၈ ဧပြီ၊၂၀၂၆

တရုတ် ဝင်ပါလာပြီးနောက် ပါကစ္စတန်က ကြားခံပေးတဲ့ အပစ်အခတ်ရပ်စဲရေးကို အီရန်က လက်ခံလိုက်  ပြီလို့ သိရပါတယ်။ တီဟီရန်ဘက်က အချက် ၁၀ ချက်ပါ အစီအစဉ်ကို တောင်းဆိုနေချိန်မှာပဲ ဧပြီလ ၁၀ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့တွင် မေရိကန်နဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်ထား  ပါတယ်။ နှစ်ဖက်စလုံးက သဘောတူတယ်ဆိုရင် ၁၅ ရက်ထက်လည်း ကျော်လွန်သွားနိုင်တယ်လို့ အီရန်   အရာရှိတွေက ပြောပါ တယ်။ ဆွေးနွေးပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အီရန်ရဲ့ စစ်မြေပြင်က အောင်ပွဲတွေကို သတ်မှတ်  ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ နိုင်ငံရေးရလဒ်တွေဖြစ်လာအောင် ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။

နယူးယောက်တိုင်းမ်စ်မှာ ဖော်ပြထားတဲ့ အီရန်အရာရှိသုံးဦးရဲ့ ပြောစကားအရ၊ တရုတ်နိုင်ငံက နောက် ဆုံးအချိန်မှ ဝင်ပါလာပြီး သံတမန်ရေးအရ အပြင်းအထန် ကြိုးပမ်းပြီးတဲ့နောက်မှာ ပါကစ္စတန်က ကြား   ဝင်စေ့စပ်ပေးတဲ့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်က လက်ခံလိုက်ပြီလို့ သိရ    ပါတယ်။ အဓိက အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရလို့ စီးပွားရေးထိခိုက်နစ်နာမှုတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာချိန်မှာ အခုလို ဆုံးဖြတ်လိုက်တာလို့ အရာရှိတွေက ပြောပါတယ်။ ဒီအပစ်  အခတ်ရပ်စဲရေးကို အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် အယာတိုလာ မိုဂျ်တာဘာ ခါမေနီက အတည်ပြုပေးခဲ့တာလို့ သိရပါတယ်။

အီရန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီရလဒ်ကို “အောင်ပွဲ” လို့ ကြေညာခဲ့ပြီး အမေရိကန်၊ အစ္စရေးတို့နဲ့ ၅ ပတ်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်းမှာ တောင့်ခံခဲ့ကြတဲ့ အီရန် ပြည်သူတွေကို ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။ “ဒီအောင်ပွဲအတွက် အီရန်ပြည်သူတွေကို ဂုဏ်ပြု   ပါတယ်။ အောင်ပွဲရဲ့ နောက်ဆုံးအသေးစိတ်တွေကို အပြီးမသတ်ရသေးခင်အချိန်အထိ အရာရှိတွေနဲ့ ပြည်သူတွေအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ ကြံ့ကြံ့ခံ ရပ်တည်သွားကြဖို့ ထပ်လောင်းတိုက်တွန်းပါတယ်” လို့ ကောင်စီက ပြောခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်တိုက်ခိုက်မှုတွေမလာအောင် ကာကွယ်ပေးမယ့် အာမခံချက်တွေ၊ ဟော်မုဇ်ရေလက်ကြားကို အီရန်က ကြီးကြပ်ခွင့်နဲ့ စစ်ပွဲကြောင့် ဆုံးရှုံးသွားတာတွေ   အတွက် လျော်ကြေးပေးရေးတွေ ပါဝင်တဲ့ အီရန်ရဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးမူဘောင်ကို အမေ   ရိကန်ဘက်က အခြေခံအားဖြင့် သဘောတူထားတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဆိုထားပါ  တယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ Truth Social က ပို့စ်တစ်ခုမှာ ဝါရှင်တန်အနေနဲ့ ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့လောက်ပဲ ဆန္ဒရှိတယ်လို့ ပြောပြီး သတိထားတဲ့လေသံနဲ့ တုံ့ပြန်ခဲ့ပါတယ်။

Source:WION