Published 10 April 2023
အမေရိကန်နိင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့်အပတ်ထဲမှာ ဗီယက်နမ်ကို သွားရောက်မယ်လို့ ဧပြီ(၈)ရက် စနေနေ့က ဟနွိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်ဆီးနိတ်အမတ် ဂျက်ဖ်မတ်ခ်လေ ကပြောပါတယ်။ ယခုနှစ်အတွင်း ဗီယက်နမ်နှင့်သံတမန်ဆက်သွယ်ရေးကို နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် သွားရောက် ခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။
တရားဝင်ကြေညာခြင်းမရှိသေးတဲ့ ဘလင်ကန်ရဲ့ဗီယက်နမ်ခရီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ငုယင်ဖူတရောင်းတို့ ဖုန်းဆက်သွယ်ပြောဆိုအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဇူလိုင်မှာ ကျရောက်မယ့် ဗီယက်နမ်နှင့် အလုံးစုံသောမိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့်နှင့် တိုက်ဆိုင်ပြီး ဒီနှစ်မှာ ဗီယက်နမ်နှင့်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
“ နောက်တစ်ပတ်မှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကိုရောက်ပါလိမ့်မယ်” လို့ ဆီးနိတ်အမတ် မတ်လေက အမေရိကန်လွှတ် တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ရည်ရွယ်ချက်နှင့် ဟနွိုင်းမြို့တော်ကို ရောက်ရှိနေ တုန်း သတင်းထောက်တွေကို ပြောပါတယ်။
ဘလင်ကန်ဟာ ဗီယက်နမ်ကို လာမယ့်စနေနေ့မှာ လာရောက်ဖွယ်ရှိပါတယ်။
သုံးသပ်သူတွေကတော့ ဗီယက်နမ်မှာ ဘလင်ကန်ရဲ့ ဆက်ဆံရေးမြှင့်တင်မယ်ဆိုတဲ ယခုခရီးကို အတော်သတိထား နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခရီးကြောင့် တရုတ်နှင့်ဆက်ဆံရေးတင်းမာမှာကို ဗီယက်နမ်က စိုးရိမ်နေတာဖြစ်တယ်လို့ ပြောနေကြပါတယ်။
အမေရိကန်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးထုတ်ကုန်ဈေးကွက်ဖြစ်ပြီး သံတမန်မိတ်ဖက်မှာတော့ တတိယအဆင့်မှာ ရှိနေပါတယ်။ထိပ်ဆုံးအဆင့်ထဲမှာ တရုတ်၊ရုရှား၊အိန္ဒိယနှင့် တောင်ကိုရီးယားတို့ပါဝင်နေပါတယ်။ဝါရှင်တန်က ဒုတိယ အဆင့်ဖြစ်တဲ့ ဥရောပနိုင်ငံတွေနှင့်ဂျပန်တွေရဲ့ အဆင့်မှာ မြှင့်တင်နေရာယူလိုတာဖြစ်ပါတယ်။
Source Reuters
#အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်
#အမေရိကန်_ဗီယက်နမ်သံတမန်ဆက်ဆံရေး
#YangonMediaGroup
#World_Health
Published_ 9 April 2023
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ယခုနှစ်အတွင်း ကိုဗစ်-၁၉ အရေးပေါ်အခြေအနေအား ရုတ်သိမ်းနိုင်ဖွယ်ရှိတယ်လို့ WHO အကြီးအကဲကကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ ၃ နှစ်ကျော်လာသည့်တိုင် WHO က ပြည်သူ့ကျန်းမာရေးအရေးပေါ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ထိုရောဂါကြောင့် ကမ္ဘာတဝှမ်းလူပေါင်းသန်းချီ သေဆုံးထားပါတယ်။
ယခုနှစ်အတွင်း ကိုဗစ်စည်းမျဉ်းများ ရုတ်သိမ်းနိုင်လောက်တယ်လို့ WHO အထွေထွေညွှန်ကြားရေးမှူးချုပ် 'တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်'က ပြောကြားလိုက်ပါတယ်။
ကပ်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများကော်မတီက မေလမှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။
ကိုဗစ်ရောဂါမူလဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အချက်အလက်များစွာရရှိနိုင်တယ်လို့ ဆိုလိုက်ကာ တရုတ်အနေနဲ့ သက်ဆိုင်ရာအချက်အလက်တွေကို ချက်ချင်းဝေမျှသင့်တယ်လို့ ဆိုလိုက်ပါတယ်။
"တရုတ်ရဲ့ အချက်အလက်တွေမရရှိဘဲနဲ့တော့ သုံးသပ်ယူဆချက်တွေက ဆွေးနွေးဆဲအဆင့်ပဲရှိပါသေးတယ်၊ ဒါကြောင့် တရုတ်အနေနဲ့ပူးပေါင်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်၊ ဘယ်လိုဖြစ်တာလဲ ဘယ်လိုစခဲ့လဲဆိုတာကို ဘယ်တော့မှမသိရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်က တိရိစ္ဆာန်တွေဆီကနေ လူတွေထံသို့ သဘာဝအတိုင်းကူးစက်တယ်လို့ အချို့ကယုံကြည်နေသလို အချို့ကတော့ ဝူဟန်ဓာတ်ခွဲခန်းကနေ စိမ့်ထွက်လာတယ်လို့ ယုံကြည်နေပြီး တရုတ်က စွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။
ရက်ကွန်းမျက်နှာနဲ့တူတဲ့ ခွေးမျိုးတွေဟာ SARS-CoV-2 ဗိုင်းရပ်စ်တွေကို သယ်ဆောင်ကူးစက်နေတယ်လို့သိရှိထားပြီး ထိုရောဂါကိုလူသားတွေဆီမှာ ပထမဆုံးတွေ့ရှိစဉ်က ထိုသတ္တဝါတွေကို ဝူဟန်ဈေးကွက်မှာ တွေ့ရှိခဲ့ပါတယ်။
အိန္ဒိယမှာ ကိုဗစ်တွေ့ရှိမှုနေ့စဉ်နဲ့အမျှရှိနေပြီး XBB1.16 မျိုးဗီဇကွဲအဖြစ်များနေပါတယ်။
BA.2.10 နဲ့ BA.2.75 မျိုးကွဲတွေလည်း အချို့နေရာတွေမှာ အနည်းငယ်ကူးစက်နေပါတယ်။
XBB.1.16 မျိုးဗီဇကွဲက ကူးစက်မှုရဲ့ ၃၈.၂ ရာခိုင်နှုန်းရှိနေကြောင်း INSACOG သတင်းစာမှာဖော်ပြထားပါတယ်။
Source: WION
#World_Health #ကိုဗစ်-၁၉ #WHOအကြီးအကဲ
#YMG #Yangon_Media_Group
#World_Economic
Published_8 April 2023
နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အာဂျင်တီးနားမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားကာ ပဲပိစပ်၊ ဂျုံ၊ ပြောင်းအထွက်နှုန်းများ များစွာကျဆင်းနေပြီး အရင်ကတည်းကဆိုးရွားနေတဲ့ စီးပွားရေးကဏ္ဍဟာလည်း အခုဆိုရင် သဘာဝပတ်ဝန်းကျင်ကြောင့် ပိုမိုထိခိုက်လာရပါတယ်။
#World_Economic #မိုးခေါင်ရေရှားခြင်း #အာဂျင်တီးနားနိုင်ငံ
#YMG #Yangon_Media_Group
#Daily_News
Published_ 8 April 2023
၁။မိုင်းဖုန်းဆရာတော်ကြီး မော်လမြိုင်သို့ ရောက်ရှိသီတင်းသုံးနေ ၊ဧပြီလအတွင်းသာသနာပြုခရီးစဉ် (၁၁)နေရာကြွရောက်မည်
၂။ကမ္ဘာ့ရွှေဈေး ၂၀၁၁ဒေါ်လာ ပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်း သတ်မှတ်ဈေး ၂၃သိန်းကျော်ဈေးရှိနေ
၃။မီးပြတ်၍ ရေအခက်အခဲ ဖြစ်နေသည့် ရန်ကုန်၌တိုက်ခန်းများအတွက် ရေတင်နိုင်ရန် မီးစက်အခမဲ့ ငှါးရမ်းပေးနေ
၄။သမိုင်းဝင် မိုးခေါင်ရေရှားခြင်းကြောင့် အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးပိုမိုထိခိုက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 8 April 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းတပ်ပေါင်းစုဌာနချုပ်ဟာ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တိုက်ပွဲအသင့် ကင်းလှည့်နှင့်စစ်ရေးလေ့ကျင့်ခန်းတွေကို ဧပြီလ(၈)ရက် စနေနေ့က စတင်လိုက်ကြတယ်လို့ အဆိုပါ စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရသူ အကြီးတန်းဗိုလ်မှူးကြီး ရှီယီကပြောကြားပါတယ်။
ယခုစစ်ဆင်ရေးဟာ ထိုင်ဝမ်ခွဲထွက်သမားတွေနှင့် ပြင်ပအင်အားစုတွေရဲ့ ရန်စမှုအပေါ် အလေးအနက်သတိပေးမှု တစ်ရပ် ဖြစ်တယ်၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့်ပိုင်နက်တည်တံခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှု တစ်ခုဖြစ်တယ်လို့လည်း ရှီယီက ဆက်ပြောပါတယ်။
ယခုကင်းလှည့်နှင့် စစ်ရေးလေ့ကျင့်မှုတွေကို စနေမှ တနင်္လာနေ့အထိဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးခွဲထွက်သမားတွေရဲ့ မည်သို့သော လှုပ်ရှးဆောင်ရွက်မှုမျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက အလေးပေးပြောဆိုအပြီး ယခုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ဒီမှတ်ချက်စကားဟာ ယခုအပတ်စောစောပိုင်းက ဆိုင်အင်ဝန်ရဲ့ အမေရိကန်ခရီးတစ်ထောက်ခရီးစဉ်ကို ရည်ညွှန်း တုန့်ပြန်ခဲ့တာပါ။
Source CCTV Plus
#တရုတ်စစ်ရေးလေ့ကျင့်ခန်းထိုင်ဝမ်ပတ်လည်တွင်ပြုလုပ်
#တရုတ်_ထိုင်ဝမ်_အကျပ်အတည်း
#YangonMediaGroup
#World_Health
Published_ 8 April 2023
ဆန်းစစ်လေ့လာမှု ၁၆ မျိုးအရ မက်ဒီတာရေးနီးယန်း အစားအစာက အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေနဲ့ စောစီးစွာသေဆုံးနိုင်ချေတို့ကို ၂၅ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
မက်ဒီတာရေးနီးယန်းအစားအစာတွေက နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးများရနိုင်တယ်လို့ သိထားပြီးသားဖြစ်သလို အခုလေ့လာချက်အရ အထူးသဖြင့်အမျိုးသမီးတွေမှာ အကျိုးရှိစေပုံကိုဖော်ပြထားကြောင်း ဆစ်ဒနီတက္ကသိုလ် သုတေသနစင်တာမှ ပရော်ဖက်ဆာ'ဆာရာဇာမန်'က CNN ကို ပြောကြားလိုက်ပါတယ်။
၂၀၂၀ ခုနှစ်က အမေရိကန်ရှိ သေဆုံးသူအမျိုးသမီး ၅ ဦးမှာ ၁ ဦးက နှလုံးရောဂါကြောင့်ဖြစ်ပေမယ့် အမျိုးသမီးတွေနဲ့ပတ်သက်ပြီး နှလုံးလေ့လာမှုနည်းပါးခဲ့ကြောင်း ဇာမန်ကပြောပြပါတယ်။
မက်ဒီတာရေးနီးယန်းအစားအစာနဲ့ ပတ်သက်ပြီးသုတေသနလုပ်ရာမှာ အမျိုးသမီးတွေအနေနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ပင်လယ်စာများ စားသုံးကြပြီး သားကြီးငါးကြီးနဲ့ ထုပ်ပိုးထားတဲ့အသားများကိုတော့ လျှော့စားခဲ့ကြပါတယ်။
မက်ဒီတာရေးနီးယန်း အစားအစာစားတဲ့ အမျိုးသမီးတွေက နှလုံးရောဂါဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်းလျော့နည်းပြီး စောစီးစွာအသက်ဆုံးရှုံးနိုင်ချေ ၂၃ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှုက အမျိုးသမီးတွေကို စမ်းသပ်တာဖြစ်ပေမယ့် အမျိုးသားတွေအတွက်လည်း မှန်ကန်ကြောင်း အလေးပေးဖော်ပြနေပါတယ်။
အမျိုးသားတွေမှာတော့ နှလုံးရောဂါဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းနဲ့ အသက်သေဆုံးနိုင်ချေ ၂၃ ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။
လေ့လာချက်အားလုံးက စောင့်ကြည့်ချက်တွေသာဖြစ်ပြီး စားသောက်တဲ့အစားအစာတွေအကြောင်း ကိုယ်တိုင်တင်ပြထားတာတွေကိုသာ လေ့လာရတာဖြစ်ပါတယ်။
တွေ့ရှိထားတဲ့အချက်အလက်တွေကို သတိထားသိရှိပေးဖို့ စာတမ်းပြုစုသူများက အသိပေးထားပါတယ်။
မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် မက်ဒီတာရေးနီးယန်းအစားအစာက နှလုံးရောဂါဖြစ်နိုင်ချေအပြင် ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုး၊ ကိုလက်စ်ထရောလ်မြင့်မားခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
Source: The Jerusalem Post
#World_Health #နှလုံးဖောက်ခြင်းအန္တရာယ် #မက်ဒီတာရေးနီးယန်းအစားသောက်ပုံစံ #YMG #Yangon_Media_Group
#World_Science
Published 8 April 2023
ကျားသတ္တဝါတွေက သူတို့ကိုယ်ပိုင်စရိုက်အတိုင်း နေထိုင်နိုင်ဖို့ အချိန်လိုအပ်ပါတယ်။
ကျားတွေဟာ လူသားတွေထင်နေသလိုမျိုး အမြဲတမ်းအသားစား သတ်ဖြတ်နေကြတာမဟုတ်ပါဘူး။
ကျားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးသဘာဝတွေဟာ တစ်ကောင်နဲ့တစ်ကောင် ကွဲလွဲမှုတွေရှိနိုင်တယ်လို့ မှန်းဆလို့ရပါတယ်။
ဆိုက်ဘေးရီးယားကျား ၂၄၈ ကောင်ရဲ့ တစ်ကိုယ်ရည်စမ်းသပ်မှုတွေကို လေ့လာခဲ့ကြောင်း AFP တင်ပြထားပါတယ်။
ဒီအတိုင်းထိုင်နေတဲ့ ကျားတွေရဲ့စိတ်နေသဘောထားကို စူးစမ်းလေ့လာခြင်းက တကယ်တမ်းဖြစ်ပျက်နေတာနဲ့ များစွာကွာခြားပါတယ်။
ကျားတွေဟာ အလွန်သီးခြားဆန်ပြီး သူတို့နဲ့အတူတူအလုပ်လုပ်တဲ့လူတွေက သူတို့ရဲ့တစ်ကိုယ်ရည်စရိုက်တွေကို ကောင်းစွာသိမြင်ကြတယ်လို့ လန်ဒန်စီးပွားရေးတက္ကသိုလ်မှ စာတမ်းပြုစုသူ'ရိုဆာလင်းအာဒင်'က AFP ကို ပြောကြားခဲ့ပါတယ်။
ယခုစမ်းသပ်မှုအတွက် လူတွေမှာအသုံးပြုတဲ့စမ်းသပ်နည်းအတိုင်း ပြုလုပ်ခဲ့ကြပါတယ်။
ကျားတွေမှာစမ်းသပ်ခဲ့တဲ့ စရိုက်လက္ခဏာများကတော့ ယုံကြည်မှု၊ ရိုးသားမှု၊ အနိုင်ကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ ဖြစ်ပါတယ်။
အရည်အသွေးပေါင်း ၇၀ လောက်ကို ကျားတွေကိုထိန်းကျောင်းကျွေးမွေးသူများက ဖြေကြားပေးခဲ့ပါတယ်။
လေ့လာသုံးသပ်ပြီးနောက် ခန့်ညားပီသခြင်းနဲ့ တည်ငြိမ်ခြင်းဆိုပြီး အဓိကအမျိုးအစား ၂ မျိုးခွဲခြားလိုက်လို့ရပါတယ်။
ခန့်ညားပီသခြင်းအတွက် အမှတ်များများရတဲ့ကျားတွေမှာ ပိုမိုကျန်းမာခြင်း၊ သားကောင်ကို ပိုမိုလိုက်ဖမ်းခြင်း၊ စားသောက်ခြင်း၊ မိတ်လိုက်ခြင်းတို့ တွေ့ရှိရပါတယ်။
တည်ကြည်ငြိမ်သက်တဲ့ကျားတွေကတော့ ပိုမိုနူးညံ့သိမ်မွေ့ခြင်း၊ ပိုမိုရိုးသားကာ မေတ္တာဖွဲ့ခြင်းတို့ တွေ့ရှိရပါတယ်။
ဒီလိုစရိုက်လက္ခဏာတွေဟာ ကျားပေါက်အရွယ်မှာ မိခင်ကျားမနဲ့အတူရှိနေစဉ်အချိန်အတွင်းကာလက အဓိကကျနေပါတယ်။
ကျားအထီးနဲ့အမကြား စရိုက်ကွာခြားမှုအလွန်နည်းပါးပေမယ့် ကလေးတွေကိုစောင့်ရှောက်တဲ့နေရာမှာ ဖခင်ကျားတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
ကျားတစ်ကောင်အဖြစ်ပီသနေဖို့က ရန်လိုကြမ်းရမ်းနေစရာမလိုတာကို တွေ့မြင်ရမှာဖြစ်ကြောင်း အာဒင်ကဆိုပါတယ်။
ဒီလေ့လာမှုအကြောင်း ဖတ်ရှုရင်း ကြည်နူးစရာကောင်းနိုင်ပေမယ့် တောထဲမှာရုတ်တရက်ကြီး ကျားတစ်ကောင်နဲ့တွေ့ပြီဆိုရင် သိမ်မွေ့တဲ့ကောင်လား ကြမ်းရမ်းတဲ့ကောင်လားဆိုတာတော့ ခွဲခြားဖို့မဖြစ်နိုင်ပါဘူး။
Source: WION
#World_Science #ကျား #ကိုယ်ပိုင်စရိုက်လက္ခဏာ #လေ့လာတွေ့ရှိ
#YMG #Yangon_Media_Group
Page 560 of 955