၁၃ ဖေဖော်ဝါရီ ၂၀၂၄
ကာတာအခြေစိုက် အယ်ဂျားဇီးယားသတင်းဌာနကို ဂါဇာကနေ ပုံမှန်သတင်းပေးပို့နေတဲ့ အထင်ကရ သတင်းထောက်ဟာ ဟားမာ့စ်ရဲ့ တပ်မှူးတစ်ဦးဖြစ်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရသူ အေဗီချေး အန်ဒရီက အဆိုပါ သတင်းထောက် မူဟာမက် ဝါရှားပိုင်ဆိုင်တဲ့ လက်ပ်တော့ကွန်ပျူတာကို ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ပြန်လည်ဖော်ထုတ်ထားတယ်လို့ပြောပါတယ်။
အန်ဒရီရဲ့အဆိုအရ အဲဒီလက်ပ်တော့ထဲမှ ဝါရှားအနေနှင့် အကီဲးတန်းစစ်ဆင်ရေးမှူးတစ်ဦးအဖြစ် ပါဝင်ပတ်သက်နေတာကို သက်သေပြနေတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။
အဲဒီလက်ပ်တော့ထဲမှာ အသက် ၃၂နှစ်အရွယ် သတင်းထောက်ဝါရှားဟာ လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားတဲ့ပုံတွေ တွေ့ရှိရပါတယ်။ အဲဒီလက်နက်တွေထဲမှာအောက်တိုဘာ ၇ ရက်စစ်ဆင်ရေးအတွင်း ဟားမာ့စ်တွေသုံးခဲ့တဲ့ ဒုံးတပ် လက်ပစ်ဗုံးတွေ ၊လက်နက်တပ်ဆင်ထားတဲ့ဒရုန်းတွေနှင့် အလားတူလက်နက်တွေပါဝင်ပါတယ်။နောက်ပုံတွေမှာတော့ သူဟာပါလက်စတိုင်းအုပ်စုအတွက် လေကြောင်းလက်နက်တွေတပ်ဆင်ပေးတာမှာ ပါဝင်ဆောင်ရွက်နေတာတွေ ပါဝင်နေ ပါတယ်။



“ အယ်ဂျာဇီးယား သတင်းထောက် မူဟာမက်ဝါးရှားပိုင်ဆိုင်တဲ့ လက်ပ်တော့တစ်ခုကို ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးစစ်တပ်က တွေ့ရှိဖော်ထုတ်ခဲ့ပါတယ်။ သူဟာ တင့်ကားဖျက်အခင်းအကျင်းတွေမှာ ဟားမာ့စ်ရဲ့ စစ်ဆင်ရေး အကြီး တန်းရာထူးအဆင့်ရှိခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ ပုံတွေ လက်ပ်တော့ထဲရှိနေပါတယ်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းမှာ သူဟာ အဖွဲ့ရဲ့ ကောင်းကင်လက်နက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကို ပြောင်းရွှေ့အလုပ်လုပ်ခဲ့တယ်” လို့ အန်ဒရီက ပြောပါတယ်။
အစ္စရေးစစ်တပ်က သိမ်းဆည်းရမိတဲ့ အဲဒီလက်ပ်တော့ထဲမှာ ဝါရှားနှင့် ဟားမာ့စ်လှုပ်ရှားမှုတွေဆက်စပ်နေတာကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ အန်ဒရီကပြောပါတယ်။
“ ဟေး အယ်ဂျာဇီးယား။ ကျုပ်တို့က ခင်ဗျားတို့ရဲ့ သတင်းထောက်တွေဟာ ရှေ့တန်းမှာ ဟားမာ့စ် အကြမ်းထက်တွေအနေနှင့် မပါဝင်ဘဲ အခြေအနေတွေကို ဘက်လိုက်မှုမရှိ သတင်းပေးပို့နေတယ်လို့ ထင်ထားခဲ့တာ” လို့ အန်ဒရီးက ဆိုရှယ်မီဒီယာကနေ အယ်ဂျာဇီးယားကို တိုက်ရိုက်ဝေဖန်ထားပါတယ်။
ဂါဇာဒေသခံ ဝါရှားဟာ ပြီးခဲ့တဲ့လများအတွင်း အယ်ဂျာဇီးယားရုပ်မြင်သံကြားမှာ သတင်းထောက်တစ်ဦးအဖြစ် သတင်းများ စွာထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၂၃ နိုဝင်ဘာလမှာ သူဟာ “ အယ်ဂျာဇီးယား၏ မိုဟာမက်ဝါရှား- နူဆီရက်ဒုက္ခသည်စခန်း အစ္စရေး စစ်ဆင်ရေးမြင်ကွင်းများမှ သတင်းပေးပို့သည်” လို့ အထူးပြုပြီး သတင်းဆောင်းပါးတစ်ခု ရေးသားခဲ့ပါတယ်။
ယခုထက်ထိတော့ အယ်ဂျာဇီးယားရော၊ ကာတာအစိုးရကပါ အစ္စရေးရဲ့ အပြင်းအထန်စွပ်စွဲထားတာတွေကို ပြန်လည် မတုန့်ပြန်သေးပါဘူး။
Source: NDTV
Published 13 February 2024
နယူးယော့ခ်မြို့ ဘရွန့်စ်ရှိ မြေအောက်ရထားနဲ့ ဘူတာရုံမှာ တနင်္လာနေ့က သေနတ်ပစ်ခတ်ခဲ့သူကို နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ပြောကြားလိုက်ပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ဘက်သို့သွားနေတဲ့ ရထားပေါ်မှာ ဆယ်ကျော်သက်အဖွဲ့နှစ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း နယူးယော့ခ်မြို့ ရဲဌာန(NYPD)မှ အရာရှိများက ဘူတာရုံအပြင်ဘက် မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဖွဲ့တွေထဲက တစ်ယောက်က သေနတ်ကိုဆွဲထုတ်ကာ ရထားထဲမှာ ပထမဆုံးတစ်ချက် ပစ်ခတ်ခဲ့ပြီး ထိခိုက်ခဲ့တဲ့ ၆ ဦးစလုံးကတော့ ရထားအပြင်ဘက် ဘူတာရုံပလက်ဖောင်းမှာ ကျည်ဆန်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရ ၅ ဦးကို ဆေးရုံတွေသို့ ခေါ်ဆောင်သွားကာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ထိခိုက်ခဲ့သူတွေဟာ အသက် ၁၄ နှစ်မှ ၇၁ နှစ်အတွင်းရှိကြပြီး ယောက်ျားလေး ၄ ယောက်၊ အမျိုးသမီး ၂ ယောက် ဖြစ်ပါတယ်။
သေနတ်သမားဟာ အခုဆိုရင် NYPD ရဲ့ အလိုအရှိဆုံး တရားခံဖြစ်နေပြီး ကမ္ဘာပေါ်ရှိ အတော်ဆုံးစုံထောက်တွေက ရှာဖွေနေပြီဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် အညံ့ခံဖို့ အကြံပြုလိုကြောင်း NYPD လက်ထောက်ရဲမင်းကြီး ထရစ်ရှပ်ပါ့ဒ်က ပြောကြားသွားပါတယ်။
မြေအောက်ရထားလမ်းမှာ သေနတ်ပစ်ခတ်မှုက ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပြီး ခရီးသည်တွေ ကြောက်ရွံ့စိတ်ပြေလျော့အောင် လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ ပို့ဆောင်ရေးအရာရှိများက စာနယ်ဇင်းရှင်းလင်းပွဲမှာ အလေးထားပြောကြားလိုက်ပါတယ်။
နယူးယော့ခ်မြေအောက် ရထားလိုင်းကြီးမှာ ကြားရက်တစ်ရက်ကို ခရီးစဥ်ပေါင်း ၃.၈ သန်းခန့် ပြေးဆွဲနေတယ်လို့ အချက်အလက်များအရ သိရပြီး ၂၀၂၃ အတွင်း ရာဇဝတ်ကျူးလွန်မှုပေါင်း ၅၇၀ ခန့်ရှိခဲ့တယ်လို့ မက်ထရိုပိုလီတန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ဖော်ပြထားပါတယ်။
၂၀၂၂ မှာ ဘရွတ်ကလင်းကို ဖြတ်သန်းသွားတဲ့ ရထားပေါ်မှာ သေနတ်သမားတစ်ဦးကြောင့် လူ ၁၀ ဦးဒဏ်ရာရခဲ့ပြီး ၁၉၈၄ နောက်ပိုင်း မြေအောက်ရထားလမ်းမှာ ပထမဆုံးအကြိမ် လူအစုလိုက်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၀ အစောပိုင်းမှာ မြေအောက်ရထားလမ်း အကြမ်းဖက်မှုနှုန်း မြင့်တက်လာပြီး ခရီးသည်တွေကြား ထိတ်လန့်စရာ ဖြစ်လာပါတယ်။
၂၀၂၁ မှာ ပုံမှန်အနေအထား ပြန်ကျသွားကာ ရာဇဝတ်နှုန်း ကျဆင်းသွားပေမယ့် အန္တရာယ်များတယ်လို့ ထင်မြင်နေကြဆဲ ဖြစ်ပါတယ်။
ဒီမိုကရက်ဖြစ်ပြီး မြို့တော်ရဲကပ္ပတိန်ဟောင်း မြို့တော်ဝန် အဲရစ်အဒမ်စ်က မြေအောက်ဘူတာရုံတွေမှာ ရဲအရာရှိအင်အား တိုးချဲ့ထားရှိရန် စီစဥ်နေပါတယ်။
Source: Reuters
#World_News
#Published_ 13 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 13 February 2024
တစ်နေ့တာ စားသောက်တဲ့အခါ အစဥ်အလာအတိုင်း နံနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး ၃ နပ်စားတာထက်စာရင် တစ်နေ့ကို ၁၀ ကြိမ်စားတာက ကျန်းမာရေးကောင်းချင်သူတွေအတွက် ပိုမိုသင့်လျော်မယ်လို့ ပညာရှင်များ ဆိုလိုက်ပါတယ်။
ရင်ပူခြင်း၊ အစာအိမ်လျှံတက်ခြင်း၊ ရင်ပြည့်ခြင်းတို့ ခံစားရတတ်သူတွေဟာ တစ်ခါစားရင် အနည်းငယ်မျှဖြင့် အကြိမ်ရေများစွာ စားပေးခြင်းဖြင့် ထိုလက္ခဏာများ သက်သာစေနိုင်ကြောင်း မစ္စစ္စပီမှ အာဟာရပညာရှင် လင်ဆေးဒီဆိုတိုက ဆိုလိုက်ပါတယ်။
ပမာဏနည်းနည်းဖြင့် ၆ ကြိမ်မှ ၁၀ ကြိမ်လောက်အထိ စားခြင်းက အစာအိမ်မှ ချေဖျက်ဖို့အတွက် မခက်ခဲဘဲ အစာချေခြင်းကို ကူညီပေးပါတယ်။
ထိုကဲ့သို့စားခြင်းဖြင့် ကိုယ်အလေးချိန် ကျချင်သူတွေအတွက်လည်း အကူအညီဖြစ်စေနိုင်ပါတယ်။
တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီကို ပိုင်းခြားစားသောက်ခြင်းဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
အကြိမ်များများစားတဲ့အခါမှာ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ မုန့်ပဲသရေစာများအစား အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
ဇီဝကမ္မဖြစ်စဥ်ဆိုတာက အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ သဘာဝဓာတုဓာတ်ပြုမှု ဖြစ်ပြီး ဆာလောင်စိတ်ကို ဖယ်ရှားပေးပါတယ်။
အခြားသုတေသနမှာတော့ သူများတွေထက် စားသောက်တဲ့ အကြိမ်ရေပိုများသူတွေဟာ ရောဂါများဖြစ်နိုင်ခြေ သိသိသာသာ ပိုများကြောင်း တွေ့ရှိထားပါတယ်။
Source: New York Post.
#World_Health
#Published_ 13 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 13 February 2024
တရုတ်ပြည်ရဲ့ အရန်ရွှေထိန်းသိမ်းထားရှိမှုက ဇန်နဝါရီလမှာ ၁၅ လဆက်တိုက် မြင့်တက်လာကြောင်း နိုင်ငံခြားအရန်ငွေလဲလှယ်ရေး စီမံခန့်ခွဲမှုဌာနက ဖော်ပြလိုက်ပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံး ထုတ်လုပ်သူဖြစ်ပြီး ယင်းရဲ့နိုင်ငံခြားအရန်ငွေကြေး လဲလှယ်ရေးစုစုပေါင်းမှာ ရာခိုင်နှုန်းအနည်းငယ် ပတ်သက်နေပါတယ်။
#World_Business
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 12 February 2024
၁။ ကျိုက်ထီးရိုးစေတီတော်သို့ ပြည်ထောင်စုနေ့ပိတ်ရက်အတွက် တစ်ရက်ကို ဘုရားဖူးဧည့်သည် သုံးသောင်းကျော်အထိစံချိန်တင် ဝင်ရောက်မှု များပြား
၂။ တစ်ရက်ထဲတွင် ဒေသ(၂)ခု၌ ငလျင်လှုပ်၊ ပြတ်ရွေ့ကြောပေါ်ရှိ ဒေသများ ငလျင်သတိထားသင့်ဟုဆို
၃။ ရန်ကုန်တိုင်းတွင် ဇီဝဇိုး ငှက်အိမ် ၁၀၀ကျော် ထပ်မံတိုးချဲ့ မွေးမြူမည်
၄။ တရုတ်ပြည်၏ အရန်ရွှေထားရှိမှု (၁၅)လ ဆက်တိုက် မြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၂ ဖေဖော်ဝါရီ ၂၀၂၄
ယခုအပတ် ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှပြေးနေသည့် သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုကို ဘက်လိုက်ထောက်ခံပြီး မဲဆန္ဒရှင်များကို အာဏာအလွဲသုံးစားလုပ်ကာဆွယ်ခဲ့သည့် ရာထူးစွန့်တော့မည့် သမ္မတ ဂျိုကို ဝီဒိုဒို၏ လုပ်ရပ်ကို ကန့်ကွက် သည့်အနေဖြင့် ရာပေါင်းများစွာသော ကျောင်းသားကျောင်းသူများက တနင်္လာနေ့တွင် ဆန္ဒပြကြဖို့စီစဉ်ထားပါတယ်။
ဂျိုကိုဝီဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတလောင်း (၃)ဦးထဲက တစ်ဦးဦးကို အတိအလင်းထောက်ခံတာမလုပ်ခဲ့ပေမယ့် ပါရာဘိုဝိုကို ထူးထူးခြားခြားကို လူသိရှင်ကြားအတူတွဲထွက်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ဂျိုကိုဝီရဲ့အကြီးဆုံးသားကို ပါရာဘိုဝိုက သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်က စစ်တမ်း(၂)ခုအရ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပရာဘိုဝိုဟာ တစ်ကြိမ်တည်းနှင့်ပင် ဆန္ဒမဲ ထက်ဝက်ကျော်ရရှိလိမ့်ယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ အန်နီဘက်ဝီဒန်နှင့် ဂန်ဂျာပရာနိုဝိုတို့ကတော့ သူ့နောက်မှာ ၂၀ ရာခိုင်နှုန်းခန့်ကွာပြီး မဲတွေရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အချို့သော မဲဆန္ဒရှင်တွေက ဂျိုကိုဝို ကြားမနေတဲ့အပေါ် ဝေဖန်နေကြပြီး သူဟာ သမ္မတလောင်တစ်ဦးတည်းကို မမျှတတဲ့ အသာစီးတွေပေးထားပြီး အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကို သေးသိမ်အောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
“ သူဟာ ကျင့်ဝတ်နှင့်စာရိတ္တပိုင်းဆိုင်ရာတွေကို ချိုးဖောက်နေတယ်” လို့ ဂျာဗားကျွန်း ယိုဂျာကာတာမှ ဆန္ဒပြပွဲကြီးမှူး ကျင်းပသူတစ်ဦးဖြစ်တဲ့ အက်စီဂီဂျေနန်က အင်စတာဂရမ်မှာ ဝေဖန်ရေးသားပါတယ်။
များစွာသော လူ့အခွင့်အရေးအုပ်စုတွေကလည်း မြို့တော်ဂျာကာတာမှာ နောက်ထပ် ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။
အင်ဒိုနီးရှားက စုံစမ်းဖော်ထုတ်သတင်းစာဆရာ ဒန်ဒီလက်ဆိုနိုရဲ့ သတင်းမှတ်တမ်းတစ်ခုထုတ်လုပ်ပြီးတဲ့နောက် ယခုလို ဆန္ဒပြပွဲစီစဉ်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဆိုပါသတင်းမှတ်တမ်းရုပ်သံထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနှင့် အစိုးရ လူမှုဝန်ထမ်းအရင်းအမြစ်တွေအပါအဝင် အစိုးရအရာရှိတွေကို ပရာဘိုဝိုအတွက် အသုံးပြုနေ ကြတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။
အဲဒီရုပ်သံကို “ ညစ်ပတ်သည့်မဲ”လို့ အမည်ပေးထားပြီး ဒီတစ်ပတ်ထဲထုတ်လွှင့်ခဲ့ရာမှာ တနင်္လာနေ့အထိ ယူကျုတစ်ခုတည်း မှာ ကြည့်ရှုသူ လေးသန်းနီးပါးရှိခဲ့ပါတယ်။
ပရာဘိုဝိုရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဆိုပါစွပ်စွဲချက်ကိုပယ်ချလိုက်ပြီး အဲဒီရုပ်သံထဲမှာ အသေရေဖျက်ထားတာတွေ အများကြီးပါနေတယ် လို့ ပြောထားပါတယ်။
ရွေးကောက်ပွဲကာလအတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်ရေးရဲ စုစုပေါင်း နှစ်သောင်းငါးထောင်ကို ဖြန့်ကျက် ချထားမှာဖြစ်ပါတယ်။
Source Reuters
@ymg/knl
Page 556 of 1178