#World_Science
Published 09 August 2025
▪️ Orion ကြယ်တာရာထဲက ဧရာမကြယ်နီကြီး Betelgeuse ကို လှည့်ပတ်နေတဲ့ ကြယ်တစ်ခုကို နက္ခတ္တပညာရှင်များ သမိုင်းဝင်တွေ့ရှိခဲ့ပါတယ်။
▪️ ဟာဝိုင်အီရှိ Gemini North အဝေးကြည့်မှန်ပြောင်းရဲ့ Alopeke ကိရိယာဖြင့် Betelgeuse ရဲ့ အရောင်တောက်ပမှု ပြောင်းလဲခြင်းကို ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ Betelgeuse က သာမန်မျက်စိဖြင့် မြင်နိုင်ပြီး ကမ္ဘာအနီး အကြီးဆုံးကြယ်တွေထဲက တစ်ခုဖြစ်ပါတယ်။
▪️ Betelgeuse ရဲ့ တောက်ပမှုက ရက် ၄၀၀ ခန့်စက်ဝန်းအတိုင်း ပြောင်းလဲရုံမက ၆ နှစ်ကြာတိုင်း နောက်ထပ်ပုံစံတစ်မျိုး ဖြစ်ပေါ်နိုင်တယ်လို့ လေ့လာစူးစမ်းတွေ့ရှိထားပါတယ်။
▪️ ၂၀၁၉ - ၂၀၂၀ မှာ ဒီကြယ်ကြီးရဲ့ တောက်ပမှုက ရုတ်တရက်ကျဆင်းသွားခဲ့ပါတယ်။
▪️ Gemini North ရဲ့ Alopeke ကိရိယာ အသုံးပြုခဲ့ရာမှာ ဒီကြယ်ကို လှည့်ပတ်နေတဲ့ ခပ်မှိန်မှိန်ကြယ်ကို မြင်ခဲ့ရပါတယ်။
▪️ ထိုကြယ်ကတော့ Betelgeuseထက် ၆ ဆလောက် ပိုမှိန်ကာ နေထုထည်ရဲ့ ၁ ဆခွဲလောက် ရှိတယ်လို့ တွေ့ရှိလာပါတယ်။
▪️ အဆိုပါ VThe ကြယ်လေးက Betelgeuse ကို ကမ္ဘာနဲ့နေအကွာအဝေးရဲ့ ၄ ဆလောက်ကနေ လှည့်ပတ်နေပါတယ်။
▪️ ဒီလိုမျိုး ဧရာမကြယ်ကြီးကို နီးကပ်စွာပတ်နေတဲ့ ကြယ်တစ်ခုကို ဆန်းသစ်နည်းပညာပစ္စည်းဖြင့် ပထမဆုံး တွေ့ရှိလာတာ ဖြစ်ပါတယ်။
▪️ ၂၀၂၇ နိုဝင်ဘာလမှာ ဒီကြယ်လေးကို နောက်ထပ်တွေ့ရမယ့် အခွင့်အရေးကြီး ရှိနေပါသေးတယ်။
Source: India Today.