အင်ဒိုနီးရှားနိုင်ငံ ရီအော်ပြည်နယ်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရာစုနှစ်သက်တမ်းရှိ တရုတ်ငါးဖမ်းသမားဓလေ့ပွဲသို့ လူပေါင်းထောင်နဲ့ချီ ရောက်လာကြကာ ကံကောင်းဖေးမမှုရရှိဖို့ လက်လုပ်လှေကို မီးရှို့ကြတာ ဖြစ်ပါတယ်။
#Asia_Culture
Published 4 July 2025
#အင်ဒိုနီးရှားငါးဖမ်းမြို့ #လှေမီးရှို့ရိုးရာဓလေ့ပွဲပြုလုပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_New
Published 4 July 2025
၁။ စက်သုံးဆီနှင့် သွင်းကုန်ကဏ္ဍအတွက် ဒေါ်လာ၃၃သန်းနှင် ယွမ် ၁၀ သန်း ဗဟိုဘဏ်ရောင်းပေးမည်
၂။ စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ကျောင်းအချို့၌ ကွန်တိန်နာကျောင်းဆောင်များဖြင့် စာသင်ကြားနေ
၃။ မဲခေါင်-လန်ချန်းစီမံကိန်းမှ ဒေါ်လာ ၂၂၅၀၀ နှင့်ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများပေးအပ်
၄။ အင်ဒိုနီးရှားငါးဖမ်းမြို့၌ နှစ်စဉ်ကျင်းပသည့် လှေမီးရှို့ရိုးရာဓလေ့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 03 July 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်အခနဲ့ ပြည်တွင်းရေးရာမူဝါဒဥပဒေများကြောင့် မကျေနပ်ချက်အငြိုးများဖြစ်ခဲ့တဲ့ ဘီလျံနာအီလွန်မက်စ်က နိုင်ငံရေးပါတီအသစ်တစ်ခု တည်ထောင်သွားမယ့်အကြောင်း ထပ်မံပြောကြားလာပါတယ်။
▪️ သမ္မတကြီးနဲ့ အီလွန်မက်စ်တို့ကြား အပြန်အလှန် အချေအတင်စကားများခဲ့ပြီးနောက် ယင်းတို့ရဲ့ နိုင်ငံရေးအရ ပေါင်းသင်းညီညွတ်မှု အဆုံးသတ်ဖို့များနေရာ အစောပိုင်းရက်တွေတုန်းက မက်စ်က 'အမေရိကားပါတီ'လို့ခေါ်တဲ့ ကြားနေပါတီတစ်ခု တည်ထောင်ဖို့ အသံလွှင့်ခဲ့ပါတယ်။
▪️ ယခုသီတင်းပတ်မှာလည်း မက်စ်က ဒီအကြောင်းကို ထပ်မံပြောကြားလာကာ လွှတ်တော်အမတ်တွေကတော့ အသုံးစရိတ်ကြီးမားလွန်းတဲ့ ဥပဒေ 'One Big Beautiful Bill Act' ကို တင်သွင်းဖို့ ကြိုးပမ်းနေကြပြီး ဒီတစ်ခေါက်မှာတော့ ထရမ့်က အချိန်သတ်မှတ်ပေးလိုက်ပါတယ်။
▪️ အဆိုပါအသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြုလိုက်တာနဲ့ နောက်နေ့မှာ အမေရိကားပါတီ ဖွဲ့စည်းပြီလို့ မက်စ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
▪️ ဒီတိုင်းပြည်မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်တို့ပဲ ကြီးစိုးနေတဲ့အချိန်မှာ လူအများလွတ်လပ်စွာ ပြောဆိုနိုင်မယ့် အခြားနည်းလမ်းတစ်ခု လိုနေပြီလို့ ဆိုပါတယ်။
▪️ မက်စ်က သူ့စကားအတိုင်း တကယ်လုပ်မလားဆိုတာ မသေချာပေမယ့် ပါတီအသစ်ထောင်ဖို့ဆိုတာက အပြောကသာ လွယ်ပါတယ်။
▪️ ရှုပ်ထွေးလှတဲ့ ပြည်ထောင်စုဥပဒေတွေ၊ အချိန်ကြာမြင့်လှတဲ့ မဲပေးမှုတွေကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
▪️ Forbes နဲ့ Bloomberg တွက်ချက်မှုများအရ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃၅၀ ဘီလီယံကျော်တဲ့ အီလွန်မက်စ်အတွက်တော့ ပါတီအသစ်တစ်ခု ထူထောင်ရေးကုန်ကျစရိတ်က အခက်အခဲကြီး မဖြစ်နိုင်ပါဘူး။
▪️ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးကာလတွေမှာ မက်စ်က ထရမ့်နဲ့ အခြားရီပတ်ဘလစ်ကန် ကိုယ်စားလှယ်များအတွက် ဒေါ်လာ ၂၇၇ သန်း ကုန်ကျခံကူညီခဲ့ပါတယ်။
#Source: CBS News
#World_Science
Published 03 July 2025
▪️ အန္တာတိတ်ရေခဲပြင်အတွင်းထဲမှာ ရှေးဟောင်းကမ္ဘာကြီးတစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
▪️ နှစ်ပေါင်း ၃၄ သန်းသက်တမ်းကျော်ရှိပြီး အရှေ့အန္တာတိက မျက်နှာပြင်အောက် တစ်မိုင်လောက်မှာ ရှိပါတယ်။
▪️ ဂြိုဟ်တုအချက်အလက်များအရ အဲဒီမှာ မြစ်တွေ၊ သစ်တောတွေ၊ ထန်းပင်တွေရှိနေပါတယ်။
▪️ ဝီလ်ကက်စ်လန်းလို့ခေါ်တဲ့ နေရာမှာတည်ရှိပြီး အရွယ်အစားအားဖြင့် ၁၂,၀၀၀ စတုရန်းမိုင်ကျော်ခန့် ရှိပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ် ၁၄ သန်းလောက်က အရှေ့အန္တာတိတ်ရေခဲပြင်က ဆက်လက်ကျယ်ပြန့်လာပြီး ဒီနေရာကို မားဂြိုဟ်လောက်တောင် မသိခဲ့ကြဘူးလို့ ဒါဟမ်တက္ကသိုလ်မှ ဦးဆောင်သုတေသီ စတီးဝပ်ဂျေမီဆန်က ပြောပါတယ်။
▪️ ဒီနေရာမျက်နှာပြင်က ရေခဲပြင်တိုက်စားသွားတာ မဟုတ်ဘဲ မြစ်တွေကြောင့် ဖြစ်ပေါ်လာတယ်လို့ ယူဆထားပါတယ်။
▪️ ထိုထဲမှာ တောင်ကြားတွေလည်း တွေ့ရှိပြီး ၁၂၀ ကနေ ၁၆၈ ကီလိုမီတာအထိ ရှည်လျားကြကာ အနက် ၃,၉၀၀ ပေနီးပါးရှိပါတယ်။
▪️ အရှေ့အန္တာတိကက အလွန်အေးခဲတာကြောင့် သေချာထိန်းသိမ်းတည်ရှိနေကာ ဘာမှမပျက်မယွင်း ရှိနေပါတယ်။
▪️ ဒီနေရာဟာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီး အခုလိုတွေ့ရှိတာက အရှေ့အန္တာတိကရေခဲပြင်အကြောင်း ပိုမိုသိရှိနိုင်မယ်လို့ နယူးကာဆယ်တက္ကသိုလ်မှ ဘူမိရူပပရော်ဖက်ဆာ နေးလ်ရော့စ်က ပြောပါတယ်။
#Source: WION
#World_Health
Published 03 July 2025
▪️ အသက် ၆၅ နှစ်နဲ့ ၇၄ နှစ်ကြား အမေရိကန် ၃ ဦးမှာ ၁ ဦးနှုန်းက အကြားအာရုံဆုံးရှုံးနေကြပါတယ်။
▪️ ဒါဟာ နားအတွင်းပိုင်းရှိ အမျှင်ဆဲလ်များ ပြိုကွဲလာကာ တုန်ခါမှုတွေကို မတုံ့ပြန်နိုင်တာကြောင့် ဖြစ်ပါတယ်။
▪️ ပြုမူနေထိုင်ပုံ ပြောင်းလဲခြင်းဖြင့် နောက်ပိုင်းကျရင် အကြားအာရုံနဲ့ နားကိုကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၁) ကျယ်လောင်သောဆူညံသံများ လျှော့ချပါ
▪️ လူအုပ်များတဲ့ပွဲများ၊ ကျယ်လောင်လှတဲ့ အသံတွေက နားအတွင်းပိုင်းရှိ နူးညံ့တဲ့အရာများကို အပြီးတိုင်ထိခိုက်စေနိုင်တာကြောင့် ဒီလိုနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
(၂) ဆူညံသောအနေအထားတွင် နားကိုဖုံးထားပါ
▪️ ကျယ်လောင်တဲ့ ပတ်ဝန်းကျင်မှာ မလွှဲသာမရှောင်သာ ရှိနေရင်တော့ နားအကာအကွယ်၊ နားကြပ်၊ ဆူညံသံလုံတဲ့ကိရိယာများ ဝတ်ဆင်ဖို့ အကြံပြုပါတယ်။
(၃) အကြားအာရုံ ပုံမှန်စစ်ဆေးပါ
▪️ WHO က အသက် ၅၀ မှ ၆၄ နှစ်ကြား လူကြီးတွေအနေနဲ့ ၅ နှစ်ကြာတိုင်းတစ်ခါ အကြားပညာရှင်နဲ့ စစ်ဆေးဖို့ အကြံပြုထားပါတယ်။
(၄) ဆေးလိပ်ဖြတ်ပါ
▪️ ဆေးလိပ်က အဆုတ်နဲ့ နှလုံးကိုသာမက အကြားအာရုံကိုလည်း ထိခိုက်စေကာ ဆေးလိပ်သောက်နေသူတွေက မသောက်သူတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၆၁ ရာခိုင်နှုန်း ပိုများနေကြောင်း တွေ့ရှိထားပါတယ်။
(၅) အသက်အရွယ်ကြောင့်ဖြစ်လာသော ပြဿနာများဂရုပြုပါ
▪️ အသက် ၆၀ နဲ့ ၆၉ ကြားမှာ နားအူခြင်းပြဿနာဖြစ်တတ်ပြီး များသောအားဖြင့် နားထဲအသံမျိုးစုံမြည်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
▪️ ဒါဟာ အထဲက ကယ်လ်စီယံအခဲများ နေရာရွေ့တာကြောင့်ဖြစ်ပြီး ကျွမ်းကျင်သူများဖြင့် ပြန်လည်နေရာချနိုင်ပါတယ်။
(၆) ဘေးထွက်ဆိုးကျိုးရှိနိုင်မည့်ဆေးများ စစ်ဆေးပါ
▪️ ကင်ဆာဆေးများနဲ့ ပဋိဇီဝဆေးအချို့ဟာ အကြားအာရုံထိခိုက်နိုင်တယ်လို့ သိရှိထားပြီး ပညာရှင်တွေနဲ့ တိုင်ပင်စစ်ဆေးနိုင်ပါတယ်။
#Source: New York Post
ကုန်ကြမ်းပစ္စည်းများနဲ့ စိုက်ပျိုးရေးစက်ပစ္စည်းများ လက်ရှိမှာ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဆန်ဈေးနှုန်းဆက်လက်ကျဆင်းနေခြင်းက ဖိအားများလာစေကာ ဆန်ဈေးနှုန်းအလိုက်သင့် မြင့်တက်နေသေးတာကို နားလည်ပေးကြဖို့ ဂျပန်ဆန်စပါးစိုက်ပျိုးသူများ ပြောလာပါတယ်။
#Asia_Agriculture
Published 2 July 2025
#ဂျပန်၌ဆန်ဈေးနှုန်းပြန်ကျ #ယခင်ကထက်များနေဆဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 July 2025
၁။ စတော့အိပ်ချိန်းစာရင်းဝင် MAEX ကုမ္ပဏီမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေကျပ် ၂၆ ဘီလီယံကျော်ရရှိခဲ့ဟုဆို
၂။ EV ယာဉ်တင်သွင်းသူများ After-Sale Service ကို လည်းဆောင်ရွက်ပေးနိုင်ရမည်
၃။ ၂၄ နာရီအတွင်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင်
၄။ ဂျပန်၌ဆန်ဈေးနှုန်း(၄)ပတ်ဆက်တိုက်ပြန်ကျလာသော်လည်း ယခင်ကထက်များနေဆဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 115 of 1097