အနောက်နိုင်ငံများရဲ့ ဖိအားပေးမှုအောက်ဘက်လိုက်တဲ့ သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ကို အီရန်သမ္မတ မာဆူပက်ဇက်ရှ်ကီယန်က ဝေဖန်လိုက်ကာ ထိပ်တန်းလုံခြုံရေးအဖွဲက အတည်ပြုထားတဲ့ မူဘောင်သစ်အတွင်း အေဂျင်စီနဲ့ဆွေးနွေးသွားဖို့ အီရန်အသင့်ရှိနေကြောင်းကို ထပ်မံအတည်ပြုလိုက်ပါတယ်။
#World_News
Published 23 September 2025
#အီရန်သမ္မတ #IAEA
#YMG #Yangon_Times #Yangon_Media_Group
၂၃ စက်တင်ဘာ ၊၂၀၂၅
အမေရိကန်ပြည်ထောင်စုက “ကာကွယ်ရေးဝန်ကြီးဌာန” ကို “စစ်ဝန်ကြီးဌာန” အဖြစ် အမည် ပြောင်းလဲရန် ဆုံးဖြတ်လိုက်ခြင်းသည် အမေရိကန်နိုင်ငံရေးအဝန်းအဝိုင်းအတွင်းတွင်သာမက ကမ္ဘာလုံး ဆိုင်ရာမူဝါဒရေးရာ အသိုက်အဝန်းများကြားတွင်လည်း သိသာထင်ရှားသည့် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဟားဗတ်ဝုဖ် Herbert Wulf က တိုဒါ ငြိမ်းချမ်းရေးအဖွဲ့Toda Peace Institute တွင်ရေးသားခဲ့သည့် သူ၏ မကြာသေးမီက သုံးသပ်ချက်ဆောင်းပါးတွင် ဤအသုံးအနှုန်းဆိုင်ရာ အပြောင်းအလဲသည် ဗျူရိုကရေစီ အမှတ်တံဆိပ် အသစ်တဖန် ပြန်လည်ပုံဖော်ခြင်းထက် များစွာပိုကြောင်း၊ ၎င်းသည် နိုင်ငံရေးအရ ဘာသာစကားကို ကိုင်တွယ်ခြယ်လှယ်ခြင်းနှင့် ပတ်သက်၍ George Orwell ၏ အမြင်များကို ပဲ့တင်ထပ် စေသည့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အာစလျှာစ အပြောအဆို အပြောင်းအလဲ တရပ်ဖြစ်ကြောင်းစောဒကတက်ခဲ့သည်။
ယခုအက်ဆေးသည် အဆိုပါ အမည်ပြောင်းလဲခြင်းကို အပြန်အလှန်ဆက်စပ်နေသည့် ခွဲခြမ်း စိတ်ဖြာ မှုဆိုင်ရာ မူဘောင် (၃) ရပ်အတွင်း ထားရှိ၍ လေ့လာခြင်းဖြစ်သည်။ ၎င်းတို့မှာ-
(၁) အမည်ပေးခြင်းနှင့် တရားဝင်ဖြစ်မှုဆိုင်ရာ နိုင်ငံရေး၊
(၂) စစ်ပွဲအား မူဝါဒတရပ်အဖြစ် ပုံမှန်ဖြစ်စေခြင်းနှင့်
(၃) ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ဂယက်ရိုက်ခတ်မှုများ ဖြစ်သည်။
၁။ အမည်ပေးခြင်း၊ ဘာသာစကားနှင့် တရားဝင်ဖြစ်မှု
ဘာသာစကားသည် နိုင်ငံရေးအရ ဘက်မလိုက်မှုကို မည်သည့်အခါမျှ မဖြစ်စေပါ။ ဘာသာစကားဆိုင်ရာ ဝေဖန်ဆန်းစစ် လေ့လာသုံးသပ်ချက်များတွင် အဖွဲ့အစည်းဆိုင်ရာ အမည်ပေးသည့် အလေ့အထများက အတွေးအခေါ်ဆိုင်ရာ ရပ်တည်ချက်များကို သတ်မှတ်ပေးပြီး တိကျသော မူဝါဒဆိုင်ရာ ဦးတည် ချက်များကို တရားဝင်ဖြစ်စေအောင် ပြသခဲ့ကြသည်။
အမေရိကန် စစ်ရေးဆိုင်ရာ ဝေါဟာရတွင် “ကာကွယ်ရေး” ကို “စစ်ပွဲ” ဖြင့် အစားထိုးလိုက်ခြင်းသည် အမေရိကန်က ၎င်း၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကို မည်ကဲ့သို့ချဉ်းကပ်လိုက်သည်ဟူသည့် အပြောင်းအလဲကို ဖော်ပြနေသည်။
ကာကွယ်ရေးသည် တုံ့ပြန်ခြင်း၊ အကာအကွယ်ပေးခြင်းနှင့် လိုအပ်ခြင်းတို့ကို ဆိုလိုသည်။
စစ်ပွဲသည် စတင်လှုပ်ရှားခြင်း၊ အတင်းအကျပ်ပြုမူခြင်းနှင့် ခိုင်ကျည်မှုတို့ကို ဆိုလိုသည်။
ထို့ကြောင့် အမည်ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံ၏ စစ်ရေးဆိုင်ရာ ဝိသေသလက္ခဏာကို တုံ့ပြန်သော အင်အားစုမှ ရှေ့သို့ တက်တက်ကြွကြွ လုပ်ဆောင်သည့် အင်အားစုအဖြစ် ပြန်လည်ပုံသွင်းလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ဖော်ပြခြင်းသက်သက်မျှသာ မဟုတ်ဘဲ ဆောင်ရွက်ခြင်းသဘောဖြစ်သည်။ ၎င်းသည် ထိုးစစ်ကို လက်ခံနိုင်ဖွယ်ရှိသော မူဝါဒ၊ ရှောင်လွှဲ၍မရသော မူဝါဒတရပ်အဖြစ် ပုံမှန်တစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
၂။ စစ်ပွဲကို ပုံမှန်အခြေအနေတစ်ခုအဖြစ်ပြုလုပ်ခြင်း
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပညာရပ်က အင်အားအသုံးပြုခြင်းကို ထိန်းချုပ်ရာတွင် စံနှုန်းများ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်သည် ကာကွယ်ရေးကို စစ်ပွဲ အဖြစ် ပြန်လည်ပုံဖော်ခြင်းဖြင့် လစ်ဘရယ် နိုင်ငံတကာ အစီအစဉ်ကို သမိုင်းအရ ထောက်ကူပေးနေသည့် ရေရှည်ရပ်တည်ထားသော ယင်း၏ စံနှုန်းဆိုင်ရာ အကန့်အသတ်များကို ယိုယွင်းဖျက်စီးသလိုဖြစ်လာ စေသည်။
လက်တွေ့မျက်မြင်အခြေအနေတွင် အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုများသည် ‘ကာကွယ်ရေး” ဆိုသည့် စာသားအနက်အတိုင်း ကန့်သတ်၍နေသည်မှာ အတော်ရှားပါးသည်။ အာဖဂန်နစ္စတန်မှ လစ်ဗျား၊ လစ်ဗျားမှ ယီမင်အထိ စစ်ရေးစစ်ဆင်မှုများကို နိုင်ငံခြားရှိ အမေရိကန်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်ဟူသည့် ခေါင်းစဉ်အောက်တွင် တရားမျှတသည့် သဘောဆောင်အောင် ဆောင်ရွက်ခဲ့သည်။ Wulf က “စစ်ပွဲ” ဟူသည့် အသုံးအနှုန်း၏ ရိုးသားမှုသည် “ကာကွယ်ရေး” ထက် လက်တွေ့ကို ပိုမိုတိကျစွာ ထင်ဟပ်စေသည်ဟု မှတ်ချက်ပြုထားသော်လည်း ၎င်းသည် စစ်ပွဲကို ခြွင်းချက်အနေဖြင့် အသုံးပြုရမည့် အရာမဟုတ်တော့ဘဲ အမြဲတမ်းမူဝါဒဆိုင်ရာ ကိရိယာတရပ်အဖြစ် ပုံမှန်ဖြစ်လာအောင် အရှိန်မြှင့်တင်ပေးစေသည်။
၃။ ဒီမိုကရေစီဆိုင်ရာ အကျိုးသက်ရောက်မှုများ
ပြည်တွင်းတွင် အမည်ပြောင်းလဲခြင်းသည် ဗျူရိုကရေစီဆိုင်ရာ ဝေါဟာရသက်သက်သာ မဟုတ်ဘဲ နိုင်ငံရေးဘဝကို လုံခြုံရေးအမြင်ဖြင့် ကြည့်မြင်လာသည့် အနက်အဓိပ္ပါယ် အမျိုးမျိုးဖြစ်စေသည့် ဘာသာ စကားဆိုင်ရာ လမ်းကြောင်းကို ထင်ဟပ်စေသည်။ “အတိုက်အခံ” ကို အမျိုးသားခြိမ်းခြောက်မှုအဖြစ် ပုံဖော်သောအခါ ကန့်ကွက်မှုသည် ဖျက်လိုဖျက်ဆီးလုပ်မှုအဖြစ် ပြန်လည်သတ်မှတ်ခံရမည့် အန္တရာယ် ရှိလာသည်။ ဟာနာ့ အာရင်းHannah Arendt မှ ဂျော်ဂျီယို အက်ဂမ်ဘမ်Giorgio Agamben အထိ နိုင်ငံရေးသီအိုရီပညာရှင်များသည် ထိုသို့သော အကူးအပြောင်းများကို သတိပေးခဲ့ကြသည်။ ထိုအကူး အပြောင်းများတွင် “ခြွင်းချက်အခြေအနေ” သည် ခြွင်းချက်မဟုတ်တော့ဘဲ စည်းမျဉ်းဖြစ်လာသည်။
Orwell ၏ အသုံးအနှုန်းများအရ ၎င်းသည် အတွေးနှစ်ခွကို အဖွဲ့အစည်းပုံစံသွတ်သွင်းခြင်းဖြစ်သည်။ အစိုးရသည် တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး၏ ချန်ပီယံအဖြစ် ကြွေးကြော်နေနိုင်သလို တစ်ဖက်တွင် ထပ်တလဲလဲစစ်ပွဲကို လက်ခံကျင့်သုံးနိုင်သည်။ ထို့ကြောင့် အမည်ပြောင်းလဲခြင်းသည် ဘာသာစကား ဆိုင်ရာ အမှတ်အသားတခုအဖြစ်သာမက နိုင်ငံရေးဆိုင်ရာ ကိရိယာတစ်ခုပါ ဖြစ်လာစေသည်။မည်သည့် မူဝါဒကို တရားဝင်အဖြစ် သတ်မှတ်သည်ဆိုသည့် အသိဉာဏ်ဆိုင်ရာ နယ်နိမိတ်များကို ပြန်လည်ပုံဖော် ပေးသည်။
နိဂုံး
ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲလိုက်ခြင်းသည် ခေတ်ပြိုင်အုပ်ချုပ် ရေးတွင် ဘာသာစကား၊ မူဝါဒနှင့် အတွေးအခေါ်များ မည်သို့ ပေါင်းစည်းလာသည်ကို နမူနာပြသ နေသည်။ ၎င်းသည် အင်အားသုံးစွဲမှုအပေါ်ထားရှိသည့် စံနှုန်းဆိုင်ရာ အကန့်အသတ်များ ဆုတ်ယုတ် လာခြင်းကို ထင်ဟပ်စေပြီး ထိုးစစ်သဘောထားကို ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် တရားဝင်ဖြစ်စေကာ စစ်ရေးမူဝါဒများနှင့်ယှဉ်ပြိုင်နိုင်သည့် ဒီမိုကရေစီ နေရာလွတ်များကို ကျဉ်းမြောင်းသွားစေမည့် အန္တရာယ် ရှိသည်။
Orwell ၏ သတိပေးချက်သည် တစ်ခါက တင်စားထားသည်ထက် ယခုလက်တွေ့ပိုဆန်လာ သည်။ နိုင်ငံရေးဆိုင်ရာဘာသာစကား သည် လက်တွေ့အခြေအနေကို ရိုးရှင်းစွာ ဖော်ပြရုံမျှမကတော့ဘဲ ၎င်းကို ပါထုတ်လုပ်ပေးလာနိုင်သည်။ စစ်ပွဲသည် ဘာသာစကားအရ ပုံမှန်တစ်ခုဖြစ်လာပါက နိုင်ငံရေးအရ အမြစ်တွယ်သွားနိုင်ဖွယ်ရှိသည်။
ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့အတွက် လုပ်ဆောင်ရမည့်အလုပ်မှာ ဤအပြောအဆိုဆိုင်ရာ အပြောင်းအလဲများကို ဖော်ထုတ်ရန်၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို ဝေဖန်ဆန်းစစ်ရန်နှင့် စစ်ပွဲ၏ ထာဝရချဲ့ထွင်မှုကို ထိန်းချုပ်ထားသော စံနှုန်းများကို ထိန်းသိမ်းရေး အခိုင် အမာ တောင်းဆိုရန်ဖြစ်ပါသည်။
သုထက်သာ
Source:
1.Department of War: George Orwell Would Feel Validated by Herbert Wulf at Toda Peace Institute
2. Fairclough, 1992
3. Finnemore & Sikkink, 1998
#World_News
Published 23 September 2025
▪️ ဂါဇာမှ ပါလက်စတိုင်းများဘက်ကနေ ထောက်ခံအားပေးမှုကိုပြသတဲ့အနေနဲ့ တနင်္လာနေ့က အီတလီမှာ အထွေထွေသပိတ်ပြုလုပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းများနဲ့ အခြားဝန်ဆောင်မှုကဏ္ဍများ ရပ်တန့်သွားခဲ့သလို မြို့ပြကြီးတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
▪️ စက်တင်ဘာ ၂၁ ရက်နေ့က အီတလီရဲ့ အကြီးမားဆုံး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ CGIL က ၄ နာရီကြာ ဆန္ဒထုတ်ဖော်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယတစ်ကြိမ် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။
▪️ ဒေသတွင်းပို့ဆောင်ရေးနဲ့ ရထားလမ်းဆက်သွယ်ရေးအချို့ အထူးသဖြင့် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နှောင့်ယှက်ခံရပြီး ဆိပ်ကမ်းဝန်ထမ်းများ အလုပ်မဆင်းတာကြောင့် ဂျီနိုအာနဲ့ လီဗော်နိုဆိပ်ကမ်းတွေမှာ လုပ်ငန်းများ ရပ်တန့်ခဲ့ပါတယ်။
▪️ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြည်သူ့ရုံးဌာနအများအပြား ပိတ်ထားရကာ အီတလီလမ်းတွေမှာ ပါလက်စတိုင်းဘက်မှ စည်းလုံးညီညွတ်ထောက်ခံကြောင်း၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ရောမ၊ ဘိုလော့ဂ်နာ၊ မီလန်၊ တူရင်၊ ဗင်းနစ်တို့မှာ လူအများဆုံး စုဝေးခဲ့ကြပြီး အနည်းဆုံး လူတစ်သိန်းခန့် ပါဝင်မယ်လို့ အီတလီရုပ်သံ Rai News က ဖော်ပြထားပါတယ်။
▪️ မီလန်မှ, ဂါဇာလိုလားရေးဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ အတိုက်အခိုက်ဖြစ်ပွားကာ လူတစ်ဒါဇင်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။
▪️ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီအစိုးရအနေနဲ့ အစ္စရေးလ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ဖိအားပေးလိုကြကာ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှု ထောက်ပံ့ကူညီမှုများ ပေးအပ်လိုနေကြပါတယ်။
▪️ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးတဲ့ အီတလီဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုပေးဖို့လည်း သမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။
Source: Xinhua
#World_Health
Published 23 September 2025
ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရေသောက်တဲ့ပုံစံကြောင့် ကွဲပြားသွားနိုင်ပါတယ်။
ဒီအတွက် ကျန်းမာရေးမြှင့်တင်ပြီး တစ်နေ့လုံး အားအင်ပြည့်နေစေဖို့ ရေသောက်တဲ့အခါ ရှောင်ရှားသင့်တဲ့ အမှားတွေကို အာဟာရပညာရှင် ရိုင်ယန်ဖာနန်ဒိုက ပြောသွားပါတယ်။
(၁) ရေသောက်မြန်လွန်းခြင်း
ခန္ဓာကိုယ်က ရုတ်တရက်လန့်သွားနိုင်သဖြင့် ပါးစပ်ထဲ ရေထည့်ပြီး မျိုမချခင်မှာ ၂-၃ စက္ကန့်လောက် ထိန်းထားသင့်ပါတယ်။
(၂) ပူလွန်းအေးလွန်းသောရေသောက်ခြင်း
ရေကို သာမန်အပူချိန်ဖြင့်သာ သောက်သုံးပြီး ဒီလိုမှမဟုတ်ရင် သောက်လိုက်တဲ့ရေကို သာမန်အပူချိန်ဖြစ်အောင် ထိန်းညှိအားထုတ်ရပါတယ်။
(၃) အစားစားရင်းရေသောက်ခြင်း
အစားစားတဲ့အချိန်မှာ ရေသောက်လိုက်ရင် အစာချေဖျက်ဖို့ ခက်ခဲနိုင်သဖြင့် တစ်နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။
(၄) ပလတ်စတစ်ဗူးထဲမှရေသောက်ခြင်း
အပူထဲရှိနေတဲ့ ပလတ်စတစ်ဗူးဟာ ရေထဲကို မိုက်ခရိုပလတ်စတစ်မှုန်တွေ ထွက်ရှိစေပါတယ်။
ဒီအချက်တွေအပြင် ရေသောက်တဲ့အခါ ခန္ဓာကိုယ်ကို တည့်မတ်တဲ့အနေအထားဖြင့် သောက်ရပါမယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အတိုင်း နားလည်သိရှိပြီး သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ အကောင်းဆုံးဖြစ်စေမှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
+Published 23 September 2025
▪️ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ယူဆထားတဲ့ အချို့သော အစားအစာတွေက နှလုံးပြဿနာရှိသူတွေအတွက် ဘေးအန္တရာယ်ဖြစ်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ နှလုံးသွေးကြောနဲ့ ပတ်သက်လာရင် အာဟာရဓာတ်အပြည့်အစုံအကြောင်း နားလည်ဖို့ပါ အရေးကြီးလာပါတယ်။
▪️ ဒါကြောင့် နှလုံးပြဿနာရှိသူတွေအတွက် ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဂရန်နိုလာ - သကြားနဲ့ ဆီများ မြင့်မားစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေကာ နှလုံးကို ဖိစီးစေပြီး သွေးကြောတွေ ထိခိုက်စေပါတယ်။
▪️ (၂) အဆီနည်းသောဒိန်ချဉ် - သကြားပါဝင်တဲ့ ဒိန်ချဉ်မျိုးက ထရိုင်ဂလစ်ဆရိုက်ပမာဏ မြင့်တက်စေပြီး ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
▪️ (၃) စည်သွပ်ဟင်းရွက်နှင့် စွပ်ပြုတ်များ - ဟင်းရွက်တွေက ကျန်းမာတယ်ဆိုပေမယ့် ကြာရှည်ထိန်းသိမ်းဖို့အတွက် ဆိုဒီယံတွေ ပါဝင်သဖြင့် သွေးပေါင်ချိန်မြင့်တက်စေကာ နှလုံးအတွက် အန္တရာယ်ရှိစေပါတယ်။
▪️ (၄) ဟင်းရွက်ဆီများ - ဒီဆီတွေက နှလုံးအတွက် ကျန်းမာစေတယ်ဆိုပေမယ့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များ မြင့်မားတာကြောင့် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။
▪️ (၅) ပေါင်မုန့်ကြမ်း - ပေါင်မုန့်ဖြူတွေထက် ပိုကောင်းတယ်ဆိုပေမယ့် ဈေးကွက်ထဲက ပေါင်မုန့်ကြမ်းတွေက သကြားနဲ့ ဆိုဒီယံ ပါဝင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေပါတယ်။
▪️ (၆) အားဖြည့်အချိုရည်များ - ဒီအချိုရည်တွေဥ ရေဓာတ်ဖြည့်ခြင်းနဲ့ အားပြန်ဖြည့်ခြင်း ပေးစွမ်းတယ်လို့ ကြော်ငြာကြပေမယ့် တကယ်တမ်းတော့ သကြားနဲ့ ဆိုဒီယံများပြားကာ နှလုံးမကောင်းသူတွေမှာ ဘေးအန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။
▪️ (၇) အခွံမာသီးအရော - အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ထုပ်ပိုးရောင်းချတာတွေထဲမှာ အငန်ဓာတ်တွေ၊ အချိုဓာတ်တွေပါတာကြောင့် နှလုံးအတွက် မကောင်းပါဘူး။
▪️ (၈) အပင်အခြေပြုအသားများ - အသားကြီးတွေနဲ့ယှဉ်ရင် ကိုလက်စ်ထရောနည်းပေမယ့် ဆိုဒီယံ၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးတွေ မြင့်မားတာကြောင့် နှလုံးသွေးကြောအန္တရာယ် ဖြစ်စေပါတယ်။
▪️ (၉) ဖျော်ရည်များ - သဘာဝသစ်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဖျော်ရည်တွေထဲမှာ သကြားဓာတ် အများအပြား ပါဝင်ပါတယ်။
▪️ (၁၀) သစ်သီးခြောက်များ - အာဟာရဓာတ် ကြွယ်ဝပေမယ့် အခြောက်ခံတဲ့အခါ သကြားများစေပြီး တာရှည်ခံဆေးတွေလည်း ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
Source: DoctorNDTV
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)လေတပ်ရဲ့ ၂၀၂၅ လေကြောင်းပြပွဲနဲ့ ချန်ချွန်းလေကြောင်းပြပွဲကို တရုတ်အရှေ့မြောက်ပိုင်း ချန်ချွန်းမြိုမှာ သောကြာနေ့က စတင်ပြုလုပ်ခဲ့ကာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်လေယာဉ်များစွာကို ပြသခဲ့ပါတယ်။
#Asia_Military
Published 22 September 2025
#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #ချန်ချွန်းလေကြောင်းပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 September 2025
▪️ ရှန်ဟိုင်း စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) — အရပ် ၁.၇၅ မီတာ၊ ကိုယ်အလေးချိန် ၃၂ ကီလိုဂရမ်ရှိပြီး အပြာရောင်အင်္ကျီတိုဝတ်ဆင်ထားသည့် Xueba 01 စက်ရုပ်ကို ယခုလတ်တလောတွင် ရှန်ဟိုင်းပြဇာတ်ရုံ အကယ်ဒမီကျောင်း (STA) ၌ ပထမဆုံးစက်ရုပ်ပါရဂူကျောင်းသားအဖြစ် ကြိုဆိုခဲ့သည်။
▪️ လာမည့် လေးနှစ်အတွင်း သူသည် စင်မြင့်ဒီဇိုင်းဌာနတွင် ဒီဂျစ်တယ်ဖျော်ဖြေရေးဒီဇိုင်းဘာသာရပ်ဖြင့် ဘွဲ့ယူရန် လေ့လာသင်ယူသွားမည်ဖြစ်သည်။
▪️ STA နှင့် ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (USST) တို့ပူးတွဲ စတင်ခဲ့သည့် အစီအစဉ်သည် မျိုးဆက်သစ် ရုပ်သွင်စက်ရုပ်များအတွက် စမ်းသပ်လေ့ကျင့်ရေးနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ကဏ္ဍစုံအပြန်အလှန်တုံ့ပြန်မှု၊ အနုပညာဖော်ပြမှုနှင့် အသိဉာဏ်ပွားများမှုကို အလေးပေးထားသည်။
▪️ လေးနှစ်ကြာ အစီအစဉ်တစ်လျှောက်လုံး Xueba 01 သည် တရုတ်အော်ပရာ၏ အခြေခံလှုပ်ရှားမှုများ၊ အခြေခံလေ့ကျင့်မှုများနှင့် ဖျော်ဖြေမှုနည်းစနစ်များကို စနစ်တကျလေ့လာသွားမည်ဖြစ်သည်။
▪️ USST အဖွဲ့သည် သူ၏နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ရေးနှင့် အခြေခံအသိပညာကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး STA အဖွဲ့က သူ၏အနုပညာဖျော်ဖြေမှုကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။
▪️ USST စက်ဉာဏ်ရည်တုသုတေသနဌာန၏ အမှုဆောင်ဒါရိုက်တာနှင့် Xueba 01 ၏ ပူးတွဲကြီးကြပ်သူ Li Qingdu ကပြောကြားချက်အရ စက်ရုပ်သည် ယခုနှစ်အတွင်း ပေကျင်းမြို့၌ကျင်းပခဲ့သည့် လူသားပုံတူစက်ရုပ်ပြိုင်ပွဲတွင် တတိယရရှိခဲ့သည့် Xingzhe No. 2 စက်ရုပ်ကိုမွမ်းမံထားသောပုံစံသစ်(ဗားရှင်း)ဖြစ်သည်။
▪️ စက်ရုပ်တွင် ကမ္ဘာ့ဦးဆောင် အလွန်ပေါ့ပါးသော ကြွက်သားအရွတ်အခြေခံ ဇီဝရုပ်ဆင်း ဖွဲ့စည်းပုံနှင့် လူသားတူမျက်နှာနည်းပညာပါဝင်ပြီး နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများအပြင် လက်တွေ့ဘဝနှင့်တူသော မျက်နှာအမူအရာ ၁၀၀ ကျော်နှင့် အချိန်နှင့်တစ်ပြေးညီ အပြန်အလှန်တုံ့ပြန်မှုများ ပြုလုပ်နိုင်ကြောင်း ၎င်းကဆိုသည်။
▪️ စက်ရုပ်သည် သူ၏အရပ်နှင့် အသွင်အပြင်ကို ပြောင်းလဲနိုင်ပြီး ခြောက်နာရီကျော် ဆက်တိုက်ဖျော်ဖြေနိုင်ကာ ပြင်းထန်သောလေ့ကျင့်မှုများပြုလုပ်စဉ်တွင်လည်း ကြံ့ကြံ့ခံနိုင်ကြောင်း၊ ပရိတ်သတ်၏တုံ့ပြန်မှုအပေါ်အခြေခံ၍ အချိန်နှင့်တစ်ပြေးညီ သူ၏ဖျော်ဖြေမှုကို ညှိယူနိုင်ပြီး ကန့်သတ်မှုမရှိသော ဖျော်ဖြေမှုပုံစံများကို ပေးစွမ်းနိုင်ကြောင်း Li ကရှင်းပြသည်။
▪️ “လက်ရှိအဆင့်တွင် Xueba 01 သည် ဟီနန်အော်ပရာ၊ ရှန်ဟိုင်းအော်ပရာနှင့် ပေကျင်းအော်ပရာများမှ တီးလုံးများကို ‘သီဆိုနိုင်’ပေမယ့် ၎င်း၏လှုပ်ရှားမှုတွေဟာ ချောမွေ့မှုနှင့် အနုသုခုမဆန်မှု ချို့တဲ့နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို ပရိုဖက်ရှင်နယ်အနုပညာရှင်များထံမှ သင်ယူရန် ပြုလုပ်ပေးထားပါတယ်” ဟု ၎င်းကဆိုရင်း လူသားအနုပညာရှင်များ၏ လှုပ်ရှားမှုများ၊ မျက်နှာအမူအရာများနှင့် လက်ဟန်များကို မှတ်တမ်းတင်ရန်နှင့် လေ့ကျင့်ရေးဒေတာအစုံများ ဖွဲ့စည်းရန် လှုပ်ရှားမှုဖမ်းယူသည့်နည်းပညာကို အသုံးပြုကြောင်းဖြည့်စွက်ပြောကြားခဲ့သည်။
▪️ အနာဂတ်တွင် စက်ရုပ်သည် ဗီဒီယိုရိုက်ကူးမှတ်တမ်းများမှ တိုက်ရိုက်သင်ယူနိုင်ပြီး ပိုမိုကြွယ်ဝသော ဒေတာများကိုပေးစွမ်းကာ ပိုမိုသဘာဝကျသော ဖျော်ဖြေမှုများ ထုတ်လုပ်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
▪️ စက်ရုပ်၏အဓိကတာဝန်သည် အနုပညာနှင့်နည်းပညာ၏ဆုံဆည်းရာကို စူးစမ်းရှာဖွေရန်နှင့် အထူးသဖြင့် တရုတ်ရိုးရာအနုပညာပုံစံများကို ဉာဏ်ရည်တုနှင့် မည်သို့ပေါင်းစပ်နိုင်သည်ကို စူးစမ်းရန်ဖြစ်ကြောင်း STA ဥက္ကဋ္ဌ Huang Changyong ကပြောကြားခဲ့သည်။
▪️ STA ပါမောက္ခနှင့် Xueba 01 ၏ ပူးတွဲကြီးကြပ်သူနောက်တစ်ဦးဖြစ်သည့် Yang Qingqing က “ကျွန်တော်တို့ရဲ့ သင်ကြားရေးပုံစံဟာ နည်းပညာဆိုင်ရာမွမ်းမံမှုနှင့် လူသားဆန်သော စေ့ဆော်မှုကိုပေါင်းစပ်ထားပါတယ်” ဟုပြောသည်။
▪️ “နည်းပညာပိုင်းဆိုင်ရာအရ ကျွန်ုပ်တို့သည် USST အဖွဲ့နှင့်ပူးပေါင်း၍ စက်ရုပ်၏ဖျော်ဖြေမှုကို ထပ်မံမွမ်းမံပေးပါတယ်” ဟု၎င်းကဆိုသည်။
▪️ “လူသားဆန်သောဘက်မှာ ကျွန်တော်တို့ဟာဆွေးနွေးမှု နှင့်စေ့ဆော်မှုကို ပိုမိုအာရုံစိုက်ထားပါတယ်။”
▪️ “ဥပမာအားဖြင့် ကျွန်တော်ကဇာတ်ကောင်ရဲ့နောက်ခံ၊ လှုံ့ဆော်မှုနှင့် စိတ်ခံစားမှုအလွှာများကို Xueba 01 ကို ရှင်းပြပါတယ်။ သူက ကျွန်တော်ရဲ့ လမ်းညွှန်မှုကိုအနက်အဓိပ္ပါယ် ပြန်ဆိုဖို့ သူရဲ့ ဘာသာစကား လုပ်ငန်းစဉ်နည်းပညာကို အသုံးပြုပြီးသင့်လျော်သက်ဆိုင်တဲ့ ဖျော်ဖြေမှုဆိုင်ရာ အဆိုပြုချက်တွေကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်”
▪️ ယခုအစီအစဉ်သည် တရုတ်နိုင်ငံရှိ အနုပညာပညာရေးအတွက် တန်ဖိုးရှိသော ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းပြီး ဘာသာရပ်ဆိုင်ရာ အတားအဆီးများကို ဖြိုခွင်းကာ ခေတ်ပြိုင်အနုပညာရှင်များအနေဖြင့် နည်းပညာဗဟုသုတနှင့် ဘာသာရပ်စုံအတွေးအခေါ်ကို မိရိုးဖလာကျွမ်းကျင်မှုများနှင့် လူသားဆန်သော အသိပညာတို့နှင့်ပေါင်းစပ်ရန်လိုအပ်ကြောင်းတွေ့ရှိရသည်ဟု Yang ကအလေးပေးပြောကြားခဲ့သည်။
▪️ တရုတ်အော်ပရာအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရန်နှင့် မြှင့်တင်ရန်အတွက် အဆင့်မြင့်နည်းပညာကို အသုံးပြုခြင်းဖြင့် ဒစ်ဂျစ်တယ်နည်းအရထိန်းသိမ်းစောင့်ရှောက်ပြီး ဇာတ်ရုံအနုပညာတီထွင်ဆန်းသစ်နိုင်သော စီမံကိန်း၏အခန်းကဏ္ဍကို သူမကအလေးပေးပြောဆိုသည်။
▪️ “နည်းပညာသည် အနုပညာတွင် မီဒီယာအသစ်တစ်ခုအဖြစ်သာမက ပူးတွဲဖန်တီးသည့် မိတ်ဖက်တစ်ခုအနေဖြင့်လည်းအသုံးပြုသည်” ဟု ၎င်းကဆိုသည်။
Source: Xinhua
Page 117 of 1152