#World_Health
Published 23 June 2024
▪️ အစ္စရေးလ်နိုင်ငံဟာ ခြေထောက်ဖြတ်ပစ်မှုနှုန်း အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
▪️ ဒါဟာ သွေးကြောပိတ်ဆို့မှုတွေကို တဝက်တပျက်ပဲ ကုသခြင်း ဒါမှမဟုတ် မကုသဘဲ ပစ်ထားခြင်းတို့ကြောင့် အဓိကဖြစ်ပွားနေပါတယ်။
▪️ ခြေထောက်သွေးကြောထဲမှာ ပူစီဖောင်းထည့်ခြင်း၊ သတ္တုချောင်းထည့်ခြင်းတို့ဖြင့် ကုသလို့ရပေမယ့် ဒီနည်းလမ်းက အားလုံးကို မကုသနိုင်သလို လက်ရှိနည်းပညာများက အလွန်ပိတ်ဆို့နေခြင်းကို ထိရောက်မှုမရှိပါဘူး။
▪️ နေတန်ညာ လာနီယာဒိုဆေးကုသဌာနမှ ဒေါက်တာ အာချီဟုဒ်ဘန့်ဒ်က လေဆာကိရိယာကို အသုံးပြုပြီး လူနာခြေထောက်သွေးကြောထဲက ပိတ်ဆို့မှုတွေကို ပထမဦးဆုံးအနေဖြင့် ဖွင့်ပေးနိုင်ခဲ့ပါတယ်။
▪️ အစ္စရေးလ်မှ Eximo Medical ကုမ္ပဏီက လေဆာလှိုင်းအသုံးပြုပြီး သွေးကြောနံရံတွေထဲက ပိတ်ဆို့မှုတွေကို ဖြိုခွဲနိုင်မယ့် ပစ္စည်းကိရိယာကို တီထွင်ခဲ့ပါတယ်။
▪️ ထိုကုသနည်းဟာ အမေရိကန်မှာ လုပ်ဆောင်နေကျဖြစ်ပြီး ယခုအချိန်အထိ ခြေထောက်သွေးကြော ကုသမှုပေါင်း သိန်းခန့် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
▪️ အစ္စရေးလ်မှာလည်း ပထမဆုံးကုသမှုပြုလုပ်ဖို့ သွေးကြောရောဂါ အပြင်းအထန်ဖြစ်နေတဲ့ လူနာတစ်ဦးကို ရှာဖွေခဲ့ကြပါတယ်။
▪️ လေဆာနည်းပညာက သွေးကြောများ ကျဥ်းမြောင်းပိတ်ဆို့ခြင်းနဲ့ ယခင်က မကုသနိုင်ခဲ့တဲ့ နေရာတွေကိုပါ ကုသလာနိုင်ကြောင်း၊ ခြေထောက်ဖြတ်တောက်ခြင်းမှ ကာကွယ်လာနိုင်ပြီး လူနာတွေရဲ့ ဘဝကိုမြှင့်တင်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာဘန့်ဒ်က ပြောပြသွားပါတယ်။
#Soure: The Jerusalem Post
#World_Health
Published 23 June 2024
▪️ အသီးအနှံအားလုံးက ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် အချို့အသီးတွေက သကြားပါဝင်မှု နည်းပါးသလို အာဟာရတန်ဖိုးလည်း ကြွယ်ဝပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ရေဓာတ်ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အကူအညီဖြစ်စေပါတယ်။
▪️ ဒါကြောင့် သကြားပါဝင်မှု အနည်းဆုံး အသီးအနှံတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ထောပတ်သီး - ကောင်းကျိုးပြု ကိုလက်စ်ထရောလ်များ ပါဝင်ပြီး ဗိုက်တာမင်-အေ၊ ဒီ၊ အီးတို့ကို စုပ်ယူပေးပါတယ်။
▪️ (၂) သံပယိုနှင့် သံပရာသီးမျိုး - ဗိုက်တာမင်-စီ ကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ ကိုလက်စ်ထရောလ်များကို လျှော့ချပေးကာ သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။
▪️ (၃) ရက်စ်ဘယ်ရီ - ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ နာတာရှည်ရောဂါများ ကာကွယ်ပေးပါတယ်။
▪️ (၄) ဘလက်ခ်ဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
▪️ (၅) ဂရိတ်ဖရုသီး - ဗိုက်တာမင်-စီနဲ့ အေတို့ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး မျက်လုံးကျန်းမာစေပါတယ်။
▪️ (၆) စတော်ဘယ်ရီ - နှလုံးဇီဝကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ကျစေကာ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
▪️ (၇) သခွားမွှေးသီး - ၉၀ ရာခိုင်နှုန်းက ရေဓာတ်ဖြစ်ပြီး အရည်ပြည့်ဝစေတာကြောင့် အစာကြေစေကာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။
▪️ (၈) မက်မွန်သီး - ကယ်ရိုတင်နွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး မျက်လုံးနဲ့ အူတို့ရှိ အမြှေးပါးများကို အကာအကွယ်ပေးပါတယ်။
▪️ (၉) လိမ္မော်သီး - ဗိုက်တာမင်-စီ အလွန်ပေါများတာကြောင့် ရောဂါဘယများကို ကာကွယ်ပေးပြီး ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပါတယ်။
▪️ (၁၀) ကီဝီသီး - အိပ်စက်မှုဟော်မုန်းကို ထုတ်လုပ်ပေးကာ အိပ်စက်ခြင်းကို အထောက်အကူပြုစေသလို ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
#Soure: Telegraph
အာဖရိကတိုက်ရဲ့ လူဦးရေအများဆုံး နိုင်ဂျီးရီးယားမှာ မိုးရာသီပိုမိုပြင်းထန်လာပြီး ကာလဝမ်းရောဂါ ပျံ့ပွားမှုက ပြည်သူများကြား စိုးရိမ်စရာ ဖြစ်လာပါတယ်။
#World_Disease
Published 22 June 2024
#နိုင်ဂျီးရီးယား #ကာလဝမ်းရောဂါပျံ့ပွား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 June 2024
၁။ ယူ-၁၂ လူငယ်ကစားသမားများ ထပ်မံရွေးချယ်ခေါ်ယူပြီး ဘောလုံးအကယ်ဒမီကျောင်းများတက်ခွင့်ပေးမည်
၂။ နွားမွေးမြူရေး ဈေးကွက်အလားလာကောင်းလာသဖြင့် မွေးမြူသူများလာ
၃။ ဥထွက်နှုန်းကျဆင်း၍ ဘဲဥအဝင်နည်းပြီး ဈေးနှုန်းမြင့်တက်
၄။ နိုင်ဂျီးရီးယားတွင် ကာလဝမ်းရောဂါပျံ့ပွားလျက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်လာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 June 2024
▪️ ယခုလအတွင်း တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဥ်တင်သင်္ဘောကြီး သီယိုဒေါရုစ်ဗဲ့လ်ဟာ တောင်ကိုရီးယား ဘူဆန်ဆိပ်ကမ်းမြို့သို့ စနေနေ့မှာ ရောက်ရှိလာကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားလိုက်ပါတယ်။
▪️ ထို ၃ နိုင်ငံခေါင်းဆောင်တွေဟာ နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ၂၀၂၃ ဩဂုတ်လတုန်းက ကျင်းပတဲ့ ကမ့်ဒေးဗစ်အစည်းအဝေးပွဲမှာ သဘောတူညီခဲ့ကြပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်ပြုမူနေတဲ့ ရန်ဆောင်မှုလုပ်ရပ်တွေကို ရှုတ်ချခဲ့ကြပါတယ်။
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယားသို့ လာရောက်ခဲ့ပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်းနဲ့ အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
▪️ ဒါဟာ ယခုနှစ်များအတွင်း အာရှမှာ ရုရှားတို့ အထင်ရှားဆုံးလှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပြီး ကင်မ်ဂျုံအန်းက မဟာမိတ်အဖြစ်သို့ ရောက်ရှိလာပြီလို့ ဖော်ပြခဲ့ပါတယ်။
▪️ လွန်ခဲ့တဲ့ ၇ လကလည်း မြောက်ကိုရီးယား နျူကလီးယားနဲ့ ဒုံးကျည်အစီအစဥ်များကို ဟန့်တားတဲ့အနေဖြင့် အမေရိကန် လေယာဥ်တင်သင်္ဘောကားလ်ဗင်ဆန် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပါသေးတယ်။
#Source: Reuters
#World_Health
Published 22 June 2024
▪️ မိုဒါနာ(Moderna) ဆေးဝါးကုမ္ပဏီကြီးက ကိုဗစ်-၁၉ နဲ့ တုပ်ကွေးရောဂါတို့အတွက် ပေါင်းစပ်ထားတဲ့ ကာကွယ်ဆေးက အသက် ၅၀ နဲ့အထက်လူတွေကို တတိယအဆင့်စမ်းသပ်မှု ပြုလုပ်ရာမှာ ရောဂါတစ်ခုချင်းစီရဲ့ ကာကွယ်ဆေးတွေထက် ကိုယ်ခံအားစနစ် ပိုပြီးအားကောင်းစေကြောင်း ကြေညာလိုက်ပါတယ်။
▪️ ထိုပေါင်းစပ်ကာကွယ်ဆေးဟာ mRNA နည်းပညာကို အသုံးပြုထားပြီး လက်ရှိဈေးကွက်မှာရှိနေတဲ့ တုပ်ကွေးကာကွယ်ဆေးတွေ၊ မိုဒါနာကိုဗစ်ကာကွယ်ဆေးတွေထက် ပဋိပစ္စည်းများ ပိုမိုထုတ်လုပ်ပေးနိုင်ပါတယ်။
▪️ ယခုနောက်ဆုံး စမ်းသပ်ချက်မှာ လူပေါင်း ၈၀၀၀ ခန့်ပါဝင်ပြီး ရောဂါဖြစ်ပွားလေ့ရှိတဲ့ နွေဦးရာသီ ၂၀၂၅ ၊ ၂၀၂၆ လောက်မှာ ပေါင်းစပ်ကာကွယ်ဆေးကို စတင်ဖြန့်ဝေဖို့ မိုဒါနာဥက္ကဌ စတီဖင်ဟိုဂေးက ဆိုပါတယ်။
▪️ ယင်းတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးများ ရောင်းချရမှု သိသိသာသာ ကျဆင်းသွားတာကို ကာကွယ်ဆေးအသစ်များက အစားထိုးဖြည့်ဆည်းပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။
▪️ ယင်းကာကွယ်ဆေးက ဘေးကင်းစိတ်ချရပြီး အခြားကာကွယ်ဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ အဖြစ်အများဆုံးအနေနဲ့ အပ်ထိုးတဲ့နေရာ နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ မိုဒါနာက စမ်းသပ်ချက်ရလဒ် အပြည့်အစုံကို လာမယ့် ဆေးဘက်ဆိုင်ရာ အစည်းအဝေးပွဲမှာ တင်ပြဖို့ စီစဥ်ထားပါတယ်။
#Soure: India Today
#World_Health
Published 22 June 2024
▪️ လူတွေဟာ အသက်ဘယ်လောက်ရှည်စွာ နေထိုင်နိုင်လဲဆိုတဲ့အကြောင်းနဲ့ သက်ရှည်ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ အကြောင်းတွေကို စိတ်ဝင်စားလာတာ ကြာပြီဖြစ်ပါတယ်။
▪️ အသက် ၉၀ ကျော်လူကြီးတွေရဲ့ အချို့သော ဇီဝလက္ခဏာများကို လေ့လာမှု ပြုခဲ့ကြပါတယ်။
▪️ အသက်ရှည်သူတွေနဲ့ အသက်တိုသူတွေရဲ့ ဇီဝလက္ခဏာများကို နှိုင်းယှဥ်ပြီး အသက်ရာကျော်ဖြစ်လာနိုင်တဲ့ ဆက်စပ်မှုကို လေ့လာတာ ဖြစ်ပါတယ်။
▪️ ပျမ်းမျှအသက် ၆၄ နှစ်မှ ၉၉ နှစ်ကြားရှိတဲ့ ဆွီဒင်လူမျိုး ၄၄၀၀၀ ရဲ့ အချက်အလက်များကို ရယူခဲ့ပါတယ်။
▪️ ၃၅ နှစ်လောက် စောင့်ကြည့်ပြီးတဲ့အခါ ထိုထဲက ၁၂၂၄ ဦးဟာ အသက် ၁၀၀ အထိ နေထိုင်နိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ ဖြစ်ပါတယ်။
▪️ ဇီဝဖြစ်စဥ်၊ ရောင်ရမ်းခြင်း၊ အသည်းနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်၊ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းတို့နဲ့ ပတ်သက်ပြီး သွေးအခြေပြု ညွှန်ပြပစ္စည်း ၁၂ မျိုးရှိပါတယ်။
▪️ အသက် ၁၀၀ အထိ နေခဲ့သူတွေမှာ အသက် ၆၀ လောက်ကစပြီး ယူရစ်အက်ဆစ်၊ ခရီအိတ်တနင်း၊ ဂလူးကို့စ်တို့ နည်းပါးနေတတ်ပါတယ်။
▪️ အယ်လ်ဗျူမင်နဲ့ အလက် ၂ မျိုးကလွဲပြီး ကျန်တာတွေက အသက် ၁၀၀ ရောက်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။
အချို့ဇီဝလက္ခဏာတွေမှာ ပြောင်းလဲမှုတွေက အရမ်းကြီး မသိသာပေမယ့် အသက်ရှည်ခြင်း၊ စားသောက်ခြင်း၊ ဇီဝကမ္မ ကျန်းမာရေးတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ ဒီလေ့လာချက်က စားသောက်နေထိုင်မှု ပုံစံတွေ၊ မျိုးဗီဇတွေနဲ့တော့ သက်ဆိုင်ခြင်းရှိမရှိ မလေ့လာထားပါဘူး။
#Soure: WION
Page 106 of 822