Published 31 Oct 2022
◉ရုပ်ရှင်သရုပ်ဆောင်နှင့် “Produce 101 Season 2” ပြိုင်ပွဲဝင်ဟောင်း လီဂျီဟန် Lee Ji Han ဟာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီတေးဝန်ကြေကွဲစရာဖြစ်ရပ်ထဲ သေဆုံးခဲ့ရ
◉အောက်တိုဘာ ၂၉ ရက် အီတေးဝန် မတော်တဆဖြစ်ရပ်တွင် လီဂျီဟန် ကွယ်လွန်ခဲ့သည်မှာ မှန်ကန်ပါတယ်လို့ သူ့ရဲ့ အေဂျင်စီ 935 Entertainmentက အောက်တိုဘာ ၃၀ရက်တွင် အတည်ပြု
◉“ အဲဒီသတင်းမမှန်ပါဘူးလို့ ကျွန်တော်တို့က ယုံထားခဲ့တာ။ အခုတော့ သတင်းကြားရတော့ အတော်တုန်လှုပ်သွားရတယ်။ မိသားစုဟာ အလွန်ထိခိုက်ကြေကွဲနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အထူးသတိထားနေရတယ်။ သူကောင်းမွန်ရာ ငြိမ်းအေးစွာနားခိုနိုင်ပါစေ” လို့ အေဂျင်စီကိုယ်စားလှယ်ကပြော
◉လီဂျီဟန်ဟာ ၂၀၁၇ခုနှစ်မှာ “Produce 101 Season 2”မှာ သီချင်းဆိုဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများလာသူဖြစ်ပြီး ၂၀၁၉ခုနှစ်ကထုတ်လုပ်သည့် “Today Was Another Nam Hyun Day”ဟုဆိုသည့် ဝက်ဘ်ဒရာမာတွင် သရုပ်ဆောင်မင်းသားဖြစ်ခဲ့
◉သူသေဆုံးချိန်တွင် အသက် ၂၄နှစ်ရှိပြီဖြစ်
◉စနေနေ့ည ဖြစ်ခဲ့သော ဟော်လိုဝင်ပွဲ လူအုပ်ပြိုလဲမှုကြောင့် လူပေါင်း ၁၅၄ ဦးကျော်သေဆုံးခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြ
Source Soompi
#Lee_Ji_Han
#Itaewon_tragedy
#South_Korea_haloween
#World_Health
Published 31 October 2022
စီးကရက်အတု(vape)သောက်သုံးသူတွေဟာ စီးကရက်အစစ်သောက်သုံးသူတွေကဲ့သို့ပင် နှလုံးရောဂါအန္တရာယ်ရှိနိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။
ကြွက်တွေနဲ့ လူတွေမှာစမ်းသပ်ခဲ့တဲ့ လေ့လာချက်နှစ်ရပ်အရ စီးကရက်အတုသောက်သူတွေမှာ ဆေးလိပ်သောက်သူတွေလိုမျိုး သွေးကြောထိခိုက်မှုရှိနေကြောင်း တွေ့ရှိရပါတယ်။
သွေးကြောတွေထိခိုက်ပြီး အလုပ်မလုပ်နိုင်တဲ့အခါ နှလုံးနဲ့ခန္ဓာကိုယ်တလျှောက် အောက်ဆီဂျင်နဲ့သွေးများ ကောင်းစွာမလည်ပတ်နိုင်တော့ပါဘူး။
ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာနဲ့ အခြားအသက်ရှူလမ်းကြောင်းပြဿနာတွေပါ ဖြစ်နိုင်တာကြောင့် စီးကရက်အတုတွေထက် ပိုမိုဆိုးရွားနေသေးတယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့ ကုမ္ပဏီတွေ ကြော်ငြာဆွဲဆောင်နေသလိုမျိုး စီးကရက်အတုတွေက အန္တရာယ်ကင်းတဲ့ပစ္စည်းဆိုတာတော့ မဟုတ်ပါဘူး။
အမေရိကန်အစိုးရက လူငယ်နဲ့လူကြီးတွေကြား စီးကရက်အတုစွဲလမ်းလာတာကို သတိထားလာကြပါတယ်။
စီးကရက်အတုရော ဆေးလိပ်ရောပါ သောက်သုံးရင်တော့ ထိခိုက်မှုက ပေါင်းစုံပြီးပိုဆိုးရွားလာနိုင်ပါတယ်။
သူတို့ရဲ့သက်ရောက်မှုက သွေးကြောမကြီးတွေ ကောင်းစွာမပွင့်တော့ဘဲ နှလုံးနဲ့အခြားတစ်ရှူးများဆီ သွေးလုံလောက်စွာမရရှိတော့တာဖြစ်ပါတယ်။
သွေးကြောနံရံဆဲလ်တွေထိခိုက်တဲ့အခါ သွေးတိုး၊ နှလုံးသွေးကြောရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းထဲမှာ တစ်ခုခုရှိနေတဲ့အခါ သွေးကြောလုပ်ငန်းဆောင်တာများ ထိခိုက်ပျက်စီးနိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေနဲ့ စီးကရက်အတုသောက်သူတွေမှာ နိုက်ထရစ်အောက်ဆိုဒ်ထုတ်လုပ်မှုလျော့နည်းလာပါတယ်။
စီးကရက်အတုသောက်သူတွေရဲ့ သွေးကြောဆဲလ်စိမ့်ဝင်နိုင်စွမ်းက ဆေးလိပ်သောက်သူတွေထက်ပိုပြီး မြင့်မားနေပါတယ်။
စိမ့်ဝင်မှုများလာတဲ့အခါ တုံ့ပြန်တဲ့ပစ္စည်းတွေပါ ယိုစိမ့်ကုန်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေဖြစ်လာပါတယ်။
တွေ့ရှိချက်များအရ စီးကရက်အတုရော ဆေးလိပ်ပါ သုံးစွဲသူတွေမှာ တစ်မျိုးချင်းသုံးသူတွေထက် ကျန်းမာရေးအန္တရာယ်ပိုရှိနေပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Innovation
Published 31 October 2022
လမ်းလျှောက်တဲ့အမြန်နှုန်းကို ၂၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်စေပြီး ဘီးသေးလေး ၈ ဘီးပါတဲ့ ကမ္ဘာ့အမြန်ဆုံးဖိနပ်ကို စက်ရုပ်တီထွင်ထုတ်လုပ်တဲ့ အင်ဂျင်နီယာများက ထုတ်ဖော်ပြသလိုက်ပါတယ်။
မွန်းဝေါ်လ်ကာစ်(Moonwalkers)လို့ အမည်ပေးထားတဲ့ ကိရိယာကို ဖိနပ်မှာပတ်ပြီးစီးရတာဖြစ်ကာ ဘီး ၈ ဘီးကို စွမ်းအားထုတ်ပေးနေတဲ့ လျှပ်စစ်မော်တော်ငယ်များက စီးထားသူကို ရှေ့သို့တွန်းပို့ပေးတာဖြစ်ပြီး စကိတ်ဖိနပ်နဲ့ ဆင်တူနေပါတယ်။
Shift Robotics မှ အင်ဂျင်နီယာအဖွဲ့က ထိုဖိနပ်ကိုထုတ်လုပ်ခဲ့တာဖြစ်ပြီး အဖွဲ့တည်ထောင်သူက အလုပ်ကိုလမ်းလျှောက်သွားတဲ့အခါ သွားရတဲ့အကွာအဝေးကို တဝက်လောက်လျှော့ချနိုင်ရန် တွန်းအားပေးတဲ့ဖိနပ်များထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။
ဖိနပ်ရဲ့အမြန်နှုန်းက ပျမ်းမျှအားဖြင့် တစ်နာရီကို ၃ မိုင်နှုန်းမှ ၇ မိုင်နှုန်းအထိ ရှိပါတယ်။
စိတ်ပါဝင်စားတဲ့သူတွေအတွက်တော့ ဖိနပ်ရဲ့တန်ဖိုးက ၁,၃၉၉ ဒေါ်လာလက်လီဈေး ရှိပါတယ်။
ဖိနပ်ရဲ့လျှို့ဝှက်ချက်ကတော့ အသုံးပြုသူရဲ့ခြေလှမ်းအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် အယ်လ်ဂိုရစ်သမ်ကို ဖိနပ်ကလေ့လာသိရှိအောင် တီထွင်ထားတာဖြစ်ပါတယ်။
တည်ထောင်သူ'စွန်ကျီကျန်'က အလုပ်ကို စကူတာဖြင့်သွားစဉ် ကားတိုက်မိတော့မလိုဖြစ်ပြီးတော့ အခုလိုအကြံရသွားတာဖြစ်ပါတယ်။
အဲဒီနောက် ဂျက်လေယာဉ်အင်ဂျင်တွန်းကန်အားစနစ်ကို အသုံးချကာ အင်ဂျင်နီယာအဖွဲ့ဖြင့် အချိန် ၄ နှစ်ကြာအောင် တီထွင်ခဲ့ပါတယ်။
ဖိနပ်ကို ဘက်ထရီဆဲလ်များဖြင့် အလုပ်လုပ်စေကာ အားအပြည့်ရဖို့ ၁ နာရီခွဲအားသွင်းရပြီး အကွာအဝေး ၆ မိုင်ခန့်သွားနိုင်ပါတယ်။
'မွန်းဝေါ်လ်ကာဖိနပ်တွေက စစချင်းမှာ လော့ချထားတဲ့စနစ်ဖြစ်ပြီးတော့ ဘီးတွေကိုလုံးဝရပ်တန့်ထားပါတယ်၊ စနစ်အသက်ဝင်ဖို့အတွက် ညာဖနောင့်ကိုလေထဲမ၊ ခြေမကိုတော့ မြေမှာပဲထိထားကာ ဘယ်ခြေထောက်ဘက်သို့ နာရီလက်တံပုံစံအတိုင်းဝိုက်ရပါတယ်' လို့ ရှင်းပြထားပါတယ်။
'ပြန်ပိတ်ဖို့အတွက် ညာဖနောင့်ကိုကြွကာ မြေကြီးသို့ပြန်ချရပါတယ်၊ ဒီတော့မှ လှေကားအတက်အဆင်း၊ ရထား၊ ဘတ်စ်ကားဆင်းတဲ့တက်တဲ့နေရာမှာ အမြန်နှုန်းကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်'
လမ်းလျှောက်နေရင်းနဲ့ အေအိုင်အယ်လ်ဂိုရစ်သမ်က လမ်းလျှောက်ပုံသဘာဝအတိုင်း လေ့လာသွားမှာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 31 Oct 2022
✅သက်တမ်း ၁၅၀ကျော်ရှိ ကိုလိုနီခေတ်လမ်းလျှောက်ကြိုးတံတား ပြတ်ကျမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၂၀ သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့(ယနေ့)မှာ အတည်ပြု
✅တံတားပြတ်ကျချိန်တနင်္ဂနွေညပိုင်းက အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ရှိ အဆိုပါတံတားပေါ်နှင့် အနီးတစ်ဝိုက် မှာ လူ၅၀၀ခန့်က ဘာသာရေးပွဲတော် ကျင်းပနေ
✅အဆိုပါဖြစ်ရပ်ကြောင့် ခနော်နီခနော်နဲ့တံတားပေါ်က လူတွေ ရေထဲ ဆွဲချသလိုဖြစ်သွားခဲ့
✅အလောင်း ၁၂၀ကျော် ပြန်လည်ရရှိပြီး ဆက်ရှာဖွေနေဆဲဖြစ်ကာ လူ ၁၃၀ကျော်ကို ကယ်ဆယ်နိုင်ခဲ့ဟု မော်ဘီဒေသရဲမှူး ကပြော
✅အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်
✅တံတားမှာ ဂူဂျာရတ်ပြည်နယ် အဓိကမြို့ အာမက်ဒါဘက်၏ အနောက်ဖက် ၂၀၀ကီလိုမီတာရှိ မက်ချူမြစ်ဖြတ်တည်ဆောက်ထားတာဖြစ်
✅၂၃၃မီတာရှည်ပြီး ၁.၅မီတာအကျယ်ရှိကာ ဗြိတိသျှကိုလိုနီအာဏာပိုင်များက အင်္ဂလန်မှတင်သွင်းတဲ့ ပစ္စည်းတွေနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၁၈၈၀ပြည့်နှစ်တွင်ဖွင့်လှစ်
✅လပေါင်းများစွာပြုပြင်မွမ်းမံခဲ့ပြီး ပြန်ဖွင့်တာ ရက်ပိုင်းပဲရှိသေး
✅ဘာသာရေးပွဲတော်နှင့် ဒီပါဝါလီပွဲတော်ကြောင့် တံတားပေါ်မှာ လူတွေအများကြီးရောက်ရှိနေခြင်းဖြစ်
✅အိန္ဒိယကြည်းနှင့်ရေး တပ်မှ စစ်သည်များက ကယ်ဆယ်ရေးလုပ်ပေးနေ
Source AFP
#Morbi_bridge
#India_Suspension_Bridge_Collapse
#Gujarat
Published 30 Oct 2022
✅အောက်တိုဘာ ၃၀ရက် တနင်္ဂနွေနေ့က ဂူဂျာရတ်ပြည်နယ် မော်ဘီမှာရှိတဲ့ မြစ်ကူးကြိုးတံတားတစ်စီးပြတ်ကျရာ အနည်းဆုံးလူ ၃၀ သေဆုံး အများအပြားဒဏ်ရာရ
✅တံတားပြတ်ကျစဉ်မှာ တံတားပေါ်လူ ၅၀၀ခန့်ရှိနေပြီး လူ၁၀၀ခန့် ရေထဲတွင်ပိတ်မိနေခဲ့
✅အိန္ဒိယဝန်ကြီးချုပ်မိုဒီက ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ခြင်းဆောင်ရွက်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို အမိန့်ပေး
✅တံတားဟာ အလယ်ကနေ ထောက်ခနဲပြတ်သွားပုံရ၊အသေးစိတ်အချက်အလက်များစောင့်ဆိုင်းဆဲ
✅အဆိုပါ မော်ဘီကြိုးတံတားမှာ နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိပြီဟုသိရ
✅ပုဂ္ဂလိက ကုမ္ပဏီ အိုရီဗာအုပ်စုက တင်ဒါအောင်ကာ တံတားကို ပြန်လည်ပြုပြင်မွမ်းမံပြီး မကြာသေးခင်ကမှပြန်လည်ဖွင့်လှစ်ခဲ့
Source: NDTV and Indian Media
#Gujarat_india
#Morbi_cable_Bridge_collapse
#Narendra_Modi
Published 30 Oct 2022
ကမ္ဘာ့အရှည်လျားဆုံး ခရီးသည်တင်ရထားတစ်စီးအဖြစ် ကမ္ဘာ့စံချိန်ချိုးလိုက်ပြီလို့ ရီယက်ရှန်ရထား (RhB) က ကြေညာပါတယ်။ ဆွစ်ရထားစနစ်ရဲ့ ၁၇၅ နှစ်မြောက်အထိမ်းအမှတ်ပွဲတစ်ခုမှာ ယင်းသို့ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ရထားဟာ ရထားတွဲပေါင်း ၁၀၀အထိပါဝင်ပြီး စုစုပေါင်း ၁၉၁၀ မီတာ ရှည်လျားပါတယ်။
ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဂရော့ဘန်ဒန် ဒေသစိတ်အတွင်းမှာ ရထားဟာ ၂၅ ကီလိုမီတာ ခုတ်မောင်းပြသခဲ့ပါတယ်။
Source AFP
#World's_longest_passenger_train
#The_Rhaetian_Railway
#Swiss_railway_system
Published 30 October 2022
တရုတ်နိုင်ငံ တောင်ပိုင်းကကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟိုင်နန်းပြည်နယ်မှာ သောကြာနေ့က အကောက်အခွန်မဲ့ မြို့တစ်မြို့ကို ဖွင့်လှစ်လိုက်ကြောင်း ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနက ပြောပါတယ်။
ဟိုင်းနန်းပြည်နယ်ရဲ့ မြို့တော်ရဲ့ မြို့လယ်မှာတည်ရှိတဲ့ ဟိုင်ခိုနိုင်ငံတကာ အကောက်အခွန်မဲ့ Duty-Free မြို့ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၉၃၀,၀၀၀ ရှိပါတယ်။ ဈေးဝယ်သူတွေအတွက် နိုင်ငံတကာနှင့် ပြည်တွင်း အမှတ်တံဆိပ် အကောက်အခွန်မဲ့ ကုန်စည်ပေါင်း ၈၀၀ ကျော်ကို ခင်းကျင်းရောင်းချမှာ ဖြစ်ပါတယ်။
ဖောက်သည်တွေကိုပိုပြီး ဆွဲဆောင်ဖို့အတွက် အကြိုက်တွေ့စရာ မူဝါဒတွေနှင့်အတူ လေဆိပ်တွေ၊ဆိပ်ကမ်းတွေနှင့် ကမ်းလွန်ကျွန်းတွေမှာရှိတဲ့ အကောက်အခွန်မဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ယခု မြို့တွင်း အကောက်အခွန်မဲ့ ဆိုင်တွေဟာ စိတ်ဝင်စားမှု သိသိသာသာရရှိနေပါတယ်။
ကြီးမားတဲ့ အကောက်အခွန်မဲ့ ဈေးဝယ်စင်တာကြီးတစ်ခုဟာ ဟိုင်းနန်း လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုရဲ့ နောက်ထပ် အထိမ်းအမှတ်သင်္ကေတ တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ ဟိုင်နန်းကျွန်း ပြည်နယ်မှာ အကောက်အခွမဲ့ဆိုင်တွေ ၁၁ဆိုင်ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ တန်ဖိုးကြီး ပစ္စည်းတွေ သွားရောက်ဝယ်ယူစီးဆင်းမှု နောက်ကြောင်းပြန်စီးဆင်းဖို့နှင့် စားသုံးမှုကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး အကောက်အခွန်မဲ့ လုပ်ငန်းတွေတိုးချဲ့နေတာဖြစ်ပါတယ်။
Source: CCTV+
#Duty_Free_Town_China
#Hainan’s_duty_free_town
#China_Economy
Page 594 of 865