#World_Health
Published 18 October 2025
■ အရေပြားကင်ဆာခွဲစိတ်မှုတွေ ပြုလုပ်ကြတဲ့ ဆရာဝန်တွေက ဗိုက်တာမင်-ဘီ၃ တစ်မျိုးဖြစ်တဲ့ နီကိုတီနမိုက်အသုံးပြုရန် လူနာတွေကို ညွှန်ကြားတတ်ကြပြီး ဒါက ဆဲလ်တွေကို ခရမ်းလွန်ရောင်ခြည်ထိခိုက်မှုကနေ ကာကွယ်ပေးနိုင်မယ်လို့ တွေ့ရှိထားပါတယ်။
■ လူပေါင်း ၃၄,၀၀၀ နီးပါးကို လေ့လာရာမှာ ဒီဖြည့်စွက်ဆေးက အရေပြားကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ အရေပြားကင်ဆာ ပထမဆုံးတွေ့ပြီးနောက် ဖြည့်စွက်ဆေး စတင်အသုံးပြုသူတွေမှာ ဖြစ်ပွားမှုနှုန်း အလျှော့ချနိုင်ဆုံး ဖြစ်ခဲ့ပါတယ်။
■ နီကိုတီနမိုက် ၅၀၀ မီလီဂရမ်ကို တစ်နေ့နှစ်ကြိမ် အနည်းဆုံးတစ်လတိုင်အောင် သုံးစွဲခြင်းဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုကို ၅၄ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
■ ဒီလောက်လျှော့ချနိုင်ခြင်းကို အံ့ဩမိတယ်လို့ တန်နက်ဆီဗယ်လီ ကျန်းမာရေးစောင့်ရှောက်မှု VA ဆေးရုံမှ ဒေါက်တာ လီဝယ်လက်စ်က ပြောထားပါတယ်။
■ ၂၀၁၅ လေ့လာတွေ့ရှိချက်တွေမှာလည်း ဆရာဝန်တွေက အရေပြားကင်ဆာလူနာတွေကို ဘီ၃ ဖြည့်စွက်စာများ ညွှန်းပေးကြပါတယ်။
■ စောစီးစွာ စတင်အသုံးပြုရင် အထိရောက်ဆုံးဖြစ်ပြီး ဘေးထွက်ဆိုးကျိုး အနည်းဆုံးသာ ရှိပါတယ်။
■ ယခင်က အရေပြားကင်ဆာ ရှိသူတွေမှာတော့ နီကိုတီနမိုက်က အကျိုးရှိစေလားဆိုတာ သေချာတဲ့ အထောက်အထား မရှိပါဘူး။
■ ဘယ်လိုပဲဖြစ်ဖြစ် အရေပြားကင်ဆာ ကာကွယ်ခြင်းအတွက် နေရောင်ကာကွယ်တဲ့ နည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်။
Source: NPR.
တရုတ်နဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)အဖွဲ့ဝင်နိုင်ငံများ ကုန်သွယ်မှုပြုလုပ်တဲ့ ပမာဏဟာ ယခုနှစ် ပထမ ၉ လအတွင်း စံချိန်တင်ခဲ့တယ်လို တရားဝင်အချက်အလက်များ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
#Asia_Business
Published 17 October 2025
#တရုတ် #SCO
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 17 October 2025
■ နာဆာ(NASA)က လူသားမျိုးဆက် ရေရှည်ရှင်သန်ဖို့ အခြေအနေများ ဖန်တီးရန်အတွက် လပေါ်မှာ ရွာတည်သွားဖို့ အစီအစဉ်များ ထုတ်ဖော်လိုက်ပါတယ်။
■ တနင်္လာနေ့က ဩစတြေးလျ ဆစ်ဒနီမှာပြုလုပ်တဲ့ နိုင်ငံတကာအာကာသကွန်ဂရက် (IAC)မှာ အုပ်ချုပ်ရေးမှူး ရှောင်ဒပ်ဖီက ဆယ်စုနှစ်အတွင်း အခြေချနိုင်ဖို့ ဖွဲ့စည်းသွားနိုင်တယ်လို့ ကြေညာသွားပါတယ်။
■ အခြားလူတွေရဲ့ နယ်မြေကို သိမ်းယူတာမဟုတ်ဘဲ လူသားတွေ ရေရှည်ရှင်သန်နိုင်ဖို့ လပေါ်မှာ ရွာတည်မှာဖြစ်ကြောင်း ပြောပါတယ်။
■ ဒီရွာကို နျူကလီးယားဓာတ်အားပေးသွားမှာ ဖြစ်ပြီး ၂၀၃၀ အရောက်မှာ လပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုကို နာဆာက ဆောက်လုပ်သွားဖို့ စီစဉ်မှာဖြစ်ကြောင်း မစ္စတာဒပ်ဖီက ဆိုပါတယ်။
■ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်အပါအဝင် နိုင်ငံတွေဟာ လူသားများ အမြဲတမ်း အခြေချနေထိုင်နိုင်ရန် လကမ္ဘာပေါ်မှာ အပြိုင်အဆိုင် စူးစမ်းလေ့လာနေကြပါတယ်။
■ ဒီမတိုင်ခင်ကလည်း နာဆာဟာ ဒုံးပျံဖြင့် လပေါ်ကို အာကာသယာဉ်မှူးများ စေလွှတ်မယ့် အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။
■ ဒီလိုသာဖြစ်လာရင် နှစ် ၅၀ အတွင်း လကမ္ဘာခရီးစဉ်ကို ပထမဆုံးသွားနိုင်တဲ့ နိုင်ငံဖြစ်လာပြီး မားစ်ဂြိုဟ်ကို သွားနိုင်ဖို့အတွက်လည်း ခြေလှမ်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
■ Artemis II အာကာသခရီးစဉ်မှာဆိုရင် အာကာသယာဉ်မှူး ၄ ဦးဖြင့် လကမ္ဘာမျက်နှာပြင်နဲ့ မားစ်ခရီးစဉ်များအတွက် ပြင်ဆင်မှုတွေအကြောင်း ပညာရှင်တွေ ဆွေးနွေးနေကြတယ်လို့ အမေရိကန်အာကာသအေဂျင်စီက ဖော်ပြထားပါတယ်။
■ အာကာသယာဉ်မှူးတွေကို တင်ဆောင်မယ့် ဒုံးပျံကို ဆောက်လုပ်ထားပြီး Space Launch System က အတော်လေးခရီးရောက်နေပြီလို့ Artemis Launch ညွှန်ကြားရေးမှူး ချာလီဘလက်ဝဲလ်က ပြောသွားပါတယ်။
Source: Mirror
#World_Health
Published 17 October 2025
■ ကမ္ဘာတဝှမ်းမှာ ကွန်ဒုံးတွေက သားဆက်ခြားခြင်းနဲ့ လိင်မှတဆင့်ကူးစက်ရောဂါများ ကာကွယ်ရာမှာ အသုံးအများဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ဒါပေမဲ့ သူတို့ရဲ့ ထိရောက်မှုက ထိန်းသိမ်းတဲ့ အခြေအနေတွေ၊ ရက်လွန်ခြင်းတွေအပါအဝင် အချက်ပေါင်းများစွာအပေါ် မူတည်နေပါတယ်။
■ အချိန်ကြာလာတာနဲ့အမျှ ပိုလီယူရီသိန်းပစ္စည်းက ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာပြီး ကျိုးပျက်လွယ်လာတယ်လို့ PSRI ဆေးရုံမှ ဆီးလမ်းကြောင်း တွဲဖက်ညွှန်ကြားရေးမှူး ဒေါက်တာ ပရာရှန်ဂျိန်းက ပြောပါတယ်။
■ ရက်လွန်ကွန်ဒုံးတွေကို အရဲစွန့်ပြီး မသုံးစွဲသင့်ဘူးလို့ သတိပေးထားပါတယ်။
■ ရက်လွန်ကွန်ဒုံးတွေမှာ အလွန်သေးငယ်တဲ့ ကွဲအက်ရာတွေဖြစ်လာပြီး သုတ်ရည်တွေ၊ ရောဂါပိုးမွှားတွေ ဖြတ်သန်းသွားနိုင်ပါတယ်။
■ သာမန်မျက်စိနဲ့ကြည့်လို့ ဘယ်လိုပဲ ကောင်းနေသည်ဖြစ်စေ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါတွေကို အပြည့်အဝ မကာကွယ်နိုင်ဘူးလို့ ထောက်ပြထားပါတယ်။
■ ကောင်းစွာ ထိန်းသိမ်းခြင်းမရှိပါက ရေးထားတဲ့ ရက်လွန်သက်တမ်းထက်ပင် စောစီးစွာ ရက်လွန်သွားတတ်ပါသေးတယ်။
■ အပူ၊ ပွတ်တိုက်မှု၊ နေရောင်တို့နဲ့ ထိတွေ့တဲ့နေရာတွေက ထိန်းသိမ်းဖို့ မသင့်လျော်ဆုံးဖြစ်ပါတယ်။
■ ဒါကြောင့် ပိုက်ဆံအိတ်၊ ဘောင်းဘီအိတ်၊ ကားဒက်ရှ်ဘုတ်တို့မှာ သိမ်းမထားသင့်ပါဘူး။
■ ဒါကြောင့် အေးမြခြောက်သွေ့ပြီး နေရောင်ခြည်မထိတွေ့တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။
■ ကွန်ဒုံးဟာ ရက်လွန်ပြီဆိုတာနဲ့ ဘေးကင်းစိတ်ချရခြင်း မရှိတော့ဘဲ ဘေးအန္တရာယ်တွေ သယ်ဆောင်လာနိုင်တာကို သတိပြုသင့်တယ်လို့ ဒေါက်တာဂျိန်းက ပြောသွားပါတယ်။
Source: Indian Express.
ဂျပန်အာဏာရညွန့်ပေါင်းအစိုးရမှ ခိုမဲတိုနိုင်ငံရေးပါတီ နုတ်ထွက်သွားခြင်းက နိုင်ငံရဲ့ ဂယက်ရိုက်ခတ်မှုတွေကို ပိုမိုဆိုးရွားစေကာ ဝန်ကြီးချုပ်အသစ် ရွေးကောက်ခြင်း မရေရာမှု၊ အာဏာလွှပြောင်းမှု အခြေအနေ မြင့်မားလာခြင်းတို ဖြစ်လာစေကြောင်း ဂျပန်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
#Asia_Politics
Published 16 October 2025
#ခိုမဲတိုပါတီ #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 16 October 2025
■ ဗင်နီဇွဲလားမှာ လျှို့ဝှက်စစ်ဆင်ရေးများဆောင်ရွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ကို ခွင့်ပြုချက်ပေးလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ရာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုရဲ့ အစိုးရအဖွဲ့ကို အမေရိကန်က ဖိအားပေးမှု မြင့်တက်လာပါတယ်။
■ ဒီအမိန့်နဲ့ သတင်းနီးစပ်သူတွေ ပြောကြားချက်အရ အမေရိကန်က မဒူရိုကို အာဏာမှဖယ်ရှားဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
■ ခွင့်ပြုချက်အရဆိုရင် CIA က ဗင်နီဇွဲလားမှာ အန္တရာယ်များတဲ့ စစ်ဆင်ရေးတွေနဲ့ ကာရစ်ဘီယန်မှာ စစ်ဆင်ရေးအမျိုးမျိုး ပြုလုပ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
■ ဒီလိုထုတ်ပြန်ရတဲ့ အကြောင်းအရင်းကတော့ အမေရိကန်သို့ ဗင်နီဇွဲလားနိုင်ငံသားများ ရွှေ့ပြောင်းခြင်းနဲ့ မူးယစ်ဆေးရောင်းတယ်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
■ အမေရိကန်က ပင်လယ်ပြင်မှာ မူးယစ်ဆေးတင်ပို့မှုကို ဝင်ရောက်ဝာားဆီးလာနိုင်ပြီး ကုန်းကြောင်းလမ်းတွေမှာလည်း အားထုတ်နေကြောင်း ပြောပါတယ်။
■ သမ္မတမှတ်ချက်စကားတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်ဖို့ ငြင်းဆန်ထားပါတယ်။
■ အခုဆို CIA အနေနဲ့ စစ်ရေးတိုက်ရိုက်လှုပ်ရှားမှုတွေ ထောက်လှမ်းရေးတွေကစလို့ ထောက်ပံ့ကူညီရေးအထိ ပါဝင်နေပါတယ်။
■ ဗင်နီဇွဲလားအစိုးရကတော့ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး တိုင်းပြည်ရဲ့ ရေနံရင်းမြစ်တွေကို ရယူရန် ကြံစည်နေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
Source: Reuters
#World_Health
Published 16 October 2025
■ ရာသီဥတု အပြောင်းအလဲတွေကြောင့် နေမကောင်းဖြစ်လာမှာကို စောင့်ကြည့်မနေသင့်ပါဘူး။
■ ဒီအတွက် အာဟာရပညာရှင် ရိုင်ယန်ဖာနန်ဒိုက မှီဝဲသုံးဆောင်တဲ့ ဆေးဖြစ်ဝါးဖြစ်နည်းလမ်း ၃ မျိုးကို မျှဝေသွားပါတယ်။
■ (၁) ဗိုက်တာမင်-စီစားသုံးခြင်း ဗိုက်တာမင်-စီပါတဲ့ အသီးအနှံတွေ ပုံမှန်စားသုံးပြီး လျော့နည်းတယ်လို့ ခံစားရတာနဲ့ ဆေးတောင့်ဖြည့်စွက်ဆေးကို သောက်သုံးတယ်လို့ ဆိုပါတယ်။
■ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး နာမကျန်းဖြစ်ခြင်းမှ မကာကွယ်နိုင်ပေမယ့် ဖြစ်တဲ့အခါ ဆိုးရွားစွာ မဖြစ်စေတော့ပါဘူး။
■ (၂) ဆားရည်အာလုတ်ကျင်းခြင်း ရေနွေးနဲ့ဆားရည်ဖြင့် အာလုတ်ကျင်းပေးပါက လည်ချောင်းချောမွေ့စေကာ ဆားဓာတ်က ဗိုင်းရပ်စ်သေစေပြီး ချွဲတွေရှင်းလင်းပေးတာကြောင့် မနက်နဲ့ညအခါတို့မှာ သေချာပေါက်ပြုလုပ်သင့်ပါတယ်။
■ လည်ချောင်းယားယံခြင်းနဲ့ နာကျင်ခြင်းတို့မှ သက်သာစေပြီး ရောင်ရမ်းစေတဲ့ ချွဲတွေကို ဆွဲထုတ်ပေးပါတယ်။
■ (၃) ဆေးဖက်ဝင်ဆေးရည်သောက်ခြင်း မနက်ပိုင်းသောက်ခြင်းဖြင့် ကိုယ်ခံအားစနစ်မြှင့်တင်ပေးပြီး ဂျင်း၊ ငရုတ်ကောင်း၊ ပျားရည်တို့လည်း ထည့်သွင်းနိုင်ပါတယ်။
■ ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်ပေးတဲ့ အာနိသင်လည်း ရှိပါတယ်။
■ ဒီနည်းလမ်းတွေအပြင် လုံလောက်စွာ အိပ်စက်ခြင်း၊ ရေများများသောက်ခြင်း၊ ရေနွေးငွေ့ရှူခြင်းတို့ကလည်း နေမကောင်းဖြစ်ခြင်းကို အလျင်အမြန် သက်သာစေနိုင်ပါတယ်။
Source: Indian Express
Page 102 of 1152