#World_Health
Published 09 April 2026

■ နှစ်စဉ်နှစ်တိုင်း တိရိစ္ဆာန်တွေကြောင့် လူပေါင်းတစ်သန်းခွဲလောက် သေဆုံးနေကြရပါတယ်။

■ ဒီထဲကမှ တစ်သန်းနီးပါးလောက်က တိရိစ္ဆာန်တွေကြောင့်ဖြစ်ပြီး သန်းတဝက်ကျော်လောက်ကတော့ လူတွေကြား ပဋိပက္ခတွေကနေ တိုက်ရိုက်ပတ်သက်နေပါတယ်။

■ တိရိစ္ဆာန်ကြောင့် အသက်ဆုံးပါးမှု အများစုဟာ ခြင်နဲ့ မြွေ ၂ မျိုးတည်းကြောင့် ဖြစ်နေပါတယ်။

■ အောက်မှာဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက ခန့်မှန်းချက်တွေသာဖြစ်ပြီး မသေချာတဲ့ အချက်အလက်တွေ ရှိနေပါသေးတယ်။

■ ကမ္ဘာပေါ်မှာ အသက်အန္တရာယ် အပေးနိုင်ဆုံးသတ္တဝါက အသေးဆုံးတွေထဲက တစ်မျိုးဖြစ်တဲ့ ခြင်ဖြစ်ပြီး ၂၀၂၃ မှာ ကမ္ဘာတဝှမ်း သေဆုံးသူပေါင်း ၇၆၀,၀၀၀ ခန့် ရှိခဲ့ပါတယ်။

■ အဆင့်သတ်မှတ်မှုတွေက ခန့်မှန်းချက်သာဖြစ်ပေမယ့် အောက်ပါအစဉ်လိုက်အတိုင်း ရှိနေမယ်လို့တော့ ယုံကြည်ထားပါတယ်။

(၁) ခြင် - ၇၆၀,၀၀၀
(၂) မြွေ - ၁၀၀,၀၀၀
(၃) ခွေး - ၄၀,၀၀၀
(၄) ခရုပက်ကျိ - ၁၄,၀၀၀
(၅) ကစ်စင်ဘာ့ဂ်ကပ်ပါးပိုး - ၈,၀၀၀
(၆) ဖြုတ် - ၅,၀၀၀
(၇) သံကောင်လုံး - ၄,၀၀၀
(၈) ကင်းမြီးကောက် - ၃,၀၀၀
(၉) သံပြားကောင် - ၂,၀၀၀
(၁၀) စီစီယင် - ၁,၅၀၀

■ ဒီစာရင်းနောက်မှာတော့ ဆင်၊ ပျား၊ ပိတုန်း၊ ကြောင်ကြီးမျိုးနွယ်၊ မိကျောင်း၊ ဂျယ်လီငါး၊ ရေမြင်း၊ ပင့်ကူ၊ ဝက်ဝံ၊ ငါးမန်း၊ ဝံပလွေတို့ ရှိနေပါတယ်။

Source: Newser.