၁၆ မေ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပြီးထောက်ခံအားပေးကူညီမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ မေလ ၁၆ ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
မော်တော်ယာဥ်ကဏ္ဍကို ပြောင်းလဲမြှင့်တင်ရန် ကြိုးပမ်းနေတဲ့ ကားကုမ္ပဏီတွေ အပါအဝင် အမေရိကန်လျှပ်စစ်ကား လုပ်ငန်းကဏ္ဍဟာ နှောင့်နှေးကြန့်ကြာနေတဲ့ပုံ ရှိနေတယ်လို့ လုပ်ငန်းအတွင်းသိတစ်ဦးက ဆိုပါတယ်။
#World_Industry
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
ဆားက စားစရာတွေရဲ့ အရသာကို မြှင့်တင်ပေးပေမယ့် အလွန်အကျွံ စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဆိုဒီယံ များလွန်းခြင်းက တစ်ကမ္ဘာလုံး အတိုင်းအတာမှာ ရောဂါဖြစ်ပွားခြင်းနဲ့ အသက်သေဆုံးခြင်းတို့ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေတယ်လို့ WHO က ယမန်နှစ်က ထုတ်ပြန်ထားပါတယ်။
ဆိုဒီယံက ခန္ဓာကိုယ်ထဲက မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပြီး ပလတ်စ်မာ ပမာဏ၊ အက်ဆစ်-ဘေ့စ် မျှခြေ၊ အာရုံကြော သတင်းပို့ခြင်း၊ ဆဲလ်ပုံမှန်လုပ်ဆောင်ချက်များ ထိန်းသိမ်းရာမှာ ကူညီပေးပါတယ်။
ဆိုဒီယံများလွန်းရင် သွေးတိုးလိုမျိုး ကျန်းမာရေး ဆိုးကျိုးများ ဖြစ်နိုင်သလို ချို့တဲ့ရင်လည်း ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ဆိုဒီယံကလိုရိုက်ဒ် ပမာဏကို ကျောက်ကပ်က ထိန်းချုပ်ထားတာကြောင့် ခန္ဓာကိုယ်မှာ ဆားသင့်တင့်သလောက် လိုအပ်တယ်လို့ ဒေါက်တာ ပရာဟက်ရန်ဂျန်ဆင်ညာက ပြောပြပါတယ်။
WHO ညွှန်ကြားချက်အရ တစ်နေ့ကို ဆား ၅ ဂရမ်မျှ စားသုံးသင့်ပြီး နည်းလွန်းရင် ခန္ဓာကိုယ်ထဲမှာ ဆိုဒီယံနည်းသွားကာ ကိုမာလိုမျိုး ရောဂါအခြေအနေ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် ကျောက်ကပ်မှာ ဆားတွေ စုပြုံလာပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဆားချို့တဲ့တဲ့အခါ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပျောက်ခြင်း၊ နွမ်းနယ်ခြင်း၊ မူးဝေခြင်းတို့ ခံစားရတတ်ကြောင်း PSRI ဆေးရုံမှ အရေးပေါ်အကြီးအကဲ ဒေါက်တာ ပရက်စ်ဟန့်ဆင်ညာက ဆိုပါတယ်။
အလွန်နည်းပါးတဲ့အခါဆိုရင် အကြောဆွဲခြင်း၊ ကိုမာနဲ့ ဦးနှောက်ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
နေ့စဥ်စားသောက်စရာထဲမှာ ဆားထည့်သွင်းဖို့နဲ့ အလွန်အကျွံမဖြစ်စေဖို့ ဆရာဝန်များက ညွှန်ကြားထားပါတယ်။
Source: India Today.
#World_Health
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 16 May 2024
အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာတွေ စားသုံးခြင်းဟာ အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေများကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရပါတယ်။
၁၉၈၆ မှ ၂၀၁၈ခုနှစ်အတွင်း လူပေါင်း ၁ သိန်းကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ကြပါတယ်။
အဆင့်ဆင့် ထုပ်ပိုးထားတဲ့ စားစရာများကို အများအပြား စားသုံးသူတွေဟာ အသက်ဆုံးပါးနိုင်ခြေ ၄ ရာခိုင်နှုန်း၊ အာရုံကြော ဆုတ်ယုတ်သေဆုံးနိုင်ခြေ ၉ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိကြရပါတယ်။
ဒီလိုအစားအစာတွေထဲမှာ အသင့်စားနိုင်တဲ့ သားငါး၊ ခြံထွက်၊ ပင်လယ်စာများ၊ အချိုဓာတ်ပါသော သောက်စရာများ၊ နို့ထွက်ပစ္စည်းအခြေပြု မုန့်ပဲသရေစာများ၊ အဆင့်ဆင့် ထုတ်လုပ်ထားတဲ့ မနက်စာများ ပါဝင်ကြောင်း ဟားဗတ်မှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ မင်ယန်ဆောင်းက ပြောပြသွားပါတယ်။
ပေါင်မုန့်ကြမ်းလိုမျိုး စားစရာကတော့ ထိုအမျိုးအစားထဲ ထည့်သွင်းဖို့ မလိုအပ်ပါဘူး။
အဆင့်ဆင့် ထုတ်လုပ်ထားတဲ့ စားစရာတွေကို ရှောင်ရှားခြင်း ဒါမှမဟုတ် အနည်းဆုံး လျှော့ချစားသုံးခြင်းမျိုး ပြုလုပ်သင့်တယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တတ်မယ်ဆိုရင် သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။
အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးထားတဲ့ အစားအစာများ စားသုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာဟာ ဒါပထမဆုံး လေ့လာချက်မဟုတ်ဘဲ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ လေ့လာချက်တွေလည်း ရှိထားပါတယ်။
Source: New York Post.
#World_Health
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group


မော်ရိုကိုအနောက်ပိုင်း မာရကက်မြို့မှာ ကျင်းပတဲ့ တေးဂီတပွဲတစ်ခုမှာ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဂနာဝါတေးဂီတ ပညာရှင်များ ဖျော်ဖြေခဲ့ကြပြီး ကျေးလက်ရိုးရာတေးဂီတကို လူငယ်မျိုးဆက်များထံ ဆင့်ကမ်းရန် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
#World_Culture
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Just-In News
၁၅ မေ ၂၀၂၄
ဆလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖစ်ကိုသည် အစိုးရအစည်းအဝေးတစ်ခုအပြီးတွင် သေနတ်ပစ်ခံရသဖြင့် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ TASR သတင်းအေဂျင်စီက ယနေ့မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ဝန်ကြီးချုပ်ဖစ်ကိုဟာ သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိသွားတယ်လို့ ပါလီမန်ဒုတိယဥက္ကဋ္ဌ လုဘော့ဘလာဟာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး TASR က သတင်းရေးသားပါတယ်။
သေနတ်သံတော်တော်များများကြားရပြီး လူတစ်ဦးကို ရဲကဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
ဆလိုဗက်အစိုးရရုံးထံမှ မှတ်ချက်မရရှိသေးပါဘူး။
Source Reuters
#Daily_News
Published_ 15 May 2024
၁။ ဗိုလ်တထောင်စေတီတွင် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲကြီး ကျင်းပမည်
၂။ ရေနံချောင်းနှင့် မကွေးကြားတွင် လူလုပ်တောအုပ်များ ဖော်ဆောင်ပေးနေ
၃။ ကျုံအိတ်တံတားပျက်စီးခြင်းကြောင့် သွားလာရေးခက်ခဲပြီး ဒူးရင်းသီး ဈေးအနည်းငယ်ကျဆင်းနေရာမှ ဈေးပြန်တက်
၄။ ဂနာဝါကျေးလက်ရိုးရာ ဂီတယဥ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းရန် ရည်ရွယ်ကာ မော်ရိုကိုအနောက်ပိုင်းမြို့တွင် ဂီတပွဲတော်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 552 of 1242