#Daily_News
Published 22 July 2025
၁။ ရွှေအရည်အသွေးအရပြည့်စုံမှုရှိမရှိ XRF machine X.ray ဖန်ချောင်းစက်ဖြင့်မကြာမီ စစ်ဆေးပေးမည်
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်ကြေးပေးသွင်းခြင်းရက်ကျော်ပါက ဒဏ်ရိုက်မည်
၃။ ငလျင်ဘေးသင့်ပြည်သူများအတွက် ကန့်သတ်ချက်မဲ့ငွေသားထောက်ပံ့မှုများပေးအပ်မည်
၄။ လျှပ်စစ်ကားအားသွင်းနေရာများချဲ့ထွင်ခြင်းနှင့် ပရိုမိုးရှင်းအစီအစဉ်များဖြင့် တရုတ်ကျေးလက်၌ EV ဝယ်ယူသုံးစွဲမှုမြင့်တက်လာရေး တရုတ်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 July, 2025
▪️ ရုရှားတို့က သမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား ဆွေးနွေးပြောဆိုမှုများ ပြုလုပ်သွားနိုင်ဖွယ်ရှိတဲ့အကြောင်း လမ်းဖွင့်ပေးထားတယ်လို့ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က တနင်္လာနေ့မှာ ပြောပါတယ်။
▪️ တရုတ်မြို့တော်ပေကျင်းမှာ စက်တင်ဘာ ၃ ရက်နေ့ကျရင် ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအဖြစ် စစ်ရေးပြပွဲပြုလုပ်မှာဖြစ်ကာ ပူတင်က တက်ရောက်ရန် ဖိတ်ကြားချက်ကို လက်ခံထားပါတယ်။
▪️ တရုတ်က ထရမ့်ကိုပါ ဖိတ်ကြားလာနိုင်တယ်လို့ ဂျပန် Kyodo News သတင်းဌာနက သုံးသပ်ထားသလို The Times ကလည်း တရုတ်ဟာ သုံးနိုင်ငံအစည်းအဝေး လက်ခံကျင်းပသွားဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်အရာရှိတွေကတော့ ဒါတွေနဲ့ပတ်သက်ပြီး အတည်ပြုပြောကြားခြင်း မရှိပါဘူး။
▪️ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောကြားရာမှာ "ထရမ့်ရောက်လာရင် ဒီလိုမျိုးအစည်းအဝေး ပြုလုပ်နိုင်ဖွယ်ရှိတယ်ဆိုတာကို ဖယ်ထားလို့မရပါဘူး" လို့ ဆိုပါတယ်။
▪️ ဇွန်လက ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ကြား ဖုန်းပြောဆိုခဲ့ရာ တရုတ်သို့လာရောက်ရန် ဖိတ်ကြားခံခဲ့ရပေမယ့် ရက်အတိအကျတော့ မပြောထားပါဘူး။
▪️ ပူတင်နဲ့ ထရမ့်တို့ကတော့ ပြီးခဲ့တဲ့လတွေမှာ ဖုန်းပြောဆိုမှု အကြိမ်ကြိမ်လုပ်ခဲ့ပြီး အဓိကအားဖြင့် ယူကရိန်းပဋိပက္ခအကြောင်း ဖြစ်ပါတယ်။
တရုတ်က ယူကရိန်းအရေးမှာ ကြားနေအဖွဲ့အစည်းအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
▪️ ပူတင်နဲ့ထရမ့်တို့ နောက်ဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့တာဟာ ၂၀၁၈ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမှာကျင်းပတဲ့ ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးတုန်းက ဖြစ်ပါတယ်။
#Source: ANI News
#World_Health
Published 22 July, 2025
▪️ XFG ၊ တစ်နည်းအားဖြင့် Stratus လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ်ဟာ ကမ္ဘာတဝှမ်း ပျံ့နှံ့နေပါတယ်။
▪️ XFG ကို စောင့်ကြည့်နေတဲ့ မျိုးဗီဇကွဲစာရင်းထဲ ထည့်ထားကာ ကူးစက်နှုန်းမြင့်မားပါတယ်။
▪️ အရှေ့တောင်အာရှ နိုင်ငံအများအပြားမှာ လျင်မြန်စွာပျံ့ပွားနေကာ ဆေးရုံတက်ကုသမှုနှုန်း မြင့်မားနေပါတယ်။
▪️ XFG မျိုးဗီဇကွဲက အိုမီခရွန်မျိုးဗီဇကွဲမှ ကွဲထွက်လာတာဖြစ်ပြီး ကနေဒါမှာ စတင်တွေ့ရှိကာ စပိုက်ခ်ဗီဇပြောင်းလဲမှုအများအပြား ရှိလာပါတယ်။
▪️ ကိုဗစ်မျိုးဗီဇကွဲနှစ်ခု တပြိုင်တည်းကူးစက်ပြီးတော့ မျိုးဗီဇကွဲအသစ်ဖြစ်လာတတ်ပါတယ်။
▪️ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မတွေ့ရသေးဘဲ အသက်ရှူလမ်းကြောင်း လက္ခဏာတွေတော့ တွေ့ရပါတယ်။
▪️ ဒီမျိုးဗီဇကွဲက ကိုယ်ခံအားစနစ်ကို ရှောင်ရှားနိုင်တာကြောင့် ဗိုင်းရပ်စ်အသက်ရှင်နိုင်ပြီး လျင်မြန်စွာကူးစက်နိုင်တယ်လို့ Lancet လေ့လာချက်မှာ ဖော်ပြထားပါတယ်။
▪️ လက်ရှိ အသိအမှတ်ပြု ကိုဗစ်-၁၉ ကာကွယ်ဆေးတွေက ဒီမျိုးဗီဇကွဲကူးစက်မှုကနေ ရောဂါပြင်းထန်ခြင်းမျိုးကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်မှန်းရပါတယ်။
▪️ စောင့်ကြည့်စာရင်းဝင် မျိုးဗီဇကွဲဖြစ်တာကြောင့် အလေးထားစူးစမ်းနေသလို အခြားမျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် ခြိမ်းခြောက်မှုထပ်တိုးလာနိုင်မလားဆိုတာ လေ့လာသွားဦးမှာ ဖြစ်ပါတယ်။
#Source: NDTV
#World_Health
Published 22 July, 2025
▪️ တကယ့်သွေးအစစ်နေရာမှာ အစားထိုးနိုင်မယ့် သွေးအတုတစ်မျိုးကို ဂျပန်သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်ပါပြီ။
▪️ ဘယ်လို သွေးအမျိုးအစားအတွက်မဆို အသုံးပြုနိုင်မယ့် စွယ်စုံသုံးသွေးအတုဖြစ်ပြီး အေးခဲထားစရာမလိုဘဲ သိမ်းဆည်းနိုင်ပါတယ်။
▪️ အရေးပေါ်အခြေအနေတွေမှာ သင့်လျော်တဲ့ သွေးအမျိုးအစားကို ရှာရခက်တဲ့ပြဿနာတွေ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
▪️ WHO က သွေးထောက်ပံ့မှု ရှားပါးနေတယ်လို့ ကြေညာထားချိန်မှာ ယခုနည်းလမ်းက ခွဲစိတ်မှုတွေ အရေးပေါ်တွေအတွက် အရေးပါလာနိုင်ပါတယ်။
▪️ သက်တမ်းလွန်သွားတဲ့ သွေးတွေကို သွေးနီဥဆဲလ်အတုများအဖြစ် ပြောင်းလဲပြီး အသုံးပြုနိုင်မလားဆိုတာ ဂျပန်နာရာဆေးတက္ကသိုလ်က စတင်စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။
▪️ စမ်းသပ်မှုအဆင်ပြေရင် ဂျပန်က ၂၀၃၀ မှာ သွေးအတုတွေကို လက်တွေ့ဆေးပညာတွေမှာ အသုံးပြုလာမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။
▪️ သွေးတုက ဘယ်လူနာမဆို ဘေးကင်းစိတ်ချစွာ ထိုးသွင်းနိုင်မှာ ဖြစ်ပါတယ်။
▪️ သွေးတုက ဗိုင်းရပ်စ်ကင်းသလို လှူဒါန်းထားတဲ့ သွေးတွေထက် သက်တမ်းကြာကြာခံနိုင်ပါတယ်။
▪️ လူသွေးတွေလို အေးခဲထားစရာ မလိုဘဲ သာမန်အပူချိန်မှာပင် သိမ်းဆည်းနိုင်တာကြောင့် ဝေးလံတဲ့နေရာတွေအတွက် အထူးအသုံးဝင်နိုင်ပါတယ်။
▪️ ပရော်ဖက်ဆာ ဟီရိုမီဆာကိုင်ဦးစီးကာ စီစဉ်တာဖြစ်ပြီး လှူဒါန်းထားတဲ့ သွေးတွေထဲက အောက်ဆီဂျင်ပါတဲ့ ဟေမိုဂလိုဘင်ကိာ ထုတ်ယူလိုက်ပါတယ်။
▪️ ဒီနောက် သဘာဝသွေးနီဥအတိုင်း လုပ်ဆောင်နိုင်တဲ့ အဆီအခြေပြုပစ္စည်းငယ်တွေထဲ မြှုပ်နှံကာ ခန္ဓာကိုယ်ထဲ ဘေးကင်းစွာ လှည့်ပတ်စေပါတယ်။
▪️ ၂၀၂၂ ခုနှစ်က လူသားစမ်းသပ်မှုများ စတင်ခဲ့ရာ စမ်းသပ်ခံသူတွေမှာ သွေးတုကို ဘေးကင်းစိတ်ချစွာ လက်ခံသုံးစွဲနိုင်ခဲ့ပါတယ်။
▪️ အောင်မြင်မှုရခဲ့ရင်တော့ သွေးတုတွေဟာ အသက်ကယ်သွေးသွင်းရာမှာ လျင်မြန်စွာဘေးကင်းစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
#Source: India Today
တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောင်က တရုတ်-အမေရိကန် စီးပွားရေးနဲ့ကုန်သွယ်ရေး ဆက်ဆံရေးဟာ အပြန်အလှန်အကျိုးရှိစေတယ်လို့ ကောက်ချက်ချလိုက်ပြီး အငြင်းပွားစရာများ ဖြေရှင်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ အရေးကြီးကြောင်းကို ပြောသွားပါတယ်။
#World_Business
Published 21 July 2025
#တရုတ်-အမေရိကန်စီးပွားရေး #ကုန်သွယ်မှုဆက်ဆံရေးအရေးကြီး
#YMG #Yangon_Times #Yangon_Media_Group
ဒါကာ၊ ဇူလိုင် ၂၁ (ရိုက်တာ) - ဘင်္ဂလားဒေ့ရှ် လေတပ် လေ့ကျင့်ရေး လေယာဉ်တစ်စင်း တနင်္လာနေ့တွင် ဒါကာမြို့တော်ရှိ ကောလိပ်ကျောင်းနှင့် ကျောင်းဝင်းထဲ ပျက်ကျခဲ့ရာ လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာန အရာရှိတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းဒဏ်ရာနှင့် ပလပ်စတစ် ခွဲစိတ်ကုသမှု အမျိုးသားဌာနမှ ဆရာဝန်တစ်ဦးက ကလေး သူငယ် များနှင့် လူကြီးများအပါအဝင် လူ ၅၀ ကျော် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရ ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ဒါကာမြို့မြောက်ပိုင်း ဥတ္တရ Uttara ရှိ မိုင်းစတုန်း ကျောင်းနှင့်ကောလိပ် Milestone School and College တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ဘင်္ဂလားဒေ့ရှ် လေတပ်ရဲ့ F-7 BGI လေ့ကျင့်ရေး လေယာဉ်ဟာ ဥတ္တရ မှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီ ၆ မိနစ်မှာ ထွက်ခွာခဲ့တာပါ” ဟု စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပျက်ကျပြီးနောက်ပိုင်း ရိုက်ကူးထားသည့် ဗီဒီယိုများတွင် မြက်ခင်းပြင်အနီးတွင်မီးကြီးလောင်ကျွမ်းနေပြီး မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်လာသည်ကို လူအုပ်ကြီးက မလှမ်းမကမ်းမှ ကြည့်ရှုနေကြသည်ကို မြင်တွေ့ရသည်။
မီးသတ်သမားများသည် လေယာဉ်ပျက်စီးနေသည့် အပိုင်းအစများပေါ်သို့ ရေများဖြန်းနေကြပြီး အဆိုပါလေယာဉ်သည် အဆောက်အအုံဘေးဘက်သို့ ဝင်ရောက်တိုက်မိကာ သံဆန်ခါများ ပျက်စီးပြီး အဆောက်အအုံတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်ကို ရိုက်တာ၏ရုပ်သံတွင် တွေ့ရသည်။
“တတိယတန်းကျောင်းသားတစ်ဦး သေဆုံးလျက်သား ရောက်ရှိလာပြီး၊ အသက် ၁၂ နှစ်၊ ၁၄ နှစ်နဲ့ ၄၀ နှစ် အရွယ် သုံးဦးကို ဆေးရုံတင်ထားပါတယ်” ဟု အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ထိခိုက်ခံစားခဲ့ရသူများကို ခေါ်ဆောင်သွားခဲ့သည့် ဒါကာဆေးကောလိပ်နှင့် ဆေးရုံရှိ မီးလောင်ဒဏ်ရာဌာန အကြီးအကဲ Bidhan Sarker က ပြောကြားသည်။
အချို့က အခြားသူများကို နှစ်သိမ့်ပေးနေချိန်တွင် လူများ အော်ဟစ်ငိုယိုနေကြသည်ကိုလည်း ဗီဒီယိုများတွင် တွေ့ရသည်။

“ကျွန်တော် ကလေးတွေကို သွားကြိုပြီး ဂိတ်ကို ရောက်တော့ နောက်ကနေ တစ်ခုခုလာနေတာ သတိထားမိတယ်။ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ နောက်လှည့်ကြည့်လိုက်တော့ မီးနဲ့ မီးခိုးပဲ တွေ့ရတယ်” ဟု ကျောင်း ဆရာ Masud Tarik က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ Muhammad Yunus က မတော်တဆမှု၏ အကြောင်း ရင်းကို စုံစမ်းစစ်ဆေးရန်နှင့် အကူအညီများအားလုံးကိုအသေအချာဖြစ်စေရန် လိုအပ်သော အစီအမံများ ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
“လေတပ်.၊ကျောင်းသားတွေ၊ မိဘတွေ၊ ဆရာတွေနဲ့ ဝန်ထမ်းတွေအပြင် ဒီမတော်တဆမှုမှာ တခြား သူတွေ ဆုံးရှုံးခဲ့ရတာက အစားထိုးမရနိုင်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ Ahmedabad မြို့ရှိ ဆေးကောလိပ် ကျောင်းဆောင် တစ်ခုပေါ်သို့ Air India လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ၂၄၂ ဦးအနက် ၂၄၁ ဦးနှင့် မြေပြင်ပေါ်ရှိ ၁၉ ဦး သေဆုံးခဲ့ရာ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အဆိုးဆုံး လေကြောင်းကပ်ဘေးဖြစ်ခဲ့ရပြီးနောက် တစ်လ ကျော်ကျော်ကလေးတွင် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းအရင်းအမြစ်-ရိုက်တာသတင်းဌာန
#Daily_News
Published 21 July 2025
၁။ ငလျင်သင့်ပြည်သူသုံးသိန်းကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့များတရုတ်ကလှူဒါန်း
၂။ ရုရှား၊ ဘယ်လာရုစ်တို့ထံမှ ဓာတ်မြေဩဇာများအား ဝယ်ယူနိုင်ရေးနှင့် ပြည်တွင်းမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများတင်ပို့နိုင်ရေးဆွေးနွေးနေ
၃။ မုန်တိုင်းငယ်ဖြစ်နိုင်၍ မိုးကြီးပြီး မြစ်ရေတက်နိုင်
၄။ တရုတ်-အမေရိကန်စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးအရေးကြီးဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 102 of 1097