#World_Health
Published 24 October 2025
■ မျက်ကပ်မှန်တွေ မျက်မှန်တွေ မလိုအပ်တော့ဘဲ မြင်ကွင်းကြည်လင်ပြတ်သားစေမယ့် နောက်ဆုံးပေါ်ကုသနည်းကတော့ SILK လို့ခေါ်တဲ့ နည်းပညာဖြစ်ပါတယ်။
■ ဒါက အဆင့်မြင့်လေဆာကုသနည်းဖြစ်ပြီး မျက်ကြည်လွှာမှ အဝိုင်းပုံသဏ္ဍာန်တစ်ရှူးကို ဖယ်ပြီး အမြင်အာရုံတိုးတက်စေတာ ဖြစ်ပါတယ်။
■ SILK နည်းပညာဖြင့် မျက်ကြည်လွှာမှ တစ်ရှူးကိုဖယ်ရှားပေးပြီး မျက်မှန်မလိုအပ်တော့ဘူးလို့ ဆာဂန်ဂရန်ဆေးရုံမှ ဒေါက်တာ အိုက်ကီဒါလယ်က ပြောပါတယ်။
■ ဖယ်ရှားဖို့လိုအပ်တဲ့ တစ်ရှူးပမာဏကတော့ မျက်မှန်ပါဝါပေါ် မူတည်ပါတယ်။
■ နောက်ထပ်လေဆာခွဲစိတ်နည်းတစ်ခုကတော့ LASIK ဖြစ်ပြီး အနည်းငယ်ဈေးပိုသက်သာကာ မျက်ကြည်လွှာသားကို ဖြတ်တောက်ပြီး အောက်ကတစ်ရှူးပေါ်လာအောင် မ'တင်ပေးတာ ဖြစ်ပါတယ်။
■ LASIK နည်းလမ်းကတော့ အလင်းယိုင်လွဲခြင်းများအားလုံးမှာ အသုံးပြုနိုင်ပြီး လူနာပြန်လည်သက်သာချိန်ကလည်း SILK ထက် ပိုမြန်ပါတယ်။
■ မျက်မှန်မတပ်ချင်သူတွေအတွက် မှန်ကန်တဲ့နည်းလမ်းရွေးချယ်ခြင်းက အရေးပါကြောင်း ဒေါက်တာက ပြောပါတယ်။
■ ဒီနည်းလမ်းတွေကတော့ အတော်လေးဘေးကင်းစိတ်ချရပြီး အချို့ကတော့ မျက်လုံးခြောက်သွေ့ခြင်းမျိုး ခံစားရနိုင်ပါတယ်။
■ SILK ခွဲစိတ်ခြင်းက အနည်းငယ်ပိုပြီး ဈေးကြီးပေမယ့် ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
■ ဘေးကင်းစိတ်ချရပြီး နည်းပညာပိုင်း အဆင့်မြင့်ပေမယ့် နေရာအနှံ့ မရောက်ရှိသေးသလို ဈေးနှုန်းကလည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။
Source: Indian Express