#World_Health
Published 27 March 2025
▪️ ဆားအလွန်အကျွံ စားသုံးနေကြတာက ကမ္ဘာတဝှမ်းမှာ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ပြဿနာများ ဖြစ်လာစေပါတယ်။
▪️ တစ်နေ့ကို ဆားပမာဏ လက်ဖက်စားဇွန်းတစ်ဇွန်းခန့်သာ စားဖို့အကြံပြုထားကြပေမယ့် လူအများစုက နှစ်ဆလောက် ပိုစားမိနေကြပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံတွေ ပြုပြင်ပြီးတော့ ဆားလျှော့ချစားသုံးမိအောင် ကျင့်ကြံနိုင်ပါတယ်။
▪️ ဒါကြောင့် ဆားစားသုံးမှု လျှော့ချနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) လတ်ဆတ်သောပါဝင်ပစ္စည်းများသုံးပါ
▪️ အိမ်မှာချက်စားခြင်းက ဆားပါဝင်မှုကို ထိန်းချုပ်နိုင်ပါတယ်။
▪️ လတ်ဆတ်တဲ့ ဟင်းရွက်၊ အသားများ အသုံးပြုသင့်သလို ရယ်ဒီမိတ် အရသာမှုန့်တွေ၊ ဆော့စ်တွေ၊ အစားအစာတွေကို လျှော့ချရပါမယ်။
(၂) ပါဝင်ပစ္စည်းများကိုသေချာဖတ်ရှုပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေမှာ ဆိုဒီယံပါဝင်တာကို မဖော်ပြတတ်ကြပါဘူး။
▪️ 'ဆိုဒီယံမပါဝင်' ၊ 'ဆားမပါဝင်'ဆိုတဲ့ စာများဖော်ပြထားတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။
(၃) စားသောက်ဆိုင်နဲ့ ထုပ်ပိုးစားစရာများလျှော့ချပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေနဲ့ စားသောက်ဆိုင်တွေမှ စားစရာတွေက ဆားအများအပြားပါဝင်ပြီး ဆိုဒီယံ မြင့်မားစေပါတယ်။
▪️ မုန့်ထုပ်များကို လျှော့စားပြီး စားသောက်ဆိုင်မှာစားတဲ့အခါ ဆားလျှော့ထည့်ပေးဖို့ တောင်းဆိုပါ။
(၄) ဖြည်းဖြည်းချင်း ဆားလျှော့သုံးကြည့်ပါ
▪️ ဆားကို ဖြည်းဖြည်းချင်း လျှော့စားကြည့်တဲ့အခါ အရသာဖုတွေ ကျင့်သားရလာစေပါတယ်။
▪️ ထိုနေရာမှာ ဆေးဖက်ဝင် အမွှေးအကြိုင်များ၊ ဆားမပါတဲ့ထောပတ်တို့ဖြင့် အစားထိုးသုံးနိုင်ပါတယ်။
(၅) ပိုတက်ဆီယံကြွယ်ဝစွာ စားသုံးပါ
▪️ ပိုတက်ဆီယံက ဆိုဒီယံပမာဏကို ထိန်းညှိကာ သွေးပေါင်ချိန်ကျစေဖို့ ကူညီပါတယ်။
▪️ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ပဲကြီးတို့က ပိုတက်ဆီယံ ကြွယ်ဝပါတယ်။
#Source: DoctorNDTV
#World_Science
Published 27 March 2025
▪️ အေးခဲခြင်းဆိုတာဟာ အရည်ကနေ အခဲအဖြစ် အသွင်ပြောင်းသွားတဲ့ ဖြစ်စဉ်လို့ သိထားကြပေမယ့် အီတလီသိပ္ပံပညာရှင်အဖွဲ့ကတော့ အလင်းရောင်ကို အေးခဲနိုင်ခဲ့ပါတယ်။
▪️ ဒီအဖွဲ့မှာ နာနိုနည်းပညာရှင်များနဲ့ ရူပဗေဒပညာရှင်များ ပါဝင်ကာ အလင်းရောင်ကို အလွန်ခဲတဲ့ပုံစံမျိုး ပြုလုပ်နိုင်ခဲ့ကြပါတယ်။
▪️ အလွန်ခဲ့တဲ့အရာတွေဆိုတာ အစီအစဉ်တကျ ဖွဲ့စည်းမှုနဲ့ ပွတ်တိုက်အားမဲ့ အရည်များစီးဆင်းမှုတို့ ပေါင်းစပ်ထားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
▪️ အလွန်အေးခဲတဲ့အက်တမ်များ စုခဲသွားတာဖြစ်ပြီး ဖိုတွန်များအသုံးပြုထားတာ ဖြစ်ပါတယ်။
▪️ သာမန်အေးခဲခြင်းက အရည်အပူချိန် အေးခဲမှတ်အထိ ကျဆင်းသွားပြီးတော့ မော်လီကျူးများ နှေးသွားကာ အစိုင်အခဲပုံစံ ဖြစ်သွားကြပါတယ်။
▪️ အပူချိန်က လုံးဝသုညနားကပ်သွားတဲ့အခါ အက်တမ်တွေရဲ့ ကွမ်တမ်သဘာဝလှုပ်ရှားမှုများ ပေါင်းစည်းသွားပြီး ထူးခြားဆန်းပြားတဲ့အဆင့်တွေဆီ ရောက်သွားတယ်လို့ သုတေသီများ ရှင်းပြပါတယ်။
▪️ ဖိုတွန်တွေကိုလည်း အလွန်ခဲသွားတဲ့ပုံစံ လုပ်နိုင်မလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
▪️ အရည်အေးခဲတဲ့ အခြေအနေဟာ အမှုန်အပိုင်းအစ အများအပြားဟာ တပြိုင်တည်း ကွမ်တမ်စွမ်းအင် အနည်းဆုံးအခြေအနေ ဖြစ်ပျက်ပြီး BECဖြစ်စဉ်လို့ ရှင်းပြပါတယ်။
▪️ BECမှာ အပူချိန်အတော်လေးနိမ့်ပြီး အမှုန်အစုအဖွဲ့က တစ်သားတည်းအဖြစ် ဆောင်ရွက်ကြပါတယ်။
▪️ ဖိုတွန်အရေအတွက် မြင့်တက်လာတဲ့အခါ ဖိုတွန်တွေအတွဲလိုက် စုကပ်သွားပြီး စွမ်းအင်လျော့နည်းသွားစေပါတယ်။
▪️ အလွန်ခဲတဲ့အခြေအနေ ထွက်ပေါ်လာပြီး စနစ်ထဲက ဖိုတွန်သိပ်သည်းခြင်း ချိန်ညှိသွားပြီးတော့ အလွန်ခဲတဲ့အခြေအနေပုံစံမျိုး ဖြစ်လာပါတယ်။
#Source: WION
BMW AGရဲ့ စီအီးအို စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဌ အိုလီဗာဇစ်ပ်က တရုတ်ထောက်ပံ့ရေးကွင်းဆက်များနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းမှုအကြောင်း အလေးပေးပြောခဲ့ကာ တရုတ်ဈေးကွက်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ကို တနင်္ဂနွေနေ့က ထပ်မံအတည်ပြုပြောသွားပါတယ်။
#World_Industry
Published 26 March 2025
#BMWစီအီးအို #အိုလီဗာဇစ်ပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 March 2025
၁။ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန် ထည့်သွင်းကျင်းပမည်
၂။ ရန်ကုန်တိုင်း၌ ပဲမျိုးစုံ ဧကငါးသိန်းခန့်အထိ စိုက်ပျိုးထား
၃။ တစ်နှစ်အတွင်း ကျွမ်းကျင်လုပ်သားပေါင်း သုံးသောင်းခန့်အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့
၄။ တရုတ်ကားဈေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMW စီအီးအိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 March 2025
▪️ အမေရိကန်ဟာ ပင်လယ်ပြင်တိုက်ခိုက်မှုတွေနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ယူကရိန်း၊ ရုရှားတို့နဲ့ သီးခြားသဘောတူညီချက်တွေ အင်္ဂါနေ့က ရရှိခဲ့ပြီဖြစ်ပြီး ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းဖို့ သဘောတူလိုက်ပါတယ်။
▪️ ပင်လယ်နက် ရေကြောင်းလုံခြုံရေး သဘောတူညီမှုတွေ ဘယ်အချိန် ဘယ်လိုစတင်မလဲ သေချာမသိရပေမယ့် သမ္မတဒေါ်နယ်ထရမ့် တာဝန်ယူချိန်ကစပြီးနောက် နှစ်ဖက်စလုံးမှ ပထမဆုံးတရားဝင် သဘောတူညီလာကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ ရုရှားသဘောတူညီချက်က ယူကရိန်းထက် ခရီးပိုရောက်နေပြီး အမေရိကန်က ရုရှားလယ်ယာစိုက်ပျိုးရေးနဲ့ မြေဩဇာတင်ပို့မှုများအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
▪️ အမေရိကန်ဘက်မှ ထုတ်ပြန်ပြီးမကြာခင်မှာပဲ ရုရှားတို့က ယင်းတို့ဘဏ်အချို့နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေကြား ချိတ်ဆက်မှုတွေ ပြန်လည်မရမချင်း ပင်လယ်နက်သဘောတူညီမှု အကျုံးဝင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ စတင်အသက်ဝင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချတာတွေ မလိုအပ်ဘူးလို့ ဆိုလိုက်ကာ ရုရှားတို့က သဘောတူညီချက်တွေကို ခြယ်လှယ်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
▪️ "ရုရှားတို့ဟာ သဘောတူညီချက်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပြီး ကြားဝင်စေ့စပ်သူတွေရော တစ်ကမ္ဘာလုံးကိုပါ လှည့်ဖျားနေတယ်" လို့ ဇယ်လန်စကီက ပြောသွားပါတယ်။
▪️ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က "ရှင်းလင်းတဲ့ အာမခံချက်တွေ လိုပါလိမ့်မယ်။ အရင်က ယူကရိန်းနဲ့ သဘောတူညီချက်ယူရာမှာ စိတ်ပျက်စရာ ဖြစ်ခဲ့တာကြောင့် အမေရိကန်ကနေ ဇယ်လန်စကီကို ညွှန်ကြားလို့ဖြစ်လာတဲ့ အရာကသာ အာမခံချက်ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။
▪️ ရုရှားအနေနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပါက ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နဲ့ ယူကရိန်းကို လက်နက်တွေ ထပ်ပြီးထောက်ပံ့ရန် ထရမ့်ကို တောင်းဆိုသွားမယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
#Source: Reuters
#World_Health
Published 26 March 2025
▪️ ဝိုင်နီက ဝိုင်ဖြူထက် ကျန်းမာရေးအရ ပိုကောင်းတယ်လို့ သိထားကြပါတယ်။
▪️ ဒါဟာ ဝိုင်နီမှာက စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရက်စ်ဗရာထရိုလ် ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာ၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တာ ဖြစ်ပါတယ်။
▪️ ဝိုင်ဖြူက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အစားအသောက် ထိန်းသိမ်းရာမှ ပိုသင့်တော်ပြီးတော့ ဝိုင်နီကတော့ ရေရှည်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ သတ်မှတ်ကြကြောင်း သက်ရှည်ကျန်းမာရေး ပညာရှင် ဒန်ဘတ်နာက ဆိုပါတယ်။
▪️ လူပေါင်း ၉၆,၀၀၀ နီးပါးပါဝင်တဲ့ လေ့လာချက်ပြုလုပ်ရာမှာ ဝိုင်နီဝိုင်ဖြူ သောက်သုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှု ကွာခြားချက်မရှိဘူးလို့ ဆန်းစစ်တွေ့ရှိလာပါတယ်။
▪️ ဖြစ်နိုင်ခြေရှိတာက ဝိုင်ဖြူသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒါဟာ ဝိုင်ဖြူကို နေ့ခင်းဘက်တွေမှာ အပြင်ဖက်နေရာတွေမှာထိုင်ရင်း သောက်တတ်ကြတာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေ များတာဖြစ်နိုင်ပါတယ်။
▪️ ဝိုင်နီရဲ့ အကျိုးကျေးဇူးတွေကို လေ့လာရာမှာတော့ အူလမ်းကြောင်း ကျန်းမာရေး၊ နုပျိုတဲ့အရေပြား၊ မျိုးပွားနိုင်စွမ်းမြင့်မားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ ဝိုင်နီက နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
▪️ လေ့လာချက်တွေအရ အနည်းငယ်သောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာပဲ ဖြစ်တယ်လို့ ယူစီဆန်ဖရန်ဆစ္စကို သူနာပြုကျောင်းမှ ကိုင်းဖီလ်မိုးက ပြောသွားပါတယ်။
▪️ အယ်လ်ကိုဟောကို သာမန်ပမာဏ သောက်သုံးရင်တောင် ကင်ဆာဖြစ်နိုင်ခြေများစေတယ်လို့ သုတေသနအဖွဲ့တစ်ခုက ပြောထားပါတယ်။
#Source: New York Post
#World_Health
Published 26 March 2025
▪️ အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးက အချို့သောကင်ဆာတွေ ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။
▪️ အက်စ်ပရင်က လူနာရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီးတော့ ကင်ဆာအကျိတ်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
▪️ အက်စ်ပရင်က သွေးခဲခြင်းကို ကူညီပေးတဲ့ TXA2ထုတ်လုပ်မှုနဲ့ သွေးခဲခြင်းကို ဟန့်တားပေးပါတယ်။
▪️ အက်စ်ပရင်က TXA2ကို လျှော့ချပေးကာ ကိုယ်ခံအားဆဲလ်တွေ ထွက်စေခြင်းဖြင့် ကင်ဆာပျံ့နှံ့ခြင်းကို ကာကွယ်ပေးတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
▪️ အရေပြားကင်ဆာရှိနေတဲ့ ကြွက်တွေမှာ အက်စ်ပရင်ပေးလိုက်တဲ့အခါ တခြားကြွက်တွေနဲ့ယှဉ်ရင် ကင်ဆာပျံ့နှံ့မှု လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်နဲ့ အလားတူဆေးတွေက ဒီလိုဆောင်ရွက်ချက်မျိုးဖြင့် အခြားကုသနည်းတွေထက် အကုန်အကျ သက်သာနိုင်တယ်လို့ ကိမ်းဘရစ်ချ် ရောဂါဗေဒဌာနမှ ဒေါက်တာ ကျိယန်က ပြောပါတယ်။
▪️ ယခင်သုတေသနတွေမှာလည်း နေ့စဉ်အက်စ်ပရင်အသုံးပြုခြင်းက ရောဂါရှိတဲ့သူတွေမှာ ကင်ဆာပျံ့နှံ့မှုနဲ့ ကင်ဆာကြောင့် အသက်ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်တယ်လို့ ယူဆထားကြောင်း ကိမ်းဘရစ်ချ်မှ ဒေါက်တာ ရာဟူရွိုင်ချောင်ဒရီက ပြောပါတယ်။
▪️ စမ်းသပ်မှုတစ်ခုမှာတော့ အက်စ်ပရင်ကို နေ့စဉ် ၆၀၀ မီလီဂရမ်ဖြင့် ၂၅ လခန့် သုံးစွဲခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်သူတွေမှာ ဖြစ်ပျက်မှုနှုန်း သိသိသာသာ လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်က ဈေးသက်သာပြီး ဝယ်လို့လွယ်ပေမယ့် ရေရှည်သုံးတဲ့အခါ ဆိုးကျိုးမရှိဘဲနဲ့တော့ မနေပါဘူး။
▪️ သက်ကြီးရွယ်အိုတွေမှာ အထူးသဖြင့် သွေးထွက်ခြင်း၊ သွေးယိုခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်မရဘဲ ကင်ဆာကာကွယ်ဖို့အတွက် ကိုယ်တိုင် အက်စ်ပရင်သောက်သုံးတာမျိုးတော့ မလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။
▪️ ယခုလေ့လာချက်ကလည်း ကြွက်တွေမှာသာ စမ်းသပ်ထားတာကြောင့် ယုံကြည်ဖို့တော့ လိုအပ်နေပါသေးတယ်။
#Source: Fox News
Page 236 of 1143