#World_Health
Published 08 April 2026

■ ကိုဗစ်-၁၉ နောက်ဆက်တွဲလက္ခဏာတွေဖြစ်တဲ့ နွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်းတို့နဲ့ ပတ်သက်ပြီး ဗိုက်တာမင်-ဒီ ဖြည့်စွက်ဆေးတွေက ဒီလက္ခဏာတွေအပေါ် သက်ရောက်နိုင်မလားဆိုတာကို မတ်စ်ဂျင်နရယ်ဘရစ်ဂမ်မှ သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။

■ ကိုဗစ်-၁၉ ရောဂါကို မကြာသေးမီက ကူးစက်ထားတဲ့ ၁,၇၄၇ ဦးကို ဗိုက်တာမင်-ဒီ၃ ဖြည့်စွက်ဆေး ပေးတဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး ပေးတဲ့အဖွဲ့ခွဲကာ ရက်သတ္တပတ် ၄ ပတ်ကြာအောင် သုံးစွဲစေခဲ့ပါတယ်။

■ ဗိုက်တာမင်-ဒီ ဖြည့်စွက်ဆေးက ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပေမယ့် ရောဂါကူးစက်ပြင်းထန်မှုကိုတော့ သက်ရောက်နိုင်ခြေ မရှိကြောင်း ထိုဆေးရုံမှ ဒေါက်တာ ဂျိုအန်မန်ဆန်က ပြောပါတယ်။

■ လက္ခဏာပြင်းထန်ခြင်း၊ ဆေးရုံတက်ရောက်ရခြင်း၊ အရေးပေါ်ကုသမှုခံယူခြင်းတို့လို ရေတိုသက်ရောက်မှုတွေကိုတော့ သိပ်ပြီးမပြောင်းလဲပေးနိုင်ပါဘူး။

■ ဗိုက်တာမင်-ဒီ သုံးစွဲသူတွေထဲက ၂၁ ရာခိုင်နှဒန်းက ရောဂါကူးစက်ပြီး ၈ ပတ်ကြာတဲ့အခါ လက္ခဏာတစ်ခု အနည်းဆုံးဖြစ်ပေါ်ပြီး အခြားအဖွဲ့ကတော့ ၂၅ ရာခိုင်နှုန်းက လက္ခဏာခံစားခဲ့ရပါတယ်။

■ ဒါ့အပြင် ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို ထိန်းညှိပေးနိုင်တာကြောင့်လည်း ရေရှည်ပြဿနာတွေအပေါ် သက်ရောက်ကောင်း သက်ရောက်နိုင်ပါတယ်။

■ ရောဂါမကူးစက်ခင် ဒါမှမဟုတ် ရောဂါတွေ့ပြီးနောက်ချက်ချင်း ဗိုက်တာမင်-ဒီ စသောက်သင့်ပါတယ်။

■ ဗိုက်တာမင်-ဒီက ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေရဲ့ ပြင်းထန်မှု၊ ဖြစ်နိုင်ခြေတို့ကို လျှော့ချနိုင်လား ဆိုတာကိုတော့ လေ့လာမှုကြီးတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

Source: Fox News.