင်းပိုင်းဝင်ရောက်ဖို့ရှိတဲ့ တစ်နာရီ ၇၅မိုင် လေတိုက်နှုန်းရှိတဲ့ ယခုနှစ်ရဲ့ပထမဆုံးသော ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနှစ်နိုင်ငံဟာ ရင်ဆိုင်ရန်အတွက် အသင့် အားတင်း ထားကြောင်း ရိုက်တာသတင်း ကရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဆိပ်ကမ်းနှစ်ခုနှင့် ကမ်းရိုးတန်းဒေသ(၉)ခုမှာ မုန်တိုင်းအန္တရာယ်ကို အမြင့်ဆုံးအဆင့် ၁၀ သတိ ပေးချက်ထုတ်ပြန်ထားပါတယ်။ လော်စပီကာတွေနှင့် အဲဒီဒေသတွေမှာ သတိပေးချက်တွေကြေညာပေးနေပါတယ်။
တောင်အာရှနှစ်နိုင်ငံဖြစ်တဲ့ အဆိုပါနိုင်ငံတွေရဲ့ အနိမ်းပိုင်းကမ်းခြေဒေသတွေဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ပြင်းထန်တဲ့မုန်တိုင်းတွေနှင့် မကြာခဏကြုံခဲ့ရပါတယ်။ ၂၀၂၁ ဆိုင်ကလုံးယာအက်စ်တုန်းကဆိုရင် လူပေါင်း ၅၀၀၀၀ခန့်အိမ်ခြေဆုံးရှုံးခဲ့ရပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ဆိုင်ကလုံးဒဏ်ခံ ခိုနားရာ ၈၀၀၀ခန့်နှင့် စေတနာ့ဝန်ထမ်း ၇၈၀၀၀ ကိုအဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်တယ်လို့ ဘေးအန္တရာယ်နှင့်ကယ်ဆယ်ရေးစီမံခန့်ခွဲရေးဝန်ကြီး မိုဟီဘာရာမန်းက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
“ အိန္ဒိယမှာရှိတဲ့ ဒေသဆိုင်ရာ အထူးမိုးလေဝသဌာနှင့် ကျွန်တော်တို့ ဆက်သွယ်မှုအမြဲလုပ်နေပါတယ်” လို့ သူကပြောပါတယ်။
အိန္ဒိယနိုင်ငံကလည်း အနောက်ဘင်္ဂလားပြည်နယ်ရဲ့ အရှေ့ဘက်မှာ ဘေးအန္တရာယ်ကယ်ဆယ်ရေးတပ် ဖွဲ့တွေ စေလွှတ်ထားပါတယ်။ ကိုလ်ကာတာမြို့ကြီးမှာ လေယာဉ်ခရီးစဉ်တွေ ယာယီဖျက်သိမ်းထားပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်ရဲ့ နေရာအချို့မှာ မိုးအနည်းငယ်သည်းလာနေပါတယ်။ အစိုးရက အရေးကြီး မရှိမဖြစ်ဌာနတွေက ဝန်ထမ်းတွေခွင့်ယူတာကို ပယ်ဖျက်ထားတယ်လို့ မိုးဇလအရာရှိတစ်ဦးကပြောပါတယ်။
“ ကိုလ်ကာတာမှာ အခြေအနေတွေက အုံ့မှိုင်းနေတယ်။ ဒါပေမယ့် ပုံမှန်ဘဝတွေပဲရှိနေပါတယ်” လို့ ကိုလ်ကာတားက ဒေသဆိုင်ရာမိုးဇလဌာနရဲ့ ခန့်မှန်းရေးဌာနမှူး ဆွမ်နက်ဒတ်တားက ရိုက်တာကို ပြောပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်း” အိတ်စ်” မှာ အနောက်ဘင်္ဂလားက ကမ်းခြေတစ်ခုမှာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ခရီးသွားတွေကို လိုက်သတိပေးနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။
Source Reuters
၂၆ မေ ၂၀၂၄
ပြုလုပ်နေဆဲဖြစ်တဲ့ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ ရွှေနဂါး ၂၀၂၄ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ စက်ရုပ်ခွေး တွေနှင့် ဒရုန်းတွေဟာ ထင်ရှားပေါ်လွင်နေပါတယ်။ ရွှေနဂါးဟာ အဲဒီနှစ်နိုင်ငံရဲ့ ပုံမှန် တစ်နှစ်တစ်ကြိမ်လုပ် နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး နှစ်နိုင်ငံအကြား အလုံးခြုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးတက်ရေးအတွက်ကျင်းပတာဖြစ်ပါတယ်။
Source CCTV+
#World_Health
Published 26 May 2024
▪️ တက်စ်တိုစတီရုန်းဟော်မုန်းက အမျိုးသားတစ်ဦးရဲ့ ယောက်ျားပီသမှုပိုင်းကို ပြသသလို ကြွက်သား၊ အရိုးကြီးထွားမှုတို့နဲ့လည်း သက်ဆိုင်နေပါတယ်။
▪️ နောက်ထပ်အရေးကြီးတဲ့ တွေ့ရှိချက်ကတော့ အမျိုးသားတွေမှာ တက်စ်တိုစတီရုန်းဟော်မုန်း နည်းပါးခြင်းက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ဖွယ်ရှိတယ် ဆိုတာပါပဲ။
▪️ ဩစတြေးလျ အနောက်ပိုင်းတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၂၄၀၀၀ ကို လေ့လာခဲ့ကြပါတယ်။
▪️ တက်စ်တိုစတီရုန်းအပါအဝင် အခြားဟော်မုန်းများကိုလည်း အနည်းဆုံး အချိန် ၅ နှစ်ကြာတဲ့အထိ စောင့်ကြည့်တိုင်းတာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ တက်စ်တိုစတီရုန်းပမာဏ ၇.၄ နာနိုမိုးလ်ပါလီတာအောက် နည်းတဲ့သူတွေဟာ အသက်သေဆုံးနိုင်ခြေ ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီလိုဆက်စပ်ရတဲ့ အကြောင်းအရင်းကို သေချာမသိကြပေမယ့် တက်စ်တိုစတီရုန်း နည်းပါးခြင်းဟာ ကြွက်သားထုထည် လျော့နည်းလာပြီး အဆီစုပြုံလာစေကာ နှလုံးသွေးကြောရောဂါများ ဖြစ်လာရတယ်လို့ ယူဆရပါတယ်။
▪️ တက်စ်တိုစတီရုန်း နည်းတဲ့အခါ လိင်စိတ်ဆန္ဒလျော့ပါးခြင်း၊ ထောင်မတ်ရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်တဲ့အပြင် ကြွက်သားထုလျော့ပါးခြင်း၊ နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ပါ ဖြစ်လာနိုင်ကာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ အသက်ဆုံးပါးခြင်းတို့အထိ ဖြစ်လာတတ်ပါတယ်။
▪️ တက်စ်တိုစတီရုန်း လျော့နည်းနေကြောင်း သိရှိပြီးနောက် ပြန်လည်မြင့်တက်လာစေဖို့ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကောင်းစွာအိပ်စက်ခြင်း၊ ဆေးလိပ် အရက်သေစာရှောင်ရှားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာသောက်ခြင်း၊ တစ်ပတ်ကို ကြက်ဥ ၂ - ၄ လုံးစားခြင်း၊ ပဲပိစပ်များ ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ သဘာဝနည်းလမ်းများအတိုင်း လုပ်ဆောင်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
#Source: Healthline
#World_Health
Published 26 May 2024
▪️ မိမိရဲ့ခွေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ကျွေးမွေးနိုင်မယ့် နည်းလမ်းများစွာရှိပြီး အကောင်းဆုံးနည်းလမ်း ၃ ခုကတော့..
(၁) သင့်ခွေးကိုယ်တိုင် ဆုံးဖြတ်စေခြင်း
▪️ ကိုယ်အလေးချိန် သင့်တင့်တဲ့ ခွေးတွေအတွက် အစာကို တစ်နေ့လုံး ထုတ်ပေးထားသင့်ပါတယ်။
▪️ အလွန်တက်ကြွလှုပ်ရှားပြီး ကယ်လိုရီတွေ လောင်ကျွမ်းနေတဲ့ ခွေးတွေအတွက် သင့်လျော်ပါတယ်။
▪️ ဒါပေမဲ့ ကြာရှည်ထားရင် မကောင်းနိုင်တဲ့ အစာမျိုးမဟုတ်ဘဲ အစာခြောက်တွေသာ သုံးသင့်ပါတယ်။
▪️ အစာကို အပြင်မှာ တစ်နေ့လုံးထားထားရင်း ပိုးမွှားများ၊ ကြွက်များ ရောက်လာနိုင်တာကိုတော့ သတိပြုရပါမယ်။
(၂) တိုင်းတာတွက်ချက်ပြီးကျွေးပါ
▪️ အစားမပြတ်တဲ့ ခွေးတွေအတွက် ဒီနည်းလမ်းက သင့်လျော်ပါတယ်။
▪️ ခွေးစာဝယ်ပြီး ကျွေးတယ်ဆိုရင် အထုပ်ပေါ်မှ အညွှန်းအတိုင်း ခွေးရဲ့ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ တိုင်းတာပြီး ကျွေးသင့်ပါတယ်။
▪️ တစ်နေ့ကို ၈ နာရီမှ ၁၂ နာရီခြားဖြင့် ၂ ကြိမ်ခန့်ကျွေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
(၃) စားတဲ့ကြာချိန်ကိုသတ်မှတ်ပါ
▪️ မိမိရဲ့ခွေး အလွန်အကျွံ စားမိမှာကို စိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်း သုံးနိုင်ပါတယ်။
▪️ ဥပမာအားဖြင့် အချိန်မိနစ် ၃၀ ပေးထားပြီး အချိန်ကျော်တာနဲ့ လွှင့်ပစ်ရမှာ ဖြစ်ပါတယ်။
▪️ မုန့်လေးတွေ ကျွေးချင်တယ်ဆိုရင် တစ်ခုခု လေ့ကျင့်တဲ့အခါမျိုးမှာ အပိုင်းသေးသေးလေးတွေ ကျွေးနိုင်ပါတယ်။
#Source: WebMD
သေဆုံးသွားတဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ အခြား ၇ ဦးတိုရဲ့ခေါင်းတလားတွေကို ကြာသပတးနေ့က အီရန်မြိုတော် တီဟီရန်သို့ ပို့ဆောင်လာပါတယ်။
#World_News
Published_ 25 May 2024
#အီရန်သမ္မတနှင့်အခြား(၇)ဦး #ခေါင်းတလားများကို အီရန်မြို့တော်သို့သယ်ဆောင်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 25 May 2024
၁။ မုန်တိုင်းမိုးရွာနေချိန် မိုးကျလာပြီဆိုပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ မစတင်ရန်သတိပေး
၂။ နေပြည်တော် ဒေသထွက်စိန်တစ်လုံးသရက်များ ရန်ကုန်အဓိကတင်ပို့၊ ရာသီကုန်ချိန်ဖြစ်သော်လည်း ဈေးနှုန်းကျဆင်း
၃။ ရန်ကုန်တိုင်းအတွင်း ယခင်အရောင်းဝယ်အေးခဲ့သည့် လုံးခြင်းအိမ်ခြံမြေဈေးကွက် ပြန်လည်အရောင်းဝယ်ရှိလာဟုဆို
၄။ ကျဆုံးသွားသောအီရန် သမ္မတနှင့်အခြား(၇)ဦး၏ အခေါင်းများကိုအီရန်မြို့တော်သို့သယ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 124 of 823