#World_Health
Published 18 October 2026
ဒီဆေး အတည်ပြုချက်ရတာက ဆေးတစ်မျိုးတည်းအတွက်တင် မဟုတ်ဘဲ ကင်ဆာကုသတဲ့ နည်းလမ်းသစ်တစ်ခုလုံးအတွက်ပါ အောင်မြင်မှု ရသွားတာပါ။ အဆင့်မြင့်ကင်ဆာလူနာတွေဟာ ဓာတ်ကုသမှု လုပ်ရင် ပျမ်းမျှ ၆.၇ လပဲ အသက်ရှင်နိုင်ပေမဲ့ ဒီဆေးနဲ့ဆိုရင် ပျမ်းမျှ ၁၃.၂ လအထိ အသက်ရှင်နိုင်ကြပါတယ်။
အခုအခါမှာတော့ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာလူနာတွေအတွက်ပါ ဆက်ပြီး စမ်းသပ်သွားဖို့ ရှိပါတယ်။
အမေရိကန် FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) က အဆင့်မြင့်ပန်ကရိယကင်ဆာ လူနာအချို့အတွက် Daraxonrasib ဆိုတဲ့ တစ်နေ့တစ်လုံးသောက်ရမယ့် ဆေးပြားကို အတည်ပြုပေးလိုက်ပါပြီ။ ဒီကုသမှုသစ်က ဘာကို ဆိုလိုတာလဲနဲ့ စမ်းသပ်မှုတွေရဲ့ ရလဒ်က ဘယ်လိုရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ပန်ကရိယကင်ဆာ အဆင့်မြင့်နေတဲ့ လူနာတွေအတွက် ဒီကုသမှုသစ်က အသက်ရှင်ချိန်ကို ပိုတိုးပိုင်ခွင့် ပေးနိုင်ပါလိမ့်မယ်။ ဒါဟာ သိပ္ပံပညာရှင်တွေ ဆယ်စုနှစ်ပေါင်းများစွာ အဖြေရှာမရခဲ့တဲ့ နယ်ပယ်တစ်ခုမှာ ကြီးမားတဲ့ အောင်မြင်မှု အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။
အမေရိကန် FDA က အတည်ပြုလိုက်တဲ့ Daraxonrasib ဆေးပြားဟာ ကင်ဆာဖြစ်စေတဲ့ အဓိကတရားခံ RAS ပရိုတိန်းကို နှိမ်နင်းပေးဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပထမဆုံး ပန်ကရိယကင်ဆာကုသဆေး ဖြစ်ပါတယ်။
အဓိက စမ်းသပ်မှုကြီးတစ်ခုမှာ ဒီဆေးသောက်ခဲ့ရတဲ့ လူနာတွေဟာ ဓာတ်ကုသမှု ခံယူသူတွေ ပျမ်းမျှ ၆.၇ လပဲ အသက်ရှင်ခဲ့ရတဲ့နေရာမှာ ဆေးသောက်သူတွေက ပျမ်းမျှ ၁၃.၂ လအထိ အသက်ရှင်နိုင်ခဲ့ကြပါတယ်။
ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေ အချိုးအစား (Hazard Ratio) ကလည်း ၀.၄၀ ဝန်းကျင်လောက်သာရှိတာကြောင့် စမ်းသပ်ကာလအတွင်း အသက်သေဆုံးနိုင်ခြေ အတော်လေးနည်းပါးသွားတာကိုပြသနေပါတယ်။
Source- The Indian Express