#World_Health
Published 09 April 2026
■ လူသန်းပေါင်းများစွာဟာ မဂ္ဂနီဆီယံနဲ့ မယ်လာတိုနင် ဖြည့်စွက်ဆေးတို့ကို အဓိကအိပ်ပျော်စေဖို့အတွက် သုံးစွဲနေကြပါတယ်။
■ ကောင်းစွာအိပ်မပျော်ခြင်းက တစ်ကမ္ဘာလုံးမှာ လူအများကျန်းမာရေး စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ဖြည့်စွက်ဆေးတွေက အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အထောက်အထား အနည်းငယ်သာရှိပြီး လူတိုင်းအတွက် မသင့်လျော်နိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
■ မယ်လာတိုနင်က သဘာဝဟော်မုန်းတစ်ခုဖြစ်ပြီး နေ့ညလည်ပတ်စက်ဝန်းကို ထိန်းညှိပေးသလို အိပ်စက်မှုပြဿနာတွေကိုလည်း ကူညီပေးနိုင်ပါတယ်။
■ မယ်လာတိုနင် ရေရှည်အသုံးပြုခြင်းက မူးဝေအော့အန်ခြင်း၊ အိပ်စက်မှုစက်ဝန်း နှောင့်ယှက်ဖြစ်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။
■ မဂ္ဂနီဆီယံက ကြွက်သားတက်ခြင်း၊ ခြေအငြိမ်မနေခြင်းလက္ခဏာတွေမှာ အရေးကြီးပေမယ့် စားစရာတွေကနေ ရနေတာကြောင့် ဖြည့်စွက်ဆေးကိုလည်း ရေတိုသာ အသုံးပြုသင့်ပါတယ်။
■ အာရုံကြောပြေလျော့စေပြီး အရိုးဖွဲ့စည်းမှုကို ထောက်ပံ့ပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။
■ အိပ်ချိန်စီမံထိန်းသိမ်းခြင်း၊ ဖုန်းကွန်ပျူတာကြည့်ချိန် လျှော့ချခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်းတို့လို နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲခြင်းက ဖြည့်စွက်အားဆေးတွေထက် ပိုပြီးသက်ရောက်မှု ရှိနိုင်ပါတယ်။
■ မဂ္ဂနီဆီယံက အိပ်မပျော်ခြင်းအတွက် အထောက်အကူပေးတဲ့ အချက်အလက်မျိုး သိပ်မတွေ့ရဘဲ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့သဘော မြင်တွေ့ရပါတယ်။
Source: India Today