#World_Health
Published 19 October 2026
■ မုန်လာဥနီဖျော်ရည်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ကျစေမယ့် အသီးဖျော်ရည်လို့ အများစုက ထင်ထားကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အမျှင်ဓာတ်လည်း မပါဘဲ သကြားဓာတ်နဲ့ ကယ်လိုရီတွေ အမြောက်အများ ပါဝင်နေတဲ့ သောက်စရာတစ်ခု သက်သက်ပဲ ဖြစ်ပါတယ်။
■ ဒါကြောင့် ဒေါက်တာ ရော့စမန်းက မုန်လာဥနီကို ဖျော်သောက်တာထက် ဒီအတိုင်း အလုံးလိုက် ဝါးစားဖို့ အကြံပြုထားပါတယ်။
■ ဆိုင်တွေမှာ မုန်လာဥနီဖျော်ရည်ကို အစားအသောက်နဲ့တွဲပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဖျော်ယမကာအဖြစ် လူတွေ ရွေးချယ်လေ့ရှိကြပါတယ်။ အဝါရောင်တောက်တောက်နဲ့ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ် ညှစ်ထားတာမို့လို့ ဝိတ်ကျစေတဲ့ ပေါ့ပေါ့ပါးပါး အဖျော်ယမကာလို့ အားလုံးက ထင်မှတ်ကြတာပါ။
■ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် စတာပါပဲ။
■ လူအတော်များများက မုန်လာဥနီဖျော်ရည်ကို "အသီးအရွက် ပိုစားလိုက်ရတာပဲ" လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ သဘာဝသကြားဓာတ်တွေ အများကြီးပါပြီး အမျှင်ဓာတ် လုံးဝနီးပါး မပါတဲ့ ကယ်လိုရီများတဲ့ အဖျော်ယမကာ ဖြစ်နေပါတယ်။ မုန်လာဥနီ အစိမ်းလိုက်နဲ့ ဖျော်ရည်ဟာ မူရင်းအသီး အမျိုးအစား တူပေမဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ အာဟာရဓာတ် ပြုမူပုံခြင်း လုံးဝ မတူတော့ပါဘူး။
■ မုန်လာဥနီဖျော်ရည်ကို ဘာလို့ ဝိတ်ကျစေတယ်လို့ ထင်ကြတာလဲ။
■ အကြောင်းရင်းကတော့ ရိုးရိုးလေးပါ။ မုန်လာဥနီဟာ အသီးအရွက် ဖြစ်နေလို့ပါပဲ။ အသီးအရွက်ဆိုတာ ကယ်လိုရီနည်းတယ်၊ အမျှင်ဓာတ်ပါတယ်၊ ဝိတ်လျှော့တဲ့အခါ သင့်တော်တယ်၊ ဗိုက်ဝစေတယ်ဆိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စာရင်းတိုင်းမှာ ပါလေ့ရှိပါတယ်။
■ ဒါကြောင့် "မုန်လာဥနီဖျော်ရည်" ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ငါတို့ ဦးနှောက်က "အသီးအရွက် ဖျော်ရည်ပဲ" ဆိုပြီး အလိုအလျောက် မှတ်ယူလိုက်တာပါ။
■ ဒါပေမဲ့ ဖျော်ရည်ဆိုတာ မူရင်း အသီးအရွက် မဟုတ်တော့ပါဘူး။ မုန်လာဥနီကို အရည်ညှစ်လိုက်တဲ့အခါ သဘာဝသကြားနဲ့ အရည်တွေက အမျှင်ဓာတ်နဲ့ သီးခြားစီ ခွဲထွက်သွားပါတယ်။
■ ဖန်ခွက်ထဲ ရောက်လာတာက ရေ၊ သကြား၊ အရောင်နဲ့ ဗီတာမင်၊ သတ္တုဓာတ် အနည်းငယ်ပဲ ပါတော့တာပါ။ အစာချေစနစ်ကို ကူညီပေးပြီး ဗိုက်ဝစေတဲ့ အဓိက အမျှင်ဓာတ်တွေကတော့ ဖျော်စက်ထဲမှာပဲ ကျန်ခဲ့ပါတယ်။
■ မုန်လာဥနီဖျော်ရည် တစ်ခွက်မှာ မုန်လာဥနီ အရေအတွက် ဘယ်လောက်တောင်ပါသလဲ။
မုန်လာဥနီဖျော်ရည် အလတ်စားတစ်ခွက်ရဖို့ မုန်လာဥနီအများကြီးသုံးရပါတယ်။ ဒါဟာ အရေးကြီးတဲ့အချက်ပါ။
■ ဘာလို့လဲဆိုတော့ ဆိုင်မှာ ထိုင်ပြီး မုန်လာဥနီ အစိမ်း ထက် ဝက်ကျော်ကို တစ်ထိုင်တည်း ဘယ်သူမှ ကုန်အောင်စားမှာမဟုတ်လို့ပါ။
■ ဒါပေမဲ့ ဖျော်ရည်အဖြစ် သောက်မယ်ဆိုရင်တော့ မိနစ်ပိုင်းအတွင်းမှာတင် ကုန်အောင် သောက်နိုင်ပါတယ်။ ဒါဟာ သဘာဝအသီးဖျော်ရည်တွေရဲ့ အကြီးမားဆုံး ပြဿနာထဲကတစ်ခုပါပဲ။ ဝါးရတာလည်း မရှိ၊ အစာအိမ်ထဲမှာ အစာရှိတယ်လို့ မခံစားရဘဲ ကယ်လိုရီ အများကြီးကို အချိန်တိုအတွင်းမှာ အလွယ်တကူ သောက်မိသွားစေတာ ဖြစ်ပါတယ်။
■ မုန်လာဥနီဖျော်ရည်မှာ သကြားဓာတ်ဘယ်လောက်ပါသလဲ။
■ မုန်လာဥနီမှာ သဘာဝသကြားဓာတ် ပါဝင်ပြီး အစိမ်းလိုက် စားရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အရည်ညှစ်လိုက်တဲ့အခါ သကြားဓာတ်တွေကပိုမိုစုစည်းသွားပါတယ်။
■ မုန်လာဥနီဖျော်ရည် ခွက်သေးတစ်ခွက်မှာ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲစာ သကြားဓာတ် ပါဝင်နိုင်ပြီး ခွက်ကြီးတစ်ခွက်ဆိုရင် လက်ဖက်ရည်ဇွန်း ၆ ဇွန်းကျော်အထိပါသွားနိုင်ပါတယ်။ ဒါဟာ ပြင်ပက ထပ်ထည့်ထားတဲ့ သကြားဖြူ မဟုတ်ပေမဲ့ ခန္ဓာကိုယ်အတွက်တော့ ကာဗွန် ဟိုက်ဒရိုက် (အရည်) တွေ အမြောက်အမြောက်ရရှိသွားတာဖြစ်ပါတယ်။
■ မုန်လာဥနီဖျော်ရည်မှာ အကျိုးကျေးဇူးရော မရှိဘူးလား။
■ အကျိုးကျေးဇူးလည်း ရှိပါတယ်။ မုန်လာဥနီဖျော်ရည်မှာ ခန္ဓာကိုယ်က ဗီတာမင် A အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Beta-carotene ဘီတာ-ကာရိုတင်း အမြောက်အများ ပါဝင်ပါတယ်။ ဘီတာ-ကာရိုတင်းဟာ အမြင်အာရုံ၊ ကိုယ်ခံအားစနစ်၊ အရေပြားနဲ့ ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် အရေးပါပါတယ်။
■ မုန်လာဥနီကို ကြိတ်လိုက်တဲ့အခါ အချို့သော အာဟာရဓာတ်တွေက အာရုံစိုက်စုပ်ယူရ ပိုလွယ်ကူသွားပါတယ်။
■ ဘီတာ-ကာရိုတင်းက အဆီမှာ ပျော်ဝင်တဲ့ ဓာတ်ဖြစ်တာကြောင့် အစားအသောက်ထဲမှာ သံလွင်ဆီ ဒါမှမဟုတ် နှမ်းဖတ်နှစ် အနည်းငယ်ထည့်ပေးရင် စုပ်ယူမှုကိုပိုမိုကောင်းမွန်စေပါတယ်။
Source - The Jerusalem Post