#World_Health
Published 27 February 2026

■ အချိန်အပိုင်းအခြား အစာဖြတ်ခြင်းဆိုတာက ဘယ်အချိန်မှာ စားသောက်လဲဆိုတာကို ဦးစားပေးတာဖြစ်ပါတယ်။

■ များသောအားဖြင့် ၁၆ နာရီကြာအောင် အစာဖြတ်ပြီး အစာစားချိန် ၈ နာရီခန့်ရှိတတ်ပါတယ်။

■ အခြားနည်းလမ်းတွေထဲမှာတော့ တစ်ပတ်မှာ ၅ ရက် ပုံမှန်အတိုင်းစားပြီး ကျန် ၂ ရက်ကို ကယ်လိုရီအနည်းဆုံးဖြစ်အောင် စားရပါတယ်။

■ အချို့ဆိုရင် ၂၄ နာရီကြာအောင် အစာဖြတ်ကြပေမယ့် ဒါမျိုးက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။

■ ခန္ဓာကိုယ်က အစာကရတဲ့ ဂလူးကို့စ်ကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
အချိန်ကြာကြာ မစားတဲ့အခါ ဂလူးကို့စ်တွေ ကုန်ခမ်းပြီး သိမ်းဆည်းထားတဲ့ အဆီတွေကို ပြောင်းလဲလောင်ကျွမ်းစေကာ အဆီကျစေတာ ဖြစ်ပါတယ်။

■ လေ့လာချက်တွေအရတော့ ဝိတ်ချဖို့အတွက်ဆိုရင် အချိန်အပိုင်းအခြား အစာဖြတ်ခြင်းက ကယ်လိုရီကန့်သတ်စားသောက်ခြင်းထက် သိပ်ပြီးသာလွန်တာတော့ မဟုတ်ပါဘူး။

■ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ အင်ဆူလင်ထိန်းညှိနိုင်ခြင်း၊ ဇီဝဖြစ်စဉ်ပြောင်းလဲလာခြင်းတို့ ပါဝင်ပါတယ်။

■ ဒီလိုကျင့်ကြံစားသောက်လို့ အသက်ရှည်စေတယ်ဆိုတဲ့ အထောက်အထားတော့ သိပ်ပြီးမတွေ့ရပါဘူး။

■ ဘေးထွက်အန္တရာယ်တွေအနေနဲ့ အလွန်အကျွံစားမိခြင်း၊ သွေးတွင်းသကြားဓာတ် နည်းပါးခြင်း၊ ကလေးတွေ ကိုယ်ဝန်ဆောင်တွေအတွက် မသင့်လျော်ခြင်းစတာတွေ ရှိပါတယ်။

■ ခန္ဓာကိုယ်ထဲ အဆိပ်အတောက်ဖယ်ရှားခြင်း၊ အလိုအလျောက် အဆီကျခြင်းတို့နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အထောက်အထားတော့ မရှိပါဘူး။

Source: India Today