၁၉ မေ ၂၀၂၄
အီရန်သမ္မတ အီဗရာဟင် ရိုင်စီနှင့် သူ့ နိုင်ငံခြားရေးဝန်ကြီးတို့ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စီး တနင်္ဂနွေနေ့က မြူများ ထူထပ်စွာကျဆင်းနေတဲ့ တောင်တွေအပေါ် ဖြတ်သန်းပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်သွားပါတယ်။
အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့အီရန်သမ္မတ ရိုင်စီဟာ အဇာဘိုင်ဂျန်နယ်စပ်မှာ ဆည်တစ်ခုဖွင့်ပွဲကနေအပြန်မှာ ယခုလိုရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ပါ တယ်။
သမ္မတရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အသက်အန္တရာယ်ရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။
“ ကျွန်တော်တို့မျှော်လင့်ထားတုန်းပဲ။ ဒါပေမယ့် ပျက်ကျတဲ့နေရာက သိပ်စိတ်ပူစရာကောင်းတယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကပြောပါတယ်။
ဆိုးရွာတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ရတာ ရှုပ်ထွေးမှုဖြစ်စေတယ်လို့ နိုင်ငံပိုင် အိုင်အာရ်အင်န်အေ သတင်းအေဂျင်စီ ကပြောပါတယ်။
Source NDTV
၁၉ မေ ၂၀၂၄
အာကာသယာဉ် ရှန်ကျိုး-၁၈ နှင့် ဧပြီ ၂၆ ရက်ကလိုက်ပါသွားတဲ့ ဇီဘရားငါးကလေး (၄)ကောင်ဟာ တရုတ်အာကာသစခန်းတွင် ရက်ပေါင်း ၂၀ နေထိုင်ပြီးနောက် အခြေအနေကောင်းမွန်နေတယ်လို့ သုတေသနပညာရှင်တွေကပြောကြပါတယ်။
Source CCTV+
၁၉ မေ ၂၀၂၄
CNN ရုပ်သံဌာနရဲ့ နာမည်ကြီး နိုင်ငံရေးသုံးသပ်သူနှင့် ဝါရင့် နိုင်ငံရေးအကြံပေးဖြစ်တဲ့ အဲလစ်စတီဝပ်ဟာ မေလ ၁၈ ရက် စနေ နေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၅၈နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အသက်မဲ့ခန္တာကိုယ်ကို ဗာဂျင်းနီးယားပြည်နယ်မြောက်ပိုင်း ဘဲလ်ဗျူးရပ်ကွက်မှာ အပြင်ဘက်တွင်တွေ့ရှိရတာပါ။
သေဆုံးရခြင်းနှင့်ပတ်သက်ပြီး အသတ်ခံရတဲ့လက္ခဏာမျိုး သံသယဖြစ်ဖွယ်မတွေ့ရဘူးလို့ ရဲက CNN ကိုအကြောင်းကြား ပါတယ်။ ရီပတ်ဗလီကင် မဲဆွယ်ပွဲများစွာအတွက်အလုပ်လုပ်ပေးခဲ့တဲ့ သူမဟာ ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် သေဆုံးခဲ့ရပုံရတယ်လို့ ရဲတွေကယုံကြည်ထားကြပါတယ်။
CNN ကမ္ဘာလုံးဆိုင်ရာရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို မတ်ခ်သော်မဆင်က အဆိုပါဝမ်းနည်းစရာသတင်းစကားကို ဝန်ထမ်းများထံသို့ အီးမေးလ်နှင့်အကြောင်းကြားခဲ့ပြီး မစ္စ စတီးဝပ်ကို “ အလွန်ခင်မင်ရတဲ့သူငယ်ချင်းတစ်ဦး” လို့သုံးနှုံးထားပါတယ်။
“ အဲလစ်ဟာ အလွန်ခင်မင်ရတဲ့ သူငယ်ချင်းတစ်ဦးဖြစ်ပြီး CNN မှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ CNN ရဲ့သတင်းထုတ်လွှင့်မှုတွေမှာ သူမဟာ တုနှိုင်းမရတဲ့ အမ်မီဆုရသတင်းစာဆရာမတစ်ဦးဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီလို ထူးခြားလှတဲ့ ဆုံးရှုံးမှုခံစာနေရတဲ့အလျောက် ကျွန်တော်တို့နှလုံးသားတွေ လည်းကြေကွဲမဆုံးဖြစ်ရပါတယ်” လို့ စီအီးအို မတ်ခ်သော်မဆင်က ရေးသားပါတယ်။
သူမ ဘယ်လိုနာမကျန်းဖြစ်သွားရသလဲဆိုတာတေ့မသိကြရသေးပါဘူး။ အင်စတာဂရမ်မှာ သူမနောက်ဆုံးတင်ထားတဲ့ပို့စ်အရ သူမဟာ မသေဆုံးခင်တစ်ရက်အထိ ဘလစ်ဇာပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။
သူမဟာအတ္တလန်တာမှာ ၁၉၆၆ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူမဟာ ဒေသတွင်းသတင်းထောက်ကလေးတစ်ဦးအဖြစ်နှင့် အလုပ်စဝင်ခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ သူမဟာ CNN ကို နိုင်ငံရေးသုံးသပ်သူတစ်ဦးအဖြစ် အလုပ်ဝင်ရောက်ခဲ့ပါတယ်။ သူမဟာမကြာသေးခင်သောကြာနေ့ကပဲ CNN ရဲ့ “The Situation Room with Wolf Blitzer." ပါဝင်ခဲ့ပါသေးတယ်။
Source: NDTV
တရုတ်အရှေ့ဘက် ကျန်းစုပြည်နယ် ဝူရှီမြို့မှာ နေအိမ်လဲလှယ်ရေးအစီအစဥ်ကို အဆင့်မြှင့်တင်လိုက်ပြီး နေရာဒေသ ပိုမိုကျယ်ပြန့်လာကာ အိမ်အဟောင်းတွေကို အိမ်သစ်တွေနဲ့ လဲလှယ်ရေးပုံစံ ပြောင်းလဲလာပါတယ်။
#Asia_Development
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 18 May 2024
၁။ မြန်မာ့ပထမဦးဆုံး ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ ကျင်းပမည်၊ ထူးချွန်ဆု(၉)ဆုပေးရန် ရည်မှန်းထား
၂။ ကုန်အဝင်နည်းလာပြီး ပြည်တွင်းသုံးစွဲမှု များတဲ့အတွက် ကြက်သွန်ဖြူဈေး ပြန်မြင့်တတ်
၃။ ရွှေဈေး ကျပ်၅၁သိန်းအထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူမရှိ
၄။ အိမ်အဟောင်းအား အိမ်အသစ်ဖြင့် လဲလှယ်ရေးအစီအစဥ်အသစ်အား ဝူရှီမြို့ပြဆောက်လုပ်ရေးအဖွဲ့ကုမ္ပဏီစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 May 2024
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုင်းပြည်ရဲ့ နျူကလီးယားတပ် ပိုမိုလျင်မြန်စွာ တိုးတက်ရေးအတွက် နျူကလီးယားဒုံးကျည်များ အရှိန်မြှင့် ထုတ်လုပ်ရန် မိန့်ကြားလိုက်ကာ ထိုနေ့မှာပဲ လမ်းညွှန်စနစ်သစ် ပါဝင်တဲ့ ဗျူဟာမြောက် ပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း KCNA သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက သောကြာနေ့မှာ လက်နက်ထုတ်စက်ရုံတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရန်သူတွေဘက်မှ အထိန်းအကွပ်မဲ့ စစ်ရေးရင်ဆိုင်မှုများ ရှိလာနိုင်တာကို ဖြေရှင်းရန်နဲ့ နျူကလီးယားစစ်ပွဲ ဟန့်တားရေးစနစ် မြှင့်တင်နိုင်ရန် လက်နက်များထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါမှသာ ရန်သူတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်ရေး အသင့်အနေအထားကို ကြောက်ရွံ့နေမှာ ဖြစ်တယ်လို့ ကင်မ်က ဆိုပါတယ်။
သောကြာနေ့က မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ တာတိုပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကလည်း ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက အလိုအလျောက် လမ်းညွှန်ပြစနစ်ပါဝင်တဲ့ ဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်နေပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လေကြောင်းတိုက်ခိုက်မှုပုံစံ ဖန်တီးကာ ကိုယ်ပျောက်တိုက်လေယာဥ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 550 of 1242