#Ukraine_Crisis
Published 6 December 2022
ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ရာများပျက်စီးပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ကို ထိခိုက်ခဲ့တာကြောင့် ပြုပြင်လျက်ရှိရာ ဒေသအများအပြားမှာ အရေးပေါ်ဓာတ်အားပြတ်တောက်မှုများ ထပ်မံဖြစ်ပေါ်ဦးမယ်လို့ ယူကရိန်းမှာ သတိပေးလိုက်ပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းတို့ဟာ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ရုရှားဘက်မှ ဒုံးကျည်များ ထပ်မံပစ်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတိုင်း တနင်္လာနေ့က ပစ်ခတ်ခဲ့ရာ အရင်ပြုပြင်မှုများပြီးဆုံးလို့ မီးပြန်ရတော့မယ့်အချိန်ကျမှ အခုလိုအရေးပေါ် ဓာတ်အားပြတ်တောက်မှု ဖြစ်လာရဦးမှာဖြစ်ပါတယ်။
အခုနောက်ဆုံးပစ်ခတ်မှုများအတွင်း အရေးကြီးတဲ့ အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ရာ ယူကရိန်းနေရာအနှံ့အပြားမှာ အပူချိန် သုညဒီဂရီဆဲလ်စီးယပ်စ်အောက်ရှိနေပြီး မှောင်မိုက်နေခဲ့ပါတယ်။
ပစ်လိုက်တဲ့ ဒုံးကျည် ၇၀ ထဲမှ အများစုကို ပစ်ချနိုင်ခဲ့ပေမယ့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြောကြားလိုက်ပါတယ်။
ရုရှားဟာ အောက်တိုဘာအစောပိုင်းကတည်းက ယူကရိန်းစွမ်းအင်အဆောက်အအုံများကို အပတ်စဉ်တိုက်ခိုက်နေခဲ့ရာ ဒါဟာ အရပ်သားတွေကို ပစ်မှတ်ထားရာရောက်ပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း ယူကရိန်းက စွပ်စွဲလိုက်ကာ ရုရှားကတော့ ငြင်းဆန်ထားပါတယ်။
ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံများအတွက် မည်သို့အထောက်အကူပေးမလဲဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ အွန်လိုင်းအစည်းအဝေးပြုလုပ်ရန် အမေရိကန်ကပြောကြားခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေ အညံ့ခံလာအောင် ရုရှားကြံစည်နေတာတွေက မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။
ရုရှားဘက်က အဓိပ္ပာယ်ရှိတဲ့သံတမန်ရေးကိစ္စ ဆွေးနွေးဖို့ စိတ်ဝင်စားပုံမပေါ်သေးသရွေ့ ဘာမှထူးခြားလာမှာမဟုတ်ကြောင်း၊ စိတ်ဝင်စားပြီဆိုရင်တော့ အမေရိကန်က ဦးဆုံးကူညီဖို့အဆင်သင့်ရှိနေကြောင်း ဝေါစထရိဂျာနယ်စီအီးအိုကောင်စီမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 6 Dec 2022
✅ အမ်မီဆုနှစ်ထပ်ကွမ်းရ အမေရိကန်ရုပ်ရှင်မင်းသမီး ခရစ်စတီးအယ်လီ Kirstie Alley ဟာ ဒီဇင်ဘာ (၅)ရက် တနင်္လာနေ့မှာ ကွယ်လွန်ခဲ့
✅ အသက် ၇၁နှစ်အရွယ် ခရစ်စတီးအယ်လီသည် အထူးအောင်မြင့်သည့်ရုပ်သံ “Cheers” နှင့် “Look Who’s Talking” ဇာတ်လမ်းများက သူ့ကို ၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် အကြီးကျယ်ဆုံး အမေရိကန် ဇာတ်မြူးသရုပ်ဆောင်များထဲက တစ်ဦးအဖြစ်ရောက်ရှိခဲ့
✅ အယ်လီဟာ သိပ်မကြာသေးခင်ကမှ သိရှိခဲ့တဲ့ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်တယ်လို့ သူမ၏ သားသမီးတွေ ဖြစ်ကြတဲ့ ထရူးနှင့် လီလီပတ်ကားတို့က တွစ်တာတွင်ရေးခဲ့
✅ “ သူမဟာ ရုပ်ရှင် အထင်ကရသရုပ်ဆောင်တစ်ဦးသာမက အံအားသင့်စရာကောင်းလောက်တဲ့မိခင်နှင့် အဖွားတစ်ဦး လည်းဖြစ်တယ်”လို့ သားသမီးတွေက သတင်းထုတ်ပြန်ခဲ့
✅ ထရိုင်လိုဂျီကားမှာ သူမနှင့်အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဂျွန်ထရာဘိုတာက သူမကို အင်စတာဂရမ်တွင် ပို့စ်တင် ဂုဏ်ပြုခဲ့
✅ “ ခရစ်စတီးဟာ ကျွန်တော်အတွက် အထူးဆက်ဆံရေးအကောင်းဆုံးရရှိခဲ့တဲ့သူတစ်ဦးပါ။ မင်းကို ငါချစ်တယ် ခရစ်စတီ။ ငါတို့နှစ်ယောက်ပြန်ဆုံကြမယ်လို့ ငါသိထားပါတယ်” ဟု သူက ရေးသားခဲ့
Source: AP
#Kirstie_Alley
#Kirstie_Alley_died
#A-two-time_Emmy_winner
#World_Health
Published 6 December 2022
အသည်းအင်္ဂါကျန်းမာသန်စွမ်းစေရန် အဆီအချို့လိုအပ်ပေမယ့် ဘယ်အရာပဲဖြစ်ဖြစ် လွန်ကဲရင်တော့ ဆိုးကျိုးရှိလာနိုင်ပါတယ်။
အသည်းမှာ အဆီဖုံးလာပြီးတော့ စတင်အန္တရာယ်ပြုလာကာ သေချာမကုသရင် အသည်းကင်ဆာ၊ အသည်းရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
အရက်ကြောင့်မဟုတ်ဘဲနဲ့ ဆီးချို၊ အဝလွန်ခြင်း၊ ကျန်းမာရေးမညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတို့ကြောင့် အသည်းအဆီဖုံးခြင်းဖြစ်နိုင်ပြီး အဓိကအကြောင်းအရင်းကတော့ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
အသည်းအဆီဖုံးခြင်းကို သက်သာစေတဲ့နည်းလမ်းတွေထဲမှာ အသီးအနှံ၊ အရွက်၊ အမျှင်ဓာတ်စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ စားပေးရပါတယ်။
(၁) ဂရိတ်ဖရုသီး
ဂရိတ်ဖရုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗိုက်တာမင်-စီတို့ ပါဝင်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးကာ အသည်းအဆီဖုံးခြင်းကြောင့် အသည်းထိခိုက်ပျက်စီးခြင်းကို ပြန်လည်သက်သာစေပါတယ်။
(၂) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီဟာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကာ အသည်းအဆီဖုံးခြင်းလို ရောဂါတွေမှာ အကူအညီပေးနိုင်တာကြောင့် ပုံမှန်စားသုံးသင့်ပါတယ်။
(၃) ငှက်ပျောသီး
အသည်းအဆီဖုံးခြင်းရှိတဲ့ လူတွေအတွက် ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစားအစာတစ်မျိုးက ငှက်ပျောသီးဖြစ်ပါတယ်။
(၄) ခရန်ဘယ်ရီသီး
ဘယ်ရီသီးအချဉ်တစ်မျိုးဖြစ်တဲ့ ခရန်ဘယ်ရီသီးမှာ ဗိုက်တာမင်ဘီ၆, ဗိုက်တာမင်စီနဲ့အေတို့ ပါဝင်တာကြောင့် အသည်းကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
(၅) စပျစ်သီး
စပျစ်သီးမှာပါဝင်တဲ့ ရက်စ်ဗယ်ရာထရိုလ်ဟာ အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
(၆) သံပယိုနဲ့သံပရာသီးများ
အချဉ်ဓာတ်ကြွယ်ဝတဲ့အပြင် ပိုတက်ဆီယမ်၊ ဗိုက်တာမင်-စီ၊ ဘိုင်အိုဖလေဗိုနွိုက်တို့ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ အဆိပ်အတောက်ဖြစ်ခြင်းတို့ကို လျှော့ချပေးပါတယ်။
Source: msn
#Yangon_Media_Group
#World_Health
Published 6 December 2022
ယခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မှု အစီအစဉ်များလျော့ပါးလာတာကြောင့် အန္တရာယ်ရှိ မျိုးဗီဇကွဲအသစ် ထွက်ပေါ်လာမှာ စိုးရိမ်ရကြောင်း၊ တရုတ်နိုင်ငံ အချို့နေရာတွေမှာ ကူးစက်မှုမြင့်တက်လာခြင်း ကြုံနေရကြောင်း ကမ္ဘာ့ကျန်းမာရေး WHO အကြီးအကဲက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
WHO အထွေထွေညွှန်ကြားရေးမှူး 'တက်ဒရိုအက်ဒါနွမ်ဂဲဘရီယေဆပ်စ်'ကကမ္ဘာကြီးဟာ ကပ်ရောဂါအဆုံးသတ်ဖို့ အခြေအနေရှိလာမှာမဟုတ်ကြောင်း မကြာသေးမီက မှတ်ချက်ပြုခဲ့ပါသေးတယ်။
"ကပ်ရောဂါအရေးပေါ် အခြေအနေ ကျော်လွန်ဖို့ နီးစပ်လာတယ်လို့ ပြောလို့ရနိုင်ပေမယ့် လက်တွေ့မရောက်နိုင်သေးဘူး" လို့ ဆိုပါတယ်။
ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်ဟာ ရောဂါကူးစက်မှုမှ ဒါမှမဟုတ် ကာကွယ်ဆေးထိုးခြင်းကနေ ကိုဗစ်ခုခံအားအချို့ ရရှိထားပြီးဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ဆိုပါတယ်။
လတ်တလော တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လျက်ရှိပြီး ကူးစက်မှုလျော့ပါးလာခဲ့တဲ့ ဗြိတိန်မှာလည်း ပြန်လည်မြင့်တက်လာပါပြီ။
တရုတ်မြို့အချို့မှာ ကိုဗစ်စမ်းသပ်မှုလိုအပ်ချက်များနဲ့ ကွာရန်တင်းစည်းမျဉ်းများ ဖြေလျှော့လျက်ရှိရာ စိုးရိမ်မှုတွေ ကြုံလာရပါတယ်။
လူထုမငြိမ်မသက်မှု ဖြစ်ပွားပြီးနောက် သန်းပေါင်းရာချီတဲ့ ပြည်သူတွေဟာ နိုင်ငံတော်ရဲ့ ဗိုင်းရပ်စ်ပေါ်လစီပြောင်းလဲမှုကို မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။
"ကိုဗစ်နဲ့ တုပ်ကွေးတို့က လူတော်တော်များများမှာ သာမန်သာဖြစ်ကြပေမယ့် ရောဂါဆိုးရွားသူတွေမှာတော့ ပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ပါ ဖြစ်စေနိုင်ပါတယ်" လို့ ယူကေကျန်းမာဘေးကင်းရေးေအဂျင်စီမှ ညွှန်ကြားရေးမှူး 'မယ်ရီရမ်ဆေး'က ပြောကြားလိုက်ပါတယ်။
အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေမှာ ကာကွယ်ဆေးထိုးဖို့ကိုလည်း တစ်ကမ္ဘာလုံးအာရုံစိုက်သင့်ကြောင်း WHO က နိုင်ငံ့အစိုးရအဖွဲ့များကို တိုက်တွန်းလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Wildlife
Published 5 December 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျောင်ဒေသမှာနေထိုင်ပြီး ကမ္ဘာ့မျိုးသုဉ်းအန္တရာယ်အရှိဆုံး မျောက်မျိုးစိတ်တွေထဲက တစ်မျိုးဖြစ်တဲ့ မျောက်ခေါင်းဖြူအကောင်အရေအတွက်ဟာ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးရဲ့ ကြိုးပမ်းမှုများကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း တိုးပွားလာခဲ့ပါတယ်။
#Yangon_Media_Group
Published 5 Dec 2022
ပင်လယ်နီ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဆော်ဓီအာရေဗျနိုင်ငံ ဂျက်ဒပ်မှာ ဒီဇင်ဘာ (၁)ရက်မှ (၁၀)ရက်အထိ ကျင်းပ နေပါတယ်။
အဲဒီပွဲတော်ဖွင့်ပွဲကို အိန္ဒိယရုပ်ရှင်မင်းသားနှင့် ဘောလီဝုဒ်စတားဖြစ်တဲ့ ရှာရွတ်ခန်ဟာ ပွဲတော်ညွှန်ကြားရေးမှူး မိုဟာမက် အလီတာကီနှင့်အတူ ကော်ဇော်နီပေါ် ဖြတ်သန်းလျှောက်လှမ်းရောက်ရှိလာပါတယ်။
ကျွန်တော်ဟာ ရှာရွတ်ခန်းရဲ့ အမာခံပရိဿတ်တစ်ဦးပါ။ ဒီကို ကျွန်တော်ရောက်နေရတာ သိပ်ပျော်တယ်။ အာလုံးကို ကျေးဇူးတင်တယ်လို့ ပရိဿတ်တစ်ဦးကပြောပါတယ်။ ပရိဿတ်တွေကလည်း "I love you SRK" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကြိုဆိုကြပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအာရပ်နှင့် နိုင်ငံတကာရုပ်ရှင်တွေကို ကော်ဇော်နီအကြိုပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ masterclasses နှင့် ရုပ်ရှင်လုပ်ငန်းအတွင်းဈေးကွက် ကွန်ယက်တွေကိုပါ အတူကျင်းပ မှာဖြစ်ပါတယ်။
အာရပ်ရဲ့ခမ်းနားကြီးကျယ်မှု ကဏ္ဍအောက်မှာ အာရပ်ကမ္ဘာက အီရတ်၊ ပါလက်စတိုင်း၊ အယ်ဂျီးရီးယား၊တူနီးရှား၊အီဂျစ်၊လက်ဘနွန်နှင့် မော်ရိုကိုတို့က မတူကွဲပြားတဲ့ လူမှုဘဝ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်လမ်းတွေပြသမှာပါ။
Source: AFP
#SHAH_RUKH_KHAN
#Red_Sea_International_Film_Festival
#Saudi_Arabia_Jeddah
#DailyNews
Published _ 5 December 2022
၁။ တောင်ကြီးစတော်ဘယ်ရီသီး ပေါ်ဦးပေါ်ဖျားရာသီတွင် ဈေးကောင်းရနေ
၂။ ၈ လတာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရရှိထား
၃။ ဗီယက်နမ်နိုင်ငံသို့ သကြားဖြူတန်ချိန် ၅၀၀၀၀ ခန့် တင်ပို့သွားမည်
၄။ မျိုးသုဉ်းအန္တရာယ်ရင်ဆိုင်နေသည့် တရုတ်နိုင်ငံမှ ရှားပါးခေါင်းဖြူမျောက်မျိုးနွယ်များ နှစ်စဉ်အကောင်ရေပြန်လည်တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 561 of 866