#World_Science
Published 15 March 2026
■ မြွေလိုမျိုးသတ္တဝါတွေက အစာမစားဘဲနဲ့ ရက်သတ္တပတ်တွေ လတွေကြာအောင် နေနိုင်ကြကာ မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ အချို့သော မြွေတွေနဲ့ တွားသွားသတ္တဝါတွေမှာ ဂရီလင်လို့ခေါ်တဲ့ ဆာလောင်မှုဟော်မုန်း မရှိကြတာကြောင့် အစာမစားဘဲ အချိန်ကြာမြင့်စွာ နေနိုင်ကြတာ ဖြစ်ပါတယ်။
■ သုတေသီတွေက မြွေ၊ မိကျောင်း၊ ပုတ်သင်အပါအဝင် တွားသွားမျိုးစိတ် ၁၁၂ မျိုးရဲ့ မျိုးဗီဇပစ္စည်းများကို နှိုင်းယှဉ်ကြည့်ရာမှာ ဂရီလင်နဲ့ လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းတို့ဟာ မြွေမျိုးစိတ် ၃၂ မျိုးမှာ မရှိတာကို တွေ့ရပါတယ်။
■ ပုတ်သင်နဲ့ အိမ်မြှောင်မျိုးစိတ်အချို့မှာလည်း အလားတူပုံစံတွေ့ရပြီး မိကျောင်းတွေကတော့ အစာမစားဘဲ ၁ နှစ်လောက် နေနိုင်ပေမယ့် မျိုးဗီဇနှစ်ခုစလုံး ရှိနေပါတယ်။
■ ဒါပေမဲ့ ကြွက်တွေကို စမ်းသပ်ရာမှာတော့ ဂရီလင်မရှိခြင်းက အစာအစားချင်စိတ်ကို မပြောင်းလဲစေပါဘူး။
■ ဒါကြောင့် မြွေတွေမှာ ဂရီလင်မရှိခြင်းက ဆာလောင်စိတ်ဆိုတာထက် ဇီဝဖြစ်စဉ်နဲ့ ပိုပြီးပတ်သက်နေနိုင်ပါတယ်။
■ မြွေတွေရဲ့ ဇီဝကမ္မဖြစ်စဉ်က အခြားနို့တိုက်သတ္တဝါတွေနဲ့ ကွဲပြားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
■ ဇီဝဖြစ်စဉ်အတွက် ဂရီလင်ရဲ့ အရေးကြီးပုံကို အလွန်အကျွံ ဖော်ပြနေခြင်းကို အချို့သောပညာရှင်တွေ သတိပေးနေပါတယ်။
■ ဂရီလင်ရဲ့ ကဏ္ဍကို နောက်ထပ်လေ့လာခြင်းဖြင့် လူတွေမှာ ဆီးချို၊ အဝလွန်ခြင်းတို့လို ဇီဝကမ္မရောဂါတွေအကြောင်း ပိုမိုသိရှိလာနိုင်ပါတယ်။
Source: ScienceNews