#World_Health
Published 11 May 2024


▪️ လူတွေဟာ မိနစ်အနည်းငယ်မျှ စိတ်ဆိုးဒေါသထွက်တဲ့အခါ သွေးကြောနံရံများရှိ ဆဲလ်များအလုပ်လုပ်ပုံ ထိခိုက်နိုင်ကာ သွေးစီးဆင်းမှု ကျဥ်းမြောင်းစေပါတယ်။

 

▪️ ခဏတာမျှ ဒေါသထွက်လျှင်ပင် နှလုံးရောဂါများ၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း အမေရိကန်နှလုံး အဖွဲ့အစည်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

▪️ လူရွယ်များဖြင့် စမ်းသပ်ရာမှာ ဒေါသထွက်စရာ အကြောင်းတွေကို ပြန်စဥ်းစားခိုင်းခြင်းဖြင့် သွေးကြောလုပ်ဆောင်ချက်များ ချို့ယွင်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ နှလုံးကျန်းမာရေး ပြဿနာရှိပြီးသားသူတွေအတွက်တော့ ပိုပြီးစိုးရိမ်စရာ ဖြစ်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ဒိုင်အိချီရှင်ဘိုက ဖော်ပြထားပါတယ်။

 

▪️ နှလုံးဖောက်ခြင်းနဲ့ အပြင်းအထန် စိတ်ခံစားချက်များကြား ဆက်စပ်ပုံကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ရှင်ဘိုနဲ့အဖွဲ့က ဒေါသ၊ စိုးရိမ်ပိုပန်မှု၊ ဝမ်းနည်းမှုတို့ကို လေ့လာဖို့ စမ်းသပ်ခံ ၂၈၀ ကိုခေါ်ယူခဲ့ပါတယ်။

 

▪️ ထိုအခါမှာ ဒေါသထွက်တဲ့လူတွေက သွေးကြောနံရံချဲ့နိုင်စွမ်း သိသိသာသာ လျော့နည်းပြီး မိနစ် ၄၀ မျှကြာမြင့်တာကို တွေ့ရှိရပါတယ်။

 

▪️ ကြိမ်ဖန်များစွာ ဒေါသထွက်ခြင်းက နှလုံးသွေးကြော ကျန်းမာရေးအပေါ် ရေရှည်မှာ ထိခိုက်စေပါတယ်။

 

▪️ ထိုလေ့လာချက်က ဒေါသထွက်ခြင်းဟာ သွေးကြောနံရံ လုပ်ဆောင်ချက်တွေကို ထိခိုက်ပုံတွေ၊ သွေးကြောနံရံတွေဆိုတာက နှလုံးရောဂါတွေ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပုံတွေကို သိရှိစေပါတယ်။

 

▪️ ဒီဖြစ်စဥ်တွေအကြောင်း နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်သေးပေမယ့် နှလုံးကျန်းမာရေးအတွက် စိတ်ဖိစီးမှုများနဲ့ ခံစားမှုများကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။

 

#Source: India Today