#World_Health
Published 08 April 2026
■ အချိန် ၂ နှစ်ကြာအောင် ဗိုက်တာမင်ဖြည့်စွက်ဆေး နေ့စဉ်သုံးစွဲသူတွေဟာ ကိုယ်တွင်းဇီဝသက်တမ်းအိုမင်းခြင်း ၄ လစာလောက် နှေးသွားခဲ့ပြီး ၂၄ လအတွင်းမှာ လ ၂၀ သာ အိုမင်းသွားခဲ့တာ ဖြစ်ပါတယ်။
■ ကိုယ်တွင်းဇီဝသက်တမ်း အိုမင်းရင့်ရော်ခြင်းဆိုတာက ဆဲလ်အဆင့် ယိုယွင်းဆုတ်ယုတ်လာတာကို ညွှန်ပြပါတယ်။
■ ဒါကြောင့် မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ဆေးမှတ်တမ်းတို့အပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ ပြင်ပအသက်နဲ့ ကိုယ်တွင်းဇီဝသက်တမ်း အနည်းငယ် ကွာခြားနိုင်ပါတယ်။
■ လေ့လာချက်အစပိုင်းမှာ ကိုယ်တွင်းဇီဝသက်တမ်း အိုမင်းမြန်ဆန်သူတွေက ဗိုက်တာမင်အားဆေး အသုံးပြုခြင်းကနေ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။
■ COSMOS စမ်းသပ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ အသက် ၆၀ အထက် အမျိုးသားတွေနဲ့ ၆၅ နှစ်အထက် အမျိုးသမီးတွေ ၉၅၈ ဦး ပါဝင်ခဲ့ပါတယ်။
■ ဗိုက်တာမင်မျိုးစုံ ဖြည့်စွက်ဆေးတွေက မျိုးဗီဇစက်ဝန်း ၅ ခုထဲက ၂ ခုဖြင့် တိုင်းတာရာမှာ ကိုယ်တွင်းဇီဝအိုမင်းခြင်းအပေါ် အကျိုးအာနိသင် ရရှိစေတာ တွေ့ရပါတယ်။
■ ဗိုက်တာမင်အာဆေးတွေက လူ့အသက်ကို တိုက်ရိုက်ဆွဲဆန့်ပေးတာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်စွာ အိုမင်းရင့်ရော်လာစေတဲ့သဘော ဖြစ်ပါတယ်။
■ ရေရှည်သက်ရောက်မှုတွေကို အတည်ပြုနိုင်ဖို့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
■ ဗိုက်တာမင်အားဆေးတွေရဲ့ ဘယ်လိုပါဝင်ပစ္စည်းတွေက ကိုယ်တွင်းဇီဝသက်တမ်းအပေါ် သက်ရောက်လဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
Source: NBC News