#World_Health
Published 13 March 2026
■ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဓာတ်မတည့်အမှုန်တွေ၊ ဗိုင်းရပ်စ်တွေအမျိုးမျိုးကို ဘက်စုံကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတစ်မျိုးကို ကြွက်တွေမှာ စမ်းသပ်ခဲ့ကြပါတယ်။
■ အဆိုပါ နှာခေါင်းဖျန်းကာကွယ်ဆေးဟာ ကာကွယ်ဆေးအများစုထက် အလုပ်လုပ်ပုံ ကွဲပြားပါတယ်။
■ သာမန်ကာကွယ်ဆေးတွေဆိုရင် ကိုယ်ခံအားစနစ်က ရောဂါပိုးကို မှတ်မိစေကာ တိုက်ထုတ်တဲ့ပုံစံဖြစ်ပေမယ့် ကာကွယ်မှုလမ်းကြောင်း အလွန်ကျဉ်းမြောင်းသလို ရောဂါပိုးတွေကလည်း အချိန်ကြာလာရင် ဗီဇပြောင်းလဲလာနိုင်ပါတယ်။
■ ယခုနှာခေါင်းဖျန်းကာကွယ်ဆေးကတော့ ကိုယ်ခံအားစနစ် အလိုက်သင့် ပြောင်းလဲစေတဲ့အပြင် ပထမဆုံး ကာကွယ်မှုဖြစ်တဲ့ မျိုးဗီဇလမ်းကြောင်းစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။
■ ဒါဟာ မွေးရာပါကိုယ်ခံအားစနစ်က ရောဂါပိုးမွှား အမျိုးမျိုးကို ကာကွယ်နိုင်တာဖြစ်တယ်လို့ စတန်းဖို့ဒ်ဆေးတက္ကသိုလ်မှ အဏုဇီဝသက်ရှိဗေဒ ပရော်ဖက်ဆာ ဘာလီပူလင်ဒရန်က ပြောပါတယ်။
■ ဓာတ်ခွဲခန်းထဲက ကြွက်တွေကို ၃ ပတ်အတွင်း ထိုကာကွယ်ဆေးတွေ ပေးခဲ့ပြီးနောက် ကိုဗစ်ရောဂါပိုး၊ စတက်ဖလိုကော့ကပ်စ်အော်ရီယပ်စ်၊ အေစီနိုဘက်တာဘော်မန်နိုင် ဘက်တီးရီးယားတို့ဖြင့် ထိတွေ့စေခဲ့ရာ မွေးရာပါမူကိုယ်ခံအား တုံ့ပြန်မှုဖြင့် ကာကွယ်နိုင်ခဲ့တဲ့အပြင် အလိုက်သင့်တုံ့ပြန်တဲ့ ကိုယ်ခံအားစနစ်လည်း အလျင်အမြန် အလုပ်လုပ်ခဲ့ပါတယ်။
■ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဓာတ်ခွဲခန်းကြွက်တွေမှာသာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူသားတွေမှာ သုတေသနလုပ်ဖို့အတွက်တော့ နောက်ထပ်လေ့လာရဦးမှာ ဖြစ်တယ်လို့ ပူလင်ဒရန်က ပြောပါတယ်။
■ ဒီကာကွယ်ဆေးက ရာသီအလိုက် ကာကွယ်ဆေးထိုးခြင်းတွေကို ပြောင်းလဲစေနိုင်ပြီး လူသားတွေမှာ ထိရောက်တယ်လို့ သက်သေပြနိုင်ပါက ရောဂါတွေ ကာကွယ်ရာမှာ အဆင်သင့်ရှိနေစေမှာ ဖြစ်တယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
Source: LiveScience