#World_News
Published 08 April 2026

■ အမေရိကန်နဲ့ အီရန် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် ဧပြီ ၇ ရက်နေ့မှာ ရေနံဈေး သိသိသာသာ ကျဆင်းသွားပြီး အီရန်စစ်ပွဲ ၃၈ ရက်မြောက်နေ့မှာ အားလုံးအတွက် စိတ်သက်သာရာ ရခဲ့ပါတယ်။

■ အမေရိကန် ရေနံစိမ်းအမှတ်တံဆပ်ကြီး West Texas Intermediate က တစ်စည်ကို ၉၃ ဒေါ်လာခန့်သို့ ၁၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။

■ Brent Crude ဆိုရင်လည်း ၉၃.၃၈ ဒေါ်လာဖြင့် ၁၆ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို နှစ်ပတ်တိုင်အောင် လုံခြုံစွာဖြတ်သန်းခွင့် ပေးလိုက်တာကြောင့် ဖြစ်ပါတယ်။

■ ရှယ်ယာဈေးကွက်မှာ ဂျပန်ရဲ့ Nikkei 225 က ၄.၃၈ ရာခိုင်နှုန်း၊ တောင်ကိုရီးယားရဲ့ Kospi က ၅.၇၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Tokai Tokyo Securities က ဖော်ပြထားပါတယ်။

■ ရေနံတစ်စည်ကို ဒေါ်လာ ၁၀၀ ကျော် တက်ခဲ့ပြီးနောက် အာရှနိုင်ငံတွေမှာ စက်သုံးဆီခွဲတမ်းချခဲ့ရကာ ဟော်မုဇ်ရေလက်ကြား ယာယီပြန်ဖွင့်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ကြေညာခဲ့ပါတယ်။

Source: WION.