#RegionNews
၃၀ မေ ၂၀၂၄
အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရဲ့ အပူချိန်ကို ၅၂.၉ ဒီဂရီ ဆဲလ်ဆိယတ်စ် ရှိလာတယ်လို့ အိန္ဒိယ မိုးလေဝသဌာနရဲ့ အပူချိန်ထုတ်ပြန်မှုကြောင့် အကြီးအကျယ်တုန်လှုပ်သွားပြိး အဲဒီအပူချိန်ဖတ်ထားမှုကို ပြန်လည်စစ်ဆေးဖို့လိုအပ်ကာ ဒါဟာ အမှားတစ်ခုခုကြောင့်ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနနှင့် ပြည်ထောင်စုဝန်ကြီး ကီရင်ရီဂျီဂျူးက ပြောပါတယ်။
“ဒေလီရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၅.၂ မှ ၄၉.၁ ဒီဂရီဆဲဆိယတ်စ်ကြားရှိတယ်လို့ မြို့ရဲ့ ကွဲပြားတဲ့နေရာတွေကနေ ဖတ်ယူရရှိ ပေမယ့် မန်ဂက်စ်ဖာက အပူချိန်ဖတ်စခန်းက ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ အခြားစခန်းတွေနှင့်မတူပဲရရှိတယ်။ ဒါဟာ အပူချိန် တိုင်း အာရုံခံကိရိယာရဲ့ အမှားတစ်ခုခု ဒါမှမဟုတ် အခြားအကြောင်းအချက်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်” လို့ အိန္ဒိယ မိုးလေ ဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
“စခန်းတစ်ခုတည်းရဲ့အပူချိန်က အဲဒီလောက်မြင့်နေတယ်ဆိုတာ မဟုတ်လောက်တဲ့အတွက် အပူချိန်ဖတ်ထားတာတွေကို ပြန် ပြီးစစ်ဆေးရလိမ့်မယ်” လို့ ပြည်ထောင်စုဝန်ကြီးကီရင်က အရာရှိတွေကိုညွှန်ကြားပါတယ်။
အင်္ဂါနေ့က မန်ဂက်စ်ဖာမိုးလေဝသစခန်းက ဒေလီရဲ့အပူချိန်ကို ၅၂.၉ ဒီဂရီဆဲဆိယတ်စ်လို့ ကြေညာခဲ့တာဖြစ်ပြီး ယခင်ရက် ထက် ၃ ဒီဂရီခုန်တက်ခဲ့တာဖြစ်ပါတယ်။
Source NDTV
Published 30 May 2024
လန်ဒန်မှ စင်္ကာပူသို့ပျံသန်းတဲ့ စင်္ကာပူလေကြောင်းလိုင်း ခရီးစဥ် SQ321 ဟာ မေလ ၂၁ ရက်နေ့က လေပွေထန်ခြင်း ပြင်းထန်စွာ ကြုံတွေ့ခဲ့ရကာ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
အမြင့်ပေ ရုတ်တရက်ကျသွားစဥ် လေယာဥ်ထဲမှာ ခရီးသည်များနဲ့ အရာဝတ္ထုများ ဗြောင်းဆန်သွားပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ဘိုးအင်း 777-300ER လေယာဥ်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းပေါ်မှ ပျံသန်းနေစဥ် ပြင်းထန်တဲ့ လေလှိုင်းထန်ခြင်း ကြုံတွေ့ခဲ့ရကာ ဖိအားရုတ်တရက် ကျဆင်းသွားခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားလဲ၊ ဘယ်လိုတုန့်ပြန်လဲ ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။
မြစ်လေများ လျင်မြန်စွာစီးဆင်းခြင်း၊ ရာသီဥတု အခြေအနေများ၊ တောင်တန်းလေလှိုင်းများကြောင့် လေရွေ့လျားမှု ပုံမှန်မဟုတ်ဘဲ လေလှိုင်းထန်တာမျိုး ဖြစ်တတ်ပါတယ်။
ခေတ်မီလေယာဥ်တွေမှာ ဒီလိုလေထန်တာမျိုးကို ထိန်းချုပ်နိုင်ရန် ဆောက်လုပ်ထားပေမယ့် ခရီးသည်များအနေနဲ့ ထိုင်ခုံခါးပတ်များ တပ်ဆင်ထားသင့်ပြီး လေယာဥ်ဝန်ထမ်းများရဲ့ ညွှန်ကြားချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်။
လေယာဥ်ရွေ့လျားမှု ရုတ်တရက် ပြောင်းလဲတဲ့အခါ ခန္ဓာကိုယ်ရဲ့ မျှခြေစနစ်ကို ထိခိုက်စေပါတယ်။
ရိုလာကိုစတာ စီးသလိုမျိုး ရုတ်တရက် မြင့်တက်ခြင်း၊ နိမ့်ဆင်းသွားခြင်း ဖြစ်ပေါ်ပါတယ်။
ထိုအခါ ခန္ဓာကိုယ်မျှခြေစနစ်ကို နှောင့်ယှက်ပြီး ဦးနှောက်ကနေ လက်ခံရရှိတဲ့ အချက်အလက်များ ရှုပ်ထွေးစေပါတယ်။
လှုပ်ခတ်မှုများကြောင့် နားထဲမှာလည်း အရည်များရွေ့လျားကာ ဦးနှောက်က သိရှိရန် ရုန်းကန်နေရပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ၁၀ - ၂၀ စက္ကန့်လောက် ကြာတတ်ပါတယ်။
ဦးနှောက်ဟာ လေယာဥ်ရွေ့လျားမှုနဲ့ ခန္ဓာကိုယ်ရွေ့လျားမှုကို လွဲမှားမိကာ အမြင်အာရုံလျော့နည်းသွားပါတယ်။
မျှခြေတုန့်ပြန်မှုစနစ် အနှောင့်အယှက်ဖြစ်ကာ မူးဝေခြင်း၊ ချွေးပြန်ခြင်း၊ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အက်ဒရီနယ်လင်နဲ့ ကော်တီဆောလ်လိုမျိုး ဖိစီးမှုဟော်မုန်းများ ထွက်လာကာ ခန္ဓာကိုယ်မှာ တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာပြီး နှလုံးခုန်မြန်ခြင်း၊ အာရုံခံသိရှိမှု မြင့်မားခြင်း၊ စွမ်းအင်လျှံတက်ခြင်းတို့ ဖြစ်ပေါ်ပါတယ်။
ကြွက်သားတွေ တောင့်တင်းလာပြီး လက်မီရာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် လည်ပင်း၊ ကျော၊ ပခုံးတို့ မသက်မသာ ဖြစ်စေပါတယ်။
စိတ်ပိုင်းဆိုင်ရာအရဆိုရင် လေယာဥ်စီးရတာ ကြောက်တဲ့သူတွေမှာ လေလှိုင်းထန်ခြင်းမျိုး ကြုံတွေ့ရတဲ့အခါ ပိုမိုဆိုးရွားစေပါတယ်။
အသက်ရှူနှုန်းမြန်လာကာ ချွေးပြန်လာပြီး ဖိစီးမှုတိုးစေပါတယ်။
ဒါကို ခန္ဓာကိုယ်က လိုက်ပြီးတည်ငြိမ်အောင် ကြိုးစားပေးပြီး အသက်ရှူထိန်းသိမ်းခြင်း၊ သတိကပ်ခြင်းတို့ဖြင့် ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။
လေထန်ခြင်း ကြာရှည်နေရင် နားအတွင်းနဲ့ ဦးနှောက်တို့က လိုက်လျောညီလာပြီး မူးဝေအော့အန်ချင်တာတွေ သက်သာလာပါတယ်။
လှုပ်ခါနေချိန်မှာ ထိုင်ခုံမှာ တင်းရင်းစွာထိုင်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ပါတယ်။
ခရီးသွားရင်း မူးဝေတာမျိုး ခံစားရတတ်သူတွေအနေနဲ့ ဆေးကြိုတင် သောက်သုံးထားရင် သက်သာစေနိုင်ပါတယ်။
Source: India Today
#World_Science
#Published_ 30 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 30 May 2024
ကြယ်အများစုဟာ ပေါက်ကွဲတဲ့အခါ စူးရှတောက်ပစွာဖြင့် ဖြည်းဖြည်းချင်း ပေါက်ကွဲလေ့ရှိကြပါတယ်။
အချို့သော ကြယ်ကြီးတွေကတော့ ညကောင်းကင်ယံမှာ ဘာအရိပ်အယောင်မှ မတွေ့ရဘဲ ပျောက်ကွယ်သွားကြတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
ဂျာမနီနဲ့ ဒိန်းမတ်တက္ကသိုလ်တို့မှ နက္ခတ္တပညာရှင် အယ်လီယန်ဒရိုဗစ်နာဂိုမက်ဇ် ဦးဆောင်တဲ့အဖွဲ့က ဖော်ပြခဲ့တာဖြစ်ပြီး အချို့သော ကြယ်ကြီးတွေက ပေါက်ကွဲမှုကြီး မဖြစ်ဘဲနဲ့ တိတ်ဆိတ်စွာ ကြွေသွားကြတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။
ကြယ်ကြွေတာကို အချိန်ကိုက် မြင်တွေ့ခဲ့ကြပြီး ရုတ်တရက် ပျောက်ကွယ်သွားတယ်လို့ ဗစ်နာဂိုမက်ဇ်က ဆိုပါတယ်။
နေထက် ၈ ဆကျော်ကြီးမားတဲ့ ကြယ်တစ်ခု ပေါက်ကွဲပြီဆိုရင် အလွန်ဗြောင်းဆန်တတ်ပြီး တွင်းနက်ကြီးတစ်ခု၊ နျူရွန်ကြယ်၊ အလွန်သိပ်သည်းဆများတဲ့ အရာများ ဖြစ်ပေါ်လာပါတယ်။
အချက်အလက်များအရ ဧရာမကြယ်ကြီးတွေဟာ တွင်းနက်များထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး စူးရှတောက်ပစွာ ပေါက်ကွဲခြင်းမျိုး မဖြစ်ပါဘူး။
ဒါကြောင့် တွင်းနက်များ ဖြစ်ပေါ်ခြင်းက တောက်ပစွာပေါက်ကွဲခြင်းမျိုး မဖြစ်စေဘဲ လေ့လာယူဆချက်များကလည်း ညွှန်ပြနေတယ်လို့ သိပ္ပံပညာရှင်များ ပြောပြသွားပါတယ်။
Source: WION
#World_Science
#Published_ 30 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်အလယ်ပိုင်း ဟူနန်ဒေသမှာ ဒရုန်းများဖြင့် ပစ္စည်းပို့လုပ်ငန်း လုပ်ဆောင်နေပြီဖြစ်ပြီး အနိမ့်ပျံသန်းစီးပွားရေး စတင်လည်ပတ်ပြီဖြစ်ကာ ဝယ်ယူသုံးစွဲသူများအနေဖြင့် ပစ္စည်းပို့လုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရွေးချယ်စရာ ပိုများလာပါတယ်။
#Asia_Development
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 29 May 2024
၁။ မနှစ်ကထက် ဈေးတက်ပေမည့်လည်း ဂျပန်ထီးများ ရောင်းအားတက်နေ၊ မစောတံတားဖြတ်ရန် ထီးကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရ
၂။ သယ်ယူပို့ဆောင်ရန်အခက်အခဲနှင့် အရည်အသွေးကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်း
၃။ ဆိတ်မွေးမြူသူ နည်းလာသည့်အတွက် မွေးမြူရေးဆိတ်မဈေးကွက် တစ်ကောင်လျှင် ကျပ်သုံးသောင်းခန့် ဈေးကျဆင်း
၄။ တရုတ်ပြည်အလယ်ပိုင်းဟူနန်ဒေသတွင် ဒရုန်းဖြင့် ပစ္စည်းပို့လုပ်ငန်း စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၉ မေ ၂၀၂၄
ထိုင်းနိုင်ငံရှေ့နေချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာအပေါ် ၂၀၁၉ခုနှစ်တုန်းက တေင်ကိုရီးယားမှာ အင်တာ ဗျုးတစ်ခုကနေထိုင်းဘုရင်စနစ်ကိုစော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုတွေနှင့် စွဲချင်တင်လိမ့်မယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးပါတယ်။
ရှေ့နေချုပ်အမ်နက်ချက်ချာရိုအင်ရက်ဟာ ရဲတပ်ဖွဲ့ကအဆိုပြုထားတဲ့ အဆိုပါအမှုနှစ်ခုနှင့် သက်ဆင်အပေါ်စွဲချက်တင်ဖို့ ဆုံး ဖြတ်ခဲ့တာလို့ ရှေ့နေချုပ်ရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပရာရွတ်ဖက်ချာရက်ခွန်က ယနေ့မေလ၂၉ရက်မနက်က ပြောကြားပါ တယ်။
ဆုံးဖြတ်ချက်ဟာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်မှာ သက်ဆင်ပေးခဲ့တဲ့ အင်တာဗျူးကို ကိုးကားထားပါတယ်။ သက်ဆင်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းခဲ့တဲ့အတွက်လည်း ကွန်ပျူတာရာဇဝတ်မှုနှင့်သူ့ကိုစွဲချက်တင်တာဖြစ်ပါတယ်။
ဒါပေမယ့် အမှုစွဲရှေ့နေတွေက သက်ဆင်ကို တရားရုံး ချက်ခြင်းဆင့်ခေါ်ခြင်းတော့မပြုခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ရှေ့နေက သက်ဆင်ဟာ ကိုဗစ်ဖြစ်နေလို့ လာမယ့် တနင်္လာနေ့အထိ အနားယူဖို့လိုအပ်တယ်ဆိုပြီး ဆေးစာရွက် တင်သွင်းခဲ့ လို့ဖြစ်ပါတယ်။ သူဟာ ကြားနာမှုကို ဇွန် ၁၅ ရက်အထိရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒါကြောင့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ဇွန်လ ၁၈ ရက်နေ့ မနက်၉နာရီမှာ ရှေ့နေချုပ်ရုံးကို လာရောက်ဖို့ အစိုးရ ရှေ့နေတွေက သူ့ကို ဆင့်ခေါ်ထားတယ်လို့ မစ္စတာ ပရာရွတ်ကပြောပါတယ်။
ဧပြီ ၁၀ရက်နေ့တုန်းက မစ္စတာအမ်နက်ဟာ ဆုံးဖြတ်ချက်ကို ယခုဗုဒ္ဓဟူးနေ့ကို ရွှေ့ဆိုင်းပေးခဲ့တာဖြစ်ပါတယ်။
သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ရက်မှာ ခံဝန်ဖြင့်လွတ်လာပြီးနောက် နည်းပညာမှုခင်းရဲဌာနခွဲက အဲဒီအမှုနှစ်ခုကို လွှဲယူခဲ့ပြီး သူ့ကို ယာယီလွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
ရှေ့နေချုပ်ရဲ့ကြေညာချက်နောက်မှာ သက်ဆင်ရဲ့ရှေ့နေ ဝင်ယတ်ချတ်မွန်ထရီက သူ့အမှုထည်ဟာ စွဲချက်တွေကို ရင်ဆိုင်ဖြေ ရှင်းလိမ့်မယ်လို့ပြောခဲ့ပါတယ်။
“ သက်ဆင်ဟာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အဆင်သင့်ပဲ” လို့သူကပြောပါတယ်။
အင်တာဗျူးမှာသက်ဆင်ပြောထားခဲ့တာတွေဟာ ဘုရင်စနစ်ကိုစော်ကားပြီး ကွန်ပျူတာရာဇတ်ဝတ်မှုဥပဒေနှင့်ညိစွန်းထား တယ်လို့ ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။
Source: Bangkok Post
@ymg/knl
Published 29 May 2024
ယူကရိန်းကို အနောက်နိုင်ငံများမှ လက်နက်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ အကြံပြုကြတဲ့ ဥရောပမှ နေတိုး(NATO)အဖွဲ့ဝင်များဟာ မီးနဲ့ကစားနေတာ ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး တစ်ကမ္ဘာလုံးမှာ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ရုရှားတပ်တွေ ဆက်လက်ချီတက်လာတာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံက ဘယ်လိုလုပ်မလဲဆိုတာကို ကြိုးပမ်းလျက်ရှိရာ ပဋိပက္ခက တစ်ကမ္ဘာလုံးထံသို့ ကျယ်ပြန့်လာနိုင်ကြောင်း ပူတင်က ပြောကြားလာပါတယ်။
ယူကရိန်းအနေနဲ့ အနောက်နိုင်ငံမှ လက်နက်များ အသုံးပြုပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ကို နေတိုးအဖွဲ့ဝင်များက ခွင့်ပြုသင့်တယ်လို့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်က ပြောလိုက်ပြီး ဒီအမြင်ကို အချို့အဖွဲ့ဝင်များက ထောက်ခံနေကြပါတယ်။
တင်းမာမှုတွေ ဆက်တိုက်မြင့်တက်နေရင် အကျိုးဆက်တွေ ဆိုးရွားလာလိမ့်မယ်လို့ ပူတင်က ဥဇဘက်မြို့တော်မှာ သတင်းထောက်များကို ပြောပါတယ်။
ယူကရိန်းက တာဝေးပစ်လက်နက်များဖြင့် ရုရှားကို တိုက်ခိုက်မယ်ဆိုရင် အနောက်နိင်ငံတွေရဲ့ ဂြိုဟ်တု၊ ကင်းထောက်စနစ်များနဲ့ စစ်ရေးအကူအညီများ လိုအပ်တာကြောင့် အနောက်နိုင်ငံတွေက တိုက်ရိုက်ပါဝင် ပတ်သက်လာမှာဖြစ်သလို ယူကရိန်းထံသို့ ပြင်သစ်တပ်များ စေလွှတ်တာကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်လာစေနိုင်တယ်လို့ ပူတင်က ဆိုပါတယ်။
နေတိုးအဖွဲ့ဝင် နိုင်ငံငယ်လေးတွေအနေနဲ့ ယင်းတို့ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိထားသင့်တယ်လို့ ပြောပါတယ်။
ယူကရိန်းတို့က ရုရှားမြို့တွေ၊ ရေနံချက်စက်ရုံတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ ရုရှားအနေနဲ့ သည်းမခံနိုင်ဖြစ်နေကြောင်း ရုရှားအရာရှိများက ဆိုပါတယ်။
ယူကရိန်းသမ္မတ တရားဝင်သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံပိုင်ရုပ်သံက မေးမြန်းရာမှာ ယခုအချိန် ယူကရိန်းမှာ တရားဝင်အသိအမှတ်ပြု အာဏာပိုင်ဆိုလို့ ပါလီမန်လွှတ်တော်သာ ရှိကြောင်း ပူတင်က ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 121 of 822