#World_News
Published 28 February 2026

■ အီရန်က သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ ဝယ်ယူရန် တရုတ်နဲ့ သဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

■ အမေရိကန်က အီရန်ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေကာ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအင်အားအများဆုံး ချထားပါတယ်။

■ ၁၉၈၀ ဝန်းကျင်တွေမှာ တရုတ်က အီရန်အတွက် အဓိကလက်နက်တွေ ထောက်ပံ့ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဖိအားတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

■ တရုတ်ထုတ် CM-302 ဒုံးကျည်များ သဘောတူညီချက် နီးစပ်နေပြီး ပေးပို့မယ့်နေ့တော့ မသိရသေးပါဘူး။

■ CM-302 အပြင် MANPADS လို့ခေါ်တဲ့ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ၊ ဂြိုဟ်တုဖျက်လက်နက်များအတွက်လည်း ဆွေးနွေးနေပါတယ်။

■ CM-302 က ၂၉၀ ကီလိုမီတာ အကွာအဝေးရှိပြီး သင်္ဘောမှ ခုခံစနစ်‌တွေ ရှောင်တိမ်းနိုင်အောင် အနိမ့်အမြန်ပျံသန်းပါတယ်။တရုတ်ကနေ အီရန်သို့ပို့တဲ့အထဲမှာ အဆင့်မြင့်ဆုံး စစ်ရေးပစ္စည်းတွေထဲ ပါဝင်ပါတယ်။

■ ဒီလက်နက်စနစ်တွေကို သင်္ဘော၊ လေယာဉ်၊ မြေပြင်ယာဉ်တွေမှာ တပ်ဆင်နိုင်ပါတယ်။

■ ဒီလိုရောင်းချခြင်းက အမေရိကန်ကြီးစိုးနေတဲ့ စစ်လက်နက်ဈေးကွက်မှာ တရုတ်နေရာရလာတဲ့သဘော မြင်နေရပါတယ်။

Source: NDTV